သူရႆဝါAugust 11, 20101min520
“ကမ္ဘာနှစ်ထပ်” “သွားတော့မယ်နော် ..” လို့ နှုတ်ဆက်တဲ့အသံကို မကြားလိုက်ရဘူး (ဒါမှမဟုတ်) နှစ်ခါကြားလိုက်ရတယ် အရောရောအထွေးထွေး … ကိုယ်တို့နှစ်ယောက်ဟာ တစ်ယောက်တည်းဖြစ်သွားရင် သိပ် …. ကောင်းမှာပဲကွယ်။ “ဆက်ဆက် … ပြန်လာခဲ့မယ်နော်” ဆိုတဲ့ ကတိစကားဟာ တုန်ခါဝေဝါးလို့၊ ကိုယ် အခါခါကြားယောင်နေမိ နှစ်ခါကြားလိုက်ရတဲ့ နှုတ်ဆက်စကားနဲ့ ကတိကဝတ်လေး ကိုယ့်အပြန်လမ်းက နှစ်မျိုးရှိတယ် သစ်ရွက်အနွမ်းလေးကြွေကျသွားတာ၊ တစ်ယောက်တည်းဖြစ်ဖြစ်နေတာ၊ အိပ်လို့လည်းမပျော်ဘဲ အိပ်မက်မကောင်းတာ၊ မွေးနေ့ဆုတောင်းသံလေး အနားမှာရှိမနေပေးတာ၊ နေ့တိုင်းတနင်္လာ နှစ်ခါ .. နှစ်ခါ .. နှစ်ခါများနဲ့ ကိုယ့်မှာ ကမ္ဘာနှစ်ထပ်ထဲ …. ။ သူရဿဝါ ဩဂုတ် ၁၁ ရက် ၊ ၂၀၁ဝ ခုနှစ်


သူရႆဝါAugust 9, 20101min752
အရင်က ရေးခဲ့ဖူးတဲ့ တဂ်ပိုစ့်လေး တစ်ပုဒ်ကိုပဲ ပြန်တင်လိုက်ပါတယ်။ “သူငယ်ချင်းကောင်း မိတ်ဆွေကောင်းများအကြောင်း ဖတ်ကြည့်ကြပါဦး။ “သူငယ်ချင်းကောင်း မိတ်ဆွေကောင်း” (၁) မမိုးခါးက “သူငယ်ချင်းကောင်း မိတ်ဆွေကောင်း” ဆိုသော ပို့စ်တစ်ခုတဂ်ပါသည်။ တကယ်တော့ ထိုခေါင်းစဉ် အသွားအလာမျိုးဖြင့် ဆောင်းပါးတစ်ပုဒ် ရေးချင်ခဲ့သည်မှာကြာပြီ။ သို့သော် မရေးဖြစ်ခဲ့။ အခုတော့ ရေးဖြစ်ပါပြီ။ ကျွန်တော် ရေးခဲ့ဖူးတာလေးတစ်ခု ရှိပါသည်။ “သူငယ်ချင်းဆိုတာ ဘယ်တော့မှ နေမဝင်မယ့် အေးအေးချမ်းချမ်း ညနေပျို” ဟူ၍ … ။ ကျွန်တော်က ကဗျာဆရာဆိုတော့ “သူငယ်ချင်း” ဆိုတာကို ထိုကဲ့သို့ ကဗျာဆန်ဆန် တင်စားလိုက်ခြင်းဖြစ်၏။ (၂) သူငယ်ချင်းကောင်း မိတ်ဆွေကောင်း … ။ ထိုသို့ဆိုလျှင် သူငယ်ချင်း နှင့် မိတ်ဆွေ ကို ခွဲခြားပြောရမည် ထင်သည်။ […]


