ဘိုးေလးနီNovember 19, 20131min28315
အခုတလော အမြဲလိုလို ကြားနေရတဲ့ စာသားတစ်ခုကို ပြောပါဆိုရင် ပြုပြင်ပြောင်းလဲရေး ဆိုတဲ့ စကားပဲ ဖြစ်လိမ့်မယ်။ ဟုတ်တယ်ဗျ။ ကျုပ်လည်းကြားနေရတာ အတော်ကြာပြီ။ ဟိုနေရာလည်း ပြုပြင်ပြောင်းလဲရေး၊ ဒီနေရာလည်း ပြုပြင်ပြောင်းလဲရေး။ ကျုပ်တို့နိုင်ငံကြီး တိုးတက်ဖို့အတွက် ပြုပြင်ပြောင်းလဲရေးတွေ လုပ်မှရမယ်။ သမ္မတကြီးကတောင် ပြောခဲ့သေး။ အပြောင်းအလဲတဲ့ပါမလာတဲ့သူတွေကို ထားခဲ့မယ်ဆိုလား။ အခုလည်း ပညာရေးကဏ္ဍကို ပြုပြင်ပြောင်းလဲဖို့ လုပ်နေကြပြန်ပြီ။ ဒီလိုဗျ။ ကျုပ်အထင်တော့ အဲဒီပြုပြင်ပြောင်းလဲရေးအတွက် အဓိကကျတာက လူမှန်နေရာမှန်ဖြစ်ဖို့လို့ ထင်တာပဲ။ ကျုပ်တို့နိုင်ငံမှာက လူနဲ့နေရာနဲ့ လွဲနေတာတွေ အတော်များနေတယ်။ အဲဒီလို လွဲနေသေးသ၍ တိုးတက်ဖို့က အဝေးကြီးမှာပါပဲဗျာ။   လွဲတယ်ဆိုတဲ့နေရာမှာလည်း (၂)မျိုးရှိတယ်ဗျ။ တစ်မျိုးက နေရာပေးတာလွဲတာ။ နောက်တစ်ခုက နေရာကို မပေးတာ။ ဒါနဲ့ ဒါက ကျုပ်အထင်ပါ။ ထင်သလောက်လေး ဆက်ပြောကြည့်တာပေါ့။ […]