Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ငရဲထိန်းနဲ့ ယမမင်းအကြောင်း သိကောင်းစရာ

မေး။ ။ ဆရာတော်ဘုရား တပည့်တော် မသိတာလေးတစ်ခုမေးချင်ပါတယ်။ အပါယ်လေးဘုံမှာ ငရဲကျခံရမဲ့ ငရဲသားတွေကို လှံနဲ့ထိုး၊ သံရေပူထဲထည့်ကြော်၊ ဆူးပင်ပေါ်တတ်ခိုင်း၊ မီးတောင်ပေါ် တတ်ခိုင်းနေတဲ့ ငရဲထိန်းတွေဟာ ဘာအကုသိုလ်ကံကြောင့် အဲလိုငရဲမှာ လာသမျှငရဲသားတွေကို သတ်ပေးနေရတာလဲ သိချင်လို့ပါ။ စာအုပ်တော်တော်များများမှာ ငရဲသားတွေအကြောင်း ရေးထားပေမယ့် သူတို့အကြောင်းကို ရေးတာသိပ်မတွေ့လို့ သိချင်ပါတယ်ဘုရား။ အရှင်ဘုရား အချိန်ရရင်ဖြေပေးတော်မှုပါ။

 

ဖြေ။ ။ ပထမဦးဆုံး မေးခွန်းရှင်သိချင်တဲ့ ငရဲဘုံရောက်ရခြင်းအကြောင်းကို ပြောပြပေးပါမယ်။ ငရဲကို ဘယ်လိုကံကြောင့်ရောက်ရလဲဆိုတာကို မြတ်ဗုဒ္ဓသိမြင်တော်မူခဲ့တဲ့အတိုင်း ဒေဝဒူတသုတ်တော်မှာ ဟောခဲ့တာကို ဖော်ပြပေးရမယ်ဆိုရင် သတ္တဝါတစ်ဦးတစ်ယောက်သည် ကာယကံ၊ ဝစီကံ၊ မနောကံသုံးပါးတို့နဲ့ မကောင်းမှုပြုလုပ်ခဲ့၏။ အရိယာပုဂ္ဂိုလ်ကို စွပ်စွဲပြစ်မှားခဲ့၏။ မှားသောအယူ၏။ ထိုမှားသောအယူဖြင့် မကောင်းမှုတွေကို ပြုလုပ်၏။ ထိုသို့သောသူများသည် သေလွန်လျှင် ငရဲသို့ ကျရောက်ရလေ၏။ ဒါက ငရဲဘုံကို ရောက်ရခြင်းအကြောင်းကံတွေကို မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့အတိုင်း ရေးသားတင်ပြပေးလိုက်တာပါ။

 

ငရဲဘုံတွင် ငရဲသူ ငရဲသားများ အမျိုးမျိုးခံရပုံတို့ကို နိမိဇာတက (နေမိဇာတ်)၊ ဒေဝဒူသုတ်၊ အင်္ဂုတ္တရ တိကနိပါတ စသည်တို့၌ ပါရှိပါတယ်။ ပါဠိတော်များဖြစ်၍ ဘုရားဟော ဖြစ်ပါတယ်။ ယင်းပါဠိတော်များ၌ပင် တမေနံ ဘိက္ခဝေ နိရယပါလာ နာနာဗာဟာသု ဂဟေတွာ၊ နိရယပါလာ ပဉ္စဝိဓဗန္ဓနံ နာမ ကမ္မကရဏံ ကရောန္တိ-စသည့် ဟောတော်မူချက်များကို ထောက်ဆကြည့်ရင် ငရဲထိန်းများရှိသည်မှာ ထင်ရှားပါတယ်။ ယင်းငရဲထိန်းတွေဟာ နိရယ သံဝတ္တနိက ကမ္မတောဟိ အညေနေဝကမ္မုနာ တေ နိဗ္ဗတ္တန္တိ။ ရက္ခသဇာတိကတ္တာ-ဟု အင်္ဂုတ္တရအဋ္ဌကထာ ဒေဝဒူတသုတ် အဖွင့်တို့တွင် တွေ့ရှိချက်အရ ငရဲထိန်းသတ္တဝါများမှာ ဘီလူး ရက္ခိုသ် အမျိုးဇာတိများဖြစ်၍ ငရဲ၌ သွားရောက်ဖြစ်စေသောကံကြောင့် ငရဲတွင် ငရဲထိန်းဖြစ်၍ ငရဲသူ ငရဲသားများအား နှိပ်စက်နေကြကြောင်း ဖွင့်ဆိုထားပါတယ်။

