notsyntheticsApril 24, 20101min1153
ဂျာမဏီမှ သိပ္ပံပညာရှင်တွေဟာ အခုဆိုရင် သိပ္ပံပညာရပ်တွေမှာ အရေးပါအရာရောက်မဲ့ အရာတစ်ခုကို ဖန်တီးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ တချိန်က စိတ်ကူးယဉ်ဆန် တဲ့ ဟယ်ရီပေါ်တာရဲ့ ကိူယ်ပျောက်ဝတ်ရုံဟာဆိုရင် အခုဆို တကယ်ရှိလာပြီးဖြစ်ပါတယ်။ Karlsruhe နည်းပညာဌာနမှ သုတေသီများဟာ ပထမဆုံး 3D ကိုယ်ပျောက် ပစ္စည်းတစ်ခုကို တီထွင်နိုင်ခဲ့ပါတယ်။ ထိုဝတ်ရုံမှာ 0.00004 လက္မအရွယ်သာရှိသော ရွှေမှုံများကိုဆက်ပြီးအသုံးပြုကာ အလင်းပြန်နိယာမကို အခြေခံထားခြင်းရှိပါတယ်။ ပထမတီထွင်ခဲ့တဲ့ ပစ္စည်းဟာ အမြင်တဖက်တည်းမှသာ ပျောက်ခြင်းဖြစ်ပြီး အခြားအဖက်ဖက်မှ လှည့်ပါတ်ကြည့်ပါက ပြန်လည်မြင်တွေ့ရပါတယ်။ သို့သော် အခု 3D ကိုယ်ပျောက်ပစ္စည်းကတော့ အဖက်ဖက် မှ ကြည့်လျှင်လည်း မမြင်ရဘဲ ကိုယ်ပျောက်ထားနိုင်ပါတယ်။ photonic လို့ခေါ်တဲ့ ပစ္စည်းနဲ့ပြုလုပ်တာဖြစ်ပြီး ထိုအရာဟာလဲ အလင်းကို စုပ်နိုင်တဲ့ အစွမ်းရှိတဲ့အတွက် မျက်နှာပြင်မှာ စီဆင်းတဲ့အလင်းကို ညီညာအောင် ပြုလုပ်နိုင်ပါတယ်။ […]


notsyntheticsApril 24, 20101min1777
(၁) ဤကမာ္ဘလောက၌ ယောက်ျား၏ မြတ်သော ဥစ္စာပစ္စည်းကား အဘယ်နည်း။ (၂) ကောင်းသော အလေ့အကျင့်တို့တွင် အဘယ်ကောင်းသော အလေ့အကျင့်သည် ချမ်းသာကို ဆောင်နိုင်သနည်း။ (၃) အရသာတို့တွင် အဘယ်အရသာသည် အလွန့်အလွန် ချိုမြိန်သော အရသာ ဖြစ်သနည်း။ (၄) အသက်မွေးမှုတို့တွင် အဘယ်သို့သော အသက်မွေးမှုကို မြတ်သော အသက်မွေးမှုဟု ဆိုသနည်း။ (၅) အဘယ်ဖြင့် သံသရာဝဲဩဃကို ကူးမြောက်နိုင်သနည်း။ (၆) အဘယ်ဖြင့် သံသရာပင်လယ်ကို လွန်မြောက်နိုင်သနည်း။ (၇) အဘယ်ဖြင့် ဆင်းရဲခြင်းကိုလွန်မြောက်နိုင်သနည်း။ (၈) အဘယ်ဖြင့် ထက်ဝန်းကျင်ကို စင်ကြယ်နိုင်သနည်း။ (၉) အဘယ်အကြောင်းကြောင့် ပညာကို ရနိုင်သနည်း။ (၁၀) အဘယ်အကြောင်းကြောင့် ဥစ္စာပစ္စည်းကို ရနိုင်သနည်း။ (၁၁) အဘယ်အကြောင်းကြောင့် ကျော်စောထင်ရှားခြင်းသို့ ရောက်နိုင်သနည်း။ (၁၂) […]


