NAJAJuly 4, 20121min35337
အားလုံးပဲ မင်္ဂလာပါ… ကျွန်တော်က မန်ဘာအသစ်တစ်ယောက်မဟုတ်ပေမဲ့ အားလုံးနဲ့လဲ အကျွမ်းတဝင်မရှိလှတဲ့ ကိုယ်ပျောက်ရွာသားတစ်ယောက်ပါ… ပို့စ်တင်လေ့မရှိသလို ကွန်းမန့်လဲ များများစားစားမပေးဖူးပါ.. သို့သော် ဒီထဲက ရွာသူရွာသားတွေ အကုန်ကို ကျွန်တော့်စိတ်ထဲ တော်တော်ရင်းနီးနေပါပြီ ကျွန်တော် MG မှာဖတ်လာတာ နဲနဲတော့ကြာခဲ့ပြီထင်ပါတယ်.. တခြား သတင်းဝဘ်ဆိုက်တွေကိုလဲဖတ်ပေမဲ့ သုတ၊ရသ၊သတင်း အစုံရတဲ့ MG ကိုတော့ စွဲစွဲမြဲမြဲ နေ့စဉ်ဖတ်ဖြစ်ပါတယ်.. အခုကျွန်တော် ပိုစ့်တင်လိုက်တဲ့ကိစ္စကတော့ ဒီရက်ပိုင်း ဖတ်စရာ နဲနေသလိုခံစားရလို့ပါ အရင်လောက် MG ကိုမဝေဆာဘူးထင်နေမိပါတယ်.. ကျွန်တော့်စိတ်ထင် ဖြစ်ကောင်းဖြစ်မှာပါ.. ကျွန်တော် စာဖတ်သူတစ်ယောက်သာဖြစ်တဲ့အတွက် ပုဂ္ဂလိကဆန်ဆန်ပဲ ကျွန်တော် ကြိုက်တဲ့စာမျိုးနဲ့ စာရေးတဲ့လူတွေကို တောင်းဆိုပါရစေ.. ဦးလေးသစ်မင်းကိုလဲသတိရမိပါတယ်.. သူ့စာတွေမဖတ်ရတာ အတော်ကြာခဲ့ပါပြီ ဂေဇက်ရဲ့ နှုးဘာဂိုဏ်းချုပ်ဆရာဂီ ကိုလဲ မားကတ်တင်းအကြောင်းပဲဖြစ်ဖြစ်.. ပညာရပ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် ဥပမာ.. ဒါ့ဆိုဒ်တော့ […]


NAJAMarch 21, 20121min31527
အဖြစ်အပျက် အလုံးစုံမသိရသေးပါ.. ကျောက်ပန်းတောင်းဘက်မှ CPP ရေနံကုမ္မဏီ၏ ရာထူးကြီးပိုင်းမှ တရုတ်အမျိုးသားအား ယနေ့နံနက် လေးနာရီခန့်တွင် ဒေသခံရွာသား တစ်ဦးမှ လည်မျိုအား ပြတ်လုနီးသည်အထိ လှီးဖြတ်ခဲ့တယ်လို့ကြားရပါတယ်… အဆိုပါတရုတ်အမျိုးသားမှာမသေသေးပဲ မန္တလေးသို ့ နံနက်တွင်ရောက်ရှိလာပြီး အရေးပေါ်အသက်ကယ်ရန်အတွက် အတူလိုက်ပါလာသောသူများမှ ငွေအလုံးအရင်းသုံးပြီး ကြိုးစားခဲ့တယ်လို့ဆိုပါတယ်… ဒီနေ့ည တရုတ်ပြည်ကို ပြန်ရန်အတွက် လေယာဉ်စင်းလုံးငှါးထားတယ်လို့သိရပါတယ်… အဆိုပါကိစ္စမှာ ဒေသခံများ၏ လယ်မြေများအား သိမ်းယူထားမှုနှင့်ပတ်သက်တယ်လို့ ဆိုပါတယ်..  ထိုဒေသခံရွာသားမှာလဲ လွတ်မြောက်နေတယ်လို့သိရပါတယ်… ဆေးရုံအသိုင်းဝိုင်းမှ ကြားရသမျှဖြစ်ပါတယ်..  အဖြစ်အပျက်ဖြစ်တာတော့ သေချာပါတယ်… အချက်အလက်အသေးစိတ်ကိုတော့ မသိပါ… သိတဲ့လူများ အသေးစိတ်တင်ပေးစေလိုပါတယ်… ရွာသားများ သတင်းဦးဖတ်စေလိုသောကြောင့် ကြားရသမျှကိုတင်ပေးခြင်းဖြစ်ပါတယ်…