 

အဲဒီတော့ ငရဲထိန်းဆိုတာ စတုမဟာရာဇ်နတ်မျိုးဝင် နတ်ဘီလူး နတ်ရက္ခိုသ်များဖြစ်ပြီး သူတို့ရဲ့အလုပ်မှာ အနည်းငယ်သောအကုသိုလ်ဖြင့် ငရဲကျရောက်လာသူများကို ယမမင်းထံပို့ပေးခြင်း၊ ငရဲသို့ရောက်ပြီးသူများကို သင့်လျော်တဲ့ မကောင်းမှုအလျှောက် ပြုလုပ်ဆောင်ရွက်ပေးရပါတယ်။ ဒါပြင် လက်မရွံ့အာဏာသားများကဲ့သို့ ရက်စက်ကြမ်းကြုတ်စွာ သတ်ပုတ်ရိုက်နှက်ခြင်းတို့လည်း ပြုလုပ်ပေးရပါတယ်။ ငရဲမီးစသော အန္တရာယ်တွေဟာ ကံကြောင့်ဖြစ်ရသော ကမ္မပစ္စယ ဥတုဇရုပ်များဖြစ်ရကား ငရဲခံမည့်သူ၌သာပူလောင်၍ ငရဲထိန်းတို့မှာ ပူလောင်ခြင်းမရှိပါ။

စတုမဟာရာဇ်နတ်တို့တွင် အပါအဝင်ဖြစ်တဲ့ ဝေမာနိက ပြိတ္တာမင်းကို “ယမမင်း” ဟုခေါ်ပါတယ်။ ထိုယမမင်းဟာ တစ်ခါတစ်ရံ နတ်စည်းစိမ်ကိုခံစားပြီး တစ်ခါတစ်ရံ မကောင်းမှုကံ အကျိုးကို ရိုးရိုးသာမာန်ပြိတ္တာများကဲ့သို့ ခံစားရရှာပါတယ်။ ယမမင်းဆိုတာကလည်း တစ်ဦးတစ်ယောက်တည်းမဟုတ်ဘဲ အများကြီးရှိပါတယ်။ လူ့ဘုံတွင် လုပ်ငန်းအတွက်၊ စည်းဝေးအတွက် ရုံးထိုင်ကြသလို ယမမင်းများလည်း ငရဲဘုံရဲ့ တံခါးလေးဖက်တို့၌ ရုံးစိုက်ကြပြီးလျှင် ငရဲရောက်လာသူများကို စစ်ဆေးမေးမြန်းခြင်း ပြုလုပ်ကြပါတယ်။

 

ငရဲသို့ ရောက်လာသူတိုင်းကို စစ်ဆေးမေးမြန်းခြင်း ပြုလုပ်ကြတာတော့ မဟုတ်ပါဘူး။ မကောင်းမှုအကုသိုလ်ကြီးမားသူများကတော့ တစ်ခါတည်းငရဲသို့ ကျခံရပါတယ်။ ကုသိုလ်ကောင်းမှုများပြီး အနည်းငယ်သော မကောင်းမှုလေးကို အာရုံပြုမိလို့ဖြစ်စေ၊ သတိလက်လွတ်ဖြစ်လို့ဖြစ်စေ ငရဲသို့ရောက်လာသူများအား ငရဲမှလွတ်လိုလွတ်ငြားအနေအားဖြင့် ယမမင်းထံ အစစ်အဆေးခံခွင့်ရပြီး ကောင်းမှုကုသိုလ်များသူဆိုရင် ငရဲမှလွတ်ပြီး ကျန်တဲ့သင့်လျော်ရာဘုံဌါနများကို ရောက်ရှိခံစားရပါတယ်။ ဒါကြောင့် ယမမင်း၏စစ်ဆေးမှုမှာ အပြစ်ရှာလို၍မဟုတ်။ လွတ်သင့်ကလွတ်ခွင့်ရစေလိုသောကြောင့် ယမမင်းက စစ်ဆေးပေးခြင်း ဖြစ်ပါတယ်။ ယခုခေတ်အလိုဆို အယူခံရုံးမင်းများနဲ့ အလားတူပါတယ်။ အဲဒီတော့ ယမမင်းဆိုတာ တရားစောင့်တဲ့ မင်းကောင်းမင်းမြတ်လို့ ပြောနိုင်ပါတယ်။

 

