padonmarNovember 20, 20141min46642
(၁)ကျမမှာ Linguistic ဘာသာစကားတွေ စိတ်ဝင်စားတဲ့ စောလွင်ဆိုတဲ့ တပည့်ကျော် တယောက်ရှိပါတယ်။ ငယ်ငယ်က ကျမ တရုတ်စာသင်တန်းတက်ရင် သူလည်း လိုက်တက်တာပဲ။ သူများမသိစေချင်တာတွေကျရင် ကျမတို့ ဆရာတပည့် တရုတ်လို Broken ညှပ်ပြောကြတာပေါ့။ အခု တရုတ်လို ဈေးနှုန်းစကားတွေဆို သူက ကျမထက် ပိုကျွမ်းနေသေး။ တခါတလေကျရင် ဘိုလိုလည်း ကြားဖူးသမျှ ရောကျော်ချတတ်ကြသေးတယ်။ တရက်တော့ စောလွင်အမေ ဦးနှောက်သွေးကြောပြတ်ပြီး ဆေးရုံရောက်ပါလေရော။ (ဖုတ်ဝင်တယ်ဆိုတဲ့အကြောင်း ရေးဖူးတဲ့ လူနာလေ) ဆေးရုံပေါ်ရောက်ပြီး ၂ရက်လောက်မှာ လူနာက သတိမလည်လာရတဲ့ ကြားထဲ ဆီးကလည်း မထွက်တော့ဘူး။ အဲဒီညနေ စောလွင်က ငိုမဲ့မဲ့လေသံနဲ့ ဖုန်းဆက်လာတယ်။ `အမရေ၊လူနာက ဆီးမထွက်လို့ ဦးနှောက်နဲ့ အာရုံကြောဆေးရုံကနေ ဆီးနဲ့ ကျောက်ကပ်ဆေးရုံကို ရွှေ့ရမယ်တဲ့´ `ဟာ၊မဟုတ်တာ၊လူနာက သတိတောင် […]


padonmarNovember 17, 20141min65844
လွန်ခဲ့တဲ့ ၆လလောက်က မိတ်ဆွေတယောက်ရဲ့ မိတ်ဆက်ပေးမှုကြောင့် Barry ဆိုတဲ့ အမေရိကန် နိုင်ငံက လုပ်ငန်းရှင်တဦးနဲ့ E-mail contact ရခဲ့ပါတယ်။ E-mail ထဲကပဲ အလုပ်ကိစ္စဆွေးနွေးကြရင်း မြန်မာပြည်ကို အဆင်ပြေတဲ့အချိန် သူကိုယ်တိုင်လာမယ်။ Invitation Letter ပေးနိုင်မလားလို့ မေးတော့ပို့ပေး လိုက်ပါတယ်။ ဇွန်လ ၂၄-၂၅ မှာ ရောက်မယ်။ သူ့ကိုတွေ့ပေးနိုင်မလားလို့ ထပ်ပြီးမေးလာတော့ “အိုကေ၊ တွေ့ကြမယ်လေ” လို့အကြောင်းပြန်လိုက်ပါတယ်။ မြန်မာပြည်မှာတည်းဖို့ 5 Star Hotel တခုလောက် ညွှန်ပေးပါဆိုတော့ အလုပ်နဲ့သိပ်မဝေးတဲ့ Sedona Hotel ညွှန်းလိုက်ရပါတယ်။ Hotel Booking ကျတော့ သူ့ဖာသာပဲလုပ်သွားပါတယ်။ လေဆိပ်ကနေ Hotel ကိုလည်း လာမကြိုပါနဲ့တဲ့။ သူ့ဖာသာ Taxi နဲ့ပဲ သွားပါမယ်တဲ့။ (အရင်ကြုံဖူးတဲ့ […]


padonmarNovember 5, 20141min29015
