ၾကယ္ေလးFebruary 7, 20111min932
စည်းလုံးညီညွတ်သော နိုင်ငံတော်သစ် ထူထောင်ရေးအတွက် (၁၉၄၅ မှ ၁၉၄၈) ကာလ အိပ်မက်ဆန်ဆန်ရရှိခဲ့သော လွတ်လပ်ရေး ၁၉၄၅ခုနှစ် ဩဂုတ်လ ၁၅ရက်နေ့တွင် လွတ်လပ်ရေးသည် အိပ်မက်ဆန်ဆန် ရရှိခဲ့ပေသည်။သို့သော် ထိုနေ့၌ လွတ်လပ် ရေးရခြင်းကို မသိသော ကိုရီးယားလူမျိုးများသည် ဒုနဲ့ဒေး ဖြစ်ပါသည်။ ၁၅ရက်နေ့ မနက်ပိုင်းတွင် ဆိုးလ်မြို့ နေရာတော် တော်များများ၌ “ယနေ့ မနက် အထူးသတင်း၊ သန်း(၁၀၀) ရှိသော ပြည်သူလူထုကြီး မဖြစ်မနေဖတ်ကြရန်”ဆို၍ ရေးသား ထားသော နံရံကပ်ကြော်ငြာအား ကပ်ထားသော်လည်း ထိုကြော်ငြာအား ဂရုတစိုက် ဖတ်သောသူသည် လူနည်းစုသာ ရှိခဲ့ပေသည်။ နေ့လည် ၁၂နာရီတွင် ထုတ်လွှင့်ခဲ့သော ဂျပန်ဘုရင့်အသံလွှင့်ဋ္ဌာန၏ အသံထုတ်လွှင့်ချက်သည်လည်း ဂျပန် ဘာသာနှင့် ထုတ်လွှင့်သည့်အတွက် နားလည်ရန် ခက်ခဲပြီး၊ ရေဒီယို ပိုင်ဆိုင်သည့် […]


ၾကယ္ေလးJanuary 31, 20111min660
အရေးပေါ် အသက်ကယ်ရန်အတွက် အရေးတကြီး သွေးလိုနေသူများနဲ ့ မွန်မြတ်သော သွေးအလှူဒါနကို ဆောင်ရွက်ပေးလိုကြသူများအတွက် ပရဟိတ အများအကျိုးကို အခမဲ့ ကူညီဆောင်ရွက်ပေးနေတဲ့ လူမှုအကျိုးပြုလုပ်ငန်းအဖွဲ ့တစ်ဖွဲ ့မှ အသိပေးကြေညာချက် ဖြစ်ပါတယ်။ အရေးပေါ် အသက်ကယ်ရန်အတွက် အရေးတကြီး သွေးလိုနေသူများနဲ ့ မွန်မြတ်သော သွေးအလှူဒါနကို ဆောင်ရွက်ပေးလိုကြသူများအတွက် အချိန်မှီ စီစဉ်ဆောင်ရွက်ပေးနိုင်ရန်အတွက် ရည်စူးပြီး ရန်ကုန်တိုင်း၊ မကွေးတိုင်းနဲ ့ မန္တလေးတိုင်းတို့မှာ အဖွဲ့ခွဲတွေ ဖွဲ့စည်းကာ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ရန်ကုန်တိုင်းနဲ ့ဖေါ်ပြပါ နေရာဒေသတွေအတွင်းမှာ ရှိတဲ့ ဆေးရုံများမှ အရေးတကြီး အသက်ကယ်ဆယ်ရန် သွေးလိုအပ်ပါက ယခု လူမှုအကျိုးပြုလုပ်ငန်းအဖွဲ ့ကို ဆက်သွယ် အကြောင်းကြားသကဲ့သို ့၊ တစ်ဘက်မှလည်း သွေးလိုအပ်ပါက ဆက်သွယ်ရန် စာရင်းပေးထားတဲ့ သွေးလှူလိုသူ […]


