Linn LettSeptember 28, 20101min620
တူနှစ်ကိုယ် မချစ်ခဲ့ရပါတဲ့ မေ့လိုမရတဲ့ သူ့ကို ‘ချစ်သူမို့လား’….လို့မေးရင် No …. လိုဖြေရလိမ့်မယ် သံယောဇဉ်ရယ်လို့ ဖြစ်တည်ခဲ့တဲ့ အချိန်လေးတွေ အတိတ်က အရိပ်တွေလို ‘ကျန်ခဲ့သလား’…လို့မေးရင် No …. လို့ဖြေရလိမ့်မယ် အကြင်နာအမှတ်တရနဲ့ ရင်မှာအသက်တမျှ ‘ချစ်ခဲ့ကြသလား’ …လို့မေးရင် No …. လို့ဖြေရလိမ်မယ်…. တူနှစ်ကိုယ်တွေ့ဖို့ လွမ်းအားတွေပိုနေတဲ့ ကျွန်မ ရင်ထဲမှာ ‘ဘာတွေကျန်ခဲ့သလဲ’… မေးရင် … သူပေးခဲ့တဲ့ဒဏ်ရာတွေနဲ့…. Mail တွေ (အလွမ်းပြေ)ပဲ ကျန်ခဲ့တယ်လို့ ဖြေရလိမ့်မယ် သေခြာတာတစ်ခုက တစ်ခြမ်းထဲပဲ ချစ်ခဲ့မိတယ်လို့ ဒါမှမဟုတ်…… ကိုယ့်ဘက်က မရိုးဖြောင့်မိခဲ့တာပဲ သေချာမိမှာပါ…….


Linn LettSeptember 28, 20101min980
အချစ်ဆိုတာကို အတိအကျ မသိပဲနဲ့ `ငါ မင်းကို ချစ်တယ်´ လို့ ပြောနေကြတဲ့ လူတွေ အားလုံးအတွက် စဉ်းစားကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်။ ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။ ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။ ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။ မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။ ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။ ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။ ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။ မင်းရဲ့ အနားက တစ်ဖဝါးမှ မကွာ သူ့ကို […]


Linn LettSeptember 28, 20101min580
အကယ်ရွေ့ မင်းတယောက်သောသူကိုမချစ်တော့ဘူးဆိုရင်လမ်းခဲွံလိုက်ပါ သူများကသူကိုချစ်ဖို့အခွင့်အရေးပေးလိုက်ပါ…. အကယ်ရွေ့မင်းချစ်သူကမင်းကိုထားသွားရင်စိတ်လျော့လိုက်ပါ တခြားတယောက်ကိုချစ်ဖို့အခွင့်အရေးရတာပေ့ါ…. တချို့ပစ္စည်းကို မင်းဘယ်လောက်ကြိုက်ကြိုက် မင်းအတွက်ဖြစ်ချင်မှဖြစ်မှာ….. တချို့ပစ္စည်းကို မင်းကြိုက်နေလည်း စွန့်လွှတ်ချင်စွန့်လွှတ်ရမယ်…. ဘဝမှာအမျိုုးမျိုးရှိတယ်….. ရေစက်ရှိတိုင်း ပိုင်ဆိုင်ရယူနိုင်မယ်လို့ မဆိုလိုဘူး။ တချို့ရေစက်ဆိုတာ ဆုံးရှုံးရတာပဲ… တချို့ကျတော ့ဘယ်တော့မှရလာဒ်ကောင်းမရနိုင်ဘူး… လူတယောက်ကိုချစ်ခွင့်ရရုုံနဲ့ ပိုင်ဆိုင်ဖို့ဆိုတာ မသေချာဘူး … ဒါပေမ ဲ့တယောက်ယောက်ကို ပိုင်ဆိုင်ပြီးရင်တော့ ကောင်ကောင်းလေးသူ့ကိုပြန်ချစ်ပါ…..


