မေး။ ။ အရှင်ဘုရား တပည့်တော်တစ်ခုလောက်မေးချင်လို့ပါဘုရား။ တပည့်တော်တို့ဆရာက မေးခိုင်းလို့ပါ။ ဥပုသ်နေ့ကို ဘာဖြစ်လို့ (၈)ရက်နေ့နဲ့ (၁၅)ရက်နေ့လို့ သတ်မှတ်ခဲ့တာလဲဆိုတာ သိချင်လို့ မေးခိုင်းလို့ပါဘုရား။  အရှင်ဘုရားအားတဲ့အချိန် ဖြေကြားပေးစေလိုပါတယ်ဘုရား။ ဖြေ။ ။ ဝါတွင်းကာလလည်း နီးလာတာနဲ့ ဥပုသ်အကြောင်း မေးလာတဲ့မေးခွန်းများကို အချိန်မီသိရှိရအောင် ဖြေပေးလိုက်ပါတယ်။ ဥပုသ်ဆိုသည်မှာ ဥပေါသထ-ဟူသောပါဠိကို ဥပုသ်-ဟု မြန်မာပြန်ထားကြတာပါ။ ဥပ-ညစာမစားခြင်း၊ မေထုန်ရှောင်ခြင်းစတဲ့ ကောင်းသော အကျင့်များနဲ့ ပြည့်စုံစွာ ဝသထ-နေထိုင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ကိုယ်ကျင့်သီလ မပျက်အောင် စောင့်ထိန်းကျင့်သုံးတာကို ဥပုသ်စောင့်တယ်လို့ ခေါ်တာပါ။ ဥပုသ်စောင့်ဖို့အတွက် နေ့ရက် များကို ဘုရားပွင့်တော်မမူမီကပင် သူတော်ကောင်းတို့ သတ်မှတ်ခဲ့ကြပါတယ်။ ဥပုသ်သီလဆောက်တည် ရန်အတွက် ရှေးအစဉ်အလာကပင် ရက်သတ်မှတ်ထားတာ ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ တစ်လကို (၁) အဋ္ဌမီ […]


မေး။ ။ ဗုဒွ၏ဦးခေါင်းထက်မှာ ဆံတော်တကယ်ထုံးတာလား။ ပုံတော်တွေထဲမှာပဲ ရှိတာလား။ ဦးခေါင်းထက်က အဖု့အဖု့လေးတွေက ဘာကြောင့်လဲ။ နားရွက်တော်က လူသာမန်ထက် ဘာကြောင့်ရှည်နေရပါသလဲ။ ဘုရားရှင်က လူသာမန်နဲ့နှိုင်းလို့ မရတာကို လက်ခံပါတယ်။ ဘာသာခြားများက မေးလာလျှင် အကျိုးအကြောင်း ခိုင်ခိုင်လုံလုံ သိချင်လို့ပါဘုရား။ ဖြေ။ ။ ဗုဒ္ဓရဲ့ဆံတော်နဲ့ပတ်သတ်ပြီး ဖြေပေးရမယ်ဆိုရင် မြတ်ဗုဒ္ဓကို အဂ္ဂိဘာရာဒွါဇပုဏ္ဏားနဲ့ သိင်္ဂါရဝပုဏ္ဏားတို့က ဦးပြည်းကတုံးစုတ် လို့ နှိပ်ချပြောဆိုခဲ့ဖူးပါတယ်။ ဒါပြင် မြတ်ဗုဒ္ဓကိုယ်တိုင်လည်း ဆံပင်မုတ်ဆိတ်တို့ကိုရိတ်ပြီး ဖန်းရည်ဆိုးအဝတ်ကိုဝတ်ကာ ရဟန်းပြုခဲ့၏ဟု သစ္စကဆရာကြီးကို မိန့်တော်မူခဲ့ပါတယ်။ ရဟန်းသံဃာများ ဆံပင်ထားခြင်းပတ်သတ်ပြီး