ဘဲဥMay 20, 20122min30540
                                                                                      73 လမ်း ၊ 26 လမ်ူဒေါင့်  ကဲ ဇော်မင်း ဆိုတဲ့ ကောင်ရေ့  မင်းဘာဆက်လုပါပေးမှာလဲ ၊  တောင်းဆိုတဲ့သူတွေက တောင်ကုန်ပြီနော်။  မသိချင်ယောင်ဆောင်မနေနဲ့။ ကိုယ့်အိပ်ကပ်ထဲပဲထည့်မနေနဲ့ ပြည်သူတွေကိုလည်း ပြန်ကြည့်အုံး


ဘဲဥMay 17, 20121min18613
တရုတ်အားကိုးပြီးတော့မိုက်ရိုင်းချင်နေတဲ့ ဇော်မင်းဆိုတဲ့ကောင်ရေ့ မင်းပြောတော့ လျှပ်စစ်ဓာတ်အားတွေ ပိုနေလို့ ပြည်ပကို ရောင်းစားနေရတယ်ဆိုကွ အခု မီးမရတာ  ၊ လာပြန်တော့လည်း နာရီဝက်လောက်ပဲ ရတယ်ဆိုတော့ မင်းပြောတဲ့ ပိုနေပါတယ်ဆိုတဲ့ ဓာတ်အားတွေ ဘယ်ရောက်နေတာလဲ မလောက်တော့လို့  တရုတ်ဆီက ပြန်ဝယ်ထားရတာပဲမလား ကိုယ့်နိုင်ငံက ထုတ်တဲ့ဟာကို  မင်းတို့လို ခွေးသခိုးတွေေ ကြောင့် ပြန်ဝယ်သုံးနေရတာကတော့ မဟုတ်သေးဘူးနော် အခု မီးမလာတာ  အားအပြည့်မပေးနိုင်တာတွေက ဘာကြောင့်လဲ  မင်းတို့ အိပ်ကပ်ထဲရောက်နေတာလား သောက်ဆင့်မရှိ ပညာမတတ်ပဲ ဝန်ကြီးတက်လုပ် ေြ့ာချင်တာပြော မင်းတို့ကောင်တွေမှာ အရှက်တရားရောရှိရဲ့လား ပြည်သူတွေပေးတဲ့ လစာစားပြီးတော့ ပြည်သးတွေကို စော်ကားချင်နေတဲ့ကောင် မင်းလိုကောင်မျိုး မြန်မြန် အနားယူပါတော့ကွာ တခြားလုပ်နိုင်တဲ့သူကို လွှဲပေးလိုက် ထိုင်ခုံပေါ်ကဆင်းပေး  လိုက်တော့  


ဘဲဥMay 11, 20121min26418
လွဲမှားနေဆဲပဲ ဘဝရဲ့ အချိုးအကွေ့ဝဲဂယက်ထဲ တောင်ပံကျိုးအောင်ဖြတ်သန်းရင်း ခုတ်မောင်းသော်လည်း မရနိုင်တယ်၊ ဘဝဟာဒါပဲလား ပျော်ရွှင်ခြင်းရဲ့ အဝေးတစ်နေရာ အရည်ပျော်ကျနေ ဒီခရီးထဲ အငွေပျံပျောက်ဆုံး အိမ်မက်တွေရယ်၊ ငါ ….. ပျံသန်းရင်းနဲ့ ဒီခရီးကြမ်းထဲ အဖေါ်မဲ့အားငယ်… ငါ ….. အမှောင်ဖုံးညတွေ ပျက်သုံးဖို့ရာ ရင်နဲ့ရင်းကာ ဖန်ဆင်းထားချင်တယ်… သောက အခိုးအငွေ့ထဲ လွမ်းမောရင်းနဲ့ ဝဲပျံကာ တေလေငှက်ငယ် လွင့်မျောရင်း နိုးထနိုင်ဖို့  အားယူမည်  ။