notsyntheticsApril 24, 20101min9369
ဆရာက ကျောင်းသားနှစ်ယောက်ကို မေးခွန်းမေးပါတယ်။ အင်မတန်အဆင့်မြင့်ပြီး အတော်စဉ်းစားယူရတဲ့ သင်္ချာဉာဏ်စမ်းတွေပါ။ ပထမကျောင်းသားက မေးခွန်းခက်တာကို မြင်ပြီး ဒီလိုစဉ်းစားပါတယ်၊ “ဆရာက ငါမဖြေနိူင်မယ့် မေးခွန်းတွေကို တမင်သက်သက် မေးတာပဲ၊ ဟိုတစ်ခါတုန်းက သူလာတာကို ထနှုတ်မဆက်ပဲ နေမိတာကို မကျေနပ်လို.ဖြစ်မယ်” …. သူဒီလို စတွေးတာနဲ.တင် မေးခွန်းတွေကို ကောင်းကောင်း မဖြေနိူင်တော့ပါဘူး… နောက်တစ်ယောက်ကတော့ ဒီလိုမြင်ပါတယ် “ဆရာ့မေးခွန်းတွေက အတော်အဆင့်မြင့်တယ်၊ ငါတို.အဆင့်နဲ. ဖြေလို.ရတဲ့ မေးခွန်းတွေ ဖြစ်လောက်ပါတယ်၊ ကြိုးစားဖြေကြည်.ဦးမှပဲ” … သူကတော့ မေးခွန်းအတော်များများကို ဆရာ ကျေနပ်လောက်တဲ့ အထိ ဖြေဆိုနိူင်ခဲ့ပါတယ်…. ဒီအဖြစ်အပျက်လေးကို ကြည့်မယ်ဆိုရင် Perception လို.ခေါ်တဲ့ အထင်အမြင် ယူဆချက်တစ်ခုဟာ အစစအရာရာ အဆင်ပြေချောမွေ.စေဖို.အတွက် ဘယ်အတိုင်းအတာထိ အရေးပါ အရာရောက်တယ်ဆိုတာ တွေ.မြင်နိူင်ပါတယ်၊ အခြားသူတစ်ယောက်ရဲ့ […]


notsyntheticsMarch 23, 20101min760
ဒီနေ့ lab လုပ်တယ်…။ အလုပ်ရဲ့ ရလဒ် concentration အောက်ကိုထိုးဆိုက်နေဘီ ထိုးဆိုက်လေကောင်းလေဘဲ ဒါမှမြန်မြန်ပြီး မြန်မြန်ပြန်ပေါ့….အလုပ် conc: နဲ့ ကျွန်တော် ပြောင်းပြန်အချိုးကြတာပေါ့ ။ conc: နဲ့ ပြောင်းပြန်အချိုးကြပေမယ့် ချစ်သူနဲ့တော့ တိုက်ရိုက်အချိုးကြပါတယ်။ concentration အောက်ကိုထိုးဆိုက်တော့ ချစ်သူနဲ့မြန်မြန်တွေ့ရတာပေါ့…။ ဟုတ်တယ်လေ ကျွန်တော့ အလုပ်က tritium ရဲ့ conc: ကိုစောင့်ကြည့်ရတာလေ ဒီကောင့်ကို radioactive elementတွေကို အလင်းရိုက်ပြီးတိုင်းတဲ့ကောင်နဲ့ တိုင်းကြည့်လို့မှ တစ်စက္ကန့်ကို ၁.၃ – ၅ ကြား impulse/second ထွက်တယ်ဆိုရင် တော်တော်ဟုတ်နေဘီလေ (impulse ဆိုတာကတော့ အလင်းတွေ active ဖြစ်ပြီး ဖြာထွက်မှုကိုတိုင်းတဲ့ unit ဘဲလေ။။ ကိုထွက်နေရင် ဆက်ပြီးတော့ တွက် theory […]