ဒီလောက်ဆိုရင်တော့ ငရဲဘုံဖြစ်ရခြင်း၊ ငရဲထိန်းဖြစ်ရခြင်း၊ ယမမင်းဖြစ်ရခြင်းနဲ့ သူတို့အကြောင်းတို့ကို နားလည်လောက်ပြီ ထင်ပါတယ်။ ငရဲသားများ ဘယ်လိုဆင်းရဲဒုက္ခခံစားရသလဲ၊ ယမမင်းက ဘယ်လိုစစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်သလဲဆိုတာတွေကတော့ စာဖတ်ဝါသနာပါသူဆိုရင် ဖတ်မှတ်ပြီးသားဖြစ်မှာမို့ သိနေလောက်ပါပြီ။

 

ဦးဇင်း မြန်မာပြည်မှာ ဟောကြားခဲ့တဲ့တရားများကိုလည်း ထပ်မံ၍ ဦးဇင်းဆိုဒ် http://www.sanninaymin.com/ မှာ တင်ထားလိုက်ပါပြီ။ အရင်တင်ထားတဲ့ ဗွီဒီယိုများက ရုပ်ဝါးနေလို့ ခုထပ်မံပြီး နည်းပညာအသစ်နဲ့ ပြန်လည်တင်ထားသဖြင့် ရုပ်ကြည်လင်စွာနဲ့ ကြည်ချင်ပါက ထပ်မံ၍ ဒေါင်းလော့ဆွဲယူလို့ ရပါပြီ။

 

စာဖတ်ပရိသတ်များအားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာကာ ချမ်းသာမှုခံစားရာအမှန်ကို ရောက်ရှိအောင်ပြုလုပ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်……။

 

အရှင်ကောမလ(ခ)ဆန်နီနေမင်း

sanninaymin@gmail.com

http://www.sanninaymin.com/

Colombo, Sri Lanka

 

10 comments

  • cum min

    June 19, 2012 at 3:56 pm

    ဟုတ်တယ်…..ငရဲ….ငရဲ….ကြောက်စရာပဲ….

  • Nyein Nyein

    June 19, 2012 at 4:18 pm

    အရှင်ဘုရား ( ရဟန်းပုံတွေ့၍ အရှင်ဘုရားဟုပင်ခေါ်လိုက်ပါသည်။)

    အဲဒီ့ ငရဲထိန်းတွေကရော ငရဲသားတွေကို နှိပ်စက်တဲ့အတွက် သူတို့မှာကော အပြစ်ပြန်ခံရတာမျိုးမရှိဘူးလားဘုရား။ ဖြေကြားပေးစေလိုပါသည် အရှင်ဘုရား။

  • mocho

    June 19, 2012 at 4:49 pm

    ဗဟုသုတ ရကြောင်း ပါဘုရား။ တပည့် တော် ကတော့ ကုသိုလ် ကောင်းမှု လုပ်ပြီးတိုင်း ယမမင်း ကို မမေ့ မလျော့ ထည့် ပြီး အမျှ ဝေလေ့ ရှိပါတယ်။ ယမမင်းကို တပါးတည်း ရှိတယ် မှတ်နေတာ၊ အများကြီး ရှိမှန်း ခုမှ သိပါတယ် ဘုရား။
    တပည့် တော် တောင်းတဲ့ သင်္ကန်း တောင်း ကို မေးလ်ပြန်ပို့ ပေးတဲ့ အတွက် ကျေး ဇူးတင်ကြောင်း ထပ်လောင်း လျှောက်တင်ပါရစေ။

  • ဇောက် ထိုး

    June 19, 2012 at 5:22 pm

    တပည့်တော် အသိမရှင်းသည့် ဘာသာရေးမေးခွန်းများကို ဒီမန်းဂေဇက်ကနေ မေးခွင့်ရှိ..မရှိ သိလိုပါသည် ဘုရား။
    ငရဲဆိုတာ နိရယ..ဆိုတဲ့ ပါဋ္ဌ်ကနေဆင်းသက်လာတယ်လို့ဖတ်ဖူးမှတ်ဖူးပါတယ်ဘုရား။ နိရယ.. နိ..အယ.. ချမ်းသာကင်းတဲ့ အရပ်လို့လဲ ကြားဖူးဖတ်ဖူးပါတယ်ဘုရား။ မှန်ပါသလားဘုရား။