သူရႆဝါAugust 4, 20102min762
“သေကြောင်းကြံစည်” မနက်ဖြန်ဆီ ငါရောက်မလာတော့ဘူး မနက်ဖြန်သီချင်း၊ မနက်ဖြန်ပြတင်း ငါနဲ့ မရင်းနှီးနိုင်တော့ဘူး လေထဲ ပျံ့ကြဲသွားတဲ့ ဝတ်မှုန်ပွင့်လေးလို … ငါနဲ့ ငါ့စိတ္တဇတွေနဲ့ လုံးထွေးရစ်ပတ်ခဲ့ပြီးနောက် ပြန်ဆင်းလို့မရတော့မယ့် လှေကားထစ်တွေဆီ ငါမော့ကြည့်လိုက်တယ် အဲဒီနောက် … တစ်လှမ်းချင်း ငါ … ………………….. ……………….. (၁) ငါဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ လူငယ်လေးတစ်ယောက် ဖြစ်ခဲ့ဖူးတယ် (၂) ငါနဲ့ ငါ့အနုပညာကြားမှာ ဘာစကားမှမလိုအပ်ဘူးလို့ ငါထင်ခဲ့ဖူးတယ် (၃) ကောင်းကင်ပေါ်မျောနေတဲ့ မိုးတိမ်တစိတ်တပိုင်းဟာ ငါဖြစ်တယ်လို့ ထင်ခဲ့ဖူးတယ် (၄) ငါ့ဆီတည့်တည့်ရောက်လာတဲ့ မျက်လုံးတချို့ကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ ကြိုးစားခဲ့ဖူးတယ် (၅) ငါ …. အရာအားလုံးအတွက် အောင်မြင်လုနီးနီးဖြစ်ခဲ့ဖူးတယ် (၆) ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ လူငယ်လေးတစ်ယောက် လောကထဲမှာ […]


သူရႆဝါAugust 3, 20101min1371
`စာရေးခြင်း´ ကို ဝါသနာပါလို့ စာရေးနေသူကိုမှ `ဘာဝါသနာပါလဲ´ လို့ရေးဖို့ ကိုလင်းဦးကတဂ်တယ် အဟဲ။ ဒါပေမယ့်လည်း ကိုယ်ဝါသနာပါတာတွေက အများသား မဟုတ်လား။ ရေးစရာတော့ မရှားပါဘူး။ ခြုံငုံပြီး ပြောရ မယ်ဆိုရင်တော့ ကျွန်တော်က ဘောလုံးအားကစားနဲ့ အနုပညာကို ဝါသနာပါ,ပါတယ်။ `ဘောလုံး´ ဆိုရင် သူများကန်တာကိုလည်းကြည့်၊ ကိုယ်ကိုယ်တိုင်လည်းကန် … အဲ့ဒီလို ဝါသနာကြီးပါတယ်။ နိုင်ငံတကာပွဲစဉ်တွေ၊ ဥရောပနိုင်ငံ အသီးသီးက လိဂ်တွေအစ၊ လမ်းဘေးမှာ အုတ်ခဲထောင်ကန်တဲ့ ကလေးတွေ ရဲ့ပွဲအဆုံးကြည့်တယ်။ ဘယ်လောက်အထိလဲဆို တစ်ခါ … အိမ်နားမှာ ကလေးတွေ ဘောလုံးကန်နေကြတာကို ဘေးကထိုင်ပြီး တစ်ဦးတည်းသော ပွဲကြည့်ပရိတ်သတ်လုပ်နေရာက ကလေးတွေကို အားမလို အားမရနဲ့ `ဟို ကောင်လေးက ဟိုကိုပြေးလေ … ဒီကောင်လေးက ဒီလိုကန်ကွ´ နဲ့ […]


သူရႆဝါAugust 2, 20101min660
“အချစ်အကြောင်းအဆိုအမိန့်များနဲ့ ကျနော် သယ်ဆောင်မိတဲ့စိတ်ကူးတွေ – ၂” To love is to weave cloth with thread drawn from your heart, even as if your beloved were to wear that cloth. ကိုယ့်ချစ်သူအပေါ်မှာ ကျနော်တို့ဘယ်လောက်အထိများ လေးနက်ရူးသွပ်ခဲ့ကြဖူးပါသလဲ။ တစ်ချို့က မိုက်ကန်းစူးရှစွာ….. တစ်ချို့က မြော်မြင်အေးမြစွာ…. ဘာပဲဖြစ်ဖြစ် “အချစ်” ဆိုတဲ့ ဘောင်ထဲကနေပဲ ဖြစ်ပါလိမ့်မယ်။ ကြိုမသိနိုင်သေးတဲ့ ကံကြမ္မာတွေဖယ်ထား……… နောင်ဖြစ်လာမယ့် အကျိုးအကြောင်းတွေ ခဏ မေ့ထား…… အခုလက်ရှိအချိန်မှာတော့ ကျနော်တို့ဟာ ကိုယ့်ချစ်မြတ်သူလေး ဝတ်ဆင်ဖို့အထည်ကို ကိုယ့် နှလုံးသားက ထွက်ကျလာတဲ့ ချည်မျှင်ပိုးစတွေနဲ့ အမွန်မြတ်ဆုံး ယက်ဖောက်နေခဲ့ကြသူတွေပဲဖြစ်ပါတယ်။ […]