Linn LettSeptember 28, 20101min490
အကယ်ရွေ့ ရိုးသားခြင်းဟာ ထိခိုက်စေနိုင်တယ်ဆိုရင ်မုသားကိုပဲ ရွေးချယ်မယ်….. အကယ်ရွေ့ မုသားစကားဟာ ထိခိုက်စေမယ်ဆိုရင် ဆိတ်ဆိတ်နေခြင်းကို ရွေးချယ်မယ်…. အကယ်ရွေ့ ဆိတ်ဆိတ်နေခြင်းက ထိခိုက်စေမယ်ဆိုရင် ခွဲခွာခြင်းကို ရွေးချယ်မယ်…….. အကယ်ရွေ့ ဆုံးရှုံးခြင်းကို ဒုက္ခလို့ဆိုရင် မင်းပေးဆပ်ရမှာကိုကြောက်နေသလား ????? အကယ်ရွေ့ စွဲလမ်းခြင်းက ဒုက္ခဆိုရင် မင်းပြီးဆုံးခြင်းကိုရွေးချယ်မလား????? အကယ်ရွေ့ ၇ရှိအောင်ကြိုးစားခြင်းကို ဒုက္ခဆိုရင် မင်းတယူသန်ဖြစ်ခြင်းကို ရွေးချယ်မလား ????? အကယ်ရွေ့ ခွဲခွာခြင်းဟာဒုက္ခဆိုရင် မင်းဘယ်သူကိုရင်ဖွင့်မလဲ ?????? ကိစ္စတော်တော်များဟာ ပြီးသွားမှ ရှုင်းရှင်းလင်းလင်းသိရတယ်….ဖြစ်နေချိန်မှာ ဒုက္ခဆိုရင်တောင် ဒုက္ခလို့မခံစားမိဘူး……….. ကိစ္စတော်တော်များကို ဖြစ်နေချိန်မှာ အကောင်းအဆိုးကွဲကွဲပြားပြားမခွဲခြားနိုင်ပဲ အဆုံးသတ်မှ အဖြေရှာလို့တွေ့တတ်တယ်…


Linn LettSeptember 28, 20101min750
အချစ်လေးမျိုးရှိတယ်တဲ့…. 1. ego love 2. one sided love 3. blind love 4. true love Ego love ဒီအမျိုးအစားက တော့ အတ္တဆန်တဲ့အချစ်မျိုးလို့ပြောလို့ ရပါတယ်…. အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလို့ သတ်မှတ်ထားတဲ့သူတွေပေါ့… ကိုယ်ချစ်တဲ့သူကို…ကိုယ့်ဘေးမှာပဲခေါ်ထားချင်တယ်…မျက်စိအောက်ကအပျောက်မခံချင်ဘူး… သဝန်တိုနေတယ်…ချစ်သူကကိုယ့်ကိုပဲ ကရုစိုက်စေချင်တယ်ဆိုရင်…. အဲဒါ ego love ဖြစ်နေပါပြီ… အဲဒီလိုလူတွေက…ချစ်သူကို စိတ်ဆိုးလွယ်တယ်…သူက ငါ့ကို ငါချစ်သလောက်မချစ်ဘူးဆိုတဲ့အတွေးမျိုး.. ခဏခဏဝင်တတ်ပါတယ်…အမှားဆိုရင် သေးသေးလေးတောင် သည်းမခံတတ်ကြပါဘူး….အချစ်ကြီးပြီး အမျက်ကြီးတယ်ဆိုတဲ့လူစားမျိုးတွေလဲပါတယ်ပေါ့… One sided love ဒီအမျိုးအစားက…ကိုယ်ကပဲချစ်နေချင်တယ်…အရာရာပေးဆပ်နေချင်တယ်… အကောင်းဆုံးတွေလုပ်ပေးချင်နေတယ်… ဒါပေမယ့် တစ်ဖက်လူက…ကိုယ်လုပ်ပေးနေတာတွေကို လိုချင်ရဲ့လားဆိုတာ…ဘယ်တော့မှမစဉ်းစားပါဘူး… အဲဒါကြောင့် တစ်ခါတစ်ခါ…တစ်ဖက်လူက စိတ်ကျဉ်းကျပ်တာတွေ…စိတ်ရှုပ်တာတွေခံစားရတတ်ပါတယ်… အတွဲတစ်တွဲမှာ တစ်ယောက်က အဲဒီလိုဖြစ်နေပြီဆိုရင်တော့.. မကြာခင်မှာဆက်ဆံရေးက အက်ကြောင်းထင်လာတတ်ပါတယ်… Blind […]