ဆဗ္ဗဂ္ဂီရဟန်းတွေ ဆံပင်အရှည်ထားတာမြင်တဲ့အခါ လူအများက ဒီလိုဆံပင်ရှည်ထားရင် လူတွေနဲ့အတူတူဖြစ်နေမှာပေါ့လို့ ပြောဆိုကဲ့ရဲ့ကြတဲ့အတွက် မြတ်ဗုဒ္ဓက ကာလအားဖြင့်(၂)လရှိသောဆံပင်၊ ပမာဏအားဖြင့် လက်နှစ်သစ်ရှိသော ဆံပင်အရှည်ထိသာ ငါဘုရားရှင် ခွင့်ပြုတော်မူ၏လို့ မိန့်တော်မူခဲ့ပါတယ်။ ယခုခေတ် […]


မေး။ ။ ဆရာတော်ဘုရား တပည့်တော် မသိတာလေးတစ်ခုမေးချင်ပါတယ်။ အပါယ်လေးဘုံမှာ ငရဲကျခံရမဲ့ ငရဲသားတွေကို လှံနဲ့ထိုး၊ သံရေပူထဲထည့်ကြော်၊ ဆူးပင်ပေါ်တတ်ခိုင်း၊ မီးတောင်ပေါ် တတ်ခိုင်းနေတဲ့ ငရဲထိန်းတွေဟာ ဘာအကုသိုလ်ကံကြောင့် အဲလိုငရဲမှာ လာသမျှငရဲသားတွေကို သတ်ပေးနေရတာလဲ သိချင်လို့ပါ။ စာအုပ်တော်တော်များများမှာ ငရဲသားတွေအကြောင်း ရေးထားပေမယ့် သူတို့အကြောင်းကို ရေးတာသိပ်မတွေ့လို့ သိချင်ပါတယ်ဘုရား။ အရှင်ဘုရား အချိန်ရရင်ဖြေပေးတော်မှုပါ။   ဖြေ။ ။ ပထမဦးဆုံး မေးခွန်းရှင်သိချင်တဲ့ ငရဲဘုံရောက်ရခြင်းအကြောင်းကို ပြောပြပေးပါမယ်။ ငရဲကို ဘယ်လိုကံကြောင့်ရောက်ရလဲဆိုတာကို မြတ်ဗုဒ္ဓသိမြင်တော်မူခဲ့တဲ့အတိုင်း ဒေဝဒူတသုတ်တော်မှာ ဟောခဲ့တာကို ဖော်ပြပေးရမယ်ဆိုရင် သတ္တဝါတစ်ဦးတစ်ယောက်သည် ကာယကံ၊ ဝစီကံ၊ မနောကံသုံးပါးတို့နဲ့ မကောင်းမှုပြုလုပ်ခဲ့၏။ အရိယာပုဂ္ဂိုလ်ကို စွပ်စွဲပြစ်မှားခဲ့၏။ မှားသောအယူ၏။ ထိုမှားသောအယူဖြင့် မကောင်းမှုတွေကို ပြုလုပ်၏။ ထိုသို့သောသူများသည် သေလွန်လျှင် ငရဲသို့ ကျရောက်ရလေ၏။ […]


ဦးဇင်း မြန်မာပြည်မှာ ဟောကြားခဲ့တဲ့ တရားတော်များကို ပြည်ပရောက် စာဖတ်ပရိသတ်များ ကြည့်ရှု့နာကြားနိုင်အောင် တင်ပေးလိုက်ပါတယ်။ ကော်နရှင်ကောင်းတဲ့ စာဖတ်ပရိသတ်များအနေနဲ့ကတော့ ဦးဇင်းဆိုဒ် http://www.sanninaymin.com/ မှာဖြစ်စေ၊ Youtuble ဆိုဒ် http://www.youtube.com/watch?v=e–KUrk4fJE။ http://www.youtube.com/watch?v=c7r5la6JYvw&feature=relmfu။ http://www.youtube.com/watch?v=6zB-dOGLoq4&feature=relmfu။ http://www.youtube.com/watch?v=xjN1WrI0K50&feature=relmfu တို့မှာဖြစ်စေ ဒေါင်းလော့ဆွဲ၍လည်းကောင်း၊ တိုက်ရိုက်ကြည့်ရှု့၍လည်းကောင်း နာယူမှတ်သားနိုင်ကြပါတယ်။   မြန်မာပြည်တွင်းကလူတွေကတော့ မေတ္တာရှင်(ရွှေပြည်သာ) အရှင်ဇဝနဆရာတော်ရဲ့ မန်းလေးကျောင်းတိုက်မှာဖြစ်စေ၊ မှော်ဘီရိပ်သာမှာဖြစ်စေ၊ တရားခွေရောင်းတဲ့ ဆိုင်တွေမှာလည်း ဆရာတော်ရဲ့ မှော်ဘီကျောင်းတိုက် သင်္ကြန်အတွင်းဟောတဲ့ သုဒ္ဓဝိပဿနာ တရားခွေလို့ မေးဝယ်ရင်လည်း ရနိုင်ပါတယ်။ ဒါပြင် ဖုန်း 09-5180684။ 0943207891 တို့မှာလည်း ဓမ္မဒါနအဖြစ် ပေးလှူနေသဖြင့် ဆက်သွယ်ယူနိုင်ပါတယ်။   ယခုတင်ထားတဲ့ တရားတော်များသည် ဖိုင်ချုံ့ထားတဲ့အတွက် ရုပ်ပုံကတော့ ဝါးနေမှာဖြစ်သလို ဒေါင်းလော့ဆွဲရတာလည်း မြန်ပါလိမ့်မယ်။ ကျန်ရှိနေသေးတဲ့ […]


ပြည်တွင်းမှာ ပညာအတော်အသင့်စုံလင်တာနဲ့ ပြည်ပထွက်ပြီး ဗဟုသုတပညာ၊ အတွေးအခေါ်ပညာ၊ ခေတ်ပညာများ သင်ကြားရန် ပြည်ပထွက်ပညာသင်ထွက်ခွါနီးမှာ ဆရာသမားဘုန်းကြီးကို ကန်တော့ခဲ့ပါတယ်။ ငယ်ဆရာလည်းဖြစ်၊ အခွင့်အခါကြုံရင် ကြုံတိုင်း ဩဝါဒပေးလေ့ရှိတာကြောင့် ဆရာသမားရဲ့ ဩဝါဒတွေဟာ မိမိအတွက်တော့ တကယ့်ကိုတန်ဖိုးရှိတဲ့ အရာတွေပါ။ ဆရာသမားကို ချစ်ကြောက်ရိုသေစွာနဲ့ ချဉ်းကပ်ပြီး လက်အုပ်လေးချီမိုးကာ ဦးချပြီးထိုင်နေတဲ့အချိန် ဆရာသမားပြောတဲ့ ဩဝါဒလေးက “ငါ့တပည့် လောကမှာ ဆရာသမားဆိုတာ ကိုယ့်တပည့်မုန်းမှန်းသိသော်လည်း မုန်းမှာကြောက်လို့ ကိုယ့်တပည့်ကို မဆုံးမဘဲ သက်သောင့် သက်သာနေမယ်ဆိုရင် အဲဒါတကယ့် ဆရာသမား အစစ်မဟုတ်ဘူး၊ တကယ့် ဆရာသမားအစစ်ဆိုတာ ကိုယ့်တပည့်က မုန်းချင်မုန်းသွားပါစေ လမ်းမှားနေမယ်ဆိုရင် ဆုံးမပေးရဲရမယ်။ ဒါမှသာ ဆရာသမား အစစ်”လို့ ခေါ်တယ်။ ငါ့တပည့်ရဲ့ ဆရာသမားဟာ အဲဒီလို ဆရာသမားအစစ်ဖြစ်တယ်ဆိုတာ ငယ်စဉ်ကတည်းက ဆုံးမပေးခဲ့ ရတဲ့ […]


