ကျွန်တော် မနက်ဖြန်ဆိုရင် ဒီမြိုလေးကနေ အလုပ်ခွင်ဆီကို ပြန်သွားရပါတော့မယ် အင်တာနက်လိုင်းများနဲ့ ဝေးရာ ၊ မန်းဂေးဇက်နဲ့ ဝေးရာကို ကျွန်တော် ရောက်ရပေဦးတော့မယ် ဒါပေမယ့် သိပ်မကြာခင်တော့ ကျွန်တော့် အလုပ်ခွင်ထဲမှာပဲ အင်တာနက် သုံးနိုင်ပါတော့မယ် ကျွန်တော်တို့ company အနေနဲ့ Sky Net တပ်ဖို့ စီစဉ်နေပြီ ဖြစ်ပါသည် အဲဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကျွန်တော်ချစ်တဲ့ မန်းဂေဇက်နဲ့ ကြာရှည်စွာ မခွဲရနိုင်ဟု ထင်မြင်မိပါသည် သို့သော်လဲ ခွဲခွာရမယ့် ခဏတာ အချိန်လေးမှာ အမြဲတမ်း သတိရနေမိပါလိမ့်မယ် ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါး အလွမ်းကဗျာလေးနဲ့ပဲ မန်းဂေဇက်ကို နှုတ်ဆက်လိုက်ပါရစေ ကျွန်တော်ငယ်စဉ်က ကောင်မလေးတစ်ယောက်ကို ချစ်ကြိုက်ခဲ့မိစဉ် ကောင်မလေးက ကျွန်တော့်ကို မကြိုက်ပဲ ကျွန်တော့်ရဲ့ သူငယ်ချင်းကိုမှ ပြန်ကြိုက်တဲ့အတွက် ကျွန်တော်ခံစား ကြေကွဲခဲ့ရတာလေးကို […]


ဟုတ်ကဲ့ ဒီပို့စ်ကို မရေးခင် ဦးစွာပြောထားချင်တာကတော့ ကျွန်တော်ဟာ စစ်တပ်အသိုင်းအဝိုင်းကလူတစ်ယောက်လဲ မဟုတ်သလို သံဃာအသိုင်းအဝိုင်းမှ လူတစ်ယောက်လဲ မဟုတ်ပါဘူး ဒီပို့စ်လေးကို ရေးရတဲ့ အကြောင်းကတော့ ကိုဘုန်းကျော်ရဲ့ ပြည်သူ့လွှတ်တော်မှာ ဘုန်းကြီးအရေအတွက်နဲ့ စစ်သားအရေအတွက် လျှော့ချဖို့ လုပ်သင့်ပြီ ဆိုတဲ့ပို့စ်မှာ သူကြီးကိုယ်တိုင်က အဲဒီလိုဖြစ်အောင် ဆိုင်သူတွကို ပြောပေးပါဦးဆိုတဲ့ စကားကြောင့်ပါ ကျွန်တော်အခုရေးမှာကတော့ ကျွန်တော့်ရဲ့အမြင် ၊ ကျွန်တော်ရဲ့ ယုံကြည်ချက် ၊ ကျွန်တော့်ရဲ့ အတွေးအခေါ်မျှသာဖြစ်တဲ့အတွက် မှားကောင်းမှားနိုင်ပါတယ် ဒီတစ်ကြိမ်နဲ့ဆို သူကြီးနဲ့ ကျွန်တော် စိတ်သဘောထား ၊ ယုံကြည်ချက်ချင်း မတူညီတာ နှစ်ခါရှိပြီထင်ပါတယ် ပထမတစ်ခါက ဆန်ရှင်တွေ မြန်မြန်ပြန်ဖွင့်ပေးအောင် ကြိုးစားကြစေလိုပါတယ် ဆိုတဲ့ပို့စ်မှာပါ အဲဒီပို့စ်မှာတုန်းကလဲ ဘာ့ကြောင့်ကြိုးစားကြစေလိုကြောင်းကို ကျွန်တော့်ရဲ့ သီးသန့်အမြင်နဲ့ အကြောင်းအချက်တွေ မြောက်မြားစွာဖြင့် ရေးသားခဲ့ပါတယ် အဲဒီလို […]


