ko layAugust 16, 20121min610
လင်းသာရွာမှာဖြစ်နေတာကတော့ မြေယာအမှုတစ်ခုပါ။ ဒေါ်အုန်းတင်ဆိုသူက ၂၀၁၂ ဒီဇင်ဘာမှာ ဦးလှသောင်း ၊ ဒေါ်ခင်လှတို့ထံက တစ်ဆက်တည်းရှိနေတဲ့ မြေနှစ်ကွက်နဲ့ အိမ်ကိုဝယ်ယူခဲ့ပါတယ်။ ဦးပိုင်အမှတ် ၃၄၄ နဲ့ ၃၄၃ ပါ၊ ၃၄၄ ျမှာ အိမ်ရှိပါတယ်။ ဒေါ်အုန်းတင်မှာ စီးပွားရေးလုပ်ရင်းနဲ့ ငွေလိုတော့ အိမ် နဲ့ အိမ်ရှိမြေကွက်ကို ဘဏ်မှာပေါင်ရင်း မရွေးနိူင်တော့ နောက်ကမြေကွက် (ဦးပိုင်အမှတ် ၃၄၃) ကိုပြောင်းရွှေ့ ခဲ့ရပါတယ်။ အဲဒီမှာပဲ လင်းသာရွာနေ ဦးစိုးဝင်း (ဦးရွှေကို)က အဲဒီမြေကွက်ကို သူဝယ်ထားတာပါဆိုပြီး နောက်တစ်ယောက်ကို ရောင်းလိုက်ပါလေရော။ ဒေါ်အုန်းတင်က ဝယ်သူကို စာချုပ်တွေပြလို့ ဝယ်သူက ဦးစိုးဝင်းဆီက ငွေပြန်တောင်းပါတယ်။ ဒီနောက်မှာတော့ ဦးစိုးဝင်းနဲ့ ဒေါ်အုန်းတင်တို့ မြေကွက်ရလိုမှုနဲ့ ပတ်သက်ပြီး မြေယာရုံးအဆင့်ဆင့်မှာ သူတပြန် ကိုယ်တပြန် တရားရင်ဆိုင်နေရပါတယ်။ […]


ko layJuly 18, 20121min1427
သံတွဲမြို့နယ်၊ငပလီကမ်းခြေရှိ တိုးချဲ့တပ်ပိုင်မြေအဖြစ်သိမ်းယူထားသော ကမ်းခြေမြေကွက်များတွင် Max Myanmar ကုမ္ပဏီမှ ဟိုတယ်ဆောက်လုပ်ရန် ပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်။ ၎င်းမြေကွက်များအတွက်ပိုင်ရှင်အား ထိုက်တန်သော လျော်ကြေးပေးခြင်းမရှိပဲ၂၀၀ဝ ပြည့်နှစ်တွင် သံတွဲ မ.ယ.က ၏အမိန့်အမှတ် (၁/၂၀၀၀)ဖြင့် ဖယ်ရှားစေခဲ့ခြင်းဖြစ်သည်။ သိမ်းယူသောမြေများမှာ မဇင်ကျေးရွာအထိရှည်ပြီး တစ်မိုင်ခွဲခန့်ရှိသည်။ ထိုမြေများပေါ်တွင် ၂၀၀၁ ခုနှစ်မှစ၍ ဟိုတယ်များဆောက်လုပ်ခဲ့ကာ လက်ရှိတွင် Amazing ဟိုတယ် တစ်လုံးသာ ဖွင့်လှစ်နိုင်သေးသည်။ မြေများသိမ်းယူခြင်းနှင့်ပတ်သက်ပြီး ယခင်အစိုးရလက်ထက်က တိုင်ကြားရန်အခွင်အရေးမရှိ၍ မတိုင်နိုင်ခဲ့ကြပဲ ၂၀၁၁ အောက်တိုဘာတွင် နိုင်ငံတော်သမ္မထံ တင်ပြခဲ့ကြောင်း မြေသိမ်းဆည်းခံရသူများက ပြောသည်။ ထို့နောက် ယခုနှစ်ဇန်နဝါရီတွင် အမျိုးသားလွှတ်တော်၊ လူ့အခွင့်အရေးဆိုင်ရာကော်မတီထံ ထပ်မံတင်ပြ ခဲ့ကြကြောင်းလည်း ၎င်းတို့ကပြောသည်။ တိုင်ကြားစာကိုလက်ခံရရှိကြောင်းနှင့် ဆက်လက်ဆောင်ရွက်နေကြောင်း ကော်မတီ၏အကြောင်းပြန်စာကို မတ်လက လက်ခံရရှိခဲ့ကြောင်း၎င်းတို့က ပြောသည်။ အဆိုပါသိမ်းဆည်းခဲ့သော […]


ko layJune 21, 20121min1846
Pfingo ကို ဘယ်လိုသုံးလို့ရပါသလဲ။ အကောင့်ဘယ်လို လုပ်ရပါသလဲ။ ဘယ်ဖုန်းတွေကိုခေါ်လို့ရပါသလဲ။ နှုန်းထားကရော ဘယ်လောက်လဲ။ ဒါတွေအပါအဝင် pfingo အကြောင်းကို ဖြစ်နိုင်သမျှ စုံစုံလင်လင် သိချင်ပါတယ်။ ကျေးဇူးပြုပြီး သိသူတွေ ဖြေကြားပေးစေလိုပါတယ်။


ko layMay 30, 20121min1845
CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးထံမှ နစ်နာကြေးငွေ သိန်း ၂၅၀ဝ ရလိုမှုအတွက် သံတွဲမြို့နေ ဒေါ်ခင်လေးက သံတွဲ ခရိုင်တရားရုံးတွင်၂၀၁၂ မေ ၁ရ ရက်က လျှောက်ထားလိုက်သည်။          ဒေါ်ခင်လေးမှာ CB ဘဏ်ဥက္ကဋ္ဌက ၂၀၀၇၊ ဧပြီတွင် သံတွဲမြို့၊ မဇင်ရွာမှ မြေ ၆ ဧကကျော်ကို ဝယ်ယူခဲ့ရာတွင် ပွဲစားဒေါ်မေဝင်းနှင့်အတူ လိုက်ပါခဲ့ဖူးသူဖြစ်သည်။                                                       မူလကမြေတစ်ဧကလျှင် သိန်း၃၅ဝ နှုန်းဖြင့်   CB ဘဏ်ဥက္ကဋ္ဌက သဘောတူစာချုပ်ချုပ်ခဲ့သော်လည်း  ပိုင်ရှင်များက ခြံမြေတစ်ဧကလျှင်သိန်း ၂၈ဝ သာရရှိကြောင်း ဦးခင်မောင်အေး သိရှိပြီးနောက် ပွဲစား ဒေါ်မေဝင်းနှင့် အဖော်အဖြစ်လိုက်ပါခဲ့သူ ဒေါ်ခင်လေးတို့အား ငွေကျပ် ၂၀၂ သိန်းအလွဲသုံးစား ပြုမှုဖြင့် ၂၀၀၈ ဇန်နဝါရီ ၁၈ ကသံတွဲရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။                                                         ၎င်းအမှုအား  တရားရုံးသို့ […]