ကော်ရစ်တာအကွယ်ရိပ်က ချောင်းကြည့်ပြုံးပြန်ကောင်လေးတစ်ယောက်ပေမို့ သူမ, မသိအောင် စာလွှာရေးခဲ့ရ ဪ……ငါ့ဘဝ …………။ ဒီလိုနဲ့ပဲ တမာပင်တန်းရိပ်မှာ အရက်ဖြူတစ်ခွက် ဆေးပေါ့လိပ်တစ်လိပ်နဲ့ ရင်ထဲကပူလောင်မှုကို ချော့သိပ်နေပေမဲ့ နှလုံးသားက အိပ်မပျော်ခဲ့ဖူးလေ………။ အိပ်မက်ခဲ့ဖူးတဲ့ ကုက္ကိုရိပ်အကြော်ဆိုင်လေးက ငြိမ်းချမ်းရေးနယ်မြေပေါ့….။ (ဒီကနေ့) ရေနီမြောင်းရေစီးသံဟာ နွေရာသီမှာ ခြောက်သွေ့စွာညည်းငြူ မငြူဆူရက်တော့ပါ……။ မန္တလေးပေါ်ကလ တိမ်မဲကွန်ထဲမှာမှိန်ပျောက် အရာရာဟာခြောက်ကပ်နေပေါ့…….။ နာရီစက်သံများမြိုချ အမုန်းများကြားမှာ စမ်းရည်အစစ်ဟာ အေးမြနိုင်ပါဦးမတဲ့လား…….။ “ခိုင်” ခြေလှမ်းတွေယိုင်နဲ့ခဲ့တယ် ပြိုင်ပွဲမှာလည်ရှူံးခဲ့တယ်…. အပြုံးတုများ ယုယထားနိုင်သေးသလား……..။ ပြောပြချင်သေးတယ် နောက်မဆုတ်နိုင်ဘူးရယ်လို့ တုန်ရီလှိုက်မောစွာ သတ္တိတွေခြောက်ကပ်စွာနဲ့ ဒုတိယလူရဲ့ ပျားရည်ချိုဒုက္ခခံစားမှုများ သောက်လိုက်တိုင်းမူးရစ်ရီဝေစါာနဲ့…….။ လမ်းအကွေ့များစွာ မကြာခဏအတွေ့မှာ ပြင်းထန်စွာရိုက်ခတ် အချစ်ချိုအရက်ခါး ပုံဆောင်ဖြစ်တည်မှု ကုသမဲ့ဆေးဝါး အလကားဖြစ်သွားခဲ့ရတယ်…။ အဲဒိလိုနဲ့ တို့ရဲ့ မြိုသပ်တဲ့ကြိတ်ပြုံးလေးတွေဟာ မြုံးထဲကငါးကလေးတွေလိုပါပဲ မြုံးထဲက ငါးကလေးတွေလိုပါပဲ…… […]