NAJAAugust 7, 20111min25216
ကမ ္ဘာကြီးပူနွေး လာတာနဲ ့ပတ်သက်ပြီးတော့ ငလျှင်တွေ မုန်တိုင်းတွေ စတဲ့ သဘာဝဘေးအန ္တရယ်တွေ ပိုမိုဖြစ်လာတယ် ဆိုတာကို အမေရိကန်နိုင်ငံရဲ့ စစ်တမ်းအရ ၇၅% သောလူတွေဟာယုံကြည်ကြပါသတဲ့… ကျွန်တော်တို ့နိုင်ငံမှာလည်း စစ်တမ်းသာ မရှိကောင်းမရှိမှာပါ အများစုကတော့ အဲဒီလိုပဲ ယုံကြည်ကြသလိုထင်ရပါတယ်… ကျွန်တော်လဲ ဟုတ်သလိုလိုနဲ ့ ယုံရကောင်းနိုးနိုးပါပဲ… အဲဒါနဲ ့ပဲလျှောက်စဉ်းစားကြည့်ပါတယ်… တကယ်လို ့များပေါ့ လူအများစုထင်ကြသလိုပဲ သဘာဝဘေး အန ္တရယ်တွေ ပိုမိုသာဖြစ်လာနေတယ်ဆိုရင် သဘာဝတရာကြီး တစ်ခုခုကိုများ ကြံစည်နေရော့သလား… ကမ ္ဘာ့လူဦးရေက မကြာတော့တဲ့နှစ်များအတွင်း သန်းခုနှစ်ထောင် ပြည့်တော့မယ်ဆိုပဲ…နှစ်ထောင်ပြည့်နှစ်တုန်းက သန်းခြောက်ထောင်ကျော်ရုံမျှ 6.06 billion သာရှိခဲ့ပေမဲ့ ဆယ်စုနှစ်တစ်ခုကျော်အတွင်းမှာ သန်းတစ်ထောင်နီးပါးပွားများလာတဲ့ သဘောပါပဲ…နောက်ရာစုနှစ်တွေမှာဆိုရင် သန်းပေါင်း တစ်သောင်း နှစ်သောင်း စသည်ဖြင့်ဘာမှ မကြာလိုက်တဲ့ […]


NAJAAugust 5, 20111min54127
“သားရယ် ကျောင်းမြန်မြန်ပြီးအောင်လုပ်ပါကွယ် ဆရာဝန်ဖြစ်ရင် ထမင်းမငတ်တော့ဘူး ဂုဏ်သိက္ခာဆိုတာလဲတိုင်းတာလို ့မရဘူး ” ဟု  စာမေးပွဲတဖုန်းဖုန်းကျနေသော ဆေးကျောင်းသားကြီး ကျွန်တော်အား အမေပြောလေ့ရှိသော စကားများဖြစ်သည်။ ကျွန်တော်သည် ငယ်စဉ်က ကြီးလျှင် ဆရာဝန်လုပ်မည်ဟူသောရည်မှန်းချက် မထားခဲ့ဖူးပါ။ သို ့ရာတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ်ကောင်းကောင်းရခဲ့သောအခါ မိဘများအလိုကျ ဆေးကျောင်းသားတစ်ဦး ဖြစ်လာခဲ့ရသည်။ အစပထမတွင် ကျွန်တော်သည် ဆေးတက္ကသိုလ်ကျောင်းတော်သား ဖြစ်ခွင့်ရသည်ကို အများနည်းတူ အလွန်အင်မတန် ဂုဏ်ယူခဲ့သည်။  အသိုင်းအဝိုင်းကြားတွင် မျက်နှာသာပေးခံရမှု၊ မိဘများ၏ ပီတိဖြင့်ဂုဏ်ယူနေမှု တို ့ကြောင့် ကျေနပ်စရာနေ ့ရက်များဖြစ်ခဲ့သည်။ သို ့သော်စာမေးပွဲ အကြိမ်ကြိမ်ကျလေသောအခါ မိသားစုအတွင်း ဆည်းလည်းသံ တဖြည်းဖြည်းပျောက်ကွယ်ကာ အထက်ပါစကားစုသည်လည်း အမေ၏ လက်သုံးဆုံးမစကား ဖြစ်လာခဲ့သည်။ ယခုအခါ အနည်းငယ်မျှသိသောအသိကလေးဖြင့် မိမိကိုယ်ကိုမိမိ သုံးသပ်ကြည့်သောအခါ ကျွန်တော်သည် […]