လူစိုးJune 15, 20131min1513
သူမမြင်အောင် တမင်ရှောင်တိမ်း ရင်ဝေဒနာ အစဉ်သာထိန်း ခပ်ခွာခွာ အနေယိမ်းလို့ စိမ်းမှာလား မေ ။ သူမဟုတ်သလိုပေါ့ အပူရုပ်ကို မျက်နှာလွှဲ တစ်သက်စာကွဲတဲ့ သံယောဇဉ် ဆက်ကာ ချည်ငင် ထုံးပေမယ့် မုန်းစေလှဲ့လို့ ထားရက်တယ် ။ အများထက်ဝယ် ဒီလူရှုံးစေပေါ့ ထုံးလေ မြဲတဲ့ သံယောဇဉ် ဓါးထက်ကွယ် သူပင် ယူငင်ဖြတ်လေတော့ ပြတ်မှာပေါ့ကွယ် ။ သံယောဇဉ် နွယ်ပင်ဖြတ်ပေမယ့် သည်းထက်၌ အသစ်ပျိုး အချစ်မျိုး ကိုးဆယ့်ခြောက်ပါးက ဒီရင်ခွင် ပျောက်သွားအောင် တိုးလှဲ့ ဖောက်ပြား ။ @ လူစိုး 15.june.2013 ( 11:38 Am )


လူစိုးJune 11, 20131min19310
♦ ဆုတောင်း ♦ ••••••••••••• အဝေးဆီက ဇာတိဖွား Malay ပြည်မှ မြန်မာများ ဘေးမသီ ရန်မခ အန္တရာယ်ကင်းလို့ ငြိမ်းချမ်းကြပါစေ ။ ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ ။ ပြည်သားကောင်းတွေ လွင့်လို့ကြွေ မလေးမြေမှာ ကြက်အလား ငှက်အလား ။ ရေနောက်စွန့်ခွာ ရေကြည်ရှာ ဒို့ပြည်မှာပင် ကြီးပွားမှာလား ။ မျက်ရည်စက်လက် ဖုန်းဆက်ကာ သားကောင်း မိခင် ဝမ်းနည်းနေရ။ မိခင်မျက်ရည် တစ်စက်ဟာ တိုင်ပြည်တွေရဲ့ အသက်ပါပဲ ။ စောင့်မပေးပါ အဖရာ ဒို့ပြည်သူတွေ တောင့်တနေကြ ။ တိုးတက်လိုသည် မြန်မာပြည် ဒို့ပြည်သူတွေ အသက်ဆက်ဘို့အရေး ။ # လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ # @ […]


လူစိုးJune 9, 20131min27316
လွမ်းခြင်းသိုဝှက် ရင်သို့သက် လှမ်းရင်းပြိုပျက် အငိုခက်ပေမယ့် စိုလျှက်ပါပဲ မိုးစက်ပြာ ။ တစ်သက်မှာ တစ်ခါလန်း ရင်နဲ့ပျိုးတဲ့ ပန်းက ရေလောင်းပေါင်းသင်ဘို့မလို ငါ့မျက်ရည်စိုရုံနဲ့တင် အလိုလို ရှင်သန်နေခဲ့တာ အသိမဲ့ခဲ့လို့လား မိုးစက်ပြာ ။ ရင်အလွမ်းက တိုးထွက်ခါ ဆိုးလျှက်ပါပဲ မိုးစက်ပြာရယ် မြင်မြင်ရာ အရာရာတိုင်း ငါ့အတွက် လွမ်းကဗျာတွေလား လွမ်းစရာတွေလား လှမ်းကာမပြေးခင် အဖြေရှာတွေး အလွမ်းတွေ ပြေမဲ့ဆေး မင်း ပေးခဲ့ပါလား မိုးစက်ပြာ။   @ လူစိုး


လူစိုးJune 8, 20131min1898
လွမ်းချက်ကနာ ရင်ဘတ်က ဟာနေမိလို့ ရွှေရင်စို့ကာမှန်း တမ်းတလို့မျှော် အွန်လိုင်းမှာ သူပေါ်နေမလား စိတ်ဝယ် ထင်မှားလို့ ယောင်ယမ်းကာ အခါခါအော် ခေါ်….ခေါ်သံ သူကြားလေမလား စိုး စိတ် နဲ့ မှိုင် ……။ တိုးတိတ်လို့ထိုင် အနားမှာ သူမရှိ လေတော့ ပူမိစေ ရင်အလွမ်းက မှန်းရ ခက်ပြန်. . . . . တမ်းတ တက်ရန် ဒီရင်ကို တို့ကာနမ်း ဆို့ကာလွမ်းစေတော့ ပျို့မှာတမ်းတွေထဲ မျော့ မျော့ပဲကျန် . . . . လူမသိအေင် အွန်လိုင်းလာရင်ဖြင့် ယူကြည့်လို့ သူသိပါလေစ အချစ်ငတ်သူ ဒီရင်ခန်းက သူမ ကို ဘယ်လိုလွမ်း စိုစေတဲ့ အနမ်း အနေမဲ့လို့ အပေအတေရဲ့ […]


လူစိုးJune 8, 20131min2078
သော က ဝေ ဒ နာ လော က စေ ရာ သွား ရင် ဝေ ဒ နာ သွေ မ ခမ်း သ ခင် စေ ရာ လှမ်း လွမ်း လိုက် တာ မေ ။ သွေ မ ခွာ ပျော် မ ဆုံး အ ချစ် နဲ့ ထုံး တဲ့ တွေ့ ဆုံ ချိန် ထဲ အ ပြစ် ဖွဲ့ မုန်း လို့ မေ့ ယုံ ပဲ လား လေ ။ မေ ရယ် […]