ကျမတို့ရဲ့ဆရာ ဦးထွန်းငြိမ်းမဆုံးမီ သူ့ရဲ့ ချစ်တပည့်တွေအတွက်ရေးခဲ့တဲ့ ရေးလက်စ အင်္ဂလိပ်ကဗျာလေး(My Line of Thought ,My Point of View )ထဲက စာတပိုဒ်ကို ကြိုက်လွန်းလို့ တတ်သလောက် မှတ်သလောက် ဘာသာပြန်ပေးချင်ပါတယ်။ ဆရာ့ဆိုလိုရင်းကို မမီသွားရင် ခွင့်လွှတ်ကြပါ။ မူရင်းအင်္ဂလိပ်ဘာသာက ရွှေခယ်ရတနာမဂ္ဂဇင်း စာမျက်နှာ ၂၂၆ မှာ ရှိပါတယ်။ ရှာဖတ်ကြည့်ပေးကြပါ။ ပြီးအောင်ရေးမသွားရပေမယ့် ရေးပြီးသမျှမှာတင် အဓိပ္ပါယ်ရော၊စကားလုံးရွေးချယ်သုံးစွဲမှုရော၊ကာရန်ပါလှလွန်းလို့ ခံစားကြည့်ကြပါ။ (မြို့ရဲ့ မျက်နှာစာအုပ်မှာတော့ ဆရာ့အကြောင်း အားလုံးသိပြီးမို့ မိတ်ဆက်ပေးစရာမလိုပေမယ့် ဒီရွာထဲမှာတော့ ကျမရဲ့ ဆရာအကြောင်း နည်းနည်းပြောပြချင်ပါတယ်။ ဆရာဦးထွန်းငြိမ်းတို့ ညီအကိုတွေဟာ အင်္ဂလိပ်စာ သိပ်တော်ပါတယ်။ သူတို့ငယ်ငယ်က ဦးထွန်းငြိမ်းအဘိဓာန်စာအုပ်ထူကြီးကို ကျက်ကြပါတယ်။သူတို့ စာကျက်ပုံက တနေ့ တမျက်နှာ ကျက်ပြီးရင် အဲဒီ စာမျက်နှာကို […]


padonmarOctober 31, 20141min45821
ကျမနဲ့ ဦးနု ဦးနုကို ကျမစသိတာ အိုးဝေဂျာနယ်ထဲက ကာတွန်းရုပ်ပြောင်တွေထဲမှာပါ။ ပြည်ပြေးဦးနုက ပုတီးလုံးအကြီးကြီးနဲ့ စိပ်ပုတီးကြီးကို လည်မှာဆွဲပြီး တဖက်နိုင်ငံကိုပြေးတဲ့ ပုံနဲ့ လှောင်ပြောင်ထားတဲ့ ကာတွန်းဖြစ်ပါတယ်။ လူကို တွေ့ဖူးလိုက်တာကတော့ ကျမ ၆တန်းလောက်မှာ ဦးနုပြည်ပြေးရာက ပြန်လာပြီး ဝါးခယ်မဘုရားကြီးထဲမှာ ပူဇော်ဖို့ စွယ်တော်ပင့်လာပေးတုံးကပါ။ အိမ်ရှေ့က လူအုပ်ကြီးနဲ့အတူ ဖြတ်သွားတဲ့ ခေါင်းပေါင်းနဲ့ မျက်နှာဝိုင်းဝိုင်းလူကြီး၊သူ့ကို လူတွေက တရိုတသေနဲ့၊အိမ်ရှေ့ကအဖြတ် ကျမနဲ့အတူ ရပ်ကြည့်နေတဲ့ အဖေ့ကို ဂေါပကလူကြီးတွေက လက်ညှိုးညွှန်ပြီး မိတ်ဆက်ပေးသွားကြတယ်။ အဖေကလည်း ရိုရိုသေသေ ဦးညွတ်လို့။အဲဒီလူကြီးကလည်း ပြုံးပြ နှုတ်ဆက်သွားတယ်။ အော်……ပြည်ပြေးဆိုတာလည်း ရိုးရိုးလူလိုပါပဲလား…။ ကျမနဲ့ ကာမတဏှာစာအုပ် ပထမအကြိမ်တွေ့ဆုံခြင်း ကျမတို့ ၉တန်းစာမေးပွဲဖြေနေဆဲ Chemistry မဖြေရခင်ည စာကျက်နေတုန်း `မီးဗျို့….မီး…မီး´အော်သံနဲ့ သံချောင်းခေါက်သံတွေ ကြားလိုက်ရတယ်။ ကျမတို့နေတဲ့ […]