Linn LettSeptember 28, 20101min570
၁။ သူ့ဘဝထဲကို မျက်နှာဖုံးချွတ်ပြီးမှ ဝင်ပါ။ ၂။ သူ၏ အားနည်းချက်ကို လူရှေ့မှာ မဖော်မိအောင်ကြိုးစားပါ။ ၃။ သူ၏ လိုအပ်ချက်ကို အလိုက်တသိ ဖြည့်ဆည်းပေးပါ။ ၄။ သူ့ကို အထင်သေးတဲ့ မျက်လုံးနဲ့ မကြည့်မိပါစေနဲ့။ ( ယုံကြည်မှု ပေးထားလိုက်ပါ) ၅။ သူ့ကို အပြစ်စကားတွေ မပြောပါနဲ့။ လျော့နိုင်သလောက် လျော့ပြောပါ။ ၆။ ပွင့်လင်းမှုတွေနဲ့အတူ လေးလေးစားစား ဆက်ဆံပါ။ ၇။ အကောင်းမြင်အကြည့်နဲ့ ကြည့်တက်ပါစေ။ ၈။ သူ့အပါ်ကို တန်ဖိုးထားပါ။ ၉။ အနိုင်ယူတက်တဲ့စိတ်နေရာမှာ ကိုယ်ချင်းစာစိတ်ကို အစားထိုးပါ။ ၁၀။ သူ့အတွက် အချိန်ပေးပါ။ ၁၁။ သဘောထားကြီးပါ။ ၁၂။ သူနှင့်ပတ်သက်တဲ့အမှတ်တရနေ့တွေကို မမေ့မပျောက်အောင် မှတ်သားပါ။ ၁၃။ သူစကားပြောတဲ့အခါ အလေးအနက်နားထောင်ပေးသင့်ပါတယ်။ ၁၄။ […]


Linn LettSeptember 28, 20101min490
အချစ်ဆိုတာဘာလဲ? လောကမှာရှိတဲ့ လူသားတိုင်း အချစ်ဆိုတဲ့ အရာကို မရေရွတ်ဘူးတဲ့သူ၊ မခံစားဘူးတဲ့သူမရှိကြပါဘူး။ဒါပေမယ့် အချစ်ဆိုတဲ့ အနက်ကို အမျိုးမျိုး အဓိပ္ပါယ်တွေဖွင့်ပြီးပျော်ရွှင်ကြ၊ ကြည်နူးကြ၊ဝမ်းနည်းကြ၊ကြေကွဲကြနဲ့ပေါ့။ဘဝမှာ အချစ်ဆိုတာ မရှိရင်ဘာဖြစ်သွားမလဲ၊ဘဝမှာ အချစ်ဆိုတာ လိုအပ်လား၊ အချစ်ကို အချစ်လိုထားပြီး ဘဝကို တည်ဆောက်လို့ကော မရဘူးလား။ အချစ်ကြောင့် ဘဝမှာ အောင်မြင်မှုတွေဖြစ်လာတယ်၊ဆုံးရှုံးမှုတွေ ဖြစ်သွားတယ်၊အချစ်ကိုရလို့ အသက်ဆက် လက်ရှင်သန်သွားတယ်၊ အချစ်ကို မရလို့ သေဆုံးမှုကို စီရင်လိုက်တယ်။အဲဒါတွေက ဘာကြောင့်လဲ၊ လူသားတွေရဲ့ အတ္တကြီးမားတဲ့ စိတ်ကြောင့်အောင်မြင်မှုတွေ၊ ဆုံးရှုံးမှုတွေ ဖြစ်လာရတာ မဟုတ်ဘူးလား၊ ဒါကိုအချစ်ကြောင့် ဒီလို တွေ ဖြစ်လာရတာပါဆိုပြီး အချစ်ကို ခုတုံးလုပ်၊ နာမည်ခံတပ်ပြီး လူသားရဲ့ အတ္တ ကို ဖုံးကွယ်ထားတာကော မဟုတ် ဘူးလား။ တစ်ချို့က ပြောကြပါသေးတယ်။ချစ်လွန်းလို့ အမုန်းအားကြီး သွားရတာပါတဲ့၊ချစ်လွန်းလို့ […]


