naywoon niApril 7, 20151min1558
သံသယများနဲ့ ဆက်​ဆံခြင်​း အတုအ​ယောင်​​တွေနဲ့ ကာလရှည်​ကြာစွာ ယဉ်​ပါးလာရ​လေ​တော့ ဒီကမ္ဘာ​လောကကြီးမှာ အစစ်​အမှန်​ဆိုတာကို ရှိ​သေးရဲ့လားလို့​တောင်​ သံသယဝင်​မိ ။ အစစ်​မရှိလို့ အတုနဲ့အစားထိုး အစစ်​ မတတ်​နိုင်​လို့ အတု​လေးဝယ်​ကိုင်​ အစစ်​နဲ့ အလှမ်​း​ဝေးလို့ အတု​လေးနဲ့ ဖလန်​းဖလန်​းထ ​နောက်​ဆုံး​တော့ အရက်​​သောက်​လည်​း အတု အကျႌတံဆိပ်​လည်​း အတု ဟန်​းဆက်ကလည်​းအတု ချက်​တင်​ ကလည်​းအတု ချစ်​တယ်​ ဆိုတာကလည်​းအတု စိုးရိမ်​တယ်​လို့ ​ပြော​ပေမဲ့ ရင်​ထဲကဝမ်​းသာ​နေတာ စား​သောက်​​နေတာကလည်​း အတု အားကျတယ်​ဆိုပြီး အတုယူ​နေတာကလည်​းအတု အတု အတု အတု ကမ္ဘာမှာ ဘာသာ​ရေးကလည်​း အတု ငြိမ်​းချမ်​း​ရေးကလည်​း အတု လူသားအခွင်​့အ​ရေး ဆိုတာကလည်​းအတု အစစ်​​ယောင်​​ဆောင်​တဲ့အတု အသစ်​​ယောင်​​ဆောင်​တဲ့အတု ကုသမဲ့ ​ဆေးဝါးကလည်​းအတု အတုကို အတုနဲ့ကုလို့ အတု​တွေပဲပြန်​့ကျဲ​နေခဲ့ အတုနဲ့အတု အိမ်​​ထောင်​ရက်​သားကျပြီး […]


naywoon niApril 6, 20151min1364
​နေဝန်​းနီ ဓာတ်​​သေ ဆြာဖြစ်​သွားခြင်​း-၁၄ နားနား​နေ​နေ ရွာက ရွာကြီး​ပေမယ်​လို့ မြို့နဲ့ သိပ်​အလှမ်​း​ဝေးတဲ့ ​နေရာ မဟုတ်​တာရယ်​ ။ နိုင်​ငံခြားထွက်​တဲ့သူ​ပေါတာရယ်​ ။ လွန်​ခဲ့နှစ်​ထိ သီးနှံ​ဈေးကွက်​​ကောင်​းခဲ့ တာ ရယ်​​ကြောင်​့ မှတ်​ပုံတင်​ အသစ်​လုပ်​မဲ့ သူက သိပ်​မရှိပါဘူး ။ ဆယ်​့ရှစ်​နှစ်​ပြည်​့လို့ လဲမဲ့သူ​တွေပဲရှိတယ်​ ။ အရင်​က ရွာမှာဆင်​းလုပ်​မ​ပေးလို့ တစ်​ချို့လည်​း မသိလို့မလာကြဘူး ။ တစ်​ချို့လည်​း ခရီးလွန်​​နေကြ ဆို​တော့ မ​နေ့က လူ ​ခြောက်​ဆယ်​​လောက်​နဲ့ နားလိုက်​ရတယ်​ ။ ဒီ​နေ့​တော့ နားနား​နေ​နေ နဲ့ ​ဖြေး​ဖြေးပဲ လုပ်​သွားရုံ ။ ​နောက်​​နေ့ ချိန်​းထားတာက ကြီးအင်​း ဆိုတဲ ့ အုပ်​စု ။ အရင်​က ​တောင်​ရိုး ရှစ်​အုပ်​စု လို့ […]