padonmarOctober 27, 20141min2348
ကျမကျောင်းတက်နေတဲ့ ဓမ္မဗျူဟာရှိရာ ကြားတောရလမ်းထဲမှာ ရံဖန်ရံခါ လာရောင်းတတ်တဲ့ လက်တဖက်ပြတ် နေတဲ့ စာအုပ်ဟောင်းရောင်းသမား တယောက်ရှိပါတယ်။ သူ့ရဲ့စိတ်ဓာတ်ကို အားပေးတဲ့အနေနဲ့ တွေ့တိုင်း စာအုပ်ဝယ်အားပေးဖြစ်ပါတယ်။ ဩဂုတ်လထဲ တနင်္ဂနွေ တရက်မှာတော့ သူ့ဆီက စာအုပ် တော်တော်များများဝယ်ဖြစ်ခဲ့ပါတယ်။ အဲဒီစာအုပ်ဟောင်းလေးတွေထဲမှာ ဆရာကြီး ဦးအောင်သင်းရဲ့ စာပေရေးရာဆောင်းပါးများ ပါလာပါတယ်။ အဲဒီစာအုပ်ကို တပုဒ်စ နှစ်ပုဒ်စ အားသလို ဖတ်ရင်း ဆရာကြီးရဲ့ ဆောင်းပါးလေးတွေကို ချစ်ခင်သူများကို လက်တို့တို့ပြီး ဖတ်ခိုင်းချင်စိတ်ပေါက်မိပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း နီးရာဒါး ကြောက်ရသလို ပေါ်ပေါ်လာတဲ့ အလုပ်တွေက အရင်လုပ်ဖြစ်သွားတော့ ဆရာကြီးစာအုပ်အညွှန်းလေးဆီ လက်မရောက်နိုင်ဖြစ်နေပါတယ်။ဆရာကြီးက သူကြိုက်တဲ့ စာတွေကို ဘယ်လိုကောင်းကြောင်း ညွှန်းထားတာတွေ ဖတ်ရင်း အဲဒီထဲက မဖတ်ရသေးတာတွေဆို ပြေးဝယ်ချင်စိတ်၊ ဖတ်ပြီး သိပြီးသားတွေဆိုရင်လည်း အော်…ဒီစာတွေရဲ့ အရသာ […]


padonmarOctober 25, 20141min58721
လွန်ခဲ့တဲ့အနှစ် ၂ဝကျော်တုံးကပေါ့။ ကျမတို့ ညီမဝမ်းကွဲလေးတယောက်က ရန်ကုန်မြို့လယ်မှာ ရွှေဆိုင်လေး တဆိုင်ဖွင့်ပါတယ်။ သူတို့မိဘတွေက ဒီလိုရွှေဆိုင်အလုပ်မလုပ်ခဲ့ဖူးသော်လည်း သူတို့အမေဖက်က အမျိုးတွေက ရွှေဆိုင်လုပ်ငန်းမှာ ဆရာတဆူပဲဆိုပါတော့။ ကျမတို့က သူတို့ အဖေဖက်ကအမျိုးပါ။ ညီမတွေ ရွှေဆိုင်ဖွင့်ပြီး ၆လလောက်မှာ ကျမအမကလည်း သူ့အမျိုးသားရဲ့ကျန်းမာရေး အခြေအနေအရ ကိုယ်ပိုင်အလုပ်လုပ်ထားမှ ဖြစ်မယ်ဆိုပြီး ဗိုလ်ချုပ်ဈေးထဲမှာ ဆိုင်ခန်းလေးတခန်း ငှားပါတယ်။ ရတနာ အဓိက ထားတဲ့ရွှေဆိုင်လေးတဆိုင် စဖွင့်ပါတယ်။ အဲဒီအခါမှာ နဂိုအထာကျစပြုနေပြီဖြစ်တဲ့ ညီမဝမ်းကွဲလေးတွေက ကူပေးသလို သူတို့ရဲ့တဖက်အမျိုးတွေကလည်း ကူညီကြပါတယ်။ ကျမကတော့ နယ်မှာနေတာဖြစ်လို့ ဘာမှမကူနိုင်ပါဘူး။ အမလုပ်ငန်းစလို့ တနှစ်လောက်အကြာမှာ ကျမ ရန်ကုန်အလည်လာတော့ ညီမဝမ်းကွဲလေးက သတိပေးပါတယ်။ သူ့တို့ အမျိုးကပြောတယ်။ ကျမအမက လက်တဆုံး နှိုက်တယ် လို့ဝေဖန်ပါသတဲ့။ ဒါနဲ့အမကို `နင်ဘာတွေလုပ်လို့လဲ ၊ […]


padonmarOctober 25, 20141min31717
ဆရာမက ခရစ်ယာန်ဘက်ပတစ်၊ကျမက ဗုဒ္ဓဘာသာ၊သူက မွတ်ဆလင်၊ဒါပေမယ့် ကျမတို့ သုံးဦးသုံးဖလှယ် အခုထိချစ်ကြတုံးပါပဲ။ဆရာမကတော့ ဆုံးသွားတာ ၂နှစ်ရှိပါပြီ။သူကတော့ ဘယ်ဆီရောက်နေတယ်မသိသေးပါဘူး။ အဲသလိုနဲ့ ၈တန်းရောက်တော့ သူတို့ရဲ့ အနောက်ပိုင်းအိမ်ကို ရောင်းပြီး မြို့အရှေ့ဖျားက သဲကွင်းဆိုတဲ့နေရာကို သူတို့ ပြောင်းနေကြရပါတယ်။ အမှန်တော့ ပိုပြီးဈေးသက်သာတဲ့နေရာကို ပြောင်းကြရတာပါ။ ဒါပေမယ့် ဘာမှမသိတဲ့ ကျမတို့ကတော့ပျော်နေတာပါပဲ။ အခုဆို ကျောင်းသွားရင် သူက ကျမကို ဝင်ခေါ်လို့ရသွားပြီ၊ ကျမတို့ ကျောင်းကို သွားချိန်တလျှောက်လုံး အကြာကြီးတူတူနေလို့ရသွားပြီပေါ့။ သူက လူချစ်အောင်နေတတ်တော့ သူ့ကို ကျမမိဘတွေကလည်း ချစ်ပါတယ်။ သူ့ကို ကုလားမလေးလို့ပဲခေါ်ပါတယ်။ သူကလည်း ကျမမိဘတွေကို ကျမခေါ်သလို ပါပါး၊မာမားပဲခေါ်ပါတယ်။ ကျမကသာ သူ့မိဘတွေကို ဦးလေး၊အဒေါ်ပဲခေါ်ပြီး ခပ်စိမ်းစိမ်းနေတာ။ သူ့အမေက တကယ်တော့ သူဌေးသမီးပါ။သူတို့ အဖိုးက မအူပင်မှာ ဘာသာရေးအယူပြင်းထန်တဲ့ […]


padonmarOctober 20, 20141min41828