Linn LettSeptember 28, 20101min590
တစ်ခါက ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် အတူတူလျှောက်သွားကြတယ် ။ သုံးလလောက်နေမှ တစ်ခါလောက် တွေ့ဖြစ်တဲ ့ ရှားရှားပါးပါး အားလပ်ရက်လေးပေါ့ ။ ပထမဆုံး …. ကော်ဖီဆိုင်တစ်ခုရောက်တော့ ကော်ဖီအတူတူသောက်ကြတယ် ။ နှစ်ယောက်စလုံးက အရသာပြင်းတဲ့ ခါးသက်သက် အက်စ် ပရက်ဆိုကို ကြိုက်ကြတယ် ။ ကော်ဖီသောက်ပြီး အပြင်သွားဖို့ ထတော့ ကောင်လေးက သူတို့ အတွက်ချပေးထားတဲ့ တစ်ခါသောက် သကြားထုပ်လေး၂ထုပ်ကို ကမန်းကတန်းလှမ်းယူပြီး အိပ်ထဲ ထည့် လိုက်တယ် ။ ဒါကို ကောင်မလေးကမြင်တော့ စိတ်ထဲ သိပ် ကပ်စီးနည်းတာပဲ လို့ ထင်ပြီး နှာခေါင်းရှုံတယ် ။ အဲဒီနောက်မှာတော့ သူတို့ တစ်နေ့ လုံးလျှောက်သွားကြပေမယ့် ပျော်စရာမကောင်းတော့ ဘူး ။ ကောင်မလေးမျက်နှာလေးက သုန်မှုန်နေတယ် […]


Linn LettSeptember 28, 20101min440
” သေချာမှု ” တဲ့ အဲဒီသေချာမှုကို လူတွေအားလိုချင်ကြတယ် ။ တစ်ခုခု လုပ်မယ်ဆို ကိုယ်လုပ်မယ့် ကိစ္စကို သေချာလား မသေချာလား အရင်စူးစမ်းကြလေ့ ရှိပါတယ်။ ဒီသေချာမှုဆိုတဲ့ စကားလေးကို ချစ်သူများရဲ့ ရှု့ထောင့်လေးက တင်ပြဆွေးနွေးပါရစေ ။ သမီးရည်းစားတွေ ပြတ်ကြ ၊ ကွဲကြတယ် ၊ ဒါဟာသဘာဝတစ်ခုပါပဲ မဆန်းပါဘူးလို့ ပြောလေ့ ရှိပါတယ် ။ မဆန်းပါဘူး ဟုတ်ပါတယ် ။ ဆန်းတာတစ်ခုက လူ့ စိတ်တွေပါ ။ အများအားဖြင့် ယောက်ျားလေးတွေပါ ။ ကို်ယ်ရစရာရှိရင် တော့ သေချာရဲ့ လား ၊ အလိမ်ခံရမှာလား နစ်နာမှာလား သေချာစူးစမ်းလေ့ ရှိပေမယ့် အချစ်ရေးကိစ္စမှာတော့ သုံးသပ်ခြင်းကင်းလေ့ ရှိပါတယ် ။ …………………………………………………………………………………………………………… […]


Linn LettSeptember 28, 20101min530
