manawphyulaySeptember 23, 20141min35132
တဂျီးအပါအဝင် ရွာသူရွာသား စာပေဝါသနာရှင်များကိုယ်တိုင် ဖွင့်ဆိုထားတဲ့ အကြောင်းအရာလေးတွေကို သိချင်မိတဲ့အတွက် မေးမြန်းမိတာပါ။ အားလုံး ရင်တွင်းဖြစ်လေးတွေကို ဖြေပေးကြမယ်လို့ မျှော်လင့်မိပါတယ်။ မေးခွန်းလေးတွေကတော့ ၁။ ပထမဆုံး ဖတ်ဖြစ်တဲ့စာအုပ် ၂။ အများဆုံးဖတ်ဖြစ်တဲ့ စာပေ ၃။ လက်ရှိ အဖတ်ဖြစ်ဆုံး စာအုပ်များ ၄။ အကြိုက်ဆုံးစာပေ ၅။ အကြိုက်ဆုံးစာရေးဆရာ ၆။ အတွေ့ချင်ဆုံးစာရေးဆရာ ၇။ လေးစားမိသော စာရေးဆရာ ၈။ အဖတ်ဖြစ်ဆုံး ဘာသာပြန်စာရေးဆရာ ၉။ ခရီးသွားရင် ယူသွားဖြစ်တဲ့စာအုပ် နောက်ဆုံးမေးခွန်းလေးကတော့ ၁၀။ ကိုယ်ရေးချင်တဲ့ စာေပေအမျိုးအစား ပဲ ဖြစ်ပါတယ်။ မနောရဲ့ ရင်တွင်းခံစားချက်လေးတွေကတော့……. ၁။ ပထမဆုံး ဖတ်ဖြစ်တဲ့စာအုပ် မိုးသောက်ပန်း ၂။ အများဆုံးဖတ်ဖြစ်တဲ့ စာပေ တက်ကျမ်း၊ သုတရသစာပေ၊ ဘာသာရေးစာပေ […]


manawphyulaySeptember 19, 20141min5979
စာပေအရေးအသားကတော့ ပြောတော့သာ လွယ်မယောင်နဲ့ အတော်ခက်တဲ့အရာပါပဲ။ စာရေးဆရာတွေကို လေးလည်း လေးစားသလို အားလည်းကျမိပါတယ်။ ဘယ်နည်းနဲ့ ဘယ်လိုရေးရမယ်ဆိုတာ နည်းသိထားရင် ပိုအရေးအသားတက်မှာ အမှန်ပဲဖြစ်ပါတယ်။ စကားပြေအရေးအသားတွင် ၁။ မိမိတို့ ရပ်သုံး၊ ရွာသုံး၊ နေ့စဉ်သုံး စကားများဖြင့် ရေးသားခြင်း နည်းတစ်မျိုး။ ၂။ စကားပြေရေးနည်း၊ မင်းပူးဆရာတော် ဦးဩဘာသ၏ ဇာတ်ကြီးဆယ်ဘွဲ့ရေးနည်းမျိုး။ ၃။ လင်္ကာသွားရေးနည်း၊ ရတု၊ ရကန်၊ အဲ၊ အန်၊ ဧချင်း၊ ပျို့၊ ဦးပုည၏ ပြဇာတ်ရေးနည်းမျိုးနှင့် ပိဋကသွားခေါ် ဦးပုည တရားစာရေးနည်းမျိုး။ ၄။ လင်္ကာကြားစကားပြေ ညှပ်ရေးနည်း (ဩဘာစာ၊ မေတ္တာစာနှင့် ဖိတ်စာ အချို့ လင်္ကာသွား ညှပ်၍ ရေးနည်းမျိုး။) ၅။ ဂီတသွားရေးနည်း၊ မဟာဂီတပါ သီချင်းများနှင့် ကာလပေါ်သီချင်းများရေးနည်းမျိုး။) […]