ကျမ အရင်ဘဝကများ လူဖြစ်ခဲ့တယ်ဆိုရင် အိန္ဒိယမှာ ဖြစ်ခဲ့မယ်ထင်ပါတယ်။ တရုတ်စာဆို နည်းနည်းမှ မကြိုက်ပဲ ကုလားစာတွေဆို တော်တော်များများကြိုက်ပါတယ်။ ဒန်ပေါက်၊ထောပတ်ထမင်း၊ချာပါတီ။ပူရီ၊ဂျာနယ်ဂျို၊ ၊ကုလားပဲသုတ်၊ဘယာကြော်၊မတ်ပဲကြော်၊စာကလေးကြော်………အို အကုန်ကြိုက်တာပါပဲ။အထူးသဖြင့် ဟိန္ဒူသက်သတ်လွတ်စာတွေဆို ပိုကြိုက်သေးတယ်။နွားနို့ဆို တထိုင်တည်း တလီတာတဘူးလုံးကုန်အောင် သောက်နိုင်တဲ့အပြင် နွားနို့က ထွက်သမျှ ထောပတ်၊ဒိန်ချဉ်၊မလိုင် တွေဆို အသေအလဲကြိုက်။ သီတင်းကျွတ်၊အစ်နေ့တွေပြီးရင် ဒီပါဝလီနေ့ကို မျှော်ရပါတယ်။ ဟိန္ဒူမိတ်ဆွေတွေ လက်ဆောင် ပေးလေ့ရှိတဲ့ မလိုင်လုံးတွေရယ်၊ ကုလားပဲနဲ့ သကြားနဲ့ ရောကြော်ပြီး လုံးထားတဲ့ ပဲလုံးဝါဝါလေးတွေလည်း ကြိုက်တာပါပဲ။ လူစရိုက် ၆မျိုးထဲမှာ အချိုကြိုက်တာ လောဘစရိုက်နဲ့ သဒ္ဓါစရိုက်ဆိုတော့ ကျမ လောဘစရိုက်ရှိသူပဲဖြစ်မှာပဲ။ဖြစ်ခါမှ ဖြစ်ရော့၊မလိုင်ကြိုက်တာတော့ မလျှော့နိုင်ဘူး။ ဟော…ကိုယ့်အကြိုက်ကို သိလို့များလား။ နေ့စဉ်သွားနေရတဲ့ ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ကုသလလေး ၁ယောက် သရက်မလိုင်ဆိုပြီး မလိုင်ပြားလေးတွေ လာရောင်းပါတယ်။ […]


padonmarOctober 6, 20141min33214
သူ့ကို ကျမစသိခဲ့တာ သူငယ်တန်းတုံးကပါ။ ကျမတို့ခေတ်က သူငယ်တန်းလေး၊သူငယ်တန်းကြီးဆိုပြီး ၂နှစ်နေကြရပါတယ်။ သူငယ်တန်းလေးမှာ ပထမအစမ်းစာမေးပွဲဖြေအပြီး ကျမအပါအဝင် ၃ ယောက်ကို ဆရာမက သူငယ်တန်းကြီးကို အတန်းတင်ပေးလိုက်ပါတယ်။ အဲဒီမှာ ဒုက္ခနဲ့ လှလှနဲ့ စတွေ့တာပါပဲ။ သူငယ်တန်းကြီးရဲ့ကျောက်သင်ပုန်းပေါ်မှာ ရေးထားတဲ့ သချင်္ာတွေကို ကျမ မဖတ်တတ်ပါဘူး။ သူငယ်တန်းလေးမှာ သင်တာ (+) နဲ့ (-) ပဲ ရှိသေးတယ်။ ကျောက်သင်ပုန်းပေါ်မှာ ဆရာမရေးပေးထားတာက (x)တဲ့၊အဲဒါ ဘာကြီးမှန်းမသိဘူး။ဘေးက ဂဏန်းတွေတော့ ဖတ်တတ်ပါရဲ့။အဲဒီဟာကြီးက ဘာလုပ်ရမှန်းကိုမသိဘူး။ဘယ်လိုရေးရ၊ဘယ်လိုအသံထွက်ရမှန်းလည်းမသိဘူး။ ဒါနဲ့ အတန်းသစ်မှာ ဆရာမ နေရာချပေးထားတဲ့ ရှေ့ဆုံးခုံကနေ ဘေးဘယ်ညာကို အားကိုးရှာလိုက်တော့ သူ့ကိုတွေ့ပါတယ်။ သူက ကျမကို သူ့စာအုပ်လေးထိုးပြတော့ သူရေးထားတဲ့အတိုင်း ကူးရေးလိုက်ပါတယ်။ (အဲဒီနေ့က အိမ်ရောက်မှ အကိုတွေ အမတွေကိုမေးကြည့်တော့ အဲဒါ […]


