moesatrainMay 27, 20101min672
သူ့နေရာသူပြန်သွား ” ဟောဒီခွက်ထဲက ကျောက်ခဲလေးတွေဘယ်ရောက်ကုန်ပြီလဲ ” ” ဪ ….. အဲဒါကျောက်တုံးလေးတွေလား၊ ကျွန်တော်ကသောက်ရမယ့်ဆေးမှတ်လို့ ခုနကပဲသောက်လိုက်မိပြီ ဆရာမ ” ” ဟောတော် ဒုက္ခပါပဲ။ အဲဒါရှင်သတိရလာရင် ပြဖို့ထားတာ။ ရှင့်ဆီးအိမ်ထဲက ခွဲထုတ်ထားတဲ့ဟာတွေရှင့် ” @hp မေးမှသိတယ် ” မင်းတို့လင်မယား ပြန်ပေါင်းထုပ်သွားကြပြီလို့ကြားရတာ ဝမ်းသာတယ်ကွာ၊ နေ့ခင်းတုန်းကတောင် မင်းတို့အိမ်ရှေ့က ဖြတ်လျှောက်တော့ မင်းတို့လင်မယားနှစ်ယောက် ထင်းတွေအတူတူခွဲနေကြတာ တွေ့မိသေးတယ်ကွာ ” ” ထင်းမဟုတ်ဘူး သူငယ်ချင်းရဲ့ ၊ အိမ်ထောင်ပရိဘောဂတွေ ” @hp ပြောချင်တာကဒီလိုပါ ” မင်းဟာကားကို တစ်နာရီမိုင်တစ်ရာနှုန်းလောက်နဲ့ မောင်းလာတယ် ။ ပြီးတော့ညအမှောင်ထဲ ကားရှေ့မီးကို ဖွင့်မမောင်းဘူး ။ လမ်းလည်းမှားလာတယ် ။ ယာဉ်မောင်းလိုင်စင်လည်း မပါဘူး […]

moesatrainMay 27, 20101min25619
လူမဲကြီးဟာညညဆိုရင်အိမ်တွေကိုဝင်ပြီးတော့ပစ္စည်းတွေခိုးပါတယ်ပစ္စည်းတွေခိုးတဲ့အပြင်ကိုမိန်ကလေးတွေဆိုရင် အပျိူဖြစ်ဖြစ်အအိုဖြစ်ဖြစ်မိန်ကလေးမှန်သမျှကိုအကုန်စော်ကားပါတယ်…..သူများတွေပြောတာကတော့အဲဒါလူမဲကြီးက အဖွဲ့ရှိတယ်တဲ့သူတို့အဖွဲ့ကခုနစ်ယောက်တဲ့အခုလောလောဆယ်တော့ရဲတွေကနစ်ယောက်တော့မိသွားပြီးလိုသိရပါတယ် အများစုပြောတာကတော့သူတို့အဖွဲ့တွေခုနစ်ယောက်ဆုံးကမှော်အောင်ထားတယ်လိုသိရပါတယ်အဲဒီထဲမှာတယောက်က အဖွဲခေါင်းဆောင်မှော်အောင်တာအမြင်ဆုံးလိုသိရပါတယ်ဒါပေမယ့်သူကိုတော့ဘယ်သူကိုမှမဖမ်းမိရသေးပါဘူး…အခု လူတော်တော်များများကလူမဲကြီးကိုကြောက်နေကျပါပြီမုံရွာမြို့ကလူတွေတော်တော်များများဟိုတနေ့တုန်းကတောင် ကျွန်တော်တို့ရပ်ကွက်ထဲကိုဝင်သေးတယ်လိုပတ်ဝန်းကျင်လူတွေကပြောပါတယ်ထင်းပွဲယုံကိုဝင်တယ်လိုပြောပါတယ် အဲဒီလူမဲကြီးကိုမိတော့မယ်လို့လုပ်လိုက်ရင်လွတ်လွတ်သွားတယ်လိုပြောပါတယ်မိန်ကလေးနစ်ယောက်အိမ်ကိုဝင်တယ် ပြောပါတယ်သူတို့ညီမနစ်ယောက်တဲ့…လူမဲကြီးလာတော့သူတို့သိတယ်လိုပြောတယ်ဒါပေမယ့်သူတို့လဲအဲဒီလ ူမဲကြီ ကိုဆံပင်တွေစောက်ဆွဲတယ်ပြီးတော့သူကိုပါစပ်နဲလက်ကိုကိုက်တော့သူကိုမကိုက်မိဘဲနဲသူညီမကိုကိုက်မိတယ်လိုပြောတယ် ပြီးတော့မီးဖွင့်လိုက်တော့လူမဲကြီးပျောက်သွားတယ်လို့ပြောပါတယ်အခုမုံရွာမြို့မှာညညဆိုရင်လူတော်တော်များများသတိ ဝိရီယနဲအိပ်နေရပါတယ်လူမဲကြီးလာမှာဆိုးလိုလေ…..လူမဲကြီးညမှထွက်တာ…အဲဒါကြောင့်မို့လိုမိန်ကလေးများခင်ဗျာ ညညဆိုရင်အပြင်ကိုမထွက်ကြပါနဲမိုးချူပ်တဲ့အထိမနေကျပါနဲ…………သူငယ်ချင်းတွေကောလူမဲကြီးသာသူငယ်ချင်းတို့ အိမ်ကိုအကယ်လိုရောက်လာမယ်ဆိုရင်ဘာလုပ်မှာလဲအဲဒီလူမဲကြီးလျှင်တယ်နော်ပြီးတော့မှော်ကလဲအောင်ထားတာဆိုတော့ ?