သူရႆဝါJuly 30, 20102min680
All love is sweet, given or returned. ပေးတာပဲဖြစ်ဖြစ်၊ ပြန်ရလိုက်တာပဲဖြစ်ဖြစ် အချစ်တွေ အားလုံးဟာ ချိုမြိန်တယ်။ (Percy Bysshe Shelly) ဟုတ်ပါရဲ့။ ကျနော်တို့ ပေးလိုက်ရတာပဲဖြစ်ဖြစ်၊ လက်ခံရရှိမှုမှာပဲဖြစ်ဖြစ် အချစ်ရဲ့တန်ဖိုးဟာ ဘယ်လို ကြီးမြတ်မှုမျိုုးနဲ့မှ မယှဉ်သာအောင် ချိုမြိန်နေခဲ့မှာပါပဲ။ ကိုယ်ပေးလိုက်ရတဲ့ အချစ်အတွက်…. ဒါမှမဟုတ် ပြန်ရရှိလိုက်တဲ့ ချစ်ခြင်းအတွက်တော့ ကျနော်တို့ နှလုံးသားထဲက ချိုမြိန်မှုဟာလည်း နောက်ထပ်….. နောက်ထပ် ပေးနေဦးမယ့်….. လက်ခံရယူနေဦးမယ့် ချစ်ခြင်း တရားတွေအတွက် အလုံလောက်ဆုံးနဲ့ အခိုင်မာဆုံး စိတ်ဓါတ်မြှင့်တင်မှု တစ်မျိုးဖြစ်တယ် ဆိုတာ …….. သေချာလှပါရဲ့။ Love distils desire upon the eyes, love brings bewitching grace […]


သူရႆဝါJuly 27, 20101min881
All love is sweet, given or returned. ပေးတာပဲဖြစ်ဖြစ်၊ ပြန်ရလိုက်တာပဲဖြစ်ဖြစ် အချစ်တွေ အားလုံးဟာ ချိုမြိန်တယ်။ (Percy Bysshe Shelly) ဟုတ်ပါရဲ့။ ကျနော်တို့ ပေးလိုက်ရတာပဲဖြစ်ဖြစ်၊ လက်ခံရရှိမှုမှာပဲဖြစ်ဖြစ် အချစ်ရဲ့တန်ဖိုးဟာ ဘယ်လို ကြီးမြတ်မှုမျိုုးနဲ့မှ မယှဉ်သာအောင် ချိုမြိန်နေခဲ့မှာပါပဲ။ ကိုယ်ပေးလိုက်ရတဲ့ အချစ်အတွက်…. ဒါမှမဟုတ် ပြန်ရရှိလိုက်တဲ့ ချစ်ခြင်းအတွက်တော့ ကျနော်တို့ နှလုံးသားထဲက ချိုမြိန်မှုဟာလည်း နောက်ထပ်….. နောက်ထပ် ပေးနေဦးမယ့်….. လက်ခံရယူနေဦးမယ့် ချစ်ခြင်း တရားတွေအတွက် အလုံလောက်ဆုံးနဲ့ အခိုင်မာဆုံး စိတ်ဓါတ်မြှင့်တင်မှု တစ်မျိုးဖြစ်တယ် ဆိုတာ …….. သေချာလှပါရဲ့။ Love distils desire upon the eyes, love brings bewitching grace […]


သူရႆဝါJuly 24, 20103min610
“Media Art Wave Issue – 2 ထွက်ပြီ” Media Art Wave Online Magazine, Issue – 2 ထွက်ပါပြီ။ ကြားထဲမှာ အကြောင်းအမျိုးမျိုးကြောင့် Issue – 1 နဲ့ အချိန်အတော် ကွာဟသွားခဲ့ပါတယ်။ အခု Issue – 2 မှာလည်း အကြောင်းအမျိုးမျိုးကြောင့် ကဏ္ဍစုံအောင် မထည့်သွင်း နိုင်ခဲ့ပါဘူး။ ဒါပေမယ့် နောက်လ Issue – 3 ကစပြီး လစဉ်ပုံမှန်ထုတ် Online Magazine အဖြစ် ထွက်ရှိသွားမှာပါ။ Issue – 2 ကို ဖတ်ချင်သူများ အောက်မှာ Download လုပ်နိုင်ပါတယ်။ Issue – 1 […]