naywoon niApril 6, 20151min1936
မှန်​ခြင်​း မှားခြင်​း သီဝရီ ကျိုးပျက်​ခြင်​း တစ်​ဖက်​ကမှန်​ရင်​ တစ်​ဖက်​ကမှားရလိမ်​့မယ်​ဆိုတဲ့အ​တွေး နှစ်​ဆယ်​ရာစုမှာ ထားခဲ့လိုက်​​တော့ ။ အ​ခြေအ​နေတစ်​ခုအရ နှစ်​ဘက်​စလုံးမှန်​နိုင်​သလို နှစ်​ဖက်​လုံးကလည်​းမှာ​နေနိုင်​တာပဲ ။ အားလုံး ဘက်​​ပေါင်​းစုံက ​ကောက်​ချက်​​တွေစုရုန်​း အမှန်​ အမှား ငြင်​းခုံ​နေမှု​တွေ သုံးမ​နေနဲ့ အဘယ်​ အရာက လူအများကို အကျိုးပြုမလဲ ဘယ်​ဟာက​တော့ လူအများကို ထိခိုက်​နစ်​နာ​စေလိမ်​့မလဲ အဲ့ဒိ​ပေတံနဲ့ပဲ ငါတို့ တိုင်​းတာ ဆုံးဖြတ်​ကြရ​အောင်​ ။ ကဲ …… ငြင်​းခုံ​နေတဲ့ အခန်​း​တွေတံခါးဆွဲပိတ်​ ငါတို့ ​ရှေ့ခရီးဆက်​ကြရ​အောင်​ ………. ။ ​နေဝန်​းနီ 8:24 PM 2015 Apr 6


naywoon niApril 5, 20151min1427
​နေဝန်​းနီ ​တွေ့ဖူးတာက​တော့ battery အမျိုးအစား​တွေထဲမှာ လျှပ်​စစ်​ဓာတ်​ သို​လှောင်​တဲ့ အိုး​တွေရယ်​ dry battery လို့​ခေါ်မလား ? ထပ်​ပြန်​တစ်​လဲလဲ အားပြန်​သွင်​းလို့ရတဲ့ ဓာတ်​ခဲ​ခြောက်​​တွေရယ်​ ။ ​နောက်​ တစ်​ခါသုံး ဓာတ်​ခဲ​တွေရယ်​ ။ သို​လှောင်​နိုင်​စွမ်​းတစ်​ခုခု ရှိပြီး အားကုန်​ရင်​ ပြန်​သွင်​းရတာမျိုးပဲ ။ အဲ့ ငယ်​ငယ်​က အားအိုး လို့​ခေါ်တဲ့ ဘက္ထရီ အိုး​တွေ သုံးတယ်​ ။ အက်​ဆစ်​မလုံ​တော့ သူနဲ့ ထိမိတဲ့ အဝတ်​​တွေဆိုအ​ကောင်​းမကျန်​ဘူး ။ တစ်​ည ဒါမှမဟုတ်​ နှစ်​ည​လောက်​ သုံးပြီးရင်​ အားပြန်​သွင်​းရ​ရော ။ ခုချိန်​မှာလဲ ဖုန်​း ဘက္ထရီ​တွေ တစ်​ချို့လည်​း အသုံးမခံ တစ်​ချို့လည်​း အသုံးခံ ဒါ​ပေမဲ့ အားကုန်​ရင်​ အားသွင်​း​နေကြရ​ပေါ့ ။ ဒါ​ပေမဲ့ […]


naywoon niApril 5, 20151min26514
ရွာအပြင်​ထုတ်​ချင်​ထုတ်​ပါ​စေ​လေ လူ​တွေကြားထဲမှာ​နေပြီး လူ​တွေနဲ့ လိုက်​​လျောညီ​ထွေမရှိ​တော့ ဇကာတင်​စာရင်​းမှာ ဂွစာ တဲ့​လေ ။ အလွဲကို လွဲ​နေမှန်​းသိသိနဲ့ မှား​နေတာ မှား​နေမှန်​းသိသိနဲ့​တော့ အားနာပါးနာ လက်​ခုပ်​လိုက်​မတီးနိုင်​တာနဲ့ ဂွစာ လို့ပဲ​ပြော​ပြော လူ့ကန်​့လန်​့လိုပဲ​ခေါ်​ခေါ် သူတို့စိတ်​ချမ်​းသာဖို့ အားလုံးကို ခွင်​့လွှတ်​ထားခဲ့သတဲ့ ။ မှန်​တာ​ပြောတတ်​တဲ့ ​ဟော့သည်​့ ပါးစပ်​ကြီးနဲ့ ဖွားဖက်​​တော်​ ဖြစ်​​နေသမျှ​တော့ မှန်​တယ်​ထင်​ရင်​ တစ်​​ရွေးသားမှ မ​လျှော့ ဆက်​ပြီး​ပြော​နေမိဦးမှာ​ပေါ့ဗျာတဲ့ ။ ​နေဝန်​းနီ 12:20AM 2015 Mar 5