moesatrainMay 27, 20101min955
လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကျေုာ်လောက်က ပြောပြောနေကြတဲ့ စကားတစ်ခွန်းကို မှတ်မိကြတယ် ဟုတ်..။ နောင်တစ်ချိန်မှာ မိန်းမတွေ ရင်ထုပြီး လင်လုရတော့မယ် ဆိုတဲ့ စကားတစ်ခွန်းလေ..။ ဒီစကားဟာ နမိတ်လိုလို တဘောင်လိုလိုနဲ့ ခေတ်စားခဲ့တာတော့ အမှန်ပါပဲ။ အဲဒီအချိန်တုန်းကလည်း ပြောကြတယ်လေ။ ဆေးရုံတွေ၊ သားဖွားခန်းတွေမှာ ကြည့်လိုက်.. မိန်းကလေးက ၁ဝယောက်မွေးရင် ယောက်ျားလေးက ၂ ယောက်လောက်ပဲ ပါသတဲ့..။ ဒါကြောင့် နောင်ဆိုရင်ယောက်ျား တစ်ယောက်ကို မိန်းမတွေ အများကြီးက ဝိုင်းပြီး လုကြရတော့မယ်လို့ ပြောခဲ့ကြတယ်။ ဒီနောက်ပိုင်းမှာပဲ ခေတ်စားလာတဲ့ ဇာတ်လမ်းတွဲကိုလည်း ကြည့်လိုက်ဦးလေ..။ ကိုးရီးယား ကားတွေပေါ့..။ သိတယ်ဟုတ်.. ဒီကားတွေမှာ ယောက်ျားလေးတစ်ယောက်ကို မိန်းကလေး နှစ်ယောက်က ပြိုင်လုတာတို့၊ သုံးယောက်က ပြိုင်လုတာတို့..။ ဒီနောက်ပိုင်းတွေမှာ ခေတ်အနေအထားအရ မိန်းကလေးတွေက ရည်းစားစကားကို […]

moesatrainMay 27, 20101min671
လူ ၃၀၀၀ဝ ကို စစ်တမ်းကောက်ယူခဲ့ရာတွင် ပျမ်းမျှအားဖြင့် ဗြိတိသျအမျိုးသားများသည် တစ်နေ့လျှင် မုသားစကားသုံးခွန်း ပြောကြားလေ့ရှိပြီး တစ်နှစ်လျှင် စုစုပေါင်းမုသားစကား ၁၀၈၂ ခွန်းအထိ ပြောကြားကြကြောင်း စစ်တမ်းက ဖော်ပြသည်။အမျိုးသမီးများမှာမူ ယေဘုယျအားဖြင့်တစ်နေ့လျှင် မုသားစကား နှစ်ခွန်းပြောကြားလေ့ရှိပြီး တစ်နှစ်လျှင်ပျမ်းမျ ၇၂၈ ခွန်း ပြောကြားလေ့ရှိကြောင်း သိရသည်။ မိမိ၏ကြင်ဖက်ကို လိမ်လည်မှု၌ အမျိုးသားများက အမျိုးသမီးတို့ကို အများဆုံးလိမ်လည်သည့်ကိစ္စမှာ အရက်သောက်သည့် ကိစ္စနှင့်ပတ်သက်ပြီး ”ငါအများကြီးမသောက်ခဲ့ပါဘူး”ဟူသော စကားမှာ အသုံးအများဆုံးမုသားဖြစ်သည်ဟု ဆိုသည်။ အမျိုးသမီးများက အမျိုးသားများကို အများဆုံးလိမ်လည်သည့် ကိစ္စမှာ မိမိတို့၏ခံစားချက်အစစ်အမှန်ကို ဖုံးကွယ်ထားလိုသောကြောင့် ”ဘာမှမဖြစ်ပါဘူး။ရပါတယ်”ဟူသည့် စကားဖြစ်သည်။ အမျိုးသားများရော၊အမျိုးသမီးများပါ အများဆုံးပြောသည့် မုသားများထဲတွင် နံပါတ် ၁ဝ ချိတ်သည့်စကားမှာ ”အမြဲလိုချင်ခဲ့တာ အဲဒါပဲလေ”ဆိုသည့် စကားဖြစ်သည်ဟု သိရသည်။တစ်ယောက်က တစ်ယောက်ကို လက်ဆောင်ဝယ်ပေးသည့် […]

moesatrainMay 27, 20101min521
၂၀၁ဝ ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်များကို မိုးဆမ်းပန်းကုမ္ပဏီမှ မြန်မာ့ရုပ်မြင်သံကြားနှင့် မြဝတီရုပ်မြင်သံကြားတို့တွင် တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှဥက္ကဋ္ဌဖြစ်သူ ဦးဇော်မင်းအေးက ပြောကြားခဲ့သည်။ ၂၀၁ဝ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် အသင်းပေါင်း ၃၂ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပွဲစဉ် အရေအတွက် ၆၄ ပွဲကို ပြိုင်ပွဲကာလ ဖြစ်သည့် ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၂ ရက်နေ့အထိ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရှိရသည်။ “တောင်အာဖရိကမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်တွေကို တိုက်ရိုက်ထုတ်လွှင့်ပြသဖို့အတွက် Yangon Entertainment ကနေ တစ်ဆင့် ပြန်လည်ဝယ်ယူခဲ့ပါတယ်။အုပ်စုပွဲစဉ်တွေထဲက ညနေ ၆နာရီပွဲ တွေကို မြန်မာ့ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်ပြသသွားပါမယ်။ ကျန်တဲ့အုပ်စုပွဲတွေဖြစ်တဲ့ ည ၈ နာရီခွဲ ပွဲစဉ်တွေနဲ့ နံနက် ၁ […]

moesatrainMay 27, 20101min630
မေလ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲ ဝန်းကျင်အချိန် ခန့်တွင် စတုတ္ထထပ်မှ စတင်လောင်ကျွမ်းခဲ့ပြီး အဆိုပါဖြစ်စဉ်ကို မေလ ၂၅ ရက်နေ့ နံနက် ၄ နာရီခွဲဝန်းကျင်၌ မီးညွန့်အား ထိန်းသိမ်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါမီးလောင်မှုဖြစ်စဉ်ကို ရန်ကုန်မြို့နှင့် ပဲခူးတိုင်းတို့မှ မီးသတ်ယာဉ် အစီး ၇ဝ ဝန်းကျင်နှင့် မီးသတ်အင်အား ၁၅၀ဝ ကျော်တို့ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်း သိရှိရသည်။ ” ဒီမီးလောင်ကျွမ်းမှုကို ကျွန်တော်တို့မီးသတ်တပ်ဖွဲ့အနေနဲ့ တော်တော်လေး ခက်ခက်ခဲခဲ မီးထိန်းခဲ့ရပါတယ်။ မေလ ၂၄ ရက်နေ့ မွန်းလဲ ၁ နာရီလောက်မှာ စတုတ္ထထပ်ပဲ လောင်စဉ်အချိန်မှာ မီးထိန်းနိုင်ခဲ့ပြီလို့ ယူဆခဲ့တယ်။ ဒါပေမယ့် မီးက ဆက်လောင်ပြီး အပေါ်ထပ်ကို ကူးသွားပါတယ်။ အပေါ်ထပ်မှာက […]

moesatrainMay 27, 20101min440

moesatrainMay 27, 20105min670
စာသားလေးတွေက တော်တော်ဖတ်လို ့ကောင်းတယ်… နပိုလီယံ ကသူ ့ချစ်သူထံရေးစာဆိုတာ တော်တော်များတယ်ဗျ… သူက ချစ်သူတော်တော်များတဲ့ကောင်ဆိုတော့.. မိန်းမတစ်ယောက်ဆီကို စာတစ်ဆောင်ဆိုရင်တောင် အဆောင် ၂ဝ လောက် ကျနော့်မှာရှိတယ်…. ဒီစာလေးက ဖတ်လို ့အကောင်းဆုံးမိုလို ့တင်ပေးလိုက်တာပါ။ April 3, 1796 I have received all your letters, but none has made me such an impression as the last. How, my beloved, can you write to me like that? Don’t you think my position is […]

moesatrainMay 27, 20101min611
သူငယ်ချင်းတို ့ ဒါဆိုဒီမေးခွန်းလေးတွေဖြေကြည့်လိုက်နော်။ မေးခွန်းတွေကိုကြိုတော့မကြည့်ရဘူးနော်။ ကိုယ်ရွေးလိုက်တဲ့အဖြေရဲ ့ဘေးကရေးထားတဲ့နံပါတ်တွေအတိုင်းဆက်ဖြေသွားရုံပါ။ ဥပမာ-နံပါတ် 1 မှာသင်က တိုကျိုကိုရွေးချယ်ခဲ့ရင် တိုကျိုရဲ့ ဘေးမှာရေးထားတဲ့အတိုင်း မေးခွန်း နံပါတ် 3 ကိုသွားဖြေရမှာပါ၊ မေးခွန်းနံပါတ် 2 ကိုဖြေဖို ့မလိုပါဘူး။ မေးခွန်းတိုင်းဖြေဖို ့မလိုပါဘူး။ 1 ။ သွားချင်တဲ့နေရာတစ်ခုရွေးပါ။ ပေကျင်း – go to question 2 တိုကျို – go to question 3 ပဲရစ် – go to question 4 2 ။ စိတ်ထိခိုက်စရာကောင်းတဲ့ရုပ်ရှင်တွေကြည့်တဲ့အခါငိုတတ်သလား? ငိုတတ်တယ် – go to question 4 မငိုတတ်ဘူး – go […]

moesatrainMay 22, 20101min380
အရပ်ပုပု မျက်မှောင်ကုတ်ကုတ် ပိုသီပတ်သီ အညာသား။ ဘီအေကျောင်းသား စကားမပြော ပြောရင်မရပ် ညှင်းသိုးသိုး အရိုးခံ ခေါင်းအမာဆုံး ဇွဲအရှိဆုံး စိတ်ဓာတ်အပြင်းထန်ဆုံ း လူသား။ သူမသိ နားမလည်တာတွေကအများသာ း ရေမကူးတတ်ဘူး စက်ဘီးမစီးတတ်ဘူး စန္ဒရားမတီးတတ်ဘူး သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး မိန်းမ မပိုးတတ်ဘူး။ ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ ချစ်ရတဲ့နာစ့်မလေးကြည ်ကို လူငှားနဲ့ ပိုးခဲ့ရသူ ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ဝန်ကြီးချုပ် မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ။ လွတ်လပ်ရေးကိုစဉ်းစား ရင်း စစ်ဖိနပ်ပြောင်းပြန်စ ီးတဲ့သူ လွတ်လပ်ရေးကိုစဉ်းစား ရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့ အတူလမ်းဘေးမှာအကြော်စ ားတဲ့ ဝန်ကြီးချုပ် သူ့ […]

moesatrainMay 22, 20101min740

moesatrainMay 22, 20101min880
“ဘုန်း” ဆိုတာသည်မှာ “ပုည” ကောင်းမှုကုသိုလ် ဟူသော စကားမှ ဖြစ်ပေါ်လာသည်ဟု ဆိုကြပေသည်။ ထိုကြောင့် “ဘုန်း” ကို အဓိပ္ပာယ် ဖွင့်ဆိုထားသည်ကတော့ ရှေးကာလ၊ အတိတ်ကာလ၏ ကောင်းမှုကုသိုလ်အကျိုးဆက် ပင်ဖြစ်သည်။ အတိတ်ကာလဟု ဆိုရာဝယ် ဖြစ်ပျက်ခဲ့ပြီးသော နာရီ၊ မိနစ်၊ စက္ကန့် အချိန်များလည်း ပါဝင်နေသည်။ ဘုန်းကြီးသည် ဟု ပြောဆိုခြင်းသည် ကုသိုလ်ကောင်းမှု တန်ခိုးအရှိန်အဝါ ကြီးမားနေခြင်းကို ဆိုလိုသည်။ ဘုန်းနိမ့်သည် ဟု ပြောဆိုခြင်းသည် ကုသိုလ်ကောင်းမှု တန်ခိုးအရှိန်အဝါ မရှိခြင်း၊ နည်းပါးနေခြင်း တို့ကို အဓိပ္ပာယ် သက်ရောက်ပါသည်။ ယောက်ကျားဖြစ်စေ၊ မိန်းမဖြစ်စေ အဝိဇ္ဇာ နှင့် တဏှာမှ စတင်ခဲ့သော ဘဝ သံသရာ တစ်လျှောက်လုံးတွင် မိမိတို့ ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှု အနည်းအများ […]

moesatrainMay 22, 20101min610