ချစ်သူဖြစ်စက….မောင်….တဲ ့ ယူပြီးစက ….လင်တော်မောင်…..တဲ ့ ယူပြီး၁နှစ်လောက်ကြာတော ့…အိမ်ကကောင်….တဲ ့ ယူပြီး၃နှစ်လောက်လဲနေရော…တေနာကောင်တဲ ့ ကောင်းကြသေးလားအပျိုလေးများရေ… 😀 😀 *အမျိုးသမီးများနှင့် အမျိုးသားများကြား ကွာခြားချက်များ* 1 အမျိုးသားတွေဟာ နည်းအမျိုးမျိုးဖြင့် ငွေကြေးရှာနိုင်တယ် ။ သို့ရာတွင် အမျိုးသမီးများက အမျိုးသားများ ငွေရှာနိုင်သည်ထက်ပို၍ သုံးစွဲနိုင်ပါသည် ။ 2 အမျိုးသမီးများက ညစ်ပတ်ပေရေတဲ့အလုပ်ကို အားကောင်းမောင်းသန် အမျိုးသားတွေကသာ လုပ်ရမယ်လို့ ယူဆထားကြပြီး ၊ အဲဒီလိုအလုပ်ကို အမျိုးသားတွေ စိတ်လိုလက်ရလုပ်လာစေရန်လည်း စည်းရုံးပြောဆိုနိုင်စွမ်း ရှိကြပါတယ် ။ 3 အမျိုးသမီးများဟာ အတင်းအဖျင်းများကို တရားဝင်ပြောဆိုပိုင်ခွင့် ရှိပါတယ် ။ အမျိုးသားများကတော့ ရောက်တတ်ရာရာ ပြောသလိုမျိုး ဟန်ဆောင်၍ အတင်းပြောကြရပါတယ် ။ 4 အမျိုးသမီးများဟာ […]


Linn LettSeptember 28, 20101min1093
လောကတွင် ရည်းစားကြောင့် အသည်းကွဲသူများ အများအပြားရှိပါသည်။ အကယ်၍ သင်သည် တစုံတစ် ဦးဦးကြောင့် အသည်းကွဲခဲ့လျင် မည်သို့မည်ပုံအသက်ဆက်လက်ရှင်သန်နေထိုင် အသက်ဆက်ရှင်နိုင်မည်နည်း။ တစ်စုံတစ်ဦးဦးဆိုသည်မှာ သင်နှင့်ပတ်သက်သော သင်၏ မိန်းကလေးရည်းစား၊ယောင်္ကျားလေးရည်းစား တို့ကြောင့် စိတ်ခံစားမှု၊ ဆုံးရှုံးမှု တစ်စုံတရာ ဖြစ်ပေါ်လာသောအခါ… သင်သည်ဟိုဟာကိုင်ရမလို.. ဒီဟာကိုင်ရမလို.. ဟိုဟာလုပ်ရမလို..ဒီဟာလုပ်ရမလို..ဟိုသွားချင်နိုးနိုး.. ဒီသွားချင်နိုးနိုး၊ ငိုချင်သလိုလို.. ရယ်ချင်သလိုလို စသဖြင့် စိတ်ကယောင်ခြောက်ခြားဖြစ်တတ်ပါသည်။ ထိုအရာကို အသည်းကွဲခြင်း ဟု ခေါ်ပါသည်။ အချို့သောအချက်အလက်များသည် မှန်ကန်ကောင်းမှန်ကန်နိုင်သလို၊ အချို့သောအချက်များသည် မှားယွင်းမှုများရှိနိုင်ပါသည်။ ထိုအချက်အလက်များအတွက် စာရေးသူတွင်သာ တာဝန်ရှိကြောင်း … ဝန်ခံအပ်ပါသည်။ “အသည်းကွဲနည်းမျိုးစုံ” အချို့သူများသည် အောက်ဖော်ပြပါနည်းများကြောင့် အသည်းကွဲကြပါသည်။ (ကျန်းမာရေးအရ အသည်းတွင်ဖြစ်ပေါ်သော ရောဂါအခြေအနေများကို မဆိုလိုပါ) ရည်းစားမဖြစ်မီ အခြေအနေတွင် ကိုယ်နှစ်သက်နေသောသူသည် မိမိအား.. – အကြောင်းပြချက်မရှိ […]


Linn LettSeptember 28, 20101min530