manawphyulaySeptember 18, 20143min16514
Vacancy Announcement for Center for Vocational Training (CVT) (Local Only) Center for Vocational Training (CVT), Yangon, provides vocational training according to the dual apprenticeship model (Theory and Practice) from Switzerland. CVT works closely with a wide range of training companies as a non profit organization since 2002. If you are interested in supporting the vocational […]


manawphyulaySeptember 9, 20141min1076
မိုးတွေရွာရင်…. တဲ့ ခေါင်းစဉ်လေးကို ဆက်ပြီး ကဗျာစပ်လိုက်မိပါတယ်။ တိတ်တိတ်ရင်ထဲ လွမ်းနေဆဲမို့ မသည်းပါနဲ့ တောင်းပန်ပါတယ် ရွှေမိုးညိုရယ်… အင်း ဒီနေ့တော့ ဘာရေးရင်ကောင်းမလဲလို့ စဉ်းစားနေတုန်း အတိတ်ခြေရာလေးတွေကို ပြန်ကောက်ကြည့်မိပါတယ်။ မိုးတွေရွာနေကြပြီ။ မနောလည်း ဇူလိုင်လမှာ မွေးပြီး မိုးရာသီကို မေ့ထားလို့ ဖြစ်ပါ့မလား။ ဘယ်မေ့လို့ ဖြစ်မလဲနော်။ ကိုယ့်ရဲ့ မွေးလတောင် မေ့ပြီဆိုတော့ ဘယ်ကောင်းမလဲနော်။ သဘာဝတရားကြီးက အံ့ဩဖို့ ကောင်းတယ်နော်။ နွေ၊ မိုး၊ ဆောင်း ဆိုပြီ လုပ်ပေးထားတာကို တွေးကြည့်မိသွားတယ်။ အဲဒီထဲမှာ မနောရဲ့ မွေးလက မိုးရာသီ လာဖြစ်နေတာသာ ကြည့်တော့။ ပြီးတော့ လမ်းက အလှူခံမှာ အော်နေတာကို ပြန်ကြားယောင်မိတယ်။ ဘာလဲသိလား။ ရေဗူးနဲ့ ဖိနပ်မပါ၊ နွေအခါမှ သိဆိုတာလေ။ မနောကတော့ […]


manawphyulaySeptember 9, 20141min1768
လပြည့်ညရောက်လာပြန်ပေါ့ လမင်းကြီးကို ငေးကြည့်ရင်း ကြယ်တွေကို ရေတွက်ခဲ့ ဒီလိုညမှာ အကြင်နာအရိပ်ပါးပါးတစ်ခု ငါ့အနားကို ရောက်ရှိလာခဲ့ သူ့ရဲ့ဂရုဏာမျက်ဝန်းလေးနဲ့ ငါ့ကို ခွန်အားတွေပေးမြဲ ငါလေ ဒီလို ညမျိုး ဒီလို အိပ်မက်မျိုးကနေ ပျောက်ကွယ်သွားမှာ စိုးရွံ့လို့နေမိတယ်… သူ ဘယ်လိုလူလဲ ဘယ်မှာလဲ ရောက်လေရာမှာ ရှာဖွေခဲ့ပေမဲ့ ခုထိ အိပ်မက်ထဲမှ တစ်ယောက်သော သူ ဘယ်လိုလူလဲဆိုတာ ငါ မသိခဲ့ ကံကြမ္မာရယ် တောင်းခွင့်သာ ရှိရင် အိပ်မက် မဟုတ်တဲ့ ဘဝမျိုး ဖန်တီးပေးပါ အကြင်နာအရိပ် ဂရုဏာမျက်ဝန်းရှင်ရယ် မင်း ဘယ်ဆီမှာလဲ…. မင်းပေးတဲ့ခွန်အားနဲ့အတူ ငါလေ အသက်ဆက်ရခက်နေလို့ အိပ်မက်မဟုတ်တဲ့ အိပ်မက်ရှင်ရယ်…. မနောဖြူလေး ခံစားသည်။