padonmarSeptember 27, 20142min42021
သားဦးအရူးတဲ့။ဒီစကားကြားဖူးကြမှာပါ။ ဘာကိုဆိုလိုတာပါလိမ့်။ သားဦးသမီးဦးတွေက တနေရာရာမှာ Crazy ရူးတတ်ကြတယ်လို့ များလား။( ဒါမှမဟုတ် )သားဦးရတဲ့မိဘ ၊ ဘိုးဘွား ၊ ဦးလေးအဒေါ်တွေ ကလေးနဲ့ပတ်သက်ပြီး အရူးအမူး ချစ်ကြတယ်လို့ ပြောချင်တာလား။ ကိုယ့်ကိုယ်တွေ့ကတော့ ဒုတိယအဓိပ္ပာယ်ပါ။ ရူးစရာသားဦးသမီးဦးကလည်း ရစရာမရှိတော့ `တူမဦး´လေးကို မွေးတုံးကရူးခဲ့ရပါတယ်။ ကျမတို့ မောင်နှမတွေထဲမှာ အကိုကအကြီးဆုံး။ သူအိမ်ထောင်ကျပြီး ယောင်းမက ကလေးမွေးဖို့ ရန်ကုန် တက်လာပါတယ်။ အဲဒီအချိန်ကျောင်းပိတ်ရက်ဆိုတော့ ကျမက နယ်မှာရှိတဲ့ အိမ်ကို ပြန်နေပါတယ်။ စက်တင်ဘာလရဲ့တနင်္လာနေ့တနေ့မှာ ယောင်းမသမီးလေးမွေးပြီဆိုတဲ့ ဖုန်းသတင်းရလိုက်ပါတယ်။ အမေကလည်း မြေးဦးလေးမွေးတာ သွားစောင့်နေတော့ အိမ်မှာ အဖေနဲ့ကျမ ၂ယောက်တည်း။ သတင်းကြားရုံနဲ့ အဲဒီတူမလေးကို ချစ်လိုက်တာ ၊ သူကလေးအတွက် ဘာလုပ်ပေးရင် ကောင်းမလဲ စဉ်းစားပါတယ်။ အကျႌလေး ချုပ်ပေးရရင် […]


padonmarSeptember 14, 20142min32026
ဒီလူနာ က အသက် ၆၂ နှစ်ပါ။ ဇူလိုင် ၁၉ အာဇာနည်နေ့က ဦးနှောက်သွေးကြောပေါက်ပါတယ်။ ဆေးရုံက ခွဲရခက်လို့ ဆေးနဲ့ပဲ ထိန်းမယ်ဆိုပြီး ကုနေရင်း သတိပြန်လည်လာပါတယ်။ ၃ရက်လောက်နေတော့ ပြန်သတိလစ်သွားပြီး ဦးနှောက်သေသွားတယ်၊Brain Death ရသွားပြီလို့ပြောပါတယ်။ They will be looking to see if the person has any: response to pain; response to light by the pupil of each eye; blinking response when each eye is touched; eye movement or response to […]


padonmarJune 13, 20141min51127