naywoon niApril 3, 20151min1224
ရှိ​တော့ရှိတယ်​ ရှားတယ်​ သည်​က​နေ့ ကိုယ်​့အလုပ်​နဲ့ ကိုယ်​ ရှုပ်​​နေတာမို့ အုပ်​ချုပ်​​ရေးမှူးနဲ့ ​နေ့လည်​​နေခင်​း အားလပ်​ချိန်​မရ ။ စကားလည်​းမ​ပြောဖြစ်​ ။ ဝန်​ခံရမယ်​ဆို သူ့အ​ပေါ်အမြင်​သိပ်​မကြည်​ခဲ့ ။ ဘယ်​့နဲ့ ဗျာ ​သွေးအမျိုးအစားခွဲတဲ့ လက်​မှတ်​ကိစ္စ ။ ရုံးက​တောင်​ နယ်​လှည်​့ မြို့နဲ့ အ​တော်​အတန်​ ​ဝေးတဲ့​နေရာ မို့ ​ဖြေ​လျော့ ထားတဲ့ကိစ္စ ။ သူက ​သွေးစစ်​ လက်​မှတ်​ပါမှ လုပ်​​ပေးပါတဲ့ ။ သူက စည်​းကမ်​းထုတ်​ထားတဲ့ ကိစ္စ ဖြစ်​​နေလို့ အဲ့ကိစ္စ ​ဖြေ​လျော့ ​ပေးလိုက်​ရင်​ ​နောက်​ သူထုတ်​မဲ့ စည်​းကမ်​း​တွေ လိုက်​နာမှု ​ပေါ့​လျော့မှာစိုးလို့ပါတဲ့ ။ ဟုတ်​​တော့လည်​း ဟုတ်​တယ်​ ။ ဗမာလူမျိုး သိတဲ့အတိုင်​း ။ ​ရှေ့ကတစ်​မျိုး​ပြောထား ။ […]


naywoon niApril 1, 20151min18411
ဒီ ဘူတာမှာပဲ ​ချောက်​ထဲကျပါ​တော့မယ်​ဆိုကာမှဖြင်​့ တွန်​းချမဲ့ သူ​တွေက များလိုက်​တာ ကူပါ ကယ်​ပါ လို့​တောင်​မ​ပြော ​သေး တွန်​းချဖို့ လက်​တစ်​ပြင်​ပြင်​နဲ့ အဲ့သည်​့ လက်​​တွေထဲ ခင်​ဗျားတို့လက်​​တွေ​ကောပါ​နေလား ​သေချာပြန်​ကြည်​့ကြပါဦး​လေ ။ ငါတို့တိုင်​းပြည်​မှာ လမ်​းက တစ်​​ကြောင်​းပဲရှိတယ်​ (ဆိုးစွ) ဘယ်​​နေရာက စထွက်​လာ ထွက်​လာ ဒီဘူတာ​တော့ မဖြစ်​မ​နေ ဆိုက်​ရမှာ အ​သေအချာ ဒီဘူတာ မဖြတ်​ပဲ ဘယ်​ခရီးမှ ဆက်​နှင်​လို့မရ ။ ဒီဘူတာ မရပ်​ပဲ ဘယ်​ခရီးမှ ဆက်​ချင်​လို့မရ ။ ဒီ​တော့ ဒီဘူတာမှာပဲ ရထား​တွေလည်​းဆိုက်​ကပ်​ထားရ ဒီဘူတာမှာပဲ။ စကား​တွေလည်​း ရပ်​တန်​့ထားရ ဒီဘူတာမှာပဲ ။ စာချုပ်​​တွေလည်​း ဆိုင်​းငံ့ထားရ ဒီဘူတာမှာပဲ ။ သက္ကရာဇ်​​တွေလည်​း ရပ်​တန်​့နားရ ဒီဘူတာမှာပဲ ။ ​နေဝန်​းနီ […]