notsyntheticsMarch 15, 20101min650
Elm * Hazel * Aspen ဖုန်းများ Elm * Hazel * Aspen ဆိုတာ sony Ericsson ကထုတ်တဲ့ Mobile Phone လေးတွေပါ.. ဖုန်းအမျိုးစားသုံးခုလုံးက အသံကြည်လင်ပြတ်သားမှုကို အကောင်းဆုံးပေးစွမ်းနို်င်ပါတယ်။ ELM ဖုန်းက 2.2 လက်မ ရှီပြီး 262,144 ကာလာ နှင့် TFT မြင်ကွင်းရှိပါတယ်။ ရရှိနိုင်တဲ့ အရောင်တွေကတော့ Metal Black and Pearly Rose ပါ။ Hazel ကတော့ နဲနဲပိုပြီးကြီးပါတယ် 2.6 လက်မှနဲ့ 16 Mil ကာလာ မြင်ကွင်းရှိပါတယ်။ slide type ဖြစ်ပါတယ်။  ရရှိနိုင်တဲ့ အရောင်တွေကတော့ uperior Black […]


notsyntheticsMarch 15, 20101min781
ဥရောပယူနီယံ (EU)မှ Privacyဆိုင်ရာ အချက်အလက် လေ့လာစောင့်ကြည့်ရေး တာဝန်ရှိသူများက Google အနေနှင့် Street View အတွက် မြို့တော်များ၏ နေရာအနှံ့တွင် ကင်မရာရိုက်ကူးမှုများ မပြုလုပ်မီ လူထုကို ကြိုတင်အသိပေးရန် သတိပေးလိုက်ကြောင်း သိရသည်။ Google၏ မြေပုံစနစ်ဖြစ်သော Street View မှာ Privacy ဆိုင်ရာ အငြင်းပွားမှုများနှင့် ယခင်ကတည်းက မကြာခဏ ကြုံတွေ့နေခဲ့ရပြီးဖြစ်သည်။ ကယ်လီဖိုးနီးယားတွင် အခြေစိုက်သည့် Googleက ၎င်းတို့သည် ကင်မရာများကို စတင်ရိုက်ကူးခါနီးတိုင်း ဝက်ဆိုက်တွင် Notification ပြုလုပ်လေ့ရှိကြောင်း ပြောဆိုထားသည်။ EUက Google အနေနှင့် ၎င်းတို့ရိုက်ကူးသော ဓာတ်ပုံများအတွက် တရားမျှတမှုနှင့် Privacy လုံခြုံမှုများကို တာဝန်ယူပေးရမည်ဟုလည်း တောင်းဆိုထားသည်။ Googleသည် Street Viewကို (၂၀၀၇)ခုနှစ်က အမေရိကန်တွင် […]