ဟိုးရှေးရှေးတုန်းကအရမ်းချစ် ကြတဲ့ကောင်လေးနဲ့ကောင်မလေးနှစ်ယောက်ဟာချစ်ကြိုက်လာကြတာချစ်သက်တမ်းသုံးနှစ်ပြည့်တဲ့အခါ မှာလက်ထပ်ကြတော့မယ်ဆိုပြီးမင်္ဂလာရက်တစ်ရက်ရွေးချယ်သတ်မှတ်လိုက်တယ်….ကောင်းလေးကတော့ပျော်ရွှင်စရာကောင်းမယ့်သူ တို့ရဲ့မင်္ဂလာရက်လေးကိုစိတ်ကူးယဉ်ပြီးပျော်နေရှာတာပေါ့……ဒါပေမယ့်အဲ့ဒီမင်္ဂလာဆောင်မယ့်နေ့မရာက်ခင်မှာပဲသူ့ချစ်သူကောင်မလေး ကတခြားကောင်လေးတယောက်နဲ့မမျှော်လင့်ဘဲလက်ထပ်သွားတယ်ဆိုတဲ့သတင်းကိုကောင်လေးကြားလိုက်ရတယ်…..သူစုံစမ်းကြည့် လိုက်တော့ကောင်မလေးကိုယ်တိုင်ကလိုလိုလားလားနဲ့လက်ထပ်လိုက်တာလို့သိလိုက်ရတယ်……အဲ့သတင်းကိုကြားတာနဲ့ကောင်လေး လည်းအရမ်းအံ့ဩပြီးအရမ်းစိတ်ထိခိုက်ဝမ်းနည်းစွာနဲ့မစားနိုင်မအိပ်နိုင်ငိုကြွေးနေတော့တယ်……မကြာခင်မှာပဲကောင်လေးလည်းစိတ် ်ထောင်းကိုယ်ကြေပြီးအိပ်ယာထဲလဲတော့တယ်….အချိန်တွေကုန်လွန်လာတာနဲ့အမျှကောင်လေးရဲ့အခြေအနေဟာပိုပိုဆိုးလာခဲ့တယ်…. ဆရာဝန်ပြလည်းမသက်သာတော့ဘူး…. တနေ့မှာတော့အသက်အရွယ်အိုမင်းနေတဲ့ဘုန်းတော်ကြီးတစ်ပါးကကောင်လေးရဲ့အိမ်ရှေ့မှာရပ်ပြီးတံခါးခေါက်လိုက်တယ်..အိမ်ဖော် ကောင်မလေးလည်းတံခါးခေါက်သံကြောင့်ထွက်လာပြီးတံခါးဖွင့်လိုက်တော့ဘုန်းတော်ကြီးအိုတစ်ပါးကိုတွေ့တာနဲ့စိတ်ရှုပ်စွာနဲ့ “ကန်တော့ဆွမ်းပါဘုရား” လို့ပြောလိုက်တယ်… ဘုန်းတော်ကြီးကပြုံးပြီးတော့….. “ကိုယ်တော်ကဆွမ်းခံကြွလာတာမဟုတ်ပါဘူး..ဒီအိမ်မှာလူမမာရှိတယ်ကြားလို့ကိုယ်တော်ကလည်းဆေးနည်းနည်းကုတတ်တော့လာ ကူညီပေးတာပါဒကာမလေး” လို့မိန့်ကြားလိုက်တယ်… အိမ်ဖော်မိန်းကလေးကလည်းသူဆုံးဖြတ်လို့မရကြောင်းနဲ့သူမရဲ့သခင်တွေကိုပြန်ပြောကြည့်ပါမယ်ဆိုတဲ့အကြောင်းပြောပြီးအိမ်ရှင်တွေ ကိုပြောကြည့်တော့သဘောတူခွင့်ပြုတာကြောင့်ဘုန်းတော်ကြီးကိုအိမ်ထဲကိုပင့်ဖိတ်ခဲ့တယ်……. ဘုန်းတော်ကြီးအိပ်ခန်းထဲကိုရောက်တော့ကုတင်ပေါ်မှာဖြူဖတ်ဖြူရော်နဲ့အရိုးပေါ်အရေတင်ပိန်လှီစွာနဲ့နွမ်းနယ်နုန်းချိစွာလဲလျောင်းနေ တဲ့လူမမာသည်ကောင်လေးကိုတွေ့လိုက်ရတယ်….