manawphyulaySeptember 2, 20141min1225
ငါ ပြုံးပြသော် သူက တန်ပြန် ပြုံးလေသည်။ ငါကမဲ့သော် ငါကဲ့သို့လျှင်၊ မဲ့ဟန်ဆင်၍ သူပင် တုံ့ပြန်တတ်လေသည်။ သစ်သားဘောင်ခတ်၊ ဤမှန်ချပ်သည် စိတ်ဓာတ်မပါ၊ သညာမရှိ သတိမဖက်၊ အသက်ဝိညာဉ် ကင်းလွတ်စဉ်လျှက်၊ တုံ့ပြန်ချက်သည် ငါ့အတွက် သင်ခန်းစာပါတကား။


manawphyulayAugust 30, 20141min984
အလိုတော်ပြည့်ဘုရား တောင်ပုံရာပုံ ကြံတိုင်းစုံ ဂုဏ်မည် ထင်ပေါ်ကြပါစေ… မျှော်ရတာတွေ ပေါ်ကြပါစေ… တော်ကြာတာတွေ ကျော်ကြပါစေ… ပျော်ရတာတွေ မော်ကြပါစေ… လူတိုင်းလူတိုင်း အလိုတော်ပြည့်ပါစေ….


manawphyulayAugust 30, 20141min652
မဝေးတဝေးကို ကျွန်မ ငေးကျွန်မကိုလည်းမဝေးတဝေးက ငေးနေတယ်….ဟော… ကြည့် ခုလည်း စာဖတ်သူက ကျွန်မကို ငေးကြည့်နေတယ်…[/caption] မဝေးတဝေးကို ကျွန်မ ငေး ကျွန်မကိုလည်း မဝေးတဝေးက ငေးနေတယ်…. သဘာဝတရားက ပေးတဲ့ဘဝ လက်ခံရမှာလား…. ငြင်းဆန်ရမှာလား… နေဝင်နေထွက် မိုးလင်းမိုးချုပ် တကုတ်ကုတ် ဝမ်းစာအရေး ကြိုးစားနေရ ကံ.. ကံတောလား… မဝေးတဝေးကို ကျွန်မ ငေး ကျွန်မကိုလည်း မဝေးတဝေးက ငေးနေတယ်…. အိမ်ပြန်ချိန်တိုင်း ကားပိတ်နေတယ်…. မနောဖြူလေး ခံစားသည်။ ၃၀.၈.၂၀၁၄


manawphyulayAugust 20, 20141min1267
နှလုံးသားဆိုတာ ချစ်ဖို့အတွက်ပါလာတာ မဟုတ်ရင် ခံစားတတ်တဲ့ ကိုယ့်ရင်ထဲ မင်း ဝင်လာခဲ့မှာ မဟုတ်ပါ။ အခုတော့… စိတ်ကူးပင်လယ် အတွေးနယ်ထဲ အလည်ဝင်ရောက် သတိရခြင်းများစွာနဲ့ တမ်းတနေတဲ့သူအတွက် လမင်းကို မျှော်ငေး ကြယ်တွေကို ရေတွက် အိပ်ပျက်မိတဲ့ အချိန်တိုင်း အတွေးကမ္ဘာထဲမျောနေခဲ့ အချစ်ကို ကိုးကွယ် မေတ္တာကို တန်ဖိုးထား သစ္စာကို လေးစားတဲ့ လူသားအဖြစ် မင်းရဲ့ရှေ့မှာ ရပ်ချင်ပါရဲ့ ဒါပေမဲ့… မာနကို စိန်စီ အသည်းနှလုံးကို အကျဉ်းချ မေတ္တာကို သိုဝှက် ခံစားတတ်တဲ့ နှလုံးသားမှာ ဒဏ်ရာများနဲ့ လွမ်းရင်း မုသားပြုငြား မေ့မသွား နှောင်တိုးရစ်ငင် သံယောဇဉ်…. မနောဖြူလေး ခံစားသီကုံးသည်။