ကျွန်တော် ၁ဝတန်းအောင်ပြီးလို့ တက္ကသိုလ် စတက်တဲ့အခါ အခက်အခဲတွေ ဆုံးရှုံးမှုတွေက အများကြီးပါပဲဗျာ ကျွန်တော်တက်ရတဲ့ တက္ကသိုလ်က အစိုးရနည်းပညာကောလိပ်တဲ့ဗျ ကျောင်းတွေကို မြို့ပြင်ထုတ်လိုက်တဲ့ စနစ်အရ မြို့ရဲ့တောင်ဘက်အစွန်အဖျားနားက ဆင်ခြေဖုန်းရပ်ကွက်လေးတစ်ခုမှာ နေတဲ့ ကျွန်တော်ဟာ မြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ အိုးဘိုဆိုတဲ့ ရွာကလေးအတွင်းတည်ရှိတဲ့ ကျွန်တော့်ရဲ့ကျောင်းကို နေ့စဉ်အသွားအပြန်လုပ်ရတာကိုက သိပ်တော့ မလွယ်လှပါဘူး မနက်ခင်း ၆နာရီလောက်ထ ဖြီးလိမ်းပြင်ဆင်ပြီး ၆နာရီခွဲလောက်မှာ ထမင်းချိုင့်လေးကို လက်မှာဆွဲကာ နုံချာချာစက်ဘီးစုတ်လေးတစ်စီးနဲ့ ကျောင်းကိုသွားတဲ့ဖယ်ရီကားဂိတ်ရှိရာကို ခပ်သုတ်သုတ် ခရီးနှင်ရပါတော့တယ် ကျွန်တော့်ရဲ့ ထမင်းချိုင့်လေးအတွက် ကျွန်တော့်အမေခင်ဗျာမှာတော့ နေ့စဉ် ၅ နာရီလောက်ထပြီး ချက်ပြုတ်ပေးရရှာတာပေါ့ဗျာ ရ နာရီ ၁၅ မိနစ်လောက် ဖယ်ရီကားဂိတ်ကိုရောက်တဲ့အခါမှာတော့ ခပ်စုတ်စုတ် ချက်ပလက်ကားကြီးတွေရဲ့ နောက်မှီးစွန်းမှာ ခြေတစ်ချောင်းချစာနေရာလေးတစ်ကွက်၊ လက်တစ်ဆွဲစာ သံတိုင်တစ်နေရာလေးက ကျွန်တော့်ကို ကျောင်းအရောက် […]


လွန်ခဲ့တဲ့တစ်လလောက်ကတည်းက ကျွန်တော်ဟာ လုပ်ငန်းပြောင်းရွှေ့ခဲ့ရမှုတွေကြောင့် ကျွန်တော်ချစ်တဲ့ ဂေးဇက်နဲ့ ဝေးနေခဲ့ရပါတယ် အခုဆိုရင် ကျွန်တော်ဟာ မြန်မာပြည်ရဲ့ အစွန်အဖျားက နယ်မြို့လေးတစ်မြို့ အနီးမှာ ရောက်နေခဲ့ရပါတယ် မြို့ကလေးပေါ်မှာ မဟုတ်ပါဘူး မြို့ကလေးအနီးမှာပါ အဲဒီတော့ ကျွန်တော့်မှာ ဂေးဇက်နဲ့ ဝေးကွာနေခဲ့ရပြီပေါ့ ယုတ်စွအဆုံး တီဗွီတောင်မှ မကြည့်ရပါဘူးဗျာ ရွေးကောက်ပွဲရဲ့ ရလဒ်ကို ဟိုလူ့မေး ဒီလူ့မေးနဲ့ ၃ ရက်လောက်နောက်ကျပြီးမှ သိခဲ့ရပါတယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အောင်ပွဲကို အဝေးတစ်နေရာကနေပဲ ဝမ်းသာခဲ့ရပါတယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကျွန်တော်ထင်ထားတာထက် ပိုပြီးအောင်မြင်ခဲ့လို့ အံ့ဩ ဝမ်းသာ ဖြစ်မိရပါတယ် ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် လက်ရှိလုပ်နေတဲ့ နေရာကို မရော်ခင် ယခင်အလုပ်မှာတုန်းက ရွေးကောက်ပွဲ ကျင်းပဖို့ တစ်ပတ်လောက်ပဲ လိုတော့ချိန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ […]