    • Nyein Nyein

      June 19, 2012 at 6:06 pm

      ကိုဇောက်ထိုးရေ ……….
      ဆရာဝင်လုပ်တာတော့မဟုတ်ပါဘူး။ ငြိမ်းလည်း အဲဒီ့လိုဖတ်ဖူးပါတယ်။ နိရယ ကနေ ကာလကြာလာတော့ အဆင့်ဆင့်ပြောင်းပြီး ငရဲလို့ဖြစ်လာတယ်ကြားဖူးပါတယ်။
      အရှင်ဘုရားမှ သေချာအောင် ဖြေကြားပေးလျှင်ပိုအဆင်ပြေပါသည် ဘုရား။

  • ဇောက် ထိုး

    June 19, 2012 at 5:25 pm

    တပည့်တော် အသိမရှင်းသည့် .. သို့မဟုတ် သိလိုသည့် မေးခွန်းများကို ဒီမန်းဂေဇက်ကနေ မေးလိုပါသည် ဘုရား.. မေးလို့ ရ..မရ.. သိလိုပါသည်ဘုရား။

    ငရဲ ဆိုတာ ပါဠိလို နိရယ..ကနေ ဆင်းသက်ပြောင်းလဲလာတယ်။ နိရယ မှ နိရဲ… ငရဲလို့ဖြစ်လာတယ်လို့ ကြားဖူးပါတယ်ဘုရား။ နိရယ.. နိ..အယ.. မြန်မာလိုပြန်ရင် ချမ်းသာကင်းတဲ့ အရပ်လို့ သိရပါတယ်ဘုရား။ မှန်ပါသလားဘုရား။

  • Ko out of...

    June 19, 2012 at 5:59 pm

    ရတနာမြတ်သုံးပါးကို စော်ကား ပြစ်မှားလို ခြင်းမဟုတ်ပါဘုရား…

    ဘုရားပြောထားတဲ့ ကာလာမ သုတ္တန်မှာ ဟောကြားထားတဲ့ အချက် (၁၀) ထဲက ငါဘုရားရဲ့ စကား

    ဘဲဆိုပြီး မယုံ လိုက်နဲ့ ဦးဆိုတာ တွေ့ဖူးလို့ အခုလို လွတ်လွတ် လပ်လပ် သံသယရှိခွင့် ပြုပါဘုရား..

    မည်သူကိုမှ ပျက်စီးစေလိုသည့် စိတ်နှင့် ပြောခြင်းမဟုတ်ပါ ဘုရား..

    တပည်တော်လည်း Buddha အဆုံးအမနှင့် ဘဝတွင် ကျင့်သုံးနေထိုင် သူပါဘုရား…

    – ငရဲဆိုတာ တကယ်ရှိမရှိ တပည့်တော် တော် တော်သံသယ ဖြစ်မိတာကတော့ အမှန်ပါဘုရား..

    အရင်ခေတ်တုံးက လူတွေ မတိုးတက်ခင် နတ်ပြည် ငရဲပြည် အကြောင်းပြော ရင် လူတွေတော်တော် ယုံ

    ကြည်ကြပေမဲ့ နောက်ပိုင်းလူတွေက သိပ်မယုံတာများတယ်ဘုရား…မယုံဘူးဆိုတာလည်း ခေတ်အရကို

    ကလူတွေ လပေါ်လည်းရောက်ပြီ…ကမ္ဘာမြေရဲ့ အချင်းဘယ်လောက်ရှိတယ်…ဆိုတာလည်းသိနေတယ်..

    အဝီစိငရဲဟာ ယူဇနာ ဘယ်လောက်ရှိတယ် ဆိုတာကို တွက်ချက်ရင် ယခုကမ္ဘာမြေရဲ့

    အနေအထားနဲ့လွှဲ ချော်

    တာတို့… မြင့်မိုရ်တောင် အမြင့် ယူဇနာ နဲ့ ဒီကမ္ဘာမြေရဲ့ လုံးပတ်နဲ့ ဘယ်လိုမှ မဖြစ်နိုင်တာတွေ

    အိမ်ဝင်းက ၅ဝ ပေပတ်လည်ဘဲရှိတယ်.. အိမ်ကို ၆ဝပေ နဲ့ဆောက်မယ် ဆိုပါတော့…ဒါဆို ၅ဝပေ အပေါ်ဖေါင်းဒေးရှင်း ချလို့ မရနိုင်ပါဘူး ဘုရား?..

    – နတ်ဆိုတာလည်း…အဘိဓမ္မာမှာ စတုမဟာရာဇ်နတ်ဆိုရင် လအပါအဝင် တခြားဂြိုလ် မှာ စတုမဟာရာဇ် နတ်ဘုံ ရှိတယ်လို့ ပြောတယ်..ဒါဆို

    ယနေ့ လူတွေ လပေါ်ရောက်နေပြီ အခုထိ ဘာတခုမှ မတွေ့ရပါဘူးဘုရား?..

