Shin Thant MayMarch 9, 20151min1719
အဖေဆိုတဲ့အသံကိုကြားလိုက်ရုံဖြင့်လူတိုင်းရင်မှာ ခွန်အားတွေပြည့်သလို လုံခြုံသွားသလိုခံစားရမှာပါ။အဖေနဲ့ပါတ်သက်ပြီးတော့ခံစားချက်ကလေးတော့ရှိကြမှာပါ။ ဒီကမ္ဘာလောကကြီးထဲမှာ ကျေးဇူးတရားတွေကြီးမားတဲ့ပုဂ္ဂိုလ်ကိုပြပါဆိုလျှင်အမေအပြင် အဖေကလွဲအခြားမရှိပါဘူး။ အမေ့ရဲ့မေတ္တာတရားတွေဟာတန်ဘိုးကြီးမားသလိုအဖေရဲ့ကြီးမားခိုင်ခံ့တဲ့မဟာတံတိုင်းကြောင် သားသမီးတွေဘဝလုံခြုံခဲ့သည်။ အမေ့ရဲ့မေတ္တာပန်းကလေးကြောင့်ပန်းကလေးတွေဝေဆာခဲ့သလို အဖေရဲ့ပျိုးထောင်မူကြောင့် လောကမှာဖူးပွင့်ဝေဆာလှပတဲ့ပန်းကလေးတပွင့်ဖြစ်လာသည်။ကမ္ဘာမှာတန်ဘိုးအကြီးမားဆုံးအရိပ်ကတော့ အဖေ့အရိပ်ပါပဲ။ဒါပေမယ့်ခေါ်ခွင့်မရှိတော့ပြီ။ အဖေ သမီးကိုထားခဲ့တာ(မတ်လ ၂ရဆို ၁၂)နှစ်ပြည့့်ပြီအဖေ။ကျမဖေဖေစိတ်ကင့ါရင်သွေးလေးတွေ လူလားမမြောက်သေးခင်အထိ ငါဟာသူတို့လေးတွေရှေ့က မားမားမတ်မတ် ရပ်တည်ရှိနေဖိုလို့သည်။မိဘရင်ခွင့်မှာ ခိုလုံရင်းမိဘရဲ့မေတ္တာတရားအရိပ်အောက်မှာ ငါ့သားသမီးတွေပျော်ရွှင်နေရမည်။အရွယ်ရောက်လို့အိမ်ဆိုတဲ့ မိဘအရိပ်ကို ခြေစုံကန်ပြီး ဘဝကိုမဖြတ်သန်းခင် ငါ့သားသမီးတွေမပူမ ပင်စေရဘူး။ .မိသားစုလေးရဲ့ အဆင် ပြေမှု အဆင်မပြေမှုတွေဟာ ငါ့တာဝန်တွေ ငါ့သားသမီးလေးတွေရဲ့ ဘဝလုံခြုံမှု အနာဂါတ်ဘဝလေးတွေ သာယာဖြောင့်ဖြူးရေးတွေကို ငါကြိုးပမ်းရမည်။ဖေဖေကကိုယ့်အတွက်မစဉ်းစားစိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့အခြေအနေ စားဝတ်နေရေးပြေလည်ဖို့နဲ့ ဘဝလူနေမှုအဆင့်တိုးတက်အောင် သားသမီးတွေအတွက်အမြဲရုန်းကန်းလှုပ်ရှားသည်။ငါ့ရင်သွေးငယ် များအတွက်ငါ့မှာပေးနိုင်တာချမ်းသာမူမရှိ ငါ့မှာပေးနိုင်တာဆိုလို့ ငါတတ်မြောက်ထားတဲ့ အသိပညာအမွေပဲရှိသည်။တနေ့တချိန်မှာငါ့သားသမီးများသည် အဖေထက်ခြေတလှမ်းပိုသာနေရမည်။ ပေးဆပ်သူတို့နှလုံးသားပိုင် ရှင်ဖေဖေဖေဖေရဲ့မေတ္တာတရားဟာ စုန်ရေပါ။သားသမီးတွေရှေ့ကနေ အမြဲရင်ဆိုင်ဖြေရှင်းဖို့ အသင့်ရှိသူပါ။. အမှားအမှန်ခွဲခြားတတ်အောင် လမ်းမမှားအောင် စိတ်ဓါတ်ကောင်းသူများဖြစ်အောင် အတုယူစရာ […]