ၾကယ္ေလးJanuary 30, 20111min1759
နအဖရဲ ့ လွှတ်တော်တက်မည့်သူများ လွှတ်တော်ဝင်းအတွင်းမှာ ခွင့်ပြုချက် မရှိဘဲ ညမအိပ်ရပါတဲ့၊ လွှတ်တော်ခန်းမအတွင်းကို တက်ရောက်ခွင့်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်မှအပ ဘယ်သူမှ ခွင့်ပြုချက်မရဘဲ မဝင်ရဖူးတဲ့၊ ဒီထက် ပိုဆိုးတဲ့ တားမြစ်ချက်ကတော့ လွှတ်တော်ခန်းမအတွင်း လိမ်လည်မပြောဆိုရပါတဲ့ဗျား။ နအဖရဲ ့ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေနဲ ့ နည်းဥပဒေများအခန်း (၁၃) မှာ ဖေါ်ပြထားပါတယ်။ လိမ်လည်ပြောဆိုရင် တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငွေ (၁) သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရပါမည်တဲ့။ တစ်ချိန်တုန်းက သန်းရွှေတို ့ရဲ ့ နဝတ ဝါဒဖြန် ့ သတင်းစာထဲမှာ ဘယ်သူဘယ်ဝါက ပညာပေးလိုက်တယ် မသိဖူး၊ သန်းရွှေတို ့ဗိုလ်ချူပ်ကြီးတွေရဲ ့ သတင်းဓါတ်ပုံပေါ်မှာ ရေစာ စာတန်းနဲ […]


ၾကယ္ေလးJanuary 30, 20111min1396
The Power of People မှ ကူးယူဖော်ပြသည် တူနီးရှားနိုင်ငံ သူရဲကောင်းနဲ ့ ပြည်သူဘက် ရပ်တည်ခဲ့တဲ့ စစ်ဗိုလ်ချူပ်ကြီးတို ့ကြောင့် ပြည်သူ ့တော်လှန်ရေးပေါ်ပေါက်ကာ အာဏာရှင်တွေ ပြုတ်ကြရပြီ။ ဒီဇင်ဘာလ (၁၇) ရက်နေ ့က တူနီရှားနိုင်ငံ ဆစ် ဒီဘိုဇဒ်မြို့က မိုဟာမက် ဘိုအာဇီဇီ (Muhammad ibn Bouazizi ) ဟာ ဆီဒီ ဘောက်ဇစ်ခရိုင်ကောင်စီရုံးရှေ ့မှာ မိမိကိုယ်ကို မီးရှို ့သတ်သေရာမှ စပြီး တူနီးရှားနိုင်ငံတင်သာမက အာရပ်နိုင်ငံများဖြစ်ကြတဲ့ အီဂျစ်နိုင်ငံတို ့အထိပါ လူထုတော်လှန်မှုကြီးတွေ ကူစက်ပြန် ့ပွားပြီး တိုင်းပြည်ကို နှစ်ပေါင်းများစွာ အနိုင်ကျင့်ကြီးစိုးနေခဲ့ကြတဲ့ အာဏာရှင်တွေ ထွက်ပြေးကြရတဲ့ အဖြစ်တွေ ရှေ ့ဆင့်နောက်ဆင့် ဆက်တိုက်ပေါ်ပေါက်လာပါတော့တယ်။ အသက် […]