ဘဲဥApril 27, 20123min1044
လွှတ်တော်မလိုသော ကျမ်းသစ္စာကျိန်ဆိုမှု စာသားပြောင်းလည်းခြင်း (ဆောင်းပါးရှင် မောင်မောင်ဝမ်း) မီဒီယာမှာ ကျမ်းသစ္စာ ကျိန်ဆိုခြင်းစာသား ပြောင်းလဲပြင်ဆင်ပေးရေးနဲ့ ပတ်သက်လို့ အင်တာဗျူးတွေကို နားထောင်လိုက်ရတဲ့အခါ… ပညာယူစရာ၊ ဆင်ခြင်နိုင်စရာ၊ မှတ်သားစရာတွေ မကြားရပဲ.. အာဏာကို ဘယ်လောက် ငန်းငန်းတက်နေသလဲ ဆိုတာလူသိအောင် ကိုယ့်အထုတ်ကို ဖြည်လိုက်တာပဲ အဖတ်တင်သွားတယ်…။ ဦးအောင်သောင်းတို့ ဦးဋ္ဌေးဦး တို့ အင်တာဗျူးတွေ နားထောင်ကြည့်ပါ… တိုင်းပြည်ရဲ့ပြသနာကို.. အကောင်းဆုံးဖြစ်အောင် ဘယ်လို ဖြေရှင်းကြမလည်းဆိုတဲ့..အရိပ်အရောင် တခုမှ မတွေ့ရဘူး။ ကြားဖြတ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နေရာအများစု နိုင်သွားတဲ့ အပေါ် ကလဲ့စားချေလိုတဲ့ မထိတထိ မျက်နှာပေးတွေနဲ့ ကျမ်းသစ္စာကျိန်ဆိုခြင်း စာသားပြောင်းလဲ ပြင်ဆင်ရေးကိစ္စမှာ.. သူတို့က အထက်စီးက ရှိနေလေတဲ့ လေသံတွေနဲ့ ပြောဆိုနေတာတွေ့ရတော့.. အတော်စက်ဆုပ် မိတယ်ဗျာ။ မိမိ […]


ဘဲဥApril 21, 20121min15010
ကျနော့်ရဲ့ ကွန်မန့်ဘေးမှာ ယခုပုံလေးကို လှုပ်စိလှုပ်စိ ဖြစ်အောင်တင်ချင်လို့ပါဗျာ ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပေးကြပါအုံး အာလုံးကို ခင်တဲ့ ထုံးဘဲဥ


ဘဲဥMarch 27, 20122min2378
လတ်တလော မြင်တွေ့ရတဲ့ မြစ်ဆုံဆည် စီမံကိန်း အဝေးမှ မြင်ကွင်းတခု.. လတ်တလော တရုတ်အာဏာပိုင်တွေနဲ့ သတင်းဋ္ဌာနများမှ မြစ်ဆုံဆည် စီမံကိန်းအား ပြန်လည်လုပ်ဆောင်ရန် ဖိအားပေးနေမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ပျော့ဖတ်နှင့် စက္ကူလုပ်ငန်းအသင်း ဥက္ကဋ္ဌဦးဖေကျော်ထင်မှ တရုတ်သမ္မတ ဟူကျင်တောင်ထံသို့ ၂၀၁၂ခုနှစ် မတ်လ(၂၅)ရက်နေ့ ရက်စွဲနဲ့ ပေးပို့တဲ့ ပေးစာဖြစ်ပါတယ်..။ ၂၀၁၁ခုနှစ် အောက်တိုဘာလ (၁၀)ရက်နေ့က မြန်မာနိုင်ငံ ပျော့ဖတ်နှင့် စက္ကူလုပ်ငန်းအသင်း ဥက္ကဋ္ဌဦးဖေကျော်ထင်မှ တရုတ်သမ္မတ ဟူကျင်တောင်ထံသို့ ပေးပို့တဲ့ ပေးစာအောက်မှာ ဖတ်ရှုနိုင်ပါတယ်..။ ကိုငယ်အား ကျေးဇူးတင်ပါသည်..။ မူရင်း ။  ။   ဒီမိုဝေယံ