    နောက် – တပည့်တော် ကြားဖူးတဲ့ အပါယ်ဆိုတာ အာပါယ ဖြစ်ပြီး ချမ်းသာမှုကင်းတယ် လို့ကြားဖူးတယ်ဘုရား..

    လောဘ၊ဒေါသ ဖြစ်တဲ့ လူဟာ ဘယ်လိုမှ ချမ်းသာနိုင်မှာ မဟုတ်ပါဘူး ဘုရား…ဒါအပါယ် ငရဲကျတာနဲ့ အတူတူဘဲ လို့ ပြောတာကို နောက်ကလူတွေက အနက်ဖွင့် မှားရာကနေ ကနေ့ဆိုရင် ငရဲကို မြေကြီး

    အောက်က ငရဲ့ လို့ဘဲ ထင်နေကြတယ် မဟုတ်ဘူးလားဘုရား..
    ဘီလူးမှန်ရင် မျက်တောင် မခတ်ဘူး လို့ ကြားဖူးတယ်ဘုရား..ဒေါသ ဖြစ်တဲ့ လူဟာ မျက်တောင် မခတ်ဘူး
    ဒါ ဘီလူးဘဲ လိုတပည့် တော်ထင်ပါတယ်ဘုရား?…

    တပည့်တော် ကြားဖူတာလေးပါ ဘုရား.. ခရစ်ယာန် ဘုန်းကြီးတွေ တွေ့ဆုံပွဲ တခုမှာ ..
    ဘုန်းကြီးလေးပါက ငါတို့ ဟောပြောနေတဲ့ ထာဝရ ဘုရားဆိုတာကောင်းကင် ဘုံမှာရှိတယ် ဆိုပြီး ဟောပြောနေတာ ကနေ့ အထိ အစအန ဘာတခုမှ မတွေ့ရဘူး..ဒါကြောင့် ငါတို့ ထာဝရ ဘုရားကို
    မရှိဘူး လို့ပြင်ရင် မကောင်းဘူးလား လို့ပြောတော့ ကျန်တဲ့ ခရစ်ယာန်ဘုန်းကြီး နှစ်ပါး က မပြောင်းချင်တာနဲ့ အစီအစဉ် ပျက်သွား တယ်လို့ကြားဖူးတယ်..

    -အခုလည်း မမြင်ရတဲ့ အပေါ်အောက် ရှေ့နောက်ကို ဟောပြောတာ လူတွေက အခုထိ အစအန ဘာတခုမှ
    မတွေ့လို့…ရိုးရာ အစဉ်အလာမှာ များဒို့တတွေ နှစ်မွန်းနေသလား လို့ တပည့်တော် လွတ်လွတ်လပ်လပ် သံသယ ဖြစ်မိတာပါဘုရား..ကျေးဇူးတင်ပါတယ် ဘုရား…

  • သားဦး၊မြေးဦး

    June 19, 2012 at 7:01 pm

    အရှင်ဘုရား ခင်များ ကိုအောက်အော့ဖ်က နှိုက်ချွတ်မေးနေပါပီ။တပည့်တော်လဲ စိတ်ဝင်စားပါသည်။
    ဖြေပေးစေချင်ပါ၏။

  • မောင်ပေ

    June 19, 2012 at 8:30 pm

    မှန်လှပါ ။ ကျေးဇူးကြီးမားလှကြောင်းပါ ဘုရား

  • ကြောင်ကြီး

    June 20, 2012 at 8:14 am

    ကျေးဇူးကြီးမားလှပါသည် အရှင်နေမင်းကြီး..။ တပည့်တော်လို အထက်နတ်ဘုံသို့သွားမည့် သူတော်ကောင်းများရော ဝါသနာပါလျင် ငရဲထိန်း၊ ယမမင်း အချိန်ပိုင်းလုပ်ခွင့် မရနိုင်ဘူးလားဘုရာ့။ ဘီလူး ရက္ခိုသ် ပြိတ္တအမျိုးဇာတ်တော့ မဖြစ်လိုပါ သို့သော် ငရဲကျလာမည့် မိုးပြား၊ ပစ်စုတ်ပံ၊ ရုပ်ကြမ်း၊ ဇိမ်ဝါဒီများကို ကိုဘေးနွားကင်သကဲ့သို့ ကိုယ်တိုင်ကိုယ်ကျ ကင်လိုပါသေးသည်။ 👿

Leave a Reply