အိမ်ဖော်မိန်းကလေးလည်းဘုန်းတော်ကြီးအတွက်သောက်တော်ရေတခွက်ပေး လိုက်ပြီးလူမမာကုတင်ဘေးမှာပဲထိုင်ခုံတစ်လုံးစီစဉ်ပေးလိုက်တယ်…ဘုန်းတော်ကြီးကလည်းအခြေအနေကြည့်ပြီးတော့…. ” တော်တော်အခြေအနေဆိုးနေတာပဲ ” လို့ရေရွတ်လိုက်တယ်…..လူမမာကောင်လေးကလည်းစိတ်နဲ့ကိုယ်နဲ့မကပ်စွာနဲ့ပဲဘာမှမကြား သလိုတိတ်ဆိတ်ငြိမ်သက်စွာနေနေတယ်……ဘုန်းတော်ကြီးလည်းသူလုပ်သင့်တာတွေလုပ်ပြီးတော့… ” ဒကာလေးကတော်တော်သနားစရာကောင်းတယ်….မယုံရင်မှန်ထဲကိုကြည့်လိုက်စမ်းပါ” လို့မိန့်တော်မူပြီးကောင်လေးအိပ်ခန်းထဲက ကိုယ်လုံးပေါ်မှန်တစ်ချပ်ဆီကိုညွှန်ပြလိုက်တယ်… ကောင်လေးလည်းလုံးဝစိတ်ဝင်စားမှုမရှိပဲငေးငေးငိုင်ငိုင်နေနေရာကနေတစ်ချက်မှန်ထဲကိုကြည့်လိုက်တယ်ဆိုရင်ပဲ…မှန်ထဲမှာသူ့ချစ် သူကောင်မလေးပုံကိုတွေ့လိုက်ရတယ်….သိတ်မကြာခင်မှာပဲကောင်မလေးပုံရိပ်ကဝေဝါးပျောက်ကွယ်သွားပြီးပင်လယ်ကမ်းခြေတခု ပုံပြောင်းလဲသွားတယ်….အဲ့ပင်လယ်ကမ်းခြေဟာတိတ်ဆိတ်ငြိမ်သက်နေပြီးလူအသွားအလာမရှိဘူး…..လူမမာကောင်လေးကမှန်ထဲ ကပုံရိပ်ကိုစိတ်ဝင်စားစွာကြည့်နေစဉ်မှာပဲမိန်းကလေးအလောင်းတစ်လောင်းဟာလဲလျောင်းနေတဲ့အနေအထားနဲ့ကမ်းခြေမှာရှိနေတာ ကိုမြင်လိုက်ရတယ်…..ခဏကြာတော့လူတစ်ယောက်ဖြတ်လျှောက်လာတယ်…သူကအလောင်းကိုရွံရှာစွာကြည့်ပြီးလျင်မြန်စွာဖြတ် လျှောက်သွားတယ်…..အချိန်အတော်လေးကြာတော့နောက်လူတစ်ယောက်ဖြတ်လျှောက်လာပြီးအဲ့ကောင်မလေးအလောင်းကိုတွေ့ သွားပြန်တယ်…ဒီလူကတော့စိတ်မကောင်းဖြစ်ပြီးသူ့ရဲ့အပါ်ရုံအင်္ကျီကိုချွတ်လို့ခြုံပေးပြီးခရီးဆက်ထွက်သွားတယ်….အဲ့လိုနဲ့နောက်ထပ် အချိန်တော်တော်လေးကြာလာတော့နောက်ထပ်လူတစ်ယောက်ရောက်လာပြန်တယ်…ဒီလူကအပေါ်ရုံခြုံထားပြီးလဲလျောင်းနေတဲ့ပုံစံ ကိုစိတ်ဝင်စားပြီးခြုံထည်ကိုလှန်ကြည့်တော့မိန်းကလေးအလောင်းကိုတွေ့သွားပြီးအရမ်းသနားစိတ်ဝင်လာကာမြေမြုပ်ပေးလိုက်ဖို့ဆုံး ဖြတ်လိုက်တယ်…ဒါပေမယ့်သူ့ဆီမှာမြေကျင်းတူးဖို့ဘာပစ္စည်းမှပါမလာဘူး….နောက်ဆုံးမှာသူ့ရဲ့လက်နှစ်ဖက်ကိုအသုံးပြုဖို့သူဆုံးဖြတ် လိုက်တယ်….လူရွယ်ဟာသူ့လက်နှစ်ဖက်နဲ့မြေတွေကိုယက်ပြီးတဖြေးဖြေးချင်းတူးလာလိုက်တာညနေစောင်းအချိန်မှာမိန်းကလေး အလောင်းကိုမြုပ်ဖို့လုံလောက်တဲ့ကျင်းတစ်ကျင်းကိုတူးလို့ပြီးသွားတယ်….