ခင်ဗျားတို့စားနေတဲ့ထမင်းတွေဖြူရဲ့လား ?,   ခင်ဗျားတို့ လက်တွေ ဂျီးပြောင်ရဲ့လား ?   ထမင်းငတ်နေရင် ခွက်တစ်လုံးဆွဲလိုက်ပါ ကိုယ့်လူ …… သူတောင်းစားဆိုတာ ငတ်နေလို့တောင်းစားတာပါ ။ အရည်အသွေးမဲ့တယ် ညံ့ဖျင်းတယ် ကရုဏာကိုလိမ်တယ် ။ ဒီလောက်ပါပဲ ကိုယ့်လူ …… ယုတ်မာပြီးစားရတဲ့ထမင်းက ပိုချိုနေသလားကိုယ့်လူ…… လိင်ဆက်ဆံတာကို ထင်ထင်ရှားရှားသ ရုပ်ဖေါ်ရေးပြီးမှ နာမည်ကြီးချင်တာလား ကိုယ့်လူ …… အပြာရောင်ထမင်းတွေကို ကိုယ့်လူမျိုချင်မျိုပါ ။ လစ်ဘရယ်တွေကို ရောမချပါနဲ့ ။ အိမ်သာတက်ရင် တံခါးမပိတ်တာ လစ်ဘရယ်မဟုတ်ဘူး >>>> ဘောင်းဘီ ဝတ်ရင် ဇစ်မတတ်တာ လစ်ဘရယ်မဟုတ်ဘူး >>>>>> လမ်းမလယ်မှာ လိင်ဆက်ဆံတာ လစ်ဘရယ်မဟုတ်ဘူး >>>>>> သူများသားမယား နဲ့ဖေါက်ပြန်တာ လစ်ဘရယ်မဟုတ်ဘူး >>>>> ဘာသာတွေကိုးကွယ်မှုတွေ […]


မီးတွေလောင်တာတွေ့နေရတော့ စိတ်ပျက်တယ်ဗျာ ။ ဒီနှစ်တွေမှာပိုလောင်လာတယ်ထင်တာပါပဲ ။  ခေတ်မမှီတော့သောမီးသတ်ကားအစုတ် တွေနဲ့ အရံမီးသတ်ချာတိတ်လေးတွေကိုမြင်ရင် ကျုပ်ခေါင်းခါမိတယ် ၊ ။ ခင်ဗျားတို့တွေးကြည့်ပါလား ၊ ဒီလောက်အရေးကြီးတဲ့ မီးသတ်တဲ့ ကိစ္စမှာ ဘာကိစ္စစားရိတ်ချွေတာပြီး ကားစုတ်တွေ သုံးနေရာသလဲ ဟေ … ဟိုးတစ်ရက် သီရိမင်္ဂလာဈေးဟောင်းမှာမိးလောင်တော့ မီးသတ်ကားတွေ ဖြတ်သွားကြတယ် ။  လွန်ခဲ့တဲ့နှစ် ၅ဝ လောက်က ထုတ်ထားတဲ့ မီးသတ်ကားကြီး တစ်စီးဖြတ်မောင်းနေတာကြည့်ရင်း ကျုပ် ကားကြီးကိုသနားသွားတယ်ဗျာ ၊ ဒီကားကိုမောင်းခဲ့ဖူးတဲ့သူတွေကိုလည်း ချီးကျူးတယ် ၊ ဆိုက်ကားလောက်မြန်အောင်မမောင်းနိုင်တော့တဲ့ ကားစုတ်ကြီးက မိးငြိမ်းတော့မှ သူ့ခဗျာ ရောက်လာရရှာတယ် ။ နောက်တစ်ခုက ရေ….. ပြောတာကတော့ ဟုတ်နေတာပဲ ။ ဘယ်နေရာမှာ မိးသတ်ရန်အတွက်ရေဘယ်နှစ်ဂါလံ ဆိုပြီး .. မိးလည်းလောင်ရော ဘာရေတစ်စက်မှ […]