ၾကယ္ေလးJanuary 30, 20111min640
http://www.voanews.com/burmese/news/DASSK-World-Economic-Forum-01-28-11-114836664.html မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ခေတ်မီနည်းပညာရပ်တွေနဲ့ အခြေခံ အဆောက်အဦးတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေပါတယ်လို့ ကမ္ဘာ့ဦးဆောင် စီးပွားရေး လုပ်ငန်းရှင် တွေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို မေတ္တာရပ်ခံလိုက်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားကြသူတွေ အနေနဲ့ရော၊ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်တစား စဉ်းစားနေကြသူတွေအနေနဲ့ပါ တရားဥပဒေကို လေးစား လိုက်နာရေး၊ ပတ်ဝန်းကျင် ထိန်းသ်ိမ်းရေးနဲ့ လူမှုရေးမှာ ကူညီရေး၊ အလုပ်သမား အခွင့်အရေး အပြည့်အဝ ပေးရေးနဲ့ အလုပ်အကိုင်ဖန်တီးရေး စတာတွေကို အာမခံချက် ပေးရပါလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ သဘာဝသယံဇာတတွေ အလျှံပယ်အောင် ပေါကြွယ်ဝပေမဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့စာရင် အများကြီး ခေတ် နောက်ကျ ကျန်နေတဲ့ မြန်မာပြည်သူပြည်သား ၅၅ သန်းရဲ့ကိုယ်စား မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် […]


ၾကယ္ေလးJanuary 27, 20111min841
ဇာဂနာ ခေါ် မောင်သူရကို အဖ ဦးနန်းညွန့်ဆွေနှင့် မိခင် ဒေါ် ကြည်ဦးတို့မှ ၁၉၆၁ ဇန်နဝါရီလ (၂၇) ရက်နေ့တွင် မွေးဖွားခဲ့ သည်။ ကိုသူရသည် မြန်မာနိုင်ငံတွင် နာမည်ကြီး လူရွှင်တော်၊ သရုပ်ဆောင်နှင့် ရုပ်ရှင်ဒါရိုက်တာတယောက်လည်းဖြစ်သည်။ သူ သည် မြန်မာနိုင်ငံ၏ စစ်အစိုးရအား ပြစ်တင်ဝေဖန်မှုများကြောင့် မကြာခဏ ထောင်ဒဏ်ကျခံရသူလည်းဖြစ်သည်။ သူသည် မြန် မာအခေါ်အဝေါ် ဇာဂနာ (ဇာဂနာဆိုသည်မှာ သေးမွှားသောအရာ ကို နှုတ်ယူနိုင်သည့် ကရိယာဖြစ်သည်) ဆိုသည့် အမည်ဖြင့် မြန် မာပြည်တွင် နာမည်ကျော်ကြား လူသိများသော လူရွှင်တော်အ ဖြစ်လည်းကောင်း၊ ဟာသမြောက်စွာ လှောင်ပြောင်ရေးသားမှုများ အဖြစ်၊ စစ်အစိုးရကို ဝေဖန်သောသူတဦးအဖြစ်၊ သရုပ်ဆောင်တ ယောက်အဖြစ်လည်းကောင်း လူသိများသည်။ ဇာဂနာကို ၂၀၀၆ ခုနှစ်မှစ၍ […]


ၾကယ္ေလးJanuary 26, 20111min822
မောက္ခ မှ ကူး ယူဖော်ပြသည် http://www.maukkha.org/index.php?option=com_content&view=article&id=1298:2011-01-26-05-56-29&catid=120:2010-10-11-07-37-22&Itemid=374 ခေတ်သစ်ကမ္ဘာကြီးကို  ဒို်င်းနမစ်ဖြစ် တဲ့ နေရာအများစုနဲ့ နိုးကြားထကြွမှု မရှိ အသေဖြစ်နေတဲ့ နေရာအချို့လို့ နှစ်ပိုင်းခွဲကြည့်ရင်၊  တူနီရှားနိုင်ငံ ဆစ် ဒီဘိုဇဒ်မြို့က ဒုတိယအထဲမှာ ပါဝင် သည်။ ထိုမြို့ကို တူနီရှား အသံလွှင့် ဌာနကပင် စိတ်မဝင်စား လို့ မိုးလေဝသခန့်မှန်းချက်တွင် ဖော်ပြလေ့မရှိခဲ့။ တော်လှန်ရေးတစ်ခု ပေါ်ထွက်ဖို့ ဘယ်တုန်းကမှ စိတ်ကူးလို့ မရနိုင်တဲ့ အဲဒီမြို့မှာပဲ၊ ၂၀၁ဝ ဒီဇင်ဘာ၁ရ ရက်နေ့တွင်တော့ အာရပ်ကမ္ဘာကို ကိုင်လှုပ်မယ့် တော်လှန်ရေးကြီးတစ်ခု အစပျိုးခဲ့သည်။ အသက် ၂ရ နှစ်ရှိ ဘွဲ့ရလူငယ် မိုဟာမဒ်ဘိုအာဇီဇီ နဲ့  သူ့ထက် နည်းနည်းကြီးသူ တူနီရှားရဲမေ ဖာဒါဟမ်ဒီ တို့နှစ်ဦး ပြဿနာက စတင်လိုက် ခြင်း […]