ယနေ့ မြန်မာပြည်သို့ ထွက်ခွာရတော့မည် ဦးဇင်းရဲ့ မြန်မာပြည်နဲ့ သီရိလင်္ကာတို့ရဲ့ ရှင်ပြုရဟန်းခံ၊ သာသနာရောက်ရှိပုံ၊ ယဉ်ကျေးမှုဓလေ့ ထုံစံစဉ်လာတို့ကို နှိုင်းယှဉ်တင်ပြပေးဖို့ ဒေါက်တာကျမ်းအတွက် တင်ထားတာကို (14.03.2012) ရက်နေ့က ဒေါက်တာအကြိုတန်း M.phil ကျမ်းအကျဉ်းချုပ်သွားတင်ပြရာ အဆင်ပြေတာနဲ့ M.phil ရော Ph.D ကျမ်းပါဆက်လက် ပြီးမြောက်အောင်ရေးရန်အတွက် မြန်မာပြည်နဲ့ဆိုင်ရာ စာအုပ်တွေသွားဝယ်ဖို့ ခွင့်တစ်လခွဲတောင်းတဲ့အခါ ဆရာက ခွင့်ပြုလိုက်ပါတယ်။ သီရိလင်္ကာနိုင်ငံမှာ ဒေါက်တာကျမ်းပြီးထိဆို (၅)နှစ်ကျော် နေရဦးမှာမို့ အမိမြန်မာပြည်ကို ပြန်ခွင့်ရတဲ့အခါ ဝမ်းသာနေတာတော့ အမှန်ပါပဲ။ မြန်မာပြည်ကို April (၂)ရက်နေ့၊ နေ့ခင်း(၁၁)နာရီအချိန်တွင် ရောက်ရှိမှာဖြစ်ပြီး May (၁၅) ရက်နေ့ထိနေရမှာမို့ မြန်မာပြည်ရောက်တုန်း ဦးဇင်းရဲ့ အွန်လိုင်းမှာရေးထားသမျှ စာတွေနဲ့ ဂျာနယ်မှာ ရေးပေးတဲ့စာတွေကို ဓမ္မဒါန စာအုပ်ထုတ်ဝေပေးခဲ့ဖို့လည်း စဉ်းစားထားပါတယ်။ အဲဒါလည်း […]


မိဘတွေက သားဖြစ်သူပြည်ပမှာမို့ အကျိုးအကြောင်းသိရအောင် တစ်လတစ်ခါ ဖုန်းဆက်ပါဆိုတာနဲ့ မိဘများစိတ်ချမ်းသာအောင် ဖုန်းဈေးကြီးပေမဲ့လည်း တစ်လတစ်ခါတော့ ဆက်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ ရွာကိုဖုန်းဆက်တော့ အမေဖြစ်သူက ဖုန်းလာကိုင်ပါတယ်။ အရင်ကလည်း အမေဖြစ်သူပဲ သူသားရဲ့ဖုန်းလာရင် သူပဲကိုင်ပြောနေကြပါ။ ဒါပေမဲ့ ခုတစ်ခါကျတော့ မကျေနပ်သံတွေဖြစ်နေတဲ့ ဖခင်ဖြစ်သူက ဖုန်းကိုသူလည်းပြောမယ်ဆိုပြီး ဒီလိုလေး မကျေနပ်သံ အဖေ့သံကို ကြားလိုက်ရပါတယ်။ သားရေတဲ့။ ဗုဒ္ဓဘာသာဝင်သားသမီးတိုင်းဟာ ဖခင်ဖြစ်သူကို အနန္တဂိုဏ်းဝင် ကျေးဇူးရှင်၊ အမေကမွေး၊ အဖေကကျွေးတဲ့ ကျွေးဖခင်ဆိုပြီး အဖေ့တို့ကို ဂုဏ်ပုဒ်တွေ အများကြီးနဲ့ ပြောဆိုသတ်မှတ်နေကြတာကို အဖေအပါဝင် ဖခင်ဖြစ်သူတိုင်း ကြားသိနေရပါတယ်။ ဒါပေမဲ့ အဲဒီစကားဟာ သားတို့သားသမီးတွေရဲ့ ရင်ထဲက လှိုက်လှိုက်လှဲလှဲလာတဲ့စကားလား၊ ဒါမှမဟုတ် သူများပြောလို့ လိုက်ပြောနေကြတာလား။ အဖေကတော့ သားတို့သားသမီးတွေ လက်လွတ်စပယ် ပြောဆိုဂုဏ်ပြုတဲ့စကားပဲလို့ ထင်မိတယ်။ ဘာဖြစ်လို့ […]