notsyntheticsMarch 8, 20101min851
ဘက်ထရီများကို လွှင့်ပစ်ရမည့် အခြေအနေမျိုး ရောက်သွားစေမည့် နည်းပညာသစ် တစ်မျိုးအား သုတေသီများက ရှာဖွေတွေ့ရှိခဲ့သည်။ ဗြိတိသျှ ပညာရှင်အဖွဲ့တစ်ခုက၎င်းတို့သည်လျှပ်စစ်ကိုသိုလှောင်ထိန်းသိမ်းထားနိုင်သည့်ပလပ်စတစ် အမျိုးအစားတစ်ခုကိုတီထွင်နိုင်ခဲ့ကြောင်းကြေညာခဲ့သည်။နည်းပညာတော်လှန်ရေးတစ်ခုအ ဖြစ်သတ်မှတ်နိုင်သည့်ယင်းပလပ်စတစ်သည်မိုဘိုင်းလ်ဖုန်းများ၊မော်တော်ကားများ အပါအဝင်ဘက်ထရီစနစ်အသုံးပြုရသည့်နေရာတိုင်းတွင်အစားထိုးသွားနိုင်ရန် မျှော်လင့်ကြောင်းလန်ဒန်အင်ပီရီရယ်လ်ကောလိပ် Aeronauticsဌာနမှ ဒေါက်တာအီမိုင်းလ်ရင်းဟဲ့လ်ဂျ်က ပြောကြားခဲ့သည်။ ယင်းပလပ်စတစ်သည် ဘက်ထရီတစ်မျိုးမဟုတ်ဟအီမိုင်းလ်ကဆိုသည်။ သို့သော်လည်း သာမန်လျှပ်စီးပတ်လမ်းများတွင် တွေ့ရသည့် Supercapacitorတစ်ခုအဖြစ် အသုံးပြုနိုင်မည်ဟု ၎င်းက ရှင်းပြခဲ့သည်။ သုတေသီ တစ်ဦးဖြစ်သည့် နာတာရှာ ရှာရှိုဗာနှင့် သူမ၏အဖွဲ့သည် ဝေဖာအပါးစား တစ်ချပ်မျှသာ အထူရှိသည့် ယခုပလပ်စတစ် နည်းပညာသစ်ကို ရှာဖွေတွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ ယင်းကိုအသုံးပြုခြင်းဖြင့် မိုဘိုင်းလ်ဖုန်းနှင့် iPodများ၏ ဘက်ထရီသက်တမ်းထက် (၂)ဆကြာအောင် အသုံးပြုနိုင်လာပြီး ဒီဇိုင်းအရလည်း ပိုမိုသေးငယ်အောင် တီထွင်လာနိုင်မည်ဟု ပညာရှင်များက ယုံကြည်ထားကြသည်။ ဒေါက်တာအီမိုင်းလ်နှင့် နာတာရှာတို့သည် မျိုးစပ်Prototype နည်းပညာဖြင့် စတုရန်း(၅)လက်မအရွယ် ပါးလွှာသည့် ပလပ်စတစ်ကို […]


notsyntheticsMarch 7, 20101min1021
> right understanding (ကိုယ့်ကိုယ်ကို မှန်စွာနားလည်ပါ သိအောင်လုပ်ပါ) 2> right thought ( အတွေးမှန်အောင်လုပ် ၊ အမြင်မှန်မှ အတွေးမှန်မှာ ) 3> right speech ( မှန်တာကိုပြော ရိုးရိုးသား၂ပြော polite စွာပြော benefit ,harmonious, time, place.) 4> right action ( အလုပ်ကောင်းကောင်းလုပ် သူများအသက်မသတ် အသက်ကယ် မခိုးနဲ့ သူတစ်ပါးကိုအကျိုးပြု ) 5> right livelihood (အသက်မွှေးလုပ်ငန်းမှန်ရမယ် ပြည့်တန်ဆာ ကျွန်ပြု လူအရောင်းဝယ် အစိပ်အတောက် ်ရောင်းဝယ် လက်နက် ယစ်မူးတဲ့ပစ္စည်း အသားစားသတ္တဝါ ) 6> right efforts ( မှန်ကန်စွာအားထုပ် […]