အဲ့လူလည်းမိန်းကလေးအလောင်းကိုကောင်းမွန်စွာမြုပ်နှံ ပေးခဲ့ပြီးခရီးဆက်ထွက်ခွာသွားတယ်…အဲ့ဒီနောက်မှာမှန်ထဲမှာမိန်းကလေးအလောင်းရဲ့မျက်နှာပုံပြန်ပေါ်လာပြီးအဲ့မျက်နှာကနေသူ့ချစ် သူကောင်မလေးရဲ့မျက်နှာကိုပြောင်းသွားခဲ့တယ်….လူမမာကောင်လေးလည်းအလွန်အမင်းအံ့ဩနေစဉ်မှာပဲမြေမြုပ်ပေးတဲ့လူရွယ်ရဲ့ မျက်နှာပြန်ပေါ်လာပြီးလူတစ်ယောက်ရဲ့မျက်နှာအဖြစ်ပြောင်းသွားပြန်တယ်…အဲ့ဒီနောက်မှာတော့မှန်ထဲကပုံရိပ်တွေအကုန်ပျောက် ကွယ်သွားခဲ့တယ်….ကောင်လေးလည်းအံ့ဩစွာနဲ့မင်သက်နေတုန်းမှာပဲဘုန်းတော်ကြီးကခုလိုပဲမိန့်ကြားတော်မူလိုက်တယ်… ” ခုဆိုရင်ဒကာလေးလည်းသဘောပေါက်လောက်ပြီထင်တယ်…အဲ့မိန်းကလေးအလောင်းကဒကာလေးရဲ့ချစ်သူမိန်းကလေးဖြစ်တယ်.. ဘဝတစ်ခုမှာသူမရဲ့အလောင်းကိုမြေမြုပ်ပေးတဲ့ကုသိုလ်ကံရေစက်ကြောင့်အဲ့ဒီလူငယ်ဟာဒီဘဝမှာကောင်မလေးနဲ့လက်ထပ်ပေါင်းသင်း ခွင့်ရခဲ့တယ်…ဒကာလေးကတော့သူမရဲ့အလောင်းကိုအပါ်ရုံနဲ့လွှမ်းခြုံပေးခဲ့တဲ့ရေစက်ကံကြောင့်ဒီဘဝမှာသူမနဲ့ သုံးနှစ်တာချစ်ခင်ခွင့် ရခဲ့တယ်..ခုသုံးနှစ်ပြည့်လို့ရေစက်ကုန်ချိန်မှာခွဲခွာရတယ်” ဘုန်းတော်ကြီးရဲ့စကားအဆုံးမှာကောင်လေးလည်းအမြင်မှန်ရပြီးနားလည်သဘောပေါက်သွားခဲ့တယ်..နောက်ပိုင်းမှာကောင်လေးလည်း ပြန်လည်ကျန်းမာလာပြီးလောကီကိုစွန့်လို့သင်္ကန်းဝတ်သွားတော့တယ်… […]


Linn LettSeptember 28, 20101min620
သူငယ်ချင်းရေ ရောင်းအား မကောင်းတော့တဲ့ ဈေးကွက် တစ်ခုအတွက်တော့ စိတ်မလေနဲ့ Baiyoke အပေါ်က Bar မှာတောင် လူမရှိတာ ကြာပြီဟ။ သူငယ်ချင်းရေ ဒီနေ့ အရင်လို ဟင်းမစုံလို့ မစားချင် ဘူးမလုပ်နဲ့ ထမင်းရည် သောက်နေတဲ့ သူတွေ ပိုပို များလာတာ မမေ့နဲ့ဟ။ သူငယ်ချင်းရေ ရှိစုမဲ့စုတွေ ရောင်ခိုင်းပြီး Abroad Study တော့ မလုပ်ပါနဲ့ကွာ မင်းတတ်တဲ့ A B C D ဟိုမှာ တတ်ချင် လွန်းလို့ မြေပေါ်မှာ အရေးကျင့်တဲ့ သူတွေရှိတယ် ဟ။ သူငယ်ချင်းရေ ဒီအလုပ်က မမိုက်ပါဘူးကွာ ပင်ပန်းလို့ စိတ်ပျက်ပ လို့တော့ ဂဂျီ ဂဂျောင် မလုပ်နဲ့ မင်းနောက်မှာ အဲဒါလိုချင်လို့ တန်းဆီနေတဲ့ […]