nakedSeptember 3, 20101min510
မြည်သံစွဲတစ်ခုနဲ့စတဲ့မနက်ခင်း အတိသယနဲ့ဆက်ဆံနေတဲ့လူတွေ ကိုယ့်ကိုယ်ကိုဥပမာနဲ့တင်စားနေကြ ရူပကလိုထပ်တူမကျနိုင်တဲ့ဘဝမှာ ဝင်္ကဝုတ္တိနဲ့ခေါင်းတုံးပေါ်ထိပ်ကွက်နေသူတွေအတွက် ငါဟာ………..မျက်လုံးပြူးကြောင် ကျီကန်းတစ်ကောင်ပေါ့….. နာမ်စားတွေကိုမှားယွင်းစွာအသုံးပြုရင်း ငါပြောနေတဲ့စကားတွေက ဌာန်ကရိုဏ်းရောမှန်ရဲ့လား……… ကြိယာမပါတဲ့ဘဝတွေအတွက် အာမေဋိတ်တွေလွတ်ကျ…. ကိန်းတွေနဲ့အလုပ်လုပ်တတ်တဲ့မင်းအတွက် ငါဟာ…နာမဝိသေသနတစ်ခု.. ဖြစ်ခဲ့ရပေါ့………………..။