12.6.2014 ဒီနေ့ မနက် ရနာရီမှာ သည်းသည်းမဲမဲရွာတဲ့ မိုးကြောင့် ရန်ကုန်မြို့နေရာတော်တော်များများ ရေကြီးသွားပါတယ်။ အခါတိုင်းကတော့ ဒီရေတက်တာနဲ့လည်း ရောနေပြီး ဒီရေခံနေတာကြောင့် မိုးရေတွေ မဆင်းနိုင်တာကလည်း အကြောင်းတခုဖြစ်နေပါတယ်။ ဒီကနေ့ကတော့ ဒီရေကြောင့် မဟုတ်ဘူးဆိုတာ ရှင်းနေပါတယ်။ဘာကြောင့်လဲဆိုတော့ ဒီရေတက်ရင် မြုပ်နေကျ လမ်းမတော်၊လသာမြို့နယ်တဝိုက်က ကမ်းနားလမ်းမှာ လုံးဝရေမတက်လို့ပါပဲ။ ဒါဆိုရင်တော့ အဖြေက ရေမြောင်းတွေပဲပေါ့။ ရန်ကုန်တမြို့လုံး တာမွေ၊ကမာရွတ်၊စမ်းချောင်းဗဟိုလမ်းတလျှောက်၊ပြည်လမ်းတံတားဖြူ အင်းယားကန်ရှေ့၊လှိုင်သာယာ တွေရေမြုပ်ကြတာ FB ကနေတဆင့်လည်းသိရ၊ကိုယ်လည်းဖြတ်ရင်းကြုံရတာလည်းရှိပါတယ်။ကြားမိသလောက် ဆိုးဆိုးဝါးဝါးကတော့ သမိုင်းလမ်းဆုံပါပဲ။ အင်းစိန်လမ်းကနေ သမိုင်းလမ်းဆုံဖြတ်မရတဲ့ ကားတွေဟာ မင်းဓမ္မလမ်းကနေ ဖြတ်နေကြရတော့ ကားပင်လယ်ကြီးဖြစ်လို့။ (အဲဒီကနေ အေဒီလမ်းဒေါင့်မှာတောင် တကိုယ်တော် ဆန္ဒပြသွားတာ ဓာတ်ပုံတွေ မြင်လိုက်ရတယ်) ရေဝင်တဲ့ ကားတွေလည်း ထိုးရပ်ကုန်ရော။ ကိုယ်မရောက်မိတဲ့ နေရာတွေအကြောင်းမသိပေမယ့် ကိုယ်ရောက်နိုင်တဲ့နေရာထဲက ဥပမာတင်ပြီး ပြုပြင်စရာတွေ […]


padonmarJune 11, 20141min52422
ဒီကနေ့ ဇွန်လ ၁ဝရက်ထုတ် ဒီမိုကရေစီတူဒေး သတင်းစာမှာ ပါတဲ့ ဆောင်းပါးလေးကို ဖတ်ပြီး ဘဝင်မကျဖြစ်မိပါတယ်။ ဆရာတော်လွဲသလား၊သတင်းထောက်လွဲသလားမသိ၊လွဲနေပါတယ်။ဒီတခါတော့ လွဲလွဲလေးလည်း ကောင်းပါတယ် လို့ မရွတ်နိုင်တော့ပါဘူး။ ရွာသူားတွေရော ဒါကိုဘယ်လိုသဘောပေါက်ကြလဲ။ ကိုယ်သိထားသလောက် ဘာသာရေးဗဟုသုတနဲ့ ဘာတွေလွဲနေတယ်ထင်လဲ။ လူငယ်တွေ ဘာသာရေး အခြေခံ ဘယ်လောက်ရှိလဲ သိချင်လို့ ဆာဗေးလုပ်ပါတယ်။ ဖြေပေးကြပါနော်။ အထူးသဖြင့် လူငယ်တွေဖြေစေချင်ပါတယ်။ (Survey)လုပ်နေစဲ အများဖြေနေတုံးမှာ ကျမဝင်မမန့်ပါဘူး။ ကိုယ်လိုရာကို ဆွဲပြောမိသလို ဖြစ်မှာစိုးလို့ပါ။ ဦးပါတို့၊ကိုစံလှကြီးတို့၊ကိုနေဝန်းနီတို့ကို ကွန်မန့်တွေထဲ စောင်းနေတာတွေတွေ့ရင် ဝင်တဲ့ပေးကြမယ်လို့ မျှော်လင့်ပါတယ်။