ဘဲဥMarch 23, 20123min1297
ယနေ့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် စည်းရုံးရေး ခရီးစဉ်မြင်ကွင်း၊ ဓာတ်ပုံတွေပါ..။  (ဓာတ်ပုံ AP,Getty Images, Reuters) ကြာလာလေ ခိုင်မြဲလေလူထု ပရိသတ်ပါ…။ ရွေးကောက်ပွဲ နီးလာလေလေ.. မတရားမှုတွေ နေရာအနှံ ပေါ်လာလေပါပဲ..။ အမှန်တရားကို ကြောခိုင်း မမြင်ချင်ယောင်ဆောင်၊ အရှုံးကို ရင်မဆိုင်ရဲလေ အဆင်အခြင်မဲ့တဲ့ လုပ်ရပ်တွေကတော့ နေရာအနှံမှာပါပဲ…။ တခုပဲပြောချင်ပါတယ်.. ဖွတ်သောင်းကျန်းလေ ခွပ်ဒေါင်းပန်းဝေလို့..။ မူရင်း ။  ။  ဒီမိုဝေယံ


ဘဲဥMarch 23, 20121min812
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပုံပါသော ပိုစတာများပေါ်တွင် မဖွယ်မရာ ဂုဏ်သိက္ခာ ထိခိုက်စေသော  စကားလုံးများရေးသားပြီး မတ်လ ၂ဝရက်နေ့ညက မြောင်းမြမြို့အနှံ့ လိုက်လံ ကပ်ချိပ်ထားတာကို တွေ့ရကြောင်း မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ရှိသူများ၏ ပြောပြချက်အရသိရပါသည်။ အဆိုပါ ပိုစတာများပေါ်တွင် “ထင်ပေါ်ကျော်ကြားမှုတွေကြားမှာ အလွန်သာယာနေသူပါ၊ သူ့ကိုစောင့်လျှောက်တာ အနောက်အုပ်စု ဒါကြောင့်သူက အနောက်အုပ်စုရဲ့ကျွန်၊ အနောက်အုပ်စု ခိုင်းသမျှလုပ်နေတဲ့ အသားထဲကလောက်၊ သူ့ကိုရွေးရင်တော့ အနောက်အုပ်စုရဲ့ကျွန်ဖြစ်ပြီ သေချာတယ်၊ လူထုကို ချမ်းသာအောင် လုပ်ပေးမှာလား သားနှစ်ယောက်ကို ချမ်းသာအောင် လုပ်ပေးမှာလား” စတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား မဖွယ်မရာ ဂုဏ်သိက္ခာ ထိခိုက်စေသော  စကားလုံးများဖြင့် အထက(၁) ကျောင်းရှေ့၊ ဆန်စက်ကုုန်သည်များအသင်းရှေ့၊ နောင်ရိုးခန်းမ၏ အုတ်နံရံများပေါ် စတဲ့နေရာတွေပေါ်မှာ (Doubled tape) နှစ်ဘက်ကပ်တိတ်များဖြင့် […]


ဘဲဥMarch 22, 20121min1186
ကချင်ပြည်နယ် မြစ်ဆုံဆည် စီမံကိန်းကြောင့် နေရပ်မှ ထွက်ခွာပေးခဲ့ပြီး ပြန်လည် လာရောက် နေထိုင်သည့် ရွာသားများအား အာဏာပိုင်များက ပြန်လည် ထွက်ခွာသွားရန်ဖိအားပေး ပြောဆိုနေကြောင်း သတင်းရရှိသည်။ ရပ်ထားရသော မြစ်ဆုံရေလှောင်တမံ စီမံကိန်း ပြန်စပြီလား (ဓာတ်ပုံ – The International Herald Tribune) ထိုင်းနိုင်ငံ အခြေစိုက် ကချင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့ (KDNG) ၏ တနင်္လာနေ့က ထုတ်ပြန်သော ကြေညာချက်တွင် မြန်မာ အစိုးရ စစ်တပ်မှ ထရပ်ကား ၅ စီးနှင့် ဌာနဆိုင်ရာ ကားကြီးများသည် မြစ်ဆုံဒေသ တန်ဖဲကျေးရွာသို့ လွန်ခဲ့သည့် မတ် လ ၁ရ ရက်နေ့က ရောက်ရှိလာပြီး နေရပ်ပြန်လည်ဖယ်ရှားပေးရန် အမိန့်ဖြင့် ဖိအားပေးကြောင်းဖော်ပြထားသည်။ “သူတို့က ရွာသားတွေကို […]