  ယနေ့ ဖြစ်ပေါ်လာတဲ့ ဒီမိုကရေစီ စနစ်အရ လွှတ်တော်တွေ ပေါ်ပေါက်လာခဲ့ပြီး လွှတ်တော်တွင်းမဲခွဲ ဆုံးဖြတ်ခြင်းတွေလဲ ပေါ်ပေါက်လာခဲ့ပါတယ် အဲဒီမှာ ကျွန်တော် ဘဝင်မကျမိတဲ့ အချက်တစ်ခုကတော့ လျှို့ဝှက်မဲပေးစနစ်ကို ကျင့်သုံးခြင်းကိုပါပဲ ကျွန်တော့်အနေနဲ့ကတော့ ဘယ်အဆိုပြုချက်ကို ဘယ်လွှတ်တော်အမတ်ကတော့ ကန့်ကွက်လိုက်တယ် ဘယ်အမတ်ကတော့ သဘောတူလက်ခံလိုက်တယ်ဆိုတာကို ပွင့်လင်းမြင်သာမှုရှိသင့်တယ်လို့ ထင်ပါတယ် ပွင့်လင်းမြင်သာမှု ရှိတယ်ဆိုရာမှာ လွှတ်တော်တွင်းတင်ပဲ ပွင့်လင်းမြင်သာမှုမဟုတ်ပဲ ပြည်သူတွေအထိ သိစေနိုင်မယ့် ပွင့်လင်းမြင်သာမှုကိုသာ ဆိုလိုရင်းဖြစ်ပါတယ်   အဲဒါမှလဲ ပြည်သူတွေအနေနဲ့ ဘယ်လွှတ်တော်အမတ်ကတော့ တိုင်းပြည်နဲ့ လူမျိုးအပေါ် အမှန်တကယ် စေတနာထားတယ် ဘယ်သူကတော့ စေတနာထားမှု သိပ်မရှိဘူး ဘယ်သူကတော့ ဝတ်ကျေတမ်းကျေပဲဆိုတာတွေကို သူတို့တွေရဲ့ ဆန္ဒမဲတွေကတဆင့် သိရှိနိုင်ပါတယ် လေ့လာနိုင်ပါတယ် အဲဒါမှလဲ နောက်ထပ်အကြိမ်တွေမှာ ဘယ်အမတ်ကိုတော့ ရွေးချယ်တင်မြှောက်ဖို့ မဖြစ်သင့်ဘူးဆိုတာတွေကို သိရှိနိုင်ပါတယ် […]


[polldaddy poll=5837369] ဟုတ်ကဲ့ပါ အစက ကျွန်တော့်အနေနဲ့ ဒီကိစ္စကို ပို့စ်တင်ဖို့ စိတ်ကူးမရှိခဲ့ပါဘူး သူကြီးတင်တဲ့ Myanmar Leaked Documents မှာ ဝင်မန့်မလို့ရေးရင်းနဲ့ အတော်ကြီးရှည်လာတာကြောင့် ကိုယ်တိုင်ပို့စ်တင်ဖြစ်သွားတာပါ အဲဒီပို့စ်မှာ ရေးထားပုံအရ ရွာသားတွေအနေနဲ့ ဒီအစိုးရလက်ထက်မှာ ဆန်ရှင်တွေ မရုပ်သိ်မ်းသင့်ဘူးလို့ ဆိုချင်ကြတာလားဗျာ ဪ အခုတောင် ဘွဲ့ရ အလုပ်လက်မဲ့တွေ ဒီလောက်များနေတာ ကျွန်တော့်အနေနဲ့ကတာ့ အမေရိကန်အစိုးရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားတဲ့ ဆန်ရှင်တွေကို ရုပ်သိ်မ်းပေးစေချင်ပြီဗျာ တခြားနိုင်ငံတွနဲ့ယှဉ်ရင် အရာရာမှာ နောက်ကျကျန်ခဲ့ရတဲ့ အဖြစ်တွေကနေ လွတ်မြောက်ချင်ပြီဗျာ အလုပ်အကိုင် အခွင့်အလမ်းတွေ များများပေါ်ပေါက်လာမှ အလုပ်လက်မဲ့ ဦးရေတွေ လျှော့ပါးလာလိမ့်မယ် ဘွဲ့ရ ပညာတတ်တွေ ဘဝအခြေအနေ မြင့်မားလာလိမ့်မယ် အဲဒါမှ မြန်မာပြည်သူတွေအနေနဲ့ ပညာရေးကို ပြန်လည်စိတ်ဝင်စားလာကြလိမ့်မယ် ကျောင်းသားတွေအနေနဲ့လဲ အမှန်တကယ် […]