notsyntheticsMarch 7, 20101min700
ဖြစ်ချင်တာတွေများလွန်းနေတယ် လောဘကြီးနေတယ် သောကများရတယ် ဒုက္ခဆိုတာ ဒုနဲ့ဒေးပေါ့ ငါကိုယ်တိုင်လဲမျက်ရည်မကျချင်ဘူး ငါ့ပါတ်ဝန်းကျင်မှာလည်း ညိုမှိုင်းနေတဲ့အကြည့်တွေကို ငါမရင်ဆိုင်ချင်ဘူး မျှော်လင့်ချက်ကင်းမဲ့နေတဲ့ တစ်ဆုံတစ်ခုကိုတောင့်တနေဆာလောင်နေတဲ့ မျက်ဝန်းတစ်ဆုံကိုလည်း ငါမမြင်ချင်ဘူး ကားတစ်စီးပေါ်မှာ လိုက်ပါစီးနင်းနေတဲ့ ခရီးသည်တစ်ယောက် (အသိမိတ်ဆွေမဲ့) စကားပြောဖေါ်မဲ့ ပူတင်းပေါက်အပြင်ဘက်ကို တွေ၂ ကြီးငေးမောရင်း ခရီးကိုနှင်နေတဲ့လူလိုလဲ ငါ့ဘဝကိုမဖြတ်သန်းစေချင်ဘူး…. ငါ့ပတ်ဝန်းကျင်မှာလည်းဒီလိုတွေမမြင်ချင်ဘူး..။ ငါ့အိပ်ထောင်ထဲမှာ ခြူးတစ်ပြားမှမရှိဘူး ငါခရီးဆက်နိုင်တယ် ငါ့အိမ်ခေါင်မိုးမှာ မိုးယိုနေတယ် ငါတစ်မိုးလုံးကို ရေသုတ်ရင်း နေနိုင်တယ် ငါနေမကောင်းဖြစ်တယ် ` ဆေးကုဘို့ပိုက်ဆံမရှိဘူး ဒါပေမဲ့ အပြုံးလေးနဲ့မှေးစက်နားနေမယ် ငါ့ခရီးမှာ ငါနဲ့အတူလိုက်ပါနေတဲ့ခရီးဖော်တွေနဲ့စကားပြောခွင့်ရရင် ဆက်လို့ရတယ်။ ငါ့ရဲ့ချမ်းအေးခြင်းကို ငါ့မိသားဆု ငါ့ချစ်သူ ငါ့သူငယ်ချင်း တွေနဲ့အတူ ရင်ငွေ့လေးများကို ဖလှယ်ကြရင် တစ်မိုးလုံးနေနိုင်တယ် ငါ့ရဲ့နာမကျန်းဖြစ်နေချိန်မှာ မိသားဆု ငါ့ချစ်သူ သူငယ်ချင်း ပတ်ဝန်းကျင်ရဲ့အားပေးမှုတွေနဲ့ ငါအားတင်းထားမယ် ငါ့မှာတိုက်တာအိုးအိမ် […]


notsyntheticsMarch 4, 20101min1032
၂၀၁ဝအတွင်း ဇန်နဝါရီလ ၁၅ ရက်က နေကြတ်မှုဖြစ်စဉ်ဖြစ်ခဲ့သလို ရှေ့လာမည့် ဇူလိုင်လ ၁၂ ရက်နေ့၌လည်း နေကြတ်မှုဖြစ်ဦးမည်။ မြန်မာနိုင်ငံမှ လုံးဝမြင်ရမည်မဟုတ်ဘဲတောင်အမေရိက တွင်သာ မြင်ရမည်။ ထို့အပြင် ဇွန်လ ၂၆ ရက်နေ့ မြန်မာစံတော်ချိန် ၄နာရီကျော်ကျော်မှ ညနေ ၅း၃ဝ အတွင်း (လ) တစ်စိတ်တစ်ပိုင်းကြတ်မည်။ မြန်မာ အပါအဝင် အရှေ့အာရှ ဩစတြေးလျ တို့မှ မြင်တွေ့နိုင်မည်ဖြစ်ကြောင်း နက္ခတ္တဗေဒပညာရှင် ခေတ္တရာဆရာကျော်က ပြောသည်။ ကြတ်ပုံချင်းမတူနေနှင့် ကမ္ဘာကြား လရောက်သွားတိုင်း နေကြတ်ခြင်းမဖြစ်ပါဘူး။ လပတ်လမ်းတည်တဲ့ပြင်ညီနဲ့ ကမ္ဘာပတ်လမ်း တည်ရှိတဲ့ ပြင်ညီတို့ဟာ အမြဲတမ်းတစ်ထပ်တည်း ကျရောက်နိုင်မှု မရှိဘဲ ၅ ဒီဂရီ အံသာနှင့် ၁၅ လိတ္တာခန့် တိမ်းစောင်းနေလို့ ဖြစ်ပါတယ်။ နေကြတ်ခြင်းမှာ (၁) သဗ္ဗကြတ် […]