လူစိုးJune 7, 20131min19911
တနွယ်ငင်လို့ တစင်ပါ အကြင်နာ ရင်မှာ မမင်တာလား အတူသိပ်ချစ်ခဲ့စဉ်က သူစိတ်ညစ်ရင် အားပေး အနားလေးမှာ မခွဲခွာ အမြဲသာ အစဉ်ရှိ သင်ကြည့်တက်ရင်တော့ မြင်မယ်ထင်မိတာပေါ့..။ ဟိုအရင်ချစ်ခဲ့စဉ်က သူငိုရင် ကမ္ဘာပျက်သုန်း အမှောင်ဖုံးပေမယ့် အလင်းဆောင် ငို ရီ ပြုံး ပျက်လုံးအစုံသုံးလို့ သူပြုံးမှ ပျော်တက်သူက ဘဝကို ပြင်လို့ အလှကိုဆင် မေတ္တာချင်းယှဉ်ရင် နိုင်မယ်မထင်..။ မေတ္တာတွေ တိုးလာတော့ သစ္စာတွေ ရင်ဝယ်ပျိုးပါရော့ သံယောဇဉ်လွန်း တင်တဲ့ကြိုးက တင်းလွန်းလို့ ပြတ်တာလားကွယ် မနေတတ်ပေမယ့် ကျေနပ်ပါရဲ့ ဗွေရတတ်ဖြာ အပူမီးတော့ လွင်တီးခေါင် လေပူရိုင်းလို ရင်ငွေ့ကို တစ်ခါတိုးတိုင်း ဆိုးလို့ လှိုက်လောင် ..။ ။ @လူစိုး (ဆုံးအောင် ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါ ဝမ်းစာမပြည့်စုံသေးတော့ […]


လူစိုးJune 6, 20136min2675
ကဗျာ Group တစ်ခုဖြစ်တဲ့ ပင်လယ်ပြာပြာ ကဗျာချစ်သူများအဖွဲ့မှာ ကဗျာနဲ့ ပါတ်သတ်ပြီး မေးထားတဲ့ အမေးနဲ့ ကျွန်တော့်ရဲ့ ရှင်းလင်းချက် အား Note တစ်ခု လုပ်ထားခြင်းဖြစ်ပါသည်။ မသိသေးတဲ့ လူများအတွက် အသိဉာဏ်တစ်ခု တိုးစေပြီး ၊ သိရှိပြီးသား လူများအနေဖြင့်လည်း ခံယူချက် လွဲကောင်း လွဲပါလိမ့်မယ်။ အကယ်၍ ကဗျာအပေါ်ထားတဲ့ ခံစားချက် ၊ ခံယူချက် ၊ အနက် ၊ အဓိပ္ပါယ် မတူညီပါက ကျွန်တော့်ရဲ့ ဝမ်းစာ မပြည့်ဝမှုပဲ ဖြစ်ပါတယ်လို့ ပြောကြားရင်း ကျွန်တော့်ရဲ့ ကဗျာ ဆိုတဲ့ ရှင်းလင်းချက်လေး ထုတ်ပြခွင့် ပြုပါ ။ Lay Da Khon  ကာရံမဲ့ဆိုတာဘယ်လိုမျိုးလည်း ကိုကိုလူးစိုးကြီး……….ကျွန်တော်ကို သင်ပေးပါလား Soe Min […]


လူစိုးJune 6, 20132min2229
နွေခေါင်ခေါင်ငယ်ထိပ်ကို မိုးကြိုးပစ်တဲ့နေ့ ! ကျွန်တော့်ကမ္ဘာလေထုထဲ အိုဇုန်းလွှာတွေပေါက်သစ်ပင်တွေ ခြောက်တဲ့နေ့ ! အဲဒီနေ့မှာ ကွဲအက်ရှတတဲ့အသံနဲ သေမင်းက တိုးတိုးလေးလှောင်တယ်   “မင်းလည်းတစ်နေ့ ငါနဲ့တွေ့မှာပါကွာတဲ့ “   ဟုတ်ပါရဲ့အခုဆို ကျွန်တော့် ဘဝဥယျဉ်ထဲက သစ်ပင်တွေ ခြောက်ကုန်တာ တဖျောက်..ဖျောက်နဲ့   လက်ဦးဆရာမည်ထိုက်စွာ ပုပ္ဗါစရိယ မိနှင့်ဖ” ပေမယ့် ဆရာဆိုတဲ့အသိ အဖေနဲ့တွေ့မှ သိခဲ့ရတာ ။   အဖေအမြဲပေးတဲ့ဓါးတုံးတုံးတစ်လက် အမြဲထက်အောင် ကျွန်တော် သွေး၊ ရေးလိုက်တဲ့ စာတိုင်းအဖေ့ကျေးဇူးနဲ့ နှိုင်းရင် ကျွန်တော် ရိုင်းရာကျမှာလား အဖေ။   မိသားစုနဲ့ဝေးနေတဲ့ကျွန်တော့်အတွက် သားငယ်ဆိုတဲ့ ဖုန်းထဲက အဖေခေါ်သံ အားဖြစ်စေခဲ့တာ အမှန်ပါ။   တကယ်တော့ကျွန်တော်ဆိုတဲ့ လူသားတစ်ယောက် ရန်ကုန်မှာမွေးဖွားလို့ ငယ်မြို့လေးမှာကြီးထွားလာခဲ့ရတာ။   […]