ၾကယ္ေလးJanuary 24, 20111min890
ကွန်ပြူတာအင်တာနက်မှာ  အချက်အလက်ရှာဖွေတဲ့  Search Engine တင်ထားတဲ့ Goggle အဖွဲ့ကြီးက  ကမာ္ဘတလွှားက ထက်မျက်တဲ့ အစွမ်းအစရှိတဲ့  လူငယ်သိပ္ပံပညာရှင်တွေ အင်ဂျင်နီယာတွေနဲ့ ဖန်တီး တီထွင်သူတွေကို လိုက်လံရှာဖွေနေပါတယ်။ ကမာ္ဘပေါ်က ဘယ်မြို့ ဘယ်ရွာ ဘယ်နိုင်ငံကပဲ ဖြစ်ဖြစ် အသက် ၁၃နှစ်ကနေ ၁၈နှစ် အတွင်း ကျောင်းသားလူငယ် ဘယ်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်တဲ့  Goggle သိပ္ပံပြိုင်ပွဲအတွက် ဇန္နဝါရီလ ၁၁ရက် နေ့လည်ကနေ စတင် ဖိတ်ခေါ်လိုက်ပြီဖြစ်ပါတယ်။ Segway Personal Transporter လို့ခေါ်တဲ့  ဘီး၂ဘီးပါတဲ့  ကိုယ်တိုင်ဟန်ချက်ထိမ်းပြီး  မောင်းနှင်ရတဲ့ လျှပ်စစ်ယာဉ်ကို တီထွင်ခဲ့သူ  Dean Kamen ကတော့ ပြိုင်ပွဲဝင်ချင်တဲ့သူဟာ အင်တာနက်သုံးဖို့နဲ့   တွေးခေါ်ကြံစည်ဖို့ ပဲလိုတယ်လို့ဆိုပါတယ်။ “ကွန်ပြူတာ အင်တာနက်မှာ   Google.com / science […]


ၾကယ္ေလးJanuary 24, 20111min1112
ဗမာ့သွေး website မှကူးယူဖော်ပြသည် မြန်မာနိူင်ငံကို ပြည်ပခရီးသည် ဝင်ရောက်မှု နည်းပါးနေတာဟာ စီးပွားရေး ပိတ်ဆို့မှုကြောင့်လို့ လူအများက ထင်ထားကြပါတယ် ။ အမှန်တရားကို လူအများက အတ္တများနဲ့ နှိုင်းယှဉ်သုံးသပ်ပြီး ကိုယ့်ဘက် ဆွဲတွေးနေရုံနဲ့တော့ အမှန်တရားက ပြောင်းလဲ သွားမှာ မဟုတ်ဘူးဆိုတဲ့ အချက်ကိုပထမဦးဆုံး အနေနဲ့ လက်ခံစေချင်ပါတယ် ။ကမာ္ဘ့မြေပုံပေါ်မှာ အရမ်းကို ချစ်စရာ ကောင်းတဲ့ ကချေသည်လေး တစ်ယောက် ကကြိုးကကွက် ဆင်လို့ အသက်ဝင်နေတဲ့ ပုံပမာ လှပနေရှာတဲ့ ဗမာ့နိူင်ငံမြေပုံလေးက မြင်သူတိုင်း နှစ်ခြိုက်စရာ ကောင်းသလို ရေမြေတောတောင် သယံဇာတတွေ ပြည့်လျှမ်းနေတဲ့ ဗမာနိူင်ငံရဲ့ မြေပေါ်ကို အလည်တစ်ခေါက် လာရောက် လည်ပတ်လိုသူတွေ အများကြီး ဆိုတာကတော့ သေချာလွန်းလှပါတယ် ။ အင်မတန်မှ သရုပ်ဆောင်ကောင်းတဲ့ မင်းသမီး […]


