thit minOctober 20, 20114min34425
ဘဝတွင် အကြိမ်ကြိမ် လဲကျဘူးသူတယောက်ဖြစ်သော်လည်း လဲတိုင်းပြန်ထခဲ့ပါသည်။ လွန်ခဲ့သော ၅ နှစ်ကျော် လောက် က လဲကျခြင်းကတော့ စိတ်ရော လူပါ တကယ်ကြီးလဲကျခဲ့ခြင်းပါ။ ကံကြမ္မာနှင့်လောကဓံ၏ အထုအထောင်းတွင် သစ်မင်း တာရှည် လဲကျမနေဘဲ၊ ယင်းဒုက္ခများကမိမိကို “သစ်” သွားစေခဲ့သည်။ ရှင်တော်မြတ်ဘုရားရှေ့မှောက်ရောက်ခဲ့ရသည်။ မိမိနေသောမြို့တွင် မြန်မာပြည်မှာလာရောက်ကျောင်းထိုင်နေသောဆရာတော်ထံ ရောက်သည်။ ယခင်လည်း ရံဖန်ရံခါရောက်ပါသည်။ယခုတကြိမ်တွင်ယခင်သတိမထားမိသောအရာများသတိထားမိသည်။ ဆရာတော်၏ကျောင်းတွင် ခင်းထားသော ကော်ဇောများ ဟောင်းနွမ်းလှပေပြီ။ ဆရာတော်၏တရားကိုနာရသည်။ တခြားတရားစကားများကို မမှတ်သားမိ ဆရာတော်  ပြော၊ဟောသည့်အထဲက အရင်ကထက်ခုပိုလို့ ကမ္ပဌာန်းရှူလို့ရပြီ ဒကာလေးရဲ့ ဂေါပက အဖွဲ့က တရက်စာ စရိတ်ပေးပြီး ဘုန်းဘုန်းက ကိုယ်ဟာကိုယ်ချက်စားရတာလေ။ အသားတွေ၊ငါးတွေ ဝယ်လာရော၊ ချက်ဘို့လုပ်တော့ အသေကောင်တွေပါလားဆိုပြီး တရားမှတ်လို့ရသွားတယ်။ ချက်တာတော့မချက်ဖြစ်တော့ဘူးပေါ့။ အခြောက်အချမ်းလေးနဲ့ ဒီလိုဘဲပြီးလိုက်တယ်၊ ဆိုတဲ့စကားက    ရင်ကိုလာမှန်သည်။ ဘုန်းကြီးပြောလိုတာကတရားသဘော၊ ကိုယ်မြင်လိုက်ရတာကဗုဒ္ဓဘာသာဝင်ဘုန်းကြီးတပါးရဲ့ဒုက္ခ။ ဒါနဲ့ […]


thit minOctober 19, 20111min31819
လိုချင်ဆန္ဒ လွန်ပြင်းပြ၍ အတ္တကိုရင်း ကြိုးစားရင်းမှ မယွင်းမုချ အောင်မြင်ရသော် ငါ”တော်”လေခြင်း ဆေးသားသွင်းမိ အတ္တပန်းချီ ရုပ်သွင်ပီရင်း အလျင်းမငြီး -ခရီးဆက်ခဲ့။   လိုချင်တဲ့စိတ် အိပ်မရဘူး အထူးတွေးခေါ် များထက်တော်သည် ငါနော်လူသား ဇမ္ဗူရှားဟု အတ္တပန်းပု ငါဆစ်ထုရင်း အလျင်းမငြီး -ခရီးဆက်ခဲ့။   ရလေရလေ အိုတစ္ဆေမို့ လိုနေတာလေး ထပ်ဖြည့်ပေးရင်း စီးဆင်းအတ္တ လှပစာစီ တေးနှယ်သီရင်း ဆိုငြီးရင်းနဲ့ အလျင်းမငြီး -ခရီးဆက်ခဲ့။   ဪ…………….. အတ္တပန်းချီ ငါ ဆေးစီခဲ့ အတ္တပန်းပု ငါဆစ်ထုခဲ့ အတ္တသီချင်း ငါအသက်သွင်းခဲ့ ယဲ့ယဲ့တွေးကြည့် မိသည့်မုန်တိုင်း အတ္တလှိုင်းမှာ လိုက်ပါလွင့်မြော မမောနိုင်သေး (ဟာ) ခပ်ဝေးဝေးမှာ သူတကာတို့ စွန့်လို့ကိုယ်ကျိုး ဘဝမျိုးမျိုးထဲ လဲကျသူထူ ပူသူကိုအေး […]


thit minOctober 18, 20112min33232