ဦးဇင်းကို ဘာသာခြားများက လာလာမေးကြပါတယ်။ ဦးဇင်းအနေနဲ့ တခြားဘာသာတွေအပေါ်မှာ ဘယ်လိုမြင်သလဲတဲ့။ ဒါနဲ့ ဦးဇင်းလည်း ကောင်းတာလုပ်ရင် ကောင်းတာပြန်ခံစားရမယ်။ မကောင်းတာလုပ်ရင် မကောင်းတာပြန်ခံစားရမယ်။ ဒါဟာ အဓိကမိန်းဖြစ်ပေတယ်။ ဒါကြောင့် မိမိကောင်းတာလုပ်ဖို့နဲ့ ကောင်းတဲ့စိတ်ထားရှိဖို့သာ အဓိကဖြစ်တယ်လို့ လိုရင်းနဲ့ ဖြေပေးလေ့ရှိပါတယ်။ ဒါနဲ့ ခုအခါမှတော့ အကျယ်တဝင့် ဘာသာတိုင်းအတွက် အသုံးတည့်တဲ့အဖြေ ကို ဖြေပေးဖို့ရန် တောင်းဆိုသူတွေ များပြားလှတဲ့အတွက် အချိန်မရ၊ ပညာမတတ်၊ အသိပညာမကြွယ်ဝသော်လည်း တက်သိသမျှလေးကို ရသလောက်အချိန်လေးနဲ့ ဖြေဆိုပေးလိုက်ပါတယ်။ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်၊ ဘယ်ဘာသာမဲ့မဆို လိုက်နာကျင့်သုံးရမဲ့ အချက်က (၁၀)ချက်ရှိတယ်၊ မိမိမမြင်နိုင်သေးတာကို မယုံကြည်ဘူးဆိုရင်လည်း မိမိတို့မှာ ထောက်တည်ရာ(၄)မျိုးရှိတယ်။ အဲဒါတွေကိုသိရှိပြီး လိုက်နာကျင့်သုံးကြည့်ရန် လိုပါတယ်။ မိမိလိုက်နာကျင့်သုံး လေ့လာစမ်းသပ် လုပ်ဆောင်ပြီးသကာလ အကျိုးရှိတာကို ကျင့်သုံးရမှာဖြစ်ပြီး အကျိုးမရှိတာကို ပယ်ရပါမယ်။ […]


  အမေရိကန်အခြေစိုက် VOAသတင်းဌာနနဲ့ အရှင်ကောမလ(ခ)ဆန်နီနေမင်းတို့ရဲ့ အင်တာဗျုး အသံဖိုင်လေးပါ။ ဦးဇင်းအသံရော ဦးဇင်းဘာတွေ ဖြေပေးထားသလဲဆိုတာရော သိရအောင် နားထောင်ကြည့်ကြပေါ့လေ။ ဦးဇင်းလည်း တစ်ခါမှ ဖုန်းနဲ့ပြောပြီး အင်တာဗျုးမလုပ်ဖူးသေးသလို ဘာတွေပြောရမယ်ဆိုတာကိုလည်း စီစဉ်ထားခြင်းမရှိတော့ မိမိကိုရုတ်တရတ်မေးလာတဲ့အခါ စိတ်ထဲပေါ်လာတဲ့အတိုင်း ဖြေပေးလိုက်ရ ပါတယ်။ ဂျာနယ်တွေ၊ ဝက်ဆိုဒ်တွေ အင်တာဗျုးလုပ်ကြတာက အွန်လိုင်းကနေ မေးလ်တာဆိုတော့ စာပြန်ရေးတဲ့အခါ စဉ်းစားရေးလို့ရတာမို့ အစီစဉ်ကျနိုင်ပါတယ်။ ခုလို ဖုန်းနဲ့ပြောရတဲ့အခါကျတော့ အစီစဉ်တော့ မကျလိုက်ပါ။ သို့သော် သည်းခံပြီး နားထောင်ပေးကြပါလေ။ ဒါပြင် VOA ရဲ့ဝက်ဆိုဒ်ဖြစ်တဲ့ http://www.voanews.com/burmese/news/blogger/ မှာလည်း အမြဲတင်ထားပေးပါလိမ့်မယ်။ ဒီဆိုဒ်မှာ အမြဲဝင်ရောက်ကြည့်နိုင်ပါတယ်။ ကော်နရှင်ကောင်းရင်တော့ တိုက်ရိုက်နားထောင်ကြည့်နိုင်ပါလိမ့်မယ်။ ကော်နရှင်မကောင်းတဲ့နေရာကဆို Download ဆွဲကြည့်ကြပေါ့လေ။ အားလုံး အစစအရာရာ အဆင်ပြေပြီး ပန်းတိုင်ကို လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သပေးလျက်……။ […]


ဘာသာခြားကမေးရင်း ဘယ်လိုဖြေမလဲ အမေးအဖြေကိုဖတ်ရှု့ရပြီး ဘာသာခြားများမှ ဦးဇင်းအား သူတို့မရှင်းလင်းတာများ ထပ်မံမေးမြန်းလာသဖြင့် ဘာသာရေးဆွေးနွေးမှုများ ပြုလုပ်ပေးလိုက်ပါတယ်။ အနက်ရောင်များသည် ဦးဇင်းအရင်ဖြေထားတဲ့စာများဖြစ်ပြီး အပြာရောင်စာများသည် ထပ်မေးလာတဲ့ မေးခွန်းများ၊ အနီရောင်သည် ဦးဇင်းခုထပ်ဖြေပေးတဲ့စာများ ဖြစ်ပါတယ်။ ဖြေ။ ။ ကမ္ဘာမြေ၊ လ၊ နေ၊ လူစတဲ့အရာတွေဟာ လောကကြီးထဲမှာ ဖြစ်ပျက်နေတဲ့ သဘာဝတရားတွေမို့ တစ်စုံတစ်ယောက်မှ ဖန်ဆင်းထားတာ မဟုတ်ပါဘူး။ လောကမှာရှိတဲ့ အရာတွေဟာ အကြောင်းကြောင့် အကျိုးဖြစ်ပေါ်လာတဲ့ အရာတွေကြီးပါပဲ။ ရှေးယခင် အချိန်ကာလများစွာက နေ၊ လတို့ မဖြစ်ပေါ်သေးတာတွေ ရှိခဲ့ပါတယ်။ အဲဒီအခါတုန်းက နေလတို့ မရှိတဲ့အတွက် ကမ္ဘာလောကကြီးဟာ အမှောင်ထုကြီးပဲ တည်ရှိနေခဲ့ရတာပါ။ နောက်ပိုင်း တဖြည်းဖြည်းနဲ့ နေလတို့ ဖြစ်ပေါ်လာတဲ့အခါကျမှ ကမ္ဘာပေါ်မှာ အလင်းရောင်တွေ ဖြစ်ပေါ်လာခဲ့ ပါတယ်။ အဲဒီလို […]