ၾကယ္ေလးJanuary 23, 20111min17415
မြင်ယောင် ပါသေးတယ် အရန် စစ်တပ် ဆိုပြီး ကိုယ့်ထမင်းကိုယ်စား ကိုယ့်အိမ်ကိုယ်နေ ကိုယ့်ယူနီဖောင်းကိုယ်ဝတ် ခေါ်တဲ့နေ့လာ ခိုင်းတာလုပ် အမိန့်အာဏာဖီဆန် ပါးရိုက်ခံရမယ် ဒါကသာမန်ပြည်သူတွေအတွက် အလုပ်ကြမ်းနဲ. ၂နှစ် အကြယ်ချုပ်(အဓမ္မ လုပ်အားပေး ပပြောက်ရေး ပေါ့) ရုပ်ချော ကိုယ်လုံးလှ ပညာတတ် စစ်သည်မမ များအတွက်ကတော့ ညှာတာထောက်ထား သက်သက်ညှာညှာပဲထားမယ်တဲ့ အရာရှိရိပ်သာ ဗိုလ်များ ရှိတဲ့နေရာ အိပ်ရာဝင်ချိန်လေး ညစောင့် လုပ်ပေးရမယ်တဲ့း(စစ်တပ်မှာမိန်:မများတော့ မုဒိန်းမှူ့ မဖြစ် တော့ဘူးပေါ့) လူငယ်ကွန်ရက်တို့ ဒုတိယပင်လုံတို့ အတိုက်ခံ ပါတီ တို့ အာဏာရှင်တော်လှန်လိုသူများအတွက်ကတော့ မဝင်မနေရ ရက်စွဲတပ် ဆင့်ခေါ်စာ လေး ကြံ့ဖွတ်က ညသန်းခေါင်မှာလာပေးလိမ့်မယ် စစ်တန်းလျား ရောက် သေနတ် ဖောက်ရဖို့မတွေးနဲ့ အထုပ်ထမ်း ပေါ်တာ နယ်စွန် နယ်ဖျားနဲ့ […]


ၾကယ္ေလးJanuary 23, 20111min1042
သဘာဝနည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနည်း ။ (Dr . Lai Chiu-Nan နည်းပေးသည် ) ဤစာတမ်းကို ယခင်က သင်လက်ခံရရှိပြီး ဖြစ်ချင်ဖြစ်မည် ။ ဤ ဆေးနည်းသည် အမှန်တကယ် စွမ်းပါသည် ။ Dr . Lai Chiu-Nan ၏ အကြောင်းနှင့် ဤဆေးနည်းဖြင့် ကုသပျောက်ကင်းသူများ၏ ကိုယ်တွေ ့တင်ပြချက်များကို အင်တာနက်ပေါ်တွင် ရှုာနိုင်ပါသည် ။ “ ကောင်းသောအရာများကို အမြဲလက်ဆင့်ကမ်းပါ ” ။ http://www.natural-cancer-cures.com/remove-gallstones.html Removing gallstones naturally by Dr. Lai Chiu-Nan ဤဆေးနည်းဖြင့် ကုသပျောက်ကင်းသူ များပါသည် ။ အကယ်၍ သင်ကိုယ်တိုင် သုံးစွဲ၍ ပျောက်ကင်းလျှင်လည်း ဤဆေးနည်း […]