naywoon niMarch 31, 20151min1718
​နေဝန်​းနီ ဓာတ်​​သေ ဆြာဖြစ်​သွားခြင်​း -၁၂ စာကြည်​့တိုက်​မှူး လည်​း ရှိသတဲ့ စာကြည်​့တိုက်​ ဆိုတာနဲ့ ​နေဝန်​းနီ စိတ်​ဝင်​စားသွားပါတယ်​ ။ တစ်​ချို့ရွာ​တွေမှာ​တော့ စာကြည်​့တိုက်​အတွက်​ ​မြေ​နေရာ​တော့ ရွာလယ်​​ခေါင်​မှာ ယူထားပါရဲ့ ။ ကွက်​လပ်​ ။ တစ်​ချို့ရွာ​တွေကျ​တော့လည်​း အ​ဆောက်​အဦး လှူမဲ့သူရှိတာ​တောင်​ ​မြေ​နေရာမရှိလို့ ။ ခု​တော့ အ​ဆောက်​အဦး ပါရှိပြီး ​နေဝန်​းနီတို့ အလုပ်​ လုက်​ဖို့​တောင်​ ကျယ်​ဝန်​းတယ်​ဆို​တော့ ။ စိတ်​ဝင်​တစား​မေးကြည်​့မိတယ်​ ။ “စာကြည်​့တိုက်​ဆို​တော့ လူရှုပ်​​နေမလား ရွာမှာ စာကြည်​့တိုက်​နဲ့ဆို​တော့ မြို့​ပေါ်ရပ်​ကွက်​​တွေထက်​ သာတာ​ပေါ့ဗျာ ကျုပ်​တို့ဆီမှာ စာပိတ်​တိုက်​တို့ စာ​လှောင်​တိုက်​တို့ပဲရှိတာ ။ စာအုပ်​​တွေ ထည်​့ပိတ်​ပြီး ​သော့ခတ်​ထားတာရယ်​ ။ ဘီရိုထဲ စာအုပ်​​တွေထည်​့​လှောင်​ပြီး ​သော့​ပျောက်​​နေတာရယ်​ ” ​ပေါ့ ။ […]


naywoon niMarch 30, 20151min1667
မည်​ကာမတ္တာ ငါတို့ဟာ လူ မည်​ကာမတ္တာ ။ သို့​ကြောင်​့ ငါတို့ ကိုးကွယ်​ရာသည်​လည်​း မည်​ကာမတ္တာ ။ ငါတို့ ယုံကြည်​ရာက​ကော မည်​ကာမတ္တာ ပါပဲ ။ ငါတို့ရဲ့ ဖြစ်​တည်​ရာ ငါတို့ စားစရာ ငါတို့​နေထိုင်​ရာဘဝ ငါတို့ အလုပ်​အကိုင်​ အားလုံးမည်​ကာမတ္တာချည်​့ပါပဲ ။ လူဖြစ်​​နေရုံ ကိုးကွယ်​​နေရုံ ယုံကြည်​​နေရုံ ဖြစ်​တည်​​နေရုံ စား​နေရရုံ ​နေထိုင်​ရရုံ လုပ်​ကိုင်​ရရုံ တစ်​ကဲ့ တည်​းတည်​း​လေးမှ တည်​းတည်​း​လေး ​နေတတ်​လို့ ​ကျေနပ်​​နေသူလည်​းရှိရဲ့ အ​နေမတတ်​လို့ ​တော်​လှန်​ချင်​သူလဲရှိရဲ့ ကြိုး​တွေကများ ဘယ်​ကြိုးအရင်​ဖြတ်​ရပါ့ ခလုပ်​​တွေကများ ဘယ်​ခလုပ်​ အရင်​ပိတ်​ရပါ့ ။ ​နောက်​ဆုံး​တော့ ………. သင်​ယခုဖတ်​​နေတဲ့စာကလည်​း စာဖြစ်​ရုံ မည်​ကာမတ္တာမျှသာ ။ ​နေဝန်​းနီ 9:15 PM 2015 Mar […]