***ပြီးပြည့်စုံပြီးသူများကို မရည်ရွယ်ပါ။ ကြိုးစားလုပ်ကိုင်နေပါလျှက် ကိုယ့်ဘဝကိုယ်အားမလို၊အားမရဖြစ်နေရသော မိတ်ဆွေတို့အတွက်လက်ဆောင်ဖြစ်ပါသည်။*** တာတိုမှာခွန်အား တာလတ်မှာအဆုံးအဖြတ် တာဝေးမှာစိတ်ဓာတ်လို့ ဆရာခမ်းလိတ်ကရေးခဲ့တယ်။ ကိုထီးဆိုခဲ့တယ်။ ဆက်ပြီးတော့ အဲဒီသီချင်းမှာဘဲ ရွှေဆုလဲမမက်မော ငွေဆုလဲမမက်မော “ရေ” တခွက်ဘဲ စိတ်စောလို့ ဆက်ရေးထားပြန်တယ်။  ဟုတ်တယ် ခုလူလတ်ပိုင်းဆိုတော့ “ဘဝတာဝေးပြေးပွဲ” တော်တော်ပြေးခဲ့ပြီ၊ ခရီးပေါက်ခဲ့သလားဆိုတော့ အင်း….အတန်အသင့်ပေါ့လို့ဘဲ ဖြေနိုင်မည်။ ပန်းတိုင်ရောက်ပြီလားလို့မေးလာရင်တော့ ပြတ်ပြတ်သားသား ဖြေလိုက်စရာ အင်အားမရှိ။  တာဝေးအပြေး တွင်ရှိအပ်သော “စိတ်ဓာတ်” က ပန်းတိုင်ကို လွယ်လွယ်မရောက်နိုင်သောအခက်အခဲများနှင့် ကိုယ်ရောစိတ်ပါပင်ပန်းမှု များက ရွှေဆု၊ငွေဆု၊ဆိုသောပန်းတိုင်ထက် ရောက်ရာနေရာတွင် ရပ်တန့်နားလိုက်ချင်သောစိတ်= ရေတခွက် ကိုသာ စိတ်စောမိသည်က လက်တွေ့။  ဪ လက်ရှိဘဝကိုမကြေနပ်နိုင်သော ဒါမှမဟုတ် ကြေနပ်စရာကောင်းသောအနေအထား တွင် ရောက် မနေသော လူလတ်ပိုင်းအသက်အရွယ်များ၏ စိတ်အကြပ်အတည်း Midlife crisis ဟုခေါ်သည်ပေါ့။ […]


thit minOctober 14, 20111min43234
***မည်သူ့ကိုမှ မရည်ရွယ်ပါ၊ တိုက်ဆိုင်မှုရှိလျှင် စဉ်းစားပါ။*** သောကြာနေ့လို တရက်ကတော့ ကိုယ့်ကျောင်းမဟုတ် တဲ့ မြို့နဲ့နည်းနည်းဝေးတဲ့တခြားကျောင်း တခု ကိုသွားရတာလေ။ မနက်စောစောအိပ်ရာထရ တယ်။ ရထားက ၂ဆင့် ကား ၁ ဆင့်၊ နေရာကတော့ လှတယ်ဗျား။တောတောင် တွေကြားက စက်မှုတက္တ္တသိုလ်။ အဲဒီလို မသွားခင် မနက်စောစောကို ထမင်းစားလို့ မရလို့ဘာမှ မစားဖြစ်တာများတယ်ပေါ့။ အဲ ပြန်လာပြီး မြို့ထဲ ရောက်ပြီဆို မွန်းလွဲ 1:00 နာရီထိုးခါနီး ဆိုတော့ ဘယ်ပြောကောင်းမလဲ၊ဆာ သလားမမေးနဲ့။ အဆင်က တော်တော် ပြေတာနော်၊ အဲဒီ လို ပြန်ရောက်နေကြနေရာ မှာ အဝစား 650 (ဘူဖေးလို့ခေါ်ချင်လဲခေါ်ပေါ့၊ ဒီမှာကဗိုက်ကင်း လို့ ခေါ်တာလေ) အင်ဒီယား ဆိုင် ရှိတယ်။ ထမင်း […]


thit minOctober 13, 20111min1319
သစ်ပင်ဆိုတာ အခက်ကိုမချိုး၊ ရိုးတဲ့သူ အခက်ကိုချိုး၊ ဆိုးတဲ့သူ ဘယ်သူဘဲဖြစ်စေ ရန်လဲ မငြိုး စိတ်မဆိုး အရိပ်မိုးလို့ အကျိုးပြုတယ်………….။ မြစ်တစင်းဟာ ကျောပေါ်စီးနင်း အပြစ်ကင်းသူ မကင်းသူ ဘယ်သူဘယ်ဝါ ဖြူဖြူမဲမဲ တူတူဘဲမှတ် မပြတ်စီးဆင်း လုပ်ကျွေးခြင်းနဲ့ တန်ဖိုးတခု အကျိုးပြုတယ်…………။ သစ်ပင်နဲ့မြစ် လူကိုချစ်လဲ ခုတ်လှဲသစ်ပင် ငွေကိုခင်လို့ လောဘပုဆိန် အကြိမ်ကြိမ်သုံး တောင်ကတုံးရုပ် သစ်ငုတ်မြေကပ် ဝိဉာဉ်ပြတ်ပြီ…….။ သစ်ပင်နဲ့မြစ် လူကိုချစ်လဲ ပိတ်ဆို့မြစ်ပြင် ငွေကိုခင်လို့ လောဘတံတိုင်း အပိုင်းပိုင်းဖြတ် လည်ပြတ်မြစ်ပြင် အသက်ငင်ပြီ ……။ သစ်ပင့်ဝိဉာဉ် မြစ်ပြင်လည်ပြတ် အသက်ဓာတ်ကို ဒို့လိုလူသား ကျေးဇူးစားက ထောက်ထားငဲ့ညှာ တခါပြန်ကြည့် သတိရှိကယ်မ ဝိုင်းဝန်းကြ၍ သက်ငွေ့မြစ်ရေ စီးဆင်းလေပြီ နောက်သည်မကြာ ရုပ်နာတောင်ကတုံး သစ်ပင်ဖုံးမည် မဝေးပြီအနာဂတ် သည်အရပ်မှာ […]