သူရႆဝါJuly 23, 20101min560
“အိုမင်းချိန်ဆိုတာ အနာဂတ်က နောက်မှာကျန်ခဲ့ပြီး အတိတ်က ရှေ့ပြန်ရောက်လာတဲ့ကာလပါပဲ” အဲဒီစကားအတိုင်းသာဆို ကျနော့်ရဲ့လက်ရှိကာလတွေဟာ ကျနော့်အတွက် အိုမင်းချိန်တွေပါပဲ။ ညီမလေးနဲ့ကျနော့်ရဲ့အနာဂတ်ဆိုတဲ့ ခေါင်းစဉ်အထပ်ထပ်ဟာ သမာရိုးကျဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက် ကျနော့်ရဲ့အာရုံထဲမှာ စီစီရီရီပေါ်လာနေကြတာကတော့ ညီမလေးနဲ့ပတ်သက်ခဲ့ဖူးတဲ့ အတိတ်က ပုံရိပ်တွေချည်းပါပဲ။ ညီမလေးရဲ့အသံ… ညီမလေးရဲ့အမူအယာ…. အိုး… ဘာကိုမှ ကျနော် ဖျောက်ဖျက်မပစ်နိုင်ခဲ့ပါဘူး။ အဲဒီကျနော့်ရှေ့မှာဝဲလည်နေခဲ့တဲ့ အတိတ်တွေအတွက် ညီမလေးအပေါ်ထားခဲ့တဲ့ အနာဂတ်စိတ်ကူး တွေက အလိုအလျောက် နေရာဖယ်ပေးခဲ့ရတာပါ။ ညီမလေးနဲ့ကျနော် နားလည်မှုချင်း ထပ်တူကျနေဖို့……. ကျနော့်အပေါ် ညီမလေးရဲ့စိတ်တွေ အမြဲတမ်းအရိပ်လိုထိုးကျနေစေဖို့……. အဆုံးစွန်ပြောရရင် ညီမလေးနဲ့ ဘဝတစ်လျောက်လက်တွဲသွားဖို့……. အဲဒီအနာဂတ်စိတ်ကူးတွေဟာ ဝေးကွာခြင်းနဲ့အတူပဲ ဝေးကွာသွားခဲ့တယ်။ အခုတော့ အနာဂတ်တွေက နောက်မှာပဲကျန်နေရစ်ခဲ့ပြီး အတိတ်တွေက ရှေ့ကိုရောက်လာကြတယ်။ ဒါဟာ…. ကျနော့်အတွက် အိုမင်းချိန်တွေဆိုရင်…….. ဟုတ်ပါတယ်……. ကျနော် အိုမင်းနေခဲ့ပါပြီ။ “အချစ်နဲ့ပတ်သက်ပြီး […]


သူရႆဝါJuly 22, 20101min820
“ရူးချင်ယောင်ဆောင်” ဘာဆိုဘာမှလည်းမသိချင်ဘူး ကိုယ့်ကိုယ်ကို ဓါးသွေးကျောက်လို စက္ကူဖြတ်တဲ့ကတ်ကြေးလို ထင်ယောင်ထင်မှား လောကမှာ ပြောမရတာတွေ သိပ်များတယ ် ဓါတ်လိုက်သလိုဖြစ်နေတာ ငါနဲ့ တစ်ခုခုနဲ့ ဓါတ်မတည့်ဘူးဖြစ်နေတာ ဟူး … စိတ်ဓါတ်ပဲ ကျွန်တော်၊ ခင်ဗျား၊ မနက်ဖြန်နဲ ့ကောသလအိပ်မက် ဆယ့်ခြောက်ချက် `ဖျတ်´ ခနဲ လင်းသွား၊ မှောင်သွား၊ မှိတ်တုပ်မှိတ်တုပ်ဖြစ်သွား၊ ဘာဆိုဘာမှလည်း မသိချင်တော့ဘူး ရူးချင်ယောင်ဆောင်နေ … ။             ။ သူရဿဝါ ဇူလိုင် ၂၂ ရက် ၊ ၂၀၁ဝ ခုနှစ်