notsyntheticsMarch 2, 20102min962
အားလုံးရဲ့ မီးမြေခွေးတွေကို အမြန်နှုန်း(၂ )ဆ တင်ပြီးပြေးခိုင်းဖို့အတွက် အောက်ပါ နည်းလမ်းလေးတွေ နဲ့ စလိုက်ကြရအောင်။ ၁) Address Bar ထဲမှာ about:config ကိုရိုက်ထည့်ပါ။ Enter ခေါက်ပါ။ ၂) filter search bar ထဲမှာ network.http.pipelining ကိုရိုက်ထည့်ပြီးရှာပါ။ Value Field မှာ Double Click ခေါက်ပြီး true အဖြစ်ပြောင်းလဲတပ်ဆင်ပါ။ ၃) Filter search bar ကိုပြန်သွားပါ။ network.http.pipelining.maxrequests ကို ထပ်ရှာပါ။ ဒီ Option ပေါ်မှာ Double click ပေးပါ။ တန်ဖိုးကို 8 – ပြောင်းပါ။ ၄)network.http.proxy.pipelining အားထပ်ရှာပါ။ Double Click ပေးပါ။ […]


notsyntheticsMarch 2, 20101min1311
ထိုင်းနိုင်ငံမှာတည်ရှိတဲ့ ကမ္ဘာ့အကြီးဆုံးဘုရားဆင်းတုတော်ပါ။ ဘေးအကျယ်က(ဒူးနှစ်ဘက်) ၆ရ မီတာ ဉာဏ်တော်အမြင့်က ၉၂ မီတာ ရှိပြီး ၂၅ နှစ်အချိန်ကြာမြင့် ခဲ့ပါတယ်တဲ့..။အမည်ကတော့ “Great Buddha, Sri Nava Cummins Navy Sakimuni วิเศษชัยชาญ” အမည်ကိုတော့အတိအကျမသိပါဘူး ထိုင်းလိုရေးထားတာဆိုတော့..။ အတိအကျသိရရင်တော့ ပြန်တင်လိုက်ပါ့မယ် ကြည်ညိုလို့ပါ … မျှဝေပေးလိုက်တာပါ..။


notsyntheticsMarch 2, 20102min1808
ကျနော် ရေးရင်ကောင်းမလား မရေးရင်ကောင်းမလားနဲ့ စဉ်းစားနေတာ ကြာပါပြီ ။ မရတော့ဘူးဗျာ ရေးလိုက်ပြီ ။ ဗဟုသုတ ရအောင်မျှဝေတယ်လို့ ပဲ သဘောထားပေးပါ။ လေ နည်းနည်း ရှည်ပါဦးမယ် ။ တစ်ချို့ Virus မိမှာ အရမ်းကြောက်ပါတယ် ဒါပေမယ့် မေးကြည့် Virus ဆိုတာဘာလဲ ဆိုရင် ရေရေ ရာရာ မပြောနိုင်ပါဘူး။ Virus ဆိုတာ လွယ်လွယ်ပြောရရင် ( ခက်ခက်လဲ မပြောတတ်ပါ။ ) ပုံမှန် အလုပ်လုပ်နေတဲ့ ကွန်ပြူတာကို ဖိုင်တစ်ခုခု ကြောင့် အနှောင့် အယှက် ဖြစ်စေမယ်ဆိုရင် အဲဒီဖိုင်ဟာ Virus လို့ ခေါ်နိုင်ပါတယ်။ Window system များ ပျက်စီးပြီး ၊ data များဆုံးရှူံးသည် […]