ဧရာ လႈိင္းAugust 31, 20121min903
* ဘိုးဘွား စဉ်အဆက် ပိုင်ဆိုင်ပြီး ချန်ရစ်ခဲ့လို့ အမွေအဖြစ် တည်လာတဲ့ မြေ လယ်ယာ တစ်ရိုးကို သား….. တန်ဖိုး ထားလာခဲ့တယ်… အမေ။   * ရာသီတွေက မမှန် ပိုးတွေ အကောက်ကြံလို့ သီးနှံတွေက ဖောက်ပြန် ထွက်နှုန်းစံတွေ ဗလာချလို့ အရှုံးတွေ ပြပြီးရင်း ပြခဲ့ပေမယ့် သား…. စွန့်ချန် မထားရက်ခဲ့ပါဘူး…. အမေ။   * အရင်းအနှီးကို စိန်ခေါ်ခဲ့မိတိုင်း ရင်းပေမယ့် မနီးနိုင်ကြလို့ စာရင်းအပြမှာ လက်မှိုင် ချချခဲ့ရပေမယ့် မိုးဖြိုင်ဖြိုင် ရွာချလေတိုင်း ကိုင်း ကျွန်းမှီသူ ဘဝပေမို့ လယ်ယာမြေ ကွင်းထဲဆင်းပြီး သား… အားပြန်တင်းရတယ် … အမေ။   * ဘိုးဘွားတွေ ချန်သွားခဲ့တဲ့ […]


ဧရာ လႈိင္းJuly 30, 20121min1033
* ဘဝမှာ အနေလှဖို့ အခြေကျဖို့သာ ဦးတည် ရုပ်ဘဝကိုသာ အလေးမူမိလို့ တွေးတွေးပူရတဲ့ အနာဂတ်တွေလဲ မနည်းပါဘူး……… အမေ……။ * “စိတ်ထောင်းတော့ ကိုယ်ကျေ´´လို့ အမေ… ဆိုခဲ့ဖူးပေမယ့် အခုတော့…. ရုပ်ဝတ္ထုတွေက ပြန်ထောင်းလို့ ရာပေါင်းမကတဲ့ စိတ်တွေဟာလဲ ညက်ညက် ကျေနေရပြီ…. အမေ….။ * “လူကြံရင် သံတောင် အရည်ပျော်တယ်´´လို့ အမေ .. ဆိုခဲ့စဉ်က သား…. ဂုဏ်ယူ အားကျမိပေမယ့် အခုတော့…… အဲဒီ အရည်ပျော်တဲ့ သံတွေကြောင့်ပဲ အသက်တွေ အဖော်မဲ့နေရရှာပြီ.. အမေ…..။ * နေမင်းကြီး ဝင်သွားလို့ ငိုချင်းချ တနေမယ်ဆိုရင် ကျောဘက်က ထွက်လာမယ့် ရောင်စုံဖြာ နေတစ်စင်းကို အချင်း…. ဘယ်မြင်နိုင်မလဲ…ဆိုတဲ့ လမ်းညွှန်ချက်ကို လက်သုံး ငိုချင်းကို […]


ဧရာ လႈိင္းJuly 28, 20121min1213
*အမှန်တွေ မြင်ရဖို့အတွက် သံစဉ်တွေ ချိုပြနေဖို့ မလို။ တကယ်တော့………. သံစဉ်ချိုချိုဟာ မြင်လိုသူအတွက် မဟုတ်……..။ *အမှန်တွေ ကြားရဖို့အတွက်လည်း အက်ရှင်ကားတွေကို ပြနေဖို့မလို။ တကယ်တော့…….. အက်ရှင်ကားဆိုတာ ကြားလိုသူအတွက် မဟုတ်………။ *အနုအလှစုံလင်တဲ့ လူ့ဘဝ ဇာတ်စင်ပေါ်မှာတော့ မြင်ချင်ပါတယ်ဆိုကာမှ သံစဉ်ချိုတွေ ဆိုချင်တတ်ကြတယ်၊ ကြားချင်ပါတယ်ဆိုကာမှ မူအရာတွေပဲ ထွင်ကာ ပြကြတယ်။ *လူ့ဘဝဇာတ်စင် မြေပြင်မှာပေါ်မှာတော့ မြင်ချင်ပါလျက်နဲ့ မမြင်ရ ကြားချင်ပါလျက်နဲ့ ကြားပိုင်ခွင့်မရကြတဲ့ ရွှေပွဲလာ ပရိတ်သတ်တွေဟာ ဇာတ်စင်ရဲ့ အပြင်ဘက် ပြေးထွက်ချင်နေသော်လည်း ပေးခဲ့ရတဲ့ လက်မှတ်တန်ဖိုး အတွေးထဲ ဝင်ဝင်တိုးလာတော့ ထွက်ဖို့အတွက် ခက်ရင်း ဒီလိုနဲ့……. မိုးလင်းခဲ့…..။ *နောင်တစ်ခါ စင်ပေါ်တက် တင်ဆက်မယ့် ဇာတ်ကတော့ မြင်ချင်တာကို ထင်အောင် ပြမယ်၊ ကြားချင်တာကိုကျတော့ နားဝင်အောင် […]