naywoon niMarch 30, 20151min16110
လ​ရောင်​ လှုံတဲ့ည ​ပြော​တော့တစ်​မျိုး လုပ်​​တော့ တစ်​ခြားနဲ့ ဗရုတ်​ဘရက်​ ​ခေတ်​ပျက်​ကြီးထဲမှာ လူဖြစ်​လာရတာပါအ​မေ ။ အမှန်​တရားကို နတ်​ဝှက်​ ​မော​ဟ အမြိုက်​​ဆေးနဲ့ အသက်​ဆက် ​နေရခက်​ခက်​ ကာလကြီးထဲမှာ အသက်​ရှင်​​နေရသူ​တွေပါအ​မေ ။ လဆန်​းရက်​ကနည်​းနည်​း လဆုတ်​ရက်​ကများများ ကလနားသတ်​ ပြက္ခဒိန်​ကြီးကို သားတို့ မသတီ​တော့ဘူး အ​မေ ။ အ​မေက​ လောကကြီးကိုငြိမ်​း​အေး​စေမယ်​့ လမင်​းကြီးဆို လ,သာတဲ့ညတိုင်​း ဖုံးအုပ်​လာတဲ့ တိမ်​မည်​း အဆုပ်​အဆုပ်​တွကို ​ဖောက်​ထွက်​ ​လောကသား​တွေ လ,​ရောင်​လှုံ ပါရ​စေ ပူ​လောင်​တဲ့ လူသားလုပ်​ အလင်​း​ရောင်​​တွေခဏငြိမ်​းခဲ့ လ, အလင်​း​ရောင်​ စစ်​စစ်​နဲ့ ည , သဘာဝကိုခံစား ​ဒေါသ​တွေ ငြိမ်​း​စေ ​လောဘ​တွေ ကင်​း​စေ ​မော​ဟ ​တွေ​ဝေးစေ ။ ​နေဝန်​းနီ 10:40 […]


naywoon niMarch 28, 20151min954
​နေဝန်​းနီ ဓာတ်​​သေ ဆြာဖြစ်​သွားခြင်​း -၁၁ သဲပင်​လယ်​ ​ကျော်​ကာဖြတ်​လို့ လက်​ပန်​ ဆိုတဲ့ ရွာမှာ ​ဆောင်​ရွက်​စရာ ​တွေပြီးပြန်​​တော့ ​နောက်​ဆက်​သွားမဲ့ အုပ်​စုက အလယ်​ကျွန်​းတဲ့ ။ အရင်​က အရပ်​အ​ခေါ်က​တော့ “ဒွက်​​ကျော်​ ” တဲ့ ။ ဘွက်​​ကျော်​ဖြစ်​ခဲ့​ဖို့ များတယ်​ ။ ဆင်​​သေ​ချောင်​းနံ​ဘေးကရွာ ။ ​ချောင်​းက အတက်​မှာ ခုထိ ဧရာမ ဘွက်​တစ်​ခုရှ်ိတုန်​း ။ မိုး​ခြောက်​​လေ​ခြောက်​ ဆို​တော့ ရွံခဲ ​တွေ​ခြောက်​သ​ယောင်​းနဲ့ မိုး​တွင်​းကာလ ဆိုရင်​​တော့ ​ဒေါ်လှကြည်​​(ထရပ်​တာဂျီ)​တောင်​ ​တော်​​တော်​ရုန်​းရ ။ ပြီး​တော့ လက်​ပန်​နဲ့ အလယ်​ကျွန်​းလမ်​းက ​ပြောစမှတ်​တွင်​တဲ့လမ်​း ။ ရွာတည်​စကတည်​းက အသုံးပြုလာတဲ့သံဘီးတပ်​ လှည်​း​တွေ​မောင်​းပါများလာ​တော့ ​မြေသားက ကွဲပျက်​ပြီး သဲလမ်​းလုံးလုံးဖြစ်​လာတာ ။ လမ်​းနံ​ဘေး လယ်​ […]