 သေချာတွေးကြည့်ရင် ဘဝဟာ ခါးသက်တဲ့ဆေးတစ်ခွက်လိုပါပဲ မချစ်သော်လဲ အောင့်ကာနမ်းရတဲ့ အဖြစ်မျိုးတွေနဲ့ပေါ့……..   ဘဝဆိုတာ တိုက်ပွဲတဲ့လား ? ငါ့အတွက်တော့ မဆုံးနိုင်တဲ့ စစ်ပွဲတစ်ခုလိုပါပဲ……   နောက်ပြီး တိုက်ပွဲတိုင်းမှာ ငါက ရှုံးနိမ့်ခဲ့ရသူလေ…..   တကယ်ပါပဲ…..   အရှုံးဆိုတဲ့စကားလုံးဟာ ငါ့အတွက်များ ဖန်တီးခဲ့ရလေသလား တွေးနေမိတယ် ကြေကွဲတယ် ဆွေးမြေ့တယ် ဝမ်းနည်းတယ်ဆိုတာ ငါ့ဆီကို လာလည်နေကျ ဧည့်သည်တွေလိုပါပဲ   ကိုယ်က အကောင်းဆုံးပေးဆပ်ပေမယ့် အဆိုးဆုံးအခြေအနေတွေ ဘာ့ကြောင့်များ ဖြစ်နေရတာလဲ? လူတိုင်းအပေါ် စေတနာထားပါ တစ်နေ့မှာ ကိုယ့်စေတနာတွေ ရောင်ပြန်ဟပ်လာမှာပါတဲ့ တကယ်ရော ဟုတ်ရဲ့လား? လူတကာအပေါ် စိတ်ကောင်းထားတာဟာ တကယ်တော့ ကိုယ့်အတွက် မကောင်းဘူး……….. ဟား အဲဒါဟာ ငါ့ရဲ့ စိတ်ရင်းအမှန်ပဲလား   အဲဒီလို […]


ကျွန်တော်က ဒီမန်းဂေဇက်မှာ ဒီနေ့မှ အသင်းဝင်လိုက်တဲ့ အသင်းသားသစ်တစ်ယောက်ပါ မန်းဂေဇက်မှာ စာတွေဝင်ဖတ်ဖြစ်နေတာတော့ အရမ်းကို ကြာပါပြီ မန်းဂေဇက်မှာ စာတွေရေးချင်လွန်းလို့ ဒီနေ့မှာတော့ အသင်းဝင်ဖြစ်အောင် ဝင်လိုက်ပါတယ် နောက်များမှာ ရေးစရာအကြောင်းအချက်လေးတွေ ရှိခဲ့ရင် ကျွန်တော့်အနေနဲ့ စာတွေရေးသွားပါဦးမယ် လိုအပ်တာတွေ ရှိခဲ့ရင်လဲ နည်းပေးလမ်းပြ ဆုံးမပေးပါဦးလို့ ဦးစွာတောင်းဆိုထားပါရစေ ပထမဆုံးအနေနဲ့ ကိုယ့်ကိုကိုယ် ဦးစွာမိတ်ဆက်ပေးပါရစေ ကျွန်တော့်ရဲ့ အသက်က အခုမှ ၂၆နှစ်ပဲ ရှိပါသေးတယ် ကျွန်တော့်ရဲ့ငယ်ဘဝလေးအကြောင်း ပြောပြမယ်နော်…..   ကျွန်တော်ဟာ ငယ်စဉ်က ဆင်းရဲနုံချာခဲ့လေတော့ လူတကာရဲ့ အထင်သေးတဲ့ မျက်လုံးတွေ  ရှုံ့ချလိုတဲ့အကြည့်တွေကို ရင်ဆိုင်ခဲ့ရတယ်ဗျာ။ မျက်နှာကိုအောက်မှာထားပြီး အားလုံးကို ခယခဲ့ရတယ ်။ငယ်စဉ်ကာလ ကျောင်းသားဘဝကို ပင်ပန်းဆင်းရဲစွာနဲ့ စတင်ခဲ့ရတယ်။ သိမ်ငယ်စိတ်နဲ့ လောကကို ရင်ဆိုင်လို့ အားပြိုင်ခဲ့ရတဲ့အဖြစ်တွေက တွေးကြည့်ရင် […]