ဧရာ လႈိင္းJuly 26, 20121min1125
* သွေးပျက်သွားတဲ့ နှလုံးသား….၊ ဆေးပျက်သွားတဲ့ ပန်ချီကား…..၊ လမ်းလွဲသွားတဲ့ ဓာတ်ရထား….၊ စစ်ချက်မှားတဲ့ ဆေးသမား…..၊ နှုတ်ဖျားက တမိပါရဲ့…ဘုရား…ဘုရား… *ခြောက်ခြားဖွယ်ရာအတိပြီးတဲ့ မှောက်မှားမှု အလီလီထဲမှာ မသတီစရာတွေလဲ ရှိ….၊ မယုံကြည်နိုင်ဖွယ်ရာတွေလဲ ရှိခဲ့ပေါ့…။ * အထက်ပါ ဖြစ်အပျက်ကို သေအချာ စစ်တွက်ကြည့်ရင်…… *ခံစားချက် ဆန်းသစ်စေတာ နှလုံးသားက ဖြစ်ပေမယ့် သွေးပျက်သွားတဲ့ နှလုံးသားဟာ ခံစားချက်တွေ သစ်နိုင်မှာတဲ့လား…….။ *စိတ်ပုံရိပ်မှန် ထင်ဟပ်စေဖို့ ပန်းချီဆေး ချယ်သကြပေမယ့် ဆေးပျယ်သွားတဲ့ ပန်းချီးကားကရော ပုံရိပ်မှန်တွေ တင်ပြနိုင်မှာတဲ့လား…..။ *ခရီးမှန် အမြန်ရောက်စေဖို့ ဓာတ်ရထားတွေ တည်ဆောက်ကြပေမယ့် လမ်းလွဲရောက်သွားတဲ့ ဓာတ်ရထားကရော လမ်းမှန် အမြန်ရောက်နိုင်မှာတဲ့လား……။ *အဖိုးတန် အသက်တစ်ချောင်းကို ပြန်ကောင်းဖို့ စေတနာနဲ့ ဆေးကောင်းတစ်ခွက် ကျွေးပေမယ့် လွဲခဲ့တဲ့ ဆေးစစ်ချက်ကရော […]


ဧရာ လႈိင္းJuly 25, 20121min1034
* အိမ်မရလို့…တဲ့ ထိတ်လန့် ကြောက်ရွံ့နေတဲ့သူတွေ……၊ * စားမဝလို့…တဲ့ ပျားပန်းခတ် ရှာဖွေနေကြသူတွေ…..၊ * သွားမရလို့…တဲ့ တားဆီးပိတ်လှောင်ခံရသူတွေ…..၊ * ဝင်မရလို့….တဲ့ ပင်မ တံခါးချက်ဆီမှ ရပ်လျက်နေရသူတွေ………၊ * ပြင်မရလို့….တဲ့ အမှားတွက် ရတက်မအေးရသူတွေ…..၊ * သင်မရလို့….တဲ့ အနာဂတ်ဘဝကို ချယ်ပပေးနေရသူတွေ…..။ ဒီလို ဒီလို အပူလှိုင်းကပ်လို့ ရင်ဝ တက်တက်လာတဲ့ ချဉ်စို့စို့ ရနံ့တွေကို ပင့်သက်အောင့်ကာ ရူရှိုက်ရင်း အပူလှိုင်းဟပ်သူ ဘဝတူချင်း စီးနင်းခဲ့ကြရတဲ့ ငါတို့ တတွေရဲ့ ခရီးရှည် ရွက်လှေငယ်ဟာ သွက်သွက်ခါကာ ရွေ့လျားခဲ့ရပေါ့……….။ ´´လှိုင်း ဘယ်လောက်ကြီးကြီး လှေရဲ့ အောက်၊ တောင် ဘယ်လောက်ကြီးကြီး ဖဝါးရဲ့အောက်´´ဆိုတဲ့ မဂ်လောက်ဖွယ် ဆိုထုံး ရှေးသုံး စကားနှစ်အဆီကို မျှဝေ စားသုံးရင်း […]


ဧရာ လႈိင္းJuly 25, 20121min1115
ဘဝရဲ့ ကောက်ကြောင်းတွေဟာ အပေါင်း ဖြစ်လိုက် အနုတ်ဖြစ်လိုက်……၊ လျှောက်ခဲ့တဲ့ ခရီးတစ်ထောက်မှာလဲ အမြှောက်နဲ့ တွေ့လိုက် အစားနဲ့ တွေ့လိုက်….၊ ဒီလိုနဲ့…. ကိုယ့်ဘဝ ခရီးစဉ်မှာ ရုပ်ဘဝ ရှင်သန်ဖို့ နုတ်ပစ်ခဲ့ရတဲ့ ကိုယ်ကျင့်တရားတွေ……၊ ….အနုတ်တွေ အစားပြန်ရဖို့ မျှော်လင့်ချက် ရှေ့ထားလို့ မြှောက်ပင့်ပြီး ပွားခဲ့ရတဲ့ မုသားတွေ…..၊ ဒီတော့… ပိုင်းခြေ ညီမျှဖို့အရေး စတေးပြီး ပေးခဲ့ရတဲ့အရာတွေဟာ ဘဝတစ်ခု အခြေပြဇယားရဲ့ ရလဒ်နဲ့ အကြွင်းမှာ စာရင်းပြဖို့ရော ရှိနေအုံးမှာလား………။