အော် သတင်းသမားဆိုတာ သတင်းကိုပဲလိုက်နေတာမို့ အားလုံးကို လေ့လာနေတယ်ဆိုတာ ကိုယ်တွေ့ကြုံမှပဲ အံ့ဩမိတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းလို နာမည်ကြီး ဘလော့ဂါမဟုတ်တဲ့လူကို သူတို့သိရှိကြလို့ပါပဲ။ သူတို့သတင်းသမားတွေက သူတို့သိရုံတင်မကဘူး၊ အများသိအောင် ထုတ်လွင့်ပေးချင်ပါတယ်ပြီး ဦးဇင်းကို သူတို့သိချင်တာလေး အင်တာဗျုးသွားခဲ့ပါတယ်။ အမေရိကန်အခြေစိုက် VOAသတင်းဌာနမှ ကိုဇော်ဝင်းလှိုင်ကနေ 11.03.2012 ရက်၊ တနင်္ဂနွေနေ့၊ မြန်မာစံတော်ချိန် ည (၇)နာရီခွဲမှာ ဦးဇင်းဆီကို ဖုန်းဆက်ပြီး အင်တာဗျုးများ ပြုလုပ်လာပါတယ်။ ဦးဇင်းလည်း တစ်ခါမှ ဖုန်းနဲ့ပြောပြီး အင်တာဗျုးမလုပ်ဖူးသေးသလို ဘာတွေပြောရမယ်ဆိုတာကိုလည်း စီစဉ်ထားခြင်းမရှိတော့ မိမိကိုရုတ်တရတ်မေးလာတဲ့အခါ စိတ်ထဲပေါ်လာတဲ့အတိုင်း ဖြေပေးလိုက်ရပါတယ်။ ဂျာနယ်တွေ၊ ဝက်ဆိုဒ်တွေ အင်တာဗျုးလုပ်ကြတာက အွန်လိုင်းကနေ မေးလ်တာဆိုတော့ စာပြန်ရေးတဲ့အခါ စဉ်းစားရေးလို့ရတာမို့ အစီစဉ်ကျနိုင်ပါတယ်။ ခုလို ဖုန်းနဲ့ပြောရတဲ့အခါကျတော့ အစီစဉ်မကျဖို့က များပါတယ်။ အင်တာဗျုးအစီစဉ်ကိုတော့ နောက်လာမဲ့တနင်္ဂနွေ […]


မေး။ ။ အရှင်ဘုရား တပည့်တော် အစ္စလမ်နဲ့ဗုဒ္ဓဘာသာရဲ့ ခြားနားချက်မေးခွန်းအနည်းငယ်ကို သိလိုပါတယ်ဘုရား။ တပည့်တော်သူငယ်ချင်း အစ္စလမ်တစ်ယောက် ဗုဒ္ဓဘာသာနဲ့ပတ်သတ်ပြီး မေးတဲ့အခါ တပည့်တော်ရှင်းလင်းအောင် မဖြေပေးနိုင်တဲ့အရာတွေရှိနေလို့မို့ တပည့်တော်မေးတဲ့ မေးခွန်းများကို အင်္ဂလိပ်လို ပြန်ဖြေပေးစေချင်ပါတယ်ဘုရား။ ၁။ အစ္စလမ်ဘာသာဝင်တွေက ကမ္ဘာမြေ၊ လ၊ နေ၊ တိရစ္ဆာန်၊ လူစတဲ့အရာအားလုံးကို အလ္လာဟ်က ဖန်ဆင်းထားတယ်လို့ ပြောတယ်ဘုရား။ အဲဒါနဲ့ တပည့်တော်က ဗုဒ္ဓဘာသာမှာက ဘာပဲလုပ်လုပ် ကံကံရဲ့အကျိုးကြောင့် ဖြစ်တယ်။ ကံကံရဲ့အကျိုးတရားအတိုင်း ပြန်လည်ခံစားရတယ်လို့ ပြောတဲ့အခါ သူငယ်ချင်းက ဒါဆို ကမ္ဘာမြေ၊ လ၊ နေ၊ တိရစ္ဆာန်၊ လူစတာတွေဟာ ဘယ်လိုလုပ်ပေါ်ပေါက်လာသလဲလို့ မေးပါတယ်။ ဒါနဲ့ တပည့်တော်က မင့်တို့အလ္လာဟ်ကိုရော ဘယ်သူဖန်ဆင်းသလဲလို့ ပြန်မေးတဲ့အခါ သူက မသိဘူးလို့ ပြောပါတယ်။ သူက သူ့ဘာသာအကြောင်း […]