ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်သည့် စာများ ကော့မှူးတွင် ဖြန့်သွား ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ မတ်လ ၂၁ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၄ မိနစ် ချင်းမိုင်(မဇ္ဈိမ) ။ ။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေး တိုက်ခိုက်သည့် စာများ ကော့မှူးမြို့တွင် ပျံ့နှံ့နေသည်ဟု NLD က ပြောသည်။ ‘မောင်ပြောက်ကျား’၊ ‘ကော့မှူးမောင်လုပ်သား’ဆိုသော အမည်ပါရှိသည့် A4 အရွယ် လက်ကမ်းစာစောင်များကို ဒလ-ကော့မှူး ