moesatrainMay 22, 20101min920
“ဘုန်း” ဆိုတာသည်မှာ “ပုည” ကောင်းမှုကုသိုလ် ဟူသော စကားမှ ဖြစ်ပေါ်လာသည်ဟု ဆိုကြပေသည်။ ထိုကြောင့် “ဘုန်း” ကို အဓိပ္ပာယ် ဖွင့်ဆိုထားသည်ကတော့ ရှေးကာလ၊ အတိတ်ကာလ၏ ကောင်းမှုကုသိုလ်အကျိုးဆက် ပင်ဖြစ်သည်။ အတိတ်ကာလဟု ဆိုရာဝယ် ဖြစ်ပျက်ခဲ့ပြီးသော နာရီ၊ မိနစ်၊ စက္ကန့် အချိန်များလည်း ပါဝင်နေသည်။ ဘုန်းကြီးသည် ဟု ပြောဆိုခြင်းသည် ကုသိုလ်ကောင်းမှု တန်ခိုးအရှိန်အဝါ ကြီးမားနေခြင်းကို ဆိုလိုသည်။ ဘုန်းနိမ့်သည် ဟု ပြောဆိုခြင်းသည် ကုသိုလ်ကောင်းမှု တန်ခိုးအရှိန်အဝါ မရှိခြင်း၊ နည်းပါးနေခြင်း တို့ကို အဓိပ္ပာယ် သက်ရောက်ပါသည်။ ယောက်ကျားဖြစ်စေ၊ မိန်းမဖြစ်စေ အဝိဇ္ဇာ နှင့် တဏှာမှ စတင်ခဲ့သော ဘဝ သံသရာ တစ်လျှောက်လုံးတွင် မိမိတို့ ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှု အနည်းအများ […]

moesatrainMay 22, 20101min1180
ဒီအချိန်ဆို မ ဘာလုပ်နေမလဲ. ခရစ်စမတ်သီချင်းတွေ သီကြွေးနေမလား ခရစ်တော်အကြောင်း ကောင်းချီးသဘင် ဆင်ယင်နေမလား ခရစ်စမတ်သစ်ပင်အောက်မှာ ပါဆယ်လ်ထုပ်တွေ ဖောက်နေမလား ခရစ်စမတ်ပါတီမှာ ရီဝေစွာနဲ့ ဝိုင်အရက်တွေ သောက်နေကြမလား.. ကျွန်တော်မသိဘူး မ.. တကယ်တော့ ကျွန်တော်မသိဝံ့၊ မသိတတ်၊ မသိချင်ခဲ့တာပါ.. . . . ပြတင်းတံခါးရဲ့ အပြင်ဖက်မှာ နှင်းတွေကျနေတဲ့ ညဟာ အေးစက်လွန်းနေခဲ့တယ် ဒီရင်ထဲမှာတော့ ချစ်တဲ့ ‘မ’ အတွက် နွေးထွေးမှုတွေ အပြည့်ရယ်ပါ.. ကျွန်တော် လွမ်းတယ် မ ရယ်. ဘယ်သောအခါမှ အတူမရှိနိုင်ခဲ့တဲ့ ဘဝနှစ်ခုအတွက် ဆုတောင်းခြင်းဆိုတာဟာ တစ်ခုတည်းသော ကောက်ရိုးမျှင်လေးရယ်ပါ. ဒါပေမယ့် အဲဒီ့ကောက်ရိုးမျှင်လေးကိုသာ တရှိုက်မက်မက် စွဲလမ်းဆုပ်ကိုင်နေဆဲပါ ကျွန်တော် လွမ်းတယ်. မ ဒီအချိန်ဆို မ ဘာလုပ်နေမလဲ. […]

moesatrainMay 22, 20101min690
ပဲခူးတိုင်း ဝေါမြို့နယ် နှင့် ဘုရားကြီး ကြားမှာ ရှိတဲ့ ရွာတွေဟာ ကားလမ်းနဲ့ အတော်လေးကို ဝေးပါတယ် ။ မိုးတွင်းဆို သူ့ တို့ ရွာတွေဆီကို ရောက်ဖို့ ကို လှည်းလမ်းနဲ့ ဆိုင်ကယ်ကို အသုံးပြုလို့ မရတော့ ပါဘူး ။ လှေတလှည့် ခြေကျင် တလှည့် လေ ။ အဲ ဒီလို ဝေးတဲ့ နေရာတွေ က ( အဲ ဝေးတယ် ဆိုလို့ မြို့ ပြနဲ့ ဝေးတာကို ပြောတာ မဟုတ်ဘူး နော် ကားလမ်း နဲ့ ကိုအတော်လေးကို ဝေးနေတာ ) ရွာလေး တွေ က ရေ အတွက် ဘာကို အသုံးပြုရလဲ […]

moesatrainMay 22, 20101min904
တစ်ခါက လူတစ်ယောက်ရှိတယ်။ သူကသူ့ကိုယ်သူ ပညာရှိလို့ အထင်ကြီးနေတဲ့သူပေါ့။ သူ့ တပည့် အခြွေအရံတွေကလည်း သူ့နားမှာဝိုင်း မြှောက်ပင့်စားနေတာပေါ့။ ဒီလိုနဲ့ တစ်နေ့ သူ့တပည့်တွေထမ်းလာတဲ့ ဝေါယာဉ်ပေါ်မှာ မိန့်မိန့်ကြီးထိုင်လို့ မြို့ထဲကိုထွက်လာရော လမ်းတစ်နေရာလည်းရောက်ရော လူတွေက သူ့ကို ” ငတုံးကြီး ” ဆို လက်ညိုးဝိုင်းထိုးပြီး အော်လှောင်ကြပါလေရော။ ဒီတော့ ပညာရှိဆိုသူက သူ့တပည့်ကို ” လူတွေက ငါ့ကို ငတုံးကြီးလို့ ခေါ်နေပြီ..သွားစမ်းကွာ မင်း ငတုံးသုံးယောက် ရအောင်အမြန်သွားရှာ ဖမ်းခေါ်လာခဲ့။ သူတို့ရှိမှ ငါခံသာမှာ။ မြန်မြန်သာသွားရှာချေ” လို့အမိန့်ပေးလိုက်တယ်။ ဒါနဲ့ တပည့်လုပ်သူလည်း ငတုံးရှာပုံတော် ဖွင့်တော့တာပေါ့။ မြို့တစ်နေရာရောက်တော့ လူတစ်ယောက်က ခေါင်းပေါ်မှာ လေးပင်တဲ့အထုပ် တစ်ထုပ်ရွက်လို့ မသက်မသာပုံစံနဲ့ မြင်းစီးလာတာ တွေ့လိုက်ရတယ်။ ဒါနဲ့ ” […]

moesatrainMay 22, 20101min742
အေသွေးပိုင်ရှင်များအကြောင်း သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို ခန့်မှန်းလို့လည်း ရပါတယ်..ဒီနေ့တော့ သွေးအုပ်စု လေးမျိုးထဲက အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားများကို ဖော်ပြပေးလိုက်ပါတယ်.. အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတို်င်းပါ.. ငယ်စဉ်ဘဝမှာတော့ သူတပါးကို စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့… သူတပါးကို နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့… ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က စရိုက်သဘာဝများက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့်လောက်အောင် အေးဆေးတည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့… အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့် အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့… တခါတလေ ပတ်ဝန်းကျင် အခြေအနေ မကောင်းတဲ့ အခါမှာ စိတ်လေလွင့်တတ်ပါတယ်တဲ့… အသစ်အဆန်းတွေကို စမ်းသပ်လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း ကျင်လည်ရတာကို နှစ်သက်သူများ […]

moesatrainMay 22, 20101min1004