သူရႆဝါJuly 16, 201015min1072
“အရုပ်ကြိုးပြတ်နေ့ရက်များ” ဟာသကားတွေထဲမှာတော့ အခုလိုဖြစ်သွားရင်ရယ်ကြပါတယ် အရုပ်ကြိုးပြတ် …. ကြိုးတွေပြတ်လို့ …. ကျိုး … ပျက်လို့ မသိတော့ပါဘူးကွယ် ပြဿဒါးဆိုတာ ငါ့အဆင်မပြေခြင်းတွေကိုဟားတိုက်ဖို့ ပြက္ခဒိန်ရဲ့အလိုအတိုင်းရောက်လာ …. မှတ်မိသလောက် ဒါဟာ `ဗုဒ္ဓဟူး´ရာသီဖြစ်မယ်ထင်တယ် တနင်္ဂနွေဟာ အလာ့ဂျစ်ထနေ ကောင်းကင်ကိုနင်းချင်လို့ ဖိနပ်ဆောင်းထားတာ မင်း …. သွားမယ်ဆိုလည်း စကားတစ်ခွန်းတော့ နှုတ်ဆက်ခဲ့ဖို့ကောင်းတယ် …. နွေရာသီရောက်လာတာကိုက စောလွန်း…. မြစ်ကျိုးအင်းများ၊ မီးစားအိပ်မက်များ၊ မှောင်မိုက်နာကျင်ခဲ့သောလမ်းများ ဝေး ……….. စကားတစ်လုံးတည်းနဲ့တောင် ဆွေးလိုက်ရတာကွယ် အထီးကျန်ဝေးကွာမှုသီချင်း၊ လေနဲ့အတူလေနေတဲ့စိတ်၊ ရင်ထဲဟာသွားတဲ့နေရာမှာ ဘာမှအစားထိုး၍မရ၊ ရွေ့လို့လည်းမရပါ …. အခုထိ ဗုဒ္ဓဟူးည ဆယ့်တစ်နာရီ …… ပန်းနီလေးပွင့်တာကအစ ငေး … ကြည့်၊ ငိုချင်တယ် ……. အ ထီး […]


သူရႆဝါJuly 13, 20101min992
အနုပညာသည် “အခုအချိန်ဆို . . . . သူတို့ပျော်နေလောက်ပြီ” တွေးရင်း . . . . ငါလည်းပျော်လာတယ် ငါ့အစွယ်ထက်ထက်နဲ့ ငါ့ကိုယ်ငါထွန်ယက် . . . . . . အပြီးမှာ . . . . . ပြတင်းပေါက်ကိုပိတ် ကြယ်တွေကိုမှိတ်ရင်း မနက်ဖြန်နိုးဖို့ ငါအိပ်လိုက်တယ် . . . . . ။        ။ သူရဿဝါ ဇူလိုင် ၁၃ ရက် ၊ ၂၀၁ဝ ခုနှစ်


သူရႆဝါJuly 10, 20102min802
“သူတို့  အသစ်တဖန်ဖြစ်ပြီ သူတို့ ပြန်လည်မွေးဖွားကြပြီ” အဲဒီမှာ …… ရော့ခ်ဂီတကို ပန်းလိုပန်ထားတဲ့မိန်းမ သံစဉ်တဟုန်းဟုန်းနဲ့ ပွင့်လို့ လှလို့ ငါတို့ လှိုင်းတွေလို တုန်ခါယိမ်းထိုးကြ ငါ့ကိုယ်စောင့်နတ်သမီး ငါ့ကိုသီချင်းတွေဆိုရင်းပြုစားပါ ငါ့ကိုဂီတအသစ်နဲ့အသက်သွင်းပါ ငါ့ကိုညှို့ပါ ……. ငါ့ကိုညှို့ပါ ရူးပြီ …… ငါဟာ ကောင်းကင်နဲ့အပေါက်ခံရတဲ့ ပန်းတစ်ပွင့်ဖြစ်သွား ကျိန်စာနဲ့ကဝေလက်သည်းထဲ တရစ်ချင်း တလွှာချင်း ပျော်ဝင်လူးလွန့်သွား ပိုးမွှားဗိုင်းရပ်စ်များ ငါ့ကို အော်ဟစ်ခေါ်ငင်ကြတယ် နတ်သမီးရေ ….. ဒါကိုပဲ ငါတောင့်တခဲ့မိတာပါ နတ်သမီးဟာ အစိမ်းရောင်ဂါထာရွတ်တယ် ယုံကြည်သက်ဝင်ရာဂီတကို တံခါးခေါက်တယ် ငါ့ကိုယ်စောင့်နတ်ဖုရားမ သီချင်းတွေဆိုရင်း ကိုယ်ထင်ပြတယ် ငါတို့ဟာ စိတ်ချင်းဆက်ထားတဲ့အသက်ဇီဝ နတ်သမီးရဲ့အသံက ငါ့နားထဲဖိတ်လျှံကျတဲ့အခါ အဲဒီတေးတစ်ပိုင်းတစ်စနဲ့ ငါ…… ကပါတယ် ……………………. ငါ့ကိုယ်စောင့်နတ်သမီး ကိုယ်စောင့်နတ်သမီးရေ …….. ငါတို့ဟာ […]