ၾကယ္ေလးJanuary 23, 20114min25512
မူရင်း  : နေ့သစ် http://www.naytthit.net/?p=6876 စကားချီး ကမာ္ဘ့အရေးမှာရော၊ မြန်မာ့အရေးမှာပါ ကိုးရီးယားဆိုတဲ့ စကားလုံးကို လူပြောများကြပါတယ်။ ၂၀၁ဝ ကမာ္ဘ့ဖလားဘော လုံးပွဲကို ပထမဆုံးဝင်ပြီး ယှဉ်ပြိုင်လာတဲ့ မြောက်ကိုးရီးယားအသင်းရဲ့ ပုံရိပ်တွေကလဲ ကမ္ဘာတဝှမ်းက ဘောလုံးဝါသနာ အိုး ပရိသတ်များစွာကို ဆွဲဆောင်ထားနိုင်ခဲ့သလို မြန်မာ့ဒီမိုကရေစီ လောကသားတွေအတွင်းမှာလဲ မြန်မာနဲ့ မြောက်ကိုး ရီးယား နယူးကလီးယား ဆက်နွယ်မှုအရေး၊ မြောက်ကိုးရီးယားနဲ့ တောင်ကိုးရီးယားတို့အကြားက စစ်ရေးတင်းမာမှု စတာ တွေနဲ့ ပတ်သက်ပြီး အတော်ပဲ အုပ်အော်သောင်းတင်း ဖြစ်ခဲ့ကြပါတယ်။  တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယားကပဲ စစ် ဖြစ်တဲ့အခါ တောင်ကိုးရီးယားဘက်ကို အမေရိကန်က ဝင်တိုက်ပြီးရင်  နယူးကလီးယား အရေးနဲ့ပတ်သက်နေတဲ့ မြန်မာ နိုင်ငံကိုလဲ အမေရိကန်က စစ်ရေးအရ အရေးယူတော့ မယောင်ယောင်၊ အီရတ်လို ဝင်တိုက်တော့မယောင်ယောင်နဲ့ […]


ၾကယ္ေလးJanuary 17, 20111min1328
မောက္ခ ပ ညာ ရေး မဂ္ဂဇင်း မှ ကူး ယူဖော်ပြသည် http://www.maukkha.org/index.php?option=com_content&view=article&id=1268:2011-01-15-18-38-29&catid=92:library-&Itemid=386 “လူတွေကလဲခက်တာပဲ၊ ကိုယ့်ပညာပဲ ကိုယ် တန်ဖိုးမထားကြတာလား၊ တန် ဖိုးထားချင်ရက်နဲ့ ဝမ်းရေးကြောင့် တန် ဖိုးထားခွင့် မရကြတာပဲလား။ အလုပ် လျှောက်ကြတဲ့အခါ မျှှော်မှန်းလစာ ဆိုတာကို တန်ရာတန်ကြေး ရဲရဲမတောင်းရဲဘူး။ အလုပ်ရှင်က တောင်း တာများတယ်ဆိုပြီး အလုပ်မခန့်မှာစိုးတာနဲ့ အလုပ်ရလိုဇောနဲ့ လျှော့ဈေးပေါ့ဈေးတွေ တောင်းကြတယ်။ အလုပ်ရှင်ဆိုတဲ့ လူတန်းစားကလဲ တန်ရာတန်ကြေးပေးဖို့ထက် လုပ်အားခ ဘယ်လိုဈေးနှိမ်ရမလဲပဲ တွက်ကြတာများတယ်။ ပညာတတ်(ဘွဲ့ရ)တွေ ဖေါင်းပွပြီး အလုပ်အကိုင်ရှားပါးတဲ့ခေတ်၊ ကုန်ဈေးနှုန်းတွေအစစ မြင့်မားနေတာကြောင့် ဝင်ငွေရှိနေတာတောင် နေရေးစားရေးလောက်ငှဘို့ မလွယ်တဲ့ခေတ် ဆိုတော့လဲ ပေါချောင်ကောင်း ဝန်ထမ်းရဖို့ပဲ စဉ်းစားနေတဲ့ အလုပ်ရှင်တွေအကြိုက် ဖြစ်နေတော့တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်လေ ဇော်ဇော်ထက်တို့ကတော့ ကိုယ့်ပညာကိုယ် […]