manawphyulayAugust 19, 20141min24114
အချစ်ဆိုတာ လူငယ်လည်း လူငယ်အတွေး၊ လူကြီးလည်း လူကြီးအတွေး ကိုယ့်အတွေးနဲ့ကိုယ် ရှိကြမှာပါ။ တစ်ယောက်တစ်မျိုးပေါ့လေ။ အချစ်ဆိုတာ ဘယ်ကစဖြစ်တာလဲ။ အရင်ဆုံး စဉ်းစားဖို့ လိုလာပြီနော်။ လှတာကိုလား။ ချောတာကိုလား။ ဒါမှ မဟုတ် အပြောကောင်းတာကိုဆိုလိုတာလား။ အဲဒီမှာ စကားပုံတစ်ခုကို စဉ်းစားမိတယ်။ “Love in the heart is better than honey in the mouth” နှလုံးသားထဲက အချစ်ဟာ ပါးစပ်ဖျားက ပျားရည်ထက် ချိုပါတယ်တဲ့။ ဟုတ်မဟုတ်တော့ ကျွန်မလည်း မသိဘူး။ ကျွန်မ ခံယူမိထားတာကတော့ လူတစ်ယောက်မှာ It is needed to love and be loved. အချစ်ခံရဖို့နဲ့ ချစ်ဖို့ဆိုတာ လူတိုင်းမှာ လိုအပ်လိမ့်မယ်လို့ […]


manawphyulayAugust 18, 20141min19512
ကျွန်မရဲ့နာမည် ………… မနောဖြူလေး ကျွန်မကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ် ………… မနော ကျွန်မဒီမှာနေတယ်………… နေစကြဝဠာ၊ ပြာလဲ့လဲ့မိုးကောင်းကင်ကြီးရဲ့အောက် ကမ္ဘာမြေပေါ်တစ်နေရာ ကျွန်မဆီဖုန်းဆက်ချင်ရင်………… လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်သည် ဆက်သွယ်မှုအတွင်းတွင် ရောက်ရှိနေပါသဖြင့် ခေါ်ဆိုလို့ မရနိုင်ပါရှင် ကျွန်မရဲ့အကြိုက်ဆုံးတွေက အရောင်ဆိုရင်………… မိုးပြာရောင် အဝတ်အစားဆိုရင်………… သွားလို့လာလို့နေလို့ထိုင်လို့ သင့်တော်ပြီး သူ့နေရာနဲ့သူ ဝတ်စားဆင်ယင်မှု (မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့အဝတ်အစား) အစားအစာဆိုရင်………… စားချင်တဲ့အစားပဲစား မစားချင်တာ ကျွေးလို့မရ(ဝက်သား၊ အမဲသားမစား) ပစ္စည်းဆိုရင်………… ကိုယ့်မှာရှိတာ မြတ်နိုးတယ်။ လက်ဆောင်ရတာလေးတွေ တန်ဖိုးထားတယ်။ သီချင်းဆိုရင်………… အိုင်စီအသဲစွဲ၊ အဲဒီထဲကမှ အငဲ၊ လေးဖြူရဲ့ မမေ့နိုင်သီချင်းပိုနှစ်သက်၊ မျိုးကျော့မြိုင်အသံစာသားကြိုက်၊ ရင်ဂို၊ ဖိုးကာ၊ လွှမ်းမိုး၊ အနိုင်တချို့စာသားကြိုက်၊ ရှိသေးတယ် မရေးတော့ဘူးနော်။ စာရေးစာဆရာ………… ပါရဂူ၊ နတ်နွယ်၊ မင်းကျော်၊ ကျော်အောင်၊ […]