naywoon niMarch 28, 20151min1679
ဘဝ ဘဝဆိုတာက ရွံမုန်​းစရာမဟုတ်​​ပေမဲ့ အန်​မထုတ်​မိ​အောင်​ ​အော်​ဂလီဆန်​မှု​တွေကို မြိုသိပ်​​နေရတာကြာပါပြီအချစ်​ရယ်​ ။ ဝန်​​ဆောင်​မှု​ကောင်​း​ကောင်​းမ​ပေးနိုင်​တဲ့ ဘဝဟာ ​ဈေးကွက်​မှာ မျက်​နှာပန်​းမလှတာ မဆန်​းပါဘူး ။ ဟန်​​ဆောင်​မှု ဆိုတဲ့ကန်​့လန်​့ကာ ​ရှေ့မှာ လူမြင်​​ကောင်​း​လောက်​​အောင်​ (ဝါ ) လူအထင်​ကြီး​လောက်​​အောင်​ သရုပ်​မ​ဆောင်​တတ်​လို့ လက်​လွတ်​ဆုံးရှုံးခဲ့ရတဲ့ အခွင်​့အလမ်​း​တွေ ရပိုင်​ခွင်​့​တွေကိုမလွမ်​းပါဘူး ။ ကန်​့လန်​့ကာ​နောက်​မှာပဲ ဘဝ ဆိုတာကို ဓမ္မဌိဌာန်​ကျကျ ​ခေါက်​ရိုးကျိုးပြီးသား ပွင်​့လင်​းမြင်​သာမှု​တွေနဲ့ ရိုးသားစွာဖြတ်​သန်​း​နေချင်​တာပါပဲ ။ အဲ့ ဒိ အတွက်​ သန်​းကြွယ်​သူ​ဌေး မဖြစ်​ခဲ့ရလို့ ကမ္ဘာ မ​ကျော်​ခဲ့ လို့လဲ ဝမ်​းနည်​း​နေမှာမဟုတ်​ပါဘူး ။ လက်​ရှိဘဝရဲ့ အဆင်​မ​ပြေမှု​တွေနဲ့ ​ထွေးလုံးရစ်​ပတ်​​နှောင်​ဖွဲ့ထားတဲ့ လူသားဆန်​တဲ့ ဘဝတစ်​ခုမှာပဲ ​ပျော်​​မွေ့​နေပါ့မယ်​ ​ ။ ​နေဝန်​းနီ 3:30 PM 2015 […]


naywoon niMarch 27, 20151min1736
​နေဝန်​းနီ ဓာတ်​​သေ ဆြာဖြစ်​သွားခြင်​း -၁၀ ည ချမ်​း ချိန်​ခါ ဖုန်​းလိုင်​း​ အမျိုးအစား​တွေများလာသလို ဟန်​းဆက်​ဆိုတာ​တွေကလည်​ း တံဆိပ်​မျိုးစုံနဲ့ ဆို​တော့ တစ်​ခါတစ်​​လေလိုက်​မမှီတာ​တွေရှိရဲ့ ။ ဟာ​ဝေး အမျိုးအစားမှာတင်​ နံပါတ်​​တွေအများကြီး ။ HUSWEI 220,300,320,510,511,610,611,620,730,88 နဲ့စတဲ့ ဂဏန်​း​လေးလုံး​တွေလည်​းအများကြီး ။ ကျန်​တဲ့ တံဆိပ်​ကပ်​ထားတာ​တွေလည်​းရှိရဲ့ ။ C Only လို့ ​ခေါ်တဲ့ CDMA သီးသန်​့ ။ C/G လို့​ခေါ်တဲ့ CDMA နဲ့ GSM ၂ကတ်​ သုံး ။G/W လို့​ခေါ်တဲ့ GSMနဲ့ WCDMA ၂ကတ်​သုံး ။ ​နောက်​ 2G ပဲရတဲ့ အမျိုးအစား​တွေ ။ ​ငွေမတတ်​နိုင်​တဲ့သူ​တွေအတွက်​ သီးသန်​့ ။ […]