thantzinhtutJune 4, 20101min830
* စိတ်စေတနာကောင်ကောင်းထားကြပြီး * ဇွဲကောင်းကောင်းထားကြက * သဘောာထားကြီးကြီးမားမားထားကြပြီး ဆောင်ရွက်ပါမှ အရာရာအောင်မြင်မည်။ ချမ်းသာခြင်း၏အကြောင်းတရားလေးပါး * ရအောင်ရှာ * လုံအောင်သိမ်း * မျှအောင်သုံး * ပတ်ဝန်းကျင်ကောင်းနှင့်ပေါင်း ပျက်စီးခြင်းအကြောင်းတရားလေးပါး * ပျက်လျှင်မပြင် ၊ ပျောက်လျှင်မရှာ၊ ဗရဖွာသုံး ဉာဏ်တုံးသူအား အမှူးထား လေးပါးပျက်စီးကြောင်း ချမ်းသာခြင်းအကြောင်းတရားလေးပါး * မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ၊ ခုလဲချမ်းသာ၊ နောင်ချမ်းသာ မြတ်စွာဟောမြွက်ကြား။ သုတပဒေသာ ဥစ္စာရှိမှ မှီခိုရာ၊ အရံအတားရှိမှ ပြည့်စုံရာ၊ ဝယ်တတ်မှရသည်၊ ရောင်းတတ်မှမြတ်သည်၊ လက်ဘ်ရှိမှပေးနိုင်သည်။ အထိန်းရှိမှ ဥစ္စာပွားသည်။ အရင်းကြီးမှအမြတ်များသည်။ အသွင်အပြင်ရှိမှ လူရိုသေမည်။ အနေအထိုင်ကျစ်လစ်မှ ချစ်ခင်သနားသည်။ အရည်အသွေးရှိမှ အောင်သည်၊ အခွဲအခြမ်းရှိမှ စေ့စပ်သည်။ သဒ္ဓါလွန်လျှင် […]


thantzinhtutMay 16, 20101min877
၁၅.၅.၂၀၁ဝ ၊ ရန်ကုန်မြို့၊ လှိုင်မြို့နယ် ၊ ၆ မိုင်ခွဲနဲ့ ကန်လမ်းအနီး ၊ အင်းယားကန်ဘောင် တစ်လျှောက် အမည်မသိ စိတ္တဇလူသတ်ကောင် တစ်ဦး မှ စနိုက်ပါတစ်လက် ဖြင့် ရမ်းကားစွာ ပြစ်ခတ်သွားတယ်လို့ သတင်းကြားသိရပါတယ်။ အဆိုပါ ပစ်ခတ်မှုမှာ ညနေ ၆းဝဝ ကျော် မှောင်ရီဝါးအချိန် မှာ မှုခင်း စတင်ဖြစ်ပွားခဲ့သည်ဟု အနီးပတ်ဝန်းကျင် ဈေးသည်တစ်ဦးဖြစ်သူ ကိုမျိုးလှိုင်ဝင်းမှ ပြောကြားခဲ့ပါသည်။ ”ကျွန်တော် က ရေသန့်ဘူး၊ အအေးရောင်းတဲ့ ဈေးသည်တစ်ယောက်ပါ။ ဒီနေ့ ကျွန်တော် ဈေးရောင်းနေတဲ့အချိန် ပစ်ခတ်သံကြားရလို့ ပစ္စည်းတွေ ပစ်ချပြီး ထွက်ပြေးခဲ့ပါတယ်” ကျွန်တော်လိုပဲ ကောင်မလေးတွေလည်း ဖိုးသိုးဖပ်သပ် စတိုင်တွေနဲ့ ထွက်ပြေးသွားခဲ့ကြတာ တွေ့ပါတယ်။ ပစ်ခတ်သံကြားပြီး နောက်ငါးမိနစ်လောက်အကြာမှာ ကျွန်တော်ပြန်စဉ်းစားမိတာက မနက်ဖြန် […]