thit minOctober 12, 20111min36128
ဝါကျွတ်အမှီလေးပါ။ ~~~~~~~~~~~~~~~~~~~~~~~~~~~ ကျေးငှက်သာရကာတို့၏သာယာနာပျော်ဘွယ်အသံတို့ကိုကြားနေရသည်။တချက်ချက်စူးစူးဝါးဝါးအော်လိုက်သောမျောက် တို့၏အော်သံ၊ခပ်ဝေးဝေးစီမှတောကောင်တို့၏ဟိန်းသံတို့ကဤနေရာသည်တောကြီးမျက်မဲဖြစ်ကြောင်းထောက်ခံနေပုံ။ နင့်နင့်နဲနဲလှမ်းရသောချေလှမ်းတို့ဖြင့်လူတယောက်ကတောကိုတိုးနေသည်။တောဟုဆိုသောလည်းတောင်တန်းငယ်တခု၏ ခပ်နိမ့်နိမ့်တောင်ကုန်းလေးဖြစ်၍အားစိုက်တက်နေရသည်လူခြေသံကြား၍လှစ်ကနဲဖြတ်ပြေးသွားသော ယုန်တကောင်ကိုကြည့်လိုက်ရင်းကျောပေါ်မှအရာကိုနေသားကျအောင်ပြင်လိုက်သည်။ ဟုတ်သည်။ကျောပေါ်မှာအရာတခု။အနီးကပ်ကြည့်လိုက်တော့စောင်နှင့်ပါတ်ကာပိုးထားသော လူတယောက်။သေသေခြာခြာကြည့်လိုက်တော့”အမေအို”တယောက်ပါလား။ မောပန်း၍ကျလာသောသူ့သားလူရွယ်၏ချွေးတို့ကိုအမေအိုကသူလည်ပင်းတွင်ပါတ်ထားသောတ ဘက်ငယ်နှင့်သုပ်ပေးသည်။”သားရေ နားပါအုန်းလားကွယ်” ဟုပြောသည်။ သားက ဘာစကားမှ မတုန့်ပြန်။ အမေအို ၏အရေးအကြောင်းများလှစွာသောမျက်နှာပေါ်မှာ ချွေးစို့နေချင်းကားမရှိသော်လည်းတောက်ပမှုနည်းနေပြီဖြစ်သောမျက်ဝန်းတို့တွင်ကားမျက် ရည်စို့လို့နေသည်။ဤတောဤတောင်ဤနေရာသို့မိမိနှင့်မိမိသားတို့ပျော်ပွဲစားခရီးလာခဲ့ခြင်းမဟုတ်။သားကလိုက်ခဲ့ပါဟုတခွန်းပြောပြီးကျောပေါ်တင်ခေါ်လာခဲ့သည်သာ။ သို့သော်မိမိဒီခရီးကိုသိသည်။မနေ့ကညကစောစောအိပ် ပျော်သွားခဲ့သည်ကတကြောင်း၊အသက်ကြီးလာ၍အအိပ်အနေနည်းလာသည်ကတကြောင်း စောစောနိုးနေသည်။အိမ်ပေါ်ထပ်တွင်အိပ်နေသောသားနှင့်သူ့ဇနီးတို့၏တီးတိုးပြောသံများ ကိုမကြားတချက်ကြားတချက်ကြားရသည်။ စကားလုံးပီလိုက်မပီလိုက်နှင့်နောက်ဆုံးဘာဆိုလိုသည်ကိုသိရပြီ။ သို့ဆို လျှင် မိမိလည်းလုပ်စရာရှိတာလုပ်ရပေဦးမည်။အဝတ်နှင့်ချုပ်ထားသော်အိပ်ကလေးကို ယူလိုက်သည်။အိမ်အောက်သို့အသံမကြားအောင်ဆင်းသည်။အိမ်အောက်တွင်တစုံတရာကို အဝတ်အိပ်ထဲထည့်သည်။ မိုးလဲလင်းတော့မည်ဟုတွေးနေတုန်း သားကလာခေါ်သည်။ အမေလိုက်ခဲ့ပါသားနဲ့ တဲ့။ ဟုတ်ပြီ၊ပြင်ဆင်ထားသောအဝတ်အိပ်လေးကိုယူသည်။ လည်ပင်းတွင်ပါတ်နေကျတဘက်လေးကိုပါတ်သည်။ အဆင်သင့်ဖြစ်နေသောလှည်းကိုတွေ့ရသည်။လှည်းပေါ်တွင်သားကဘာစကားကိုမှမဆို။ တဖြည်းဖြည်းရွာနှင့်ဝေးခဲ့ပြီ။တောတောင်များနှင့်သာယာလှသည်ဟုတွေးနေတုန်း လှည်းရပ်သွားသည်။သားကစောင်တထည်ကိုမိမိကျောမှာလာပါတ်ပေးပြီးသူ့ကျောပေါ်တက်ခိုင်းသည်။ ကုန်းပိုးပြီးတောထဲသို့တဖြေးဖြေးလျှောက်နေသောသား၏ကျောပေါ်တွင်လိုက်လာခဲ့ရသည်ပေါ့။ အင်း လာခဲ့ကြတာနေ့ဝက်ခန့်ရှိပြီပဲ။ တောလည်းတော်တော်နက်ခဲ့ပြီလေ။ ရုတ်တရက်သားဖြစ်သူကခြေလှမ်းများကိုရပ်လိုက်သည်။ ပြီးတော့သူ့ကိုအောက်ကိုခဏဆင်းရန်ပြောသည်။ မိမိအောက်ဆင်းချိန်တွင်သားအတွက်မိမိထည့်ယူလာခဲ့သောစားစရာအထုပ်ကလေးနှင့် ဝါးကျည်ထောက်ငယ်မှရေကိုတိုက်သည်။မိမိပေးသည့်အစားကိုစားပြီးရေကိုသောက်ပြီးသောသားကမိမိကိုတချက်ကြည့်သည်။ ဘာမှမပြော။နောက်တခါထပ်ကြည့်သည်။ဒီတခါတော့ မိမိ မျက်နှာကိုကျော်ပြီးနောက်သို့ကြည့်ခြင်း။ ပါးစပ်အဟောင်းသားဖြစ်သည်။ ရုတ်တရက်ထအော်သည်။ “ဟာ” “ခင်ဗျား၊ ခင်ဗျား” […]


thit minOctober 8, 20113min1317
[ရွှေစံချိန်စံနစ်ဆိုရာဝယ်မှာသူကြီးပေးတဲ့ကော်မန့်ကိုထပ်ရှင်းချင်လို့ (၂)လုပ်လိုက်ရပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ ဆက်ပြီး(၃)တော့မလုပ်တော့ပါဘူးသူကြီးခင်ဗျား၊လေးစားပါသည်။] သူကြီးကော်မန့်ထဲကဒီဝေါဟာရလေးတွေကိုရှင်းလင်းပေးပါမယ်။ပြီးတော့ကျနော်ပြောပြချင်တာလေး ပြောပြပမယ်။ The supply of money goes up. The supply of goods goes down. Demand for money goes down. Demand for goods goes up. supply of money ဒါမှမဟုတ်  money supply ဆိုတာ စီးပွါးရေးဈေးကွက်ထဲမှာလည်ပတ်နေတဲ့ ငွေတွေပါ။ငွေသား(Cash)နှင့်အတူ Credit Card တွေအပါအဝင်ဘယ်လိုငွေကြေးကိုကိုယ်စားပြုတဲ့အထောက်အထားမဆိုပါဝင်ပါတယ် ဒါပေမဲ့အဲဒါတွေကဈေးကွက်မှာလည်ပတ်နေရမှာပါ။ မလည်ပတ်ဘူးဗျာ။သိမ်းထားမှာလို့ခင်ဗျားပြောမလား။အိုကေ!အဲဒီလိုသိမ်းထားပြီဆိုရင်Demand for  money ဖြစ်သွားပါပြီ။လူတဦးဖြစ်တဲ့ခင်ဗျားတင်မကပါဘူး။ဘဏ်တွေကလဲရီဇာ့ဗ်ဆိုပြီး သိမ်းထားတာပါပဲ။အလွယ်ပြောရရင်အပေါ်နဲ့ဆန့်ကျင်ဘက်ဈေးကွက်မှာမလည်ပတ်နေဘူးဆိုတဲ့ ငွေကြေးတွေပါ။ အောက်က၂ ခုကတော့သိကြမယ်ထင်ပါရဲ့။ The supply of goods goes down. […]


thit minOctober 8, 20111min1317
{ပထမတော့ကိုနေဝန်းနီးကိုကော်မန့်ရေးနေတာပဲ၊ နောက်တော့ရေးရင်းနဲ့ဆွေးနွေးစေချင်လို့ပို့စ်ဖြစ်သွား ပါတယ်၊ } ရွှေစံချိန်စံနစ်(gold standard)ကို၁၈၁၃ ခုနှစ်ဂရိတ်ဗြိတိန်မှာ စခဲ့ပြီး၁၈ရာစုအလယ်လောက်က ဥရောပမှာကျင့်သုံးရင်းကနေ တဖြည်းဖြည်းပြန့်နှံ့လာခဲ့ရာက၊ ၁၉၃ဝခုနှစ်ရဲ့ (စူးအက်တူးမြောင်းအပြီးမှာဝယ်မဲ့သူမှန်းပြီး ပစ္စည်းတွေစွပ်ထုတ်တာကစတဲ့)ကမာ္ဘစီးပွါးပျက်ကပ် ကြောင့် အဲဒီတကြိမ်(ကျင့်သုံးနေခဲ့တဲ့ဥရောပနိုင်ငံ)တချို့က မကျင့်သုံးခဲ့တော့တာရှိခဲ့ပါသေးတယ်။ ၁၉၄၄ ခုနှစ်မှာဘရိုက်တန်ဝုဒ်(Bretton Woods, New Hampshireမှာကျင်းပခဲ့တာပါ) သဘောတူညီချက်နဲ့အပြည်ပြည်ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့(International Monetary Fund- IMF) ကိုထူထောင်ခဲ့ပါတယ်။ ၁၉၄၆ခုနှစ်မှာ ကုန်သွယ်ရေးလိုအပ်ချက်အရအမေရိကန်ဒေါ်လာကိုချိတ်ဆက ်(Peg)ပြီး၊ ရွှေကိုပုံသေ တန်ဖိုး(fix) ထားတဲ့ရွှေစံချိန်စံနစ်ကို အဲဒီတုန်းကလက်မှတ်ထိုးခဲ့ကြတဲ့ ၄၅ နိုင်ငံက သဘောတူခဲ့ကြပါတယ်။ ၁၉၄၇ ခုနှစ်မှာအဲဒီဘရိုက်တန်ဝုဒ်ကပဲဂတ်(General Agreement on Tariffs and Trade-GATT)ကိုထူထောင်ခဲ့ပြီးအဲဒီ (GATT)အဖွဲ့ကြီးကပဲ ၁၉၉၅ ခုနှစ်မှာ (World Trade Organization- WTO) ရယ်လို့ဖြစ်လာတာပါ။ ရွှေစံချိန်စံနစ်က အားသာချက်တွေရှိပေမဲ့အားနည်းချက်တွေများခဲ့တဲ့စံနစ်တခုပါ။ အားနဲချက်များစွာထဲကထင်ရှားတာ တခုကိုပြောရရင်တူးလို့ရတဲ့ရွှေပမာဏဟာနိုင်ငံတကာ […]


thit minOctober 2, 20111min31637
မှတ် (၁) တွေးမိတာရေး ဂေဇက်သူဌေးး ပွိုင့်များပေးသည်မှတ်။ (၂) အရွှီးကောင်းကောင်း အဖောကောင်း ‘အပေါင်း’ရမည်မှတ်။ (၃) မန့်ချင်ရာမန့် တနံ့နံ့ မဆန့်’နှုတ်’မည်မှတ်။ (၄) ဟောက်စား၊ခြောက်စား လူလည်များ ရွာသား ဗြင်းမည်မှတ်။ (၅) ညီညွတ်စွာတွေး ရွာ့အရေး တို့အရေးလို့ပင်မှတ်။ (၆) ဟိုအဆင်၊ဒီအဆင် အချာပင် ရွာတွင်မရှိမှတ်။ (၇) ဟိုရောက်ဒီရောက် ကိုကိုပေါက် ဒုတ်ထောက်”ရိုက်”မည်မှတ်။ (၈) လူသာမကနော် ကြောင်တွေပျော် အတော်”အော်”သည်မှတ်။ (၉) သူဖဲ့ကိုယ်ဖဲ့ ကြုံသူဖဲ့ ရွာရဲ့သူကြီးမှတ်။ (၁၀) ရေးမိရေးရာ ကျွန့်ကဗျာ ဟာသလို့သာမှတ်။ (^^)အပြစ်ကင်းစွာချစ်ချင်းဖြာတဲ့၊ကျနော်သစ်မင်းရဲ့ကဗျာ(^^)


thit minOctober 2, 20111min29522
တကယ်ကခုတလောသစ်မင်းလဲလျှော်လို့မရအောင်ကိုညစ်နေတာပါပဲလေ။ ဒါနဲ့ဟာသတွေဖတ်၊  ပြန်ရေး၊ စိတ်ဖိစီးမှုတွေဘာတွေပြန်ရေးနဲ့ကိုယ်ဟာကိုပြန်သွေးရတာပေါ့ဗျာ။ မန်းဂေဇက်လိုရေးစရာတနေရာရှိတာကတော့၊ ရေငတ်နေသူရေသန့်စက်ရုံပိုင်လိုက်သလိုပါပဲ၊ တော်တော်ကျေးဇူးကြီးတဲ့ဦးခိုင်ဗျ။ ကျနော်ဒီလိုပဲရိုးရိုးသားသားမြင်တယ်။ ဘာအကန့်မှမပါဘူး။ အစဉ်အလာမပျက်ဂေဇက်ကိုလဲဖတ်တယ်ပေါ့ဗျာ။ အဲဒီမှာဘာတွေ့လဲဆိုတော့ ခုတလော အပူဝေ့ဗ်(အပူလှိုင်း)တွေအများစုတွေ့နေသလိုပဲဗျာ။ ဧရာဝတီကလဲပူစရာကိုးဗျနော်။ ထိုင်းနယ်စပ်ကကလေးမလေးများကလဲ သနားစရာတော်တော်ကောင်းတာမဟုတ်လား။ တခုခုထလုပ်ပေးချင်စိတ်ပေါက်သွားအောင်ကိုသနားစရာပါ။ ဘာသာရေးငြင်းခုံပွဲလဲရှိပါသေးတယ်။ ကိုယ်ယုံကြည်ကိုးကွယ်ရာဆိုတော့ အထိမခံနိုင်ကြတာသဘာဝကိုး။ ကောင်းပါတယ်။ ငြင်းတဲ့အထဲကဗဟုသုတတွေ တလှေကြီးရတယ်။ ကိုယ်ကိုကိုယ်ဘာသာရေးပြောနိုင်တယ်လို့ထင်တဲ့သစ်မင်း တောင်”သေး” သွားတယ်။ နောက်တခုကတော့ဟိုပုံဒီပုံတွေနဲ့ပို့စ်တွေပါ။ ဆယ်လစ်ဘရစ်တီ ဝက်ဆိုက်တွေမှာမြင်နေကြတဲ့ပုံဟောင်း သစ်တွေစာစောင်မျက်နှာဖုံးတွေ အွန်လိုင်းကဟိုနားဒီနားက ပုံတွေကိုဒီမှာလာ၊ တင်တာများတယ်လို့ထင်ပါရဲ့။ မန်းဂေဇက်အဖွဲ့သားများကလဲ အားပေးကြပါတယ်ဗျာ။ အဲဒီအရင်တရက်ကဦးစွာ တင်ထားတဲ့ဗိုလ်ချုပ်အောင်ဆန်းအကြောင်းပို့စ်မှာကော်မန့်တခုမှမရသေးခင်၊ အဲဒီဓာတ်ပုံပို့စ်မှာကော်မန့်၁၅ခုကျော်သွားပါလားမင်းကြီးများ(^^;)…. ဟောလာပါပြီနောက်တခုတီရှပ်နဲ့ဘိုသီဖတ်သီစတိုင်နဲ့ပဲ ပတ်စ်စပို့ကိုဖတ်ကနဲကောင်တာပေါ်ပြစ်တင်ပီး, အနောက်ကကောင်တွေနိုင်ငံတကာ အဲပိုတ်တွေမှာ အင်မီဂရေးရှင်းကိုခပ်မှန်မှန်ဆက်ဆံနေချိန်မှာအနီရောင်စာအုပ်ကိုင်မြန်မာ များကတော့ရီလဲပြရ စစ်ဆေးမေးမြန်းတာတွေကိုလဲ သီးခံရသေးဆိုတဲ့ အနေအထားမျိုးမှာ”ဂျပန်မတယောက်ကိုမုဒိမ်းကျင့်သတဲ့၊ သတ်သတဲ့”။ ဂျပန်အစိုးရဆိုတာမြန်မာအစိုးရအဆက်ဆက်ကိုေ ထာက်ခံခဲ့တာနော်။ ဘယ်သူမှဘာအကူညီမှမပေးချိန်မှာတောင်သူရဲ့ပုံမှန်ထောက်ပန့်ကြေးဒေါ်လာတသန်းကို မပျက်မကွက်ပေးနေခဲ့တာ။ ဒါကတပိုင်း။ နောက်တခုကလူသတ်ပြီး ပစ္စည်းယူတာဆိုနားထောင်လို့ရသေးတယ်။ […]


thit minSeptember 30, 20111min20913
ဆယ်မိနစ်အတွင်း (Stress)စိတ်ဖိစီးမှု ပျောက်နည်း လူတို့သည်အခြေခံစားဝတ်နေရေးပြည့်စုံရန်၊ ပိုမိုတိုးတက်သောဘဝတခုတည်ဆောက်နိုင်ရန် တိုးတက်သောခေတ်နှင့်အမှီလိုက်ရန် ပညာရေး၊ စီးပွါးရေး၊ လူမှုရေးကိတ်စများနှင့် ရှုပ်ထွေးလှစွာအတွေးများ၊ လုပ်ငန်းဆောင်တာများ၊ ရစရာပေးစရာကိတ်စများ၊ ပြဿနာများ၊ အမှုအခင်းများ၊ ဒေါသဖြစ်စရာများ၊  စိတ်အလိုမကျစရာများ၊ ဖြင့်(ရုတ်တရက်ဖြစ်ပေါ်သောစိတ်ခံစားနေရမှုမျိုးမဟုတ်ပဲ )တဖြေးဖြေးအနည်ကျလာသော ပုံစံမျိုးဖြင့် စိတ်ဖိစီးမှုတခုခုရှိလာတတ်ကြသည်။ စိတ်ဖိစီးမှုမပြေပျောက်နိုင်ခြင်းမှာ စိတ်ဖိစီးမှုကိုဖြေဖျောက်ဖို့ အချိန်မပေးနိုင်လောက်အောင် အလုပ်များနေခြင်းလဲအကြောင်းရင်းတခုဟု ကျနော်ကိုယ်တွေ့အရပြောဆိုလိုပါသည်။  ကိုယ်ကိုတိုင်လဲများပြားလှသော လုပ်ငန်းတာဝန်များကြားတွင်မကြာခဏဆိုသလိုဒီပရက်ရှင် အဆင့်မရောက်သော်လည်း (စိတ်အားထက်သန်စွာအလုပ်လုပ်လေ့ရှိသော) ကိုယ်ကိုယ်ကိုပြန်”ရှာ”လို့မရအောင်၊ စိတ်ဖိစီးမှုများခံစားရပါသည်။  သို့နှင့်ရီးဒါးဒိုင်ဂျက်စာစောင်(၂၀ဝ၄ဖေဖော်ဝါရီလထုတ်) အဟောင်းလေးတအုပ်ဟိုလှန်ဒီလှန်နှင့် (အများအားဖြင့်တော့ဟာသပဲဖတ်တာပါ ဒီမန်းဂေဇတ်မှာခဏခဏ အဲဒီဟာသတွေ ဘာသာပြန်ရေးခဲ့တာသတိပြုမိကြမယ်ထင်ပါတယ်) ဖတ်ကြည့်ရင်းစာတပုဒ်ကို စိတ်ဝင်စားသွားမိသည်။ ရေးသူက Peter Jaret ဆိုသူ။  “ဆယ်မိနစ်အတွင်းစိတ်ဖိစီးမှု ပျောက်နည်း(Stress Free in 10 Minutes )” တဲ့။  ခုနှစ်ချက်ရှိသည်ဟုဆိုသည်။ လေ့လာကြည့်ကြတာပေါ့ဗျာ။ ကိုယ်နဲ့အသုံးတဲ့ရင်သုံးရတာပေါ့။  သူပေးထားတဲ့ခုနစ်ချက်ပေါ်ကနေ ကျနော်ဆွေးနွေးကြည့်မယ်နော်။  1.ခဏလေးဘာမှမစဉ်းစားပါနဲ့ […]


thit minSeptember 29, 20111min32219
လူမှုရေးနယ်ပယ်တွင်လိုက်လျှောညီထွေပေါင်းသင်းပြီး၊ အလိုက်အထိုက်နေလေ့ရှိသောကျနော်သည်လူမှုရေးကောင်းသည်ဟူ ပြောရန်မဝံ့ရဲသော်လည်းလူမှုရေးညံ့သူမဟုတ်သည်ကိုတော့ရဲဝံ့စွာအာမခံနိုင်ပါသည်။ သို့သော် ကျနော် “ကြောင်မှုရေး”တွင်ကားလွန်စွာညံ့ကြောင်းဝန်ခံရပေမည်။ နားရှုပ်သွားပါသလား? ရှင်းပါမည်။ လူ့လောကအသိုင်းအဝိုင်းတွင်ကိုယ်နဲ့အယူအဆမတူသူများနှင့်ပြောဆိုငြင်းခုံကြရသည်မှာသဘာဝပင်ဖြစ်သည်။ ဘွဲ့လွန်သင်တန်းများ၏ဆီမီနာများ၊ (Academic meeting)အကယ်ဒမစ်မီတင်များ၊ ရှေ့နေများ၏အချေအတင်ပြောဆိုငြင်းခုန် ဆွေးနွေးကြသည်မှာရန်ဖြစ်တော့မည်ထင်ရလောက်အောင်ဖြစ်တာမျိုးပင်ရှိသည် လွှတ်တော်အစည်းအဝေးများတွင်ထရိုက်ကြ ထထိုးကြ၍ပွဲဆူကုန်သည်မျိုးလည်းသတင်းများတွင်တွေ့ဘူးသည်။ အစည်းအဝေးခန်းများတွင်ဘဲဥပုံဒါမှမဟုတ်လေးထောင့်စပ်စပ်စားပွဲများခင်းထားရခြင်းမှာတယောက်နှင့် တယောက်ထမဌိုးနိုင်ရန်ဖြစ်သည်ဟုဆရာမောင်စူးစမ်း၏ စာတပုဒ်တွင်ဖတ်ဖူးသည်။ မည်သို့ပင်ဆိုစေကာမှုလူအချင်းချင်းဖြစ်၍အယူအဆမတူငြင်းခုန်မှုလောက်နဲ့တော့အခင်မင်မပျက်နေနိုင်ကြပါသည်။ အငြိုးအတေးအာဃာတရှိသည်ဆိုဦးတော့မိမိကိုယ်တိုင်ဝန်ချတောင်းပန်မှုဒါမှမဟုတ်ကြားဝင်ဖြန်ဖြေပေးမှုနှင့်ပြေလည်သွားနိုင်ပါသည်။ ကျနော့မှာကား အကြောင်းတိုက်ဆိုင်၍နိုင်ငံရပ်ခြားသို့ရောက်ခဲ့ရသည်။ စရောက်ခါစဖြစ်သဖြင့်အားလပ်ချိန်မျကြည်(TV) ကြည့်သည်ကများသည်။ တနေ့(TV)အစီအစဉ်တခုမှကြောင်လေကြောင်လွင့်များအ ကြောင်းပြသည်။ (Narrator)သတင်းနောက်ခံပြောသူကလဲအပြောကောင်းလှသည်။ ဤနိုင်ငံတွင်ကြောင်လေကြောင်လွင့်တသိန်း ခွဲခန့်ရှိမည်ဟုခန့်မှန်းကြောင်းဆိုပါသည်။ သူတို့၏နေထိုင်သွားလာပုံကိုတင်ပြသောမှတ်တမ်းရုပ်ရှင်ကိုပြပါသည်။ ဘော့စ်ဟု (Narrator)ကနာမည်ပေးထားသောကြောင်လေကြောင်လွင့်တကောင်၏နယ်မြေသတ်မှတ်ပိုင်ဆိုင်ပုံ၊ မယားယူထားပုံ၊ ကြောင်တို့၏ အသက်၁၅နှစ်ဆိုသည်မှာလူသားတို့၏အသက်၆၀ ကျော်အရွယ်နှင့်အတူတူဟုယူဆနိုင်ပုံ၊ စသဖြင့်စိတ်ဝင်စားစရာကောင်းလှသည်။ ဤသို့နှင့်သထိထားကြည့်မိတော့မိမိနေသောအိမ်နားတွင်လည်းကြောင်လေကြောင်လွင့်များစွာရှိကြောင်းတွေ့ရသည်။ တပတ်နှစ်ကြိမ်အမှိုက်သိမ်းစံနစ်အရတညကြိုပစ်ထားကြသောအမှိုက်ကန်လေးထဲမှ အမှိုက်တို့ကိုမွှေနှောက်ရှာဖွေစားသောက်နေ ကြသောကြောင်အများအပြားတွေ့ရသဖြင့်စိတ်တွင်အကြံတခုဖြစ်မိသည်။ စူပါမားကက်များတွင်ကြောင်စာအိတ်များတွေ့ဖူးသည်။ အဲဒါဝယ်ကြွေးရလျှင်သူတို့လဲစားရမည်၊ အမှိုက်တွေလဲမပွနိုင်တော့ဟုစဉ်းစားမိသည်။ သို့နှင့်မိမိနေသောအခန်းက၂ ထပ်၏ကော်ရစ်ဒါထောင့် ဆုံးဖြစ်နေ၍အဆင်ပြေစွာပင်ကြောင်စာခွက်၊ ရေခွက်များချပြီးမနက်တကြိမ်၊ ညအိမ်ပြန်လာချိန်တကြိမ်အစာထဲ့ရေထဲ့ကြွေးဖြစ်တော့သည်။ ဤအိမ်တွင်(၁၂) နှစ်ကျော်နေခဲ့သဖြင့် ၁၂ နှစ် ဤအလှူခံပုဂ္ဂိုလ်တို့အားဒါနပြုခဲ့သည်။ ကြောင်များအားလုံးလာစားပုံရပါသည်။ […]


thit minSeptember 28, 20111min1689
အိမ်ကနေ ဆရာဝန်ကဦးဖက်ကိုအကြံပေးသည်။ အန်ကယ်တနေ့ကို ၅ မိုင်ပြေးပါ၊ရက်၃၀ဝ ပြေးပြီးရင် ပေါင်၇ဝကျော်ကျဘို့ကျနော်အာမခံပါတယ်။ သို့နှင့်ဦးဖက်က တရက်လျှင် ၅ မိုင်နှင့်ရက်ပေါင်း ၃ဝ ကြာပြေးပြီးနောက်၊ဆရာဝန်အာမခံသည့်အတိုင်း ၇၂ ပေါင်ကျသွားကြောင်းရီပို့လုပ်သည်။သို့သော်သူတွင်တခြားပြဿနာတခုရှိနေကြောင်းရီပို့တွင်ပါလေရာ၊ဆရာဝန်ကဖုန်းဆက်မေးရလေသည်။ ဘာဖြစ်လို့လဲဗျ? ဟုမေးသောဆရာဝန်ကိုဦးဖက်ဖြေလိုက်တာက ကျနော်ဆရာပြောတဲ့အတိုင်းတနေ့၅ မိုင် ပြေးခဲ့တာ ခု ကျနော်အိမ်နဲ့မိုင် ၁၅၀ဝ ဝေးတဲ့နေရာရောက်နေလို့ပါဆရာတဲ့။ ထိုသုံးယောက် တနေ့မှာ လူသုံးယောက်ပန်းခြံတခုရဲ့ခုံရှည်တခုမှာအတူထိုင်နေကြတယ်။ အလယ်ကလူကသတင်းစာဖတ်နေပြီးဘေးကနှစ်ယောက်ကငါးမျှားနေတဲ့ပုံမျိုး၊ငါးမျှားတံကိုလှန်းပစ်လိုက်၊အစာတပ်၊ ငါးမျှားချိတ်ကငါးဖြုတ်လိုက်ပုံစံမျိုးလုပ်နေတယ်တဲ့၊(တကယ်ကလက်ထဲမှာဘာမှမရှိဘူးပေါ့လေ) အဲဒီအချိန်မှာပန်းခြံစောင့်ရဲတယောက်ကထူးခြားတဲ့အဲဒီ၂ ယောက်ကိုသတိထားမိသွားပြီး၊အလယ်ကသတင်းစာဖတ်နေတဲ့လူကိုသွားမေးတယ်။ “ဟေ့လူ ဘေးကနှစ်ယောက်ကအခြေအနေမကောင်းဘူးနော်၊ခင်ဗျားရှောင်ထွက်သွားရင်ကောင်းမယ်ထင်တယ်” အလယ်ကလူက “ဟုတ်ကဲ့ပါခင်ဗျာ” ဟုပြောလိုက်ပြီး၊”လှေ”လှော်သကဲ့သိုလက်နှစ်ဘက်ကိုဟန်ပါပါလွှဲရင်းထွက်သွားပါရောတဲ့။ ပထမ မဖြစ်ချင်ပါ ပျင်းရိနေသောအလုပ်သမားများကိုအလုပ်ရှင်က အလုပ်ရှင်။  ။ဟေ့ ဒီမှအလုပ်လုပ်လို့သေတဲ့မသာမရှိဘူးကွ၊ အလုပ်သမား။ ။ဟုတ်တော့ဟုတ်ပါတယ်၊ဒါပေမဲ့ကျနော်ကတော့အလုပ်လုပ်ရင်းသေသွားတဲ့ပထမဆုံးလူမဖြစ်ချင်ပါဘူး။ ကြည့်မယ်လေ အလုပ်သမားများ၏အကျင့်စာရိတ္တနှင့်ပတ်သက်၍အလုပ်ရှင်ကစစ်ဆေးနေသည်။ အလုပ်သမားတယောက်ကိုအလုပ်ရှင်ကမေးလိုက်သည်။ “မင်းငါမရှိတုံးငါအိမ်ရောက်သွားတယ်ဆိုပါစို့ကွာ၊ငါ့မိန်းမကမင်းကိုပြောမယ်၊အိမ်ထဲဝင်ထိုင်ပါအုန်း၊ မင်းတို့အလုပ်ရှင်ငါ့ယောက်ျားလဲနောက်၂နာရီကျော်လောက်မှပြန်ရောက်မှာလို့ပြောမယ်ကွာ၊မင်းဘာလုပ်မလဲ” အလုပ်သမားရဲ့အဖြေက”ဆရာမိန်းမဓာတ်ပုံကြည့်ပြီးမှဖြေပါရစေခင်ဗျာ” ရှက်စရာလား တရားသူကြီး။     ။မောင်မင်းဒီရုံးတော်ကိုရောက်တာ ၃ကြိမ်ရှိပြီ၊မရှက်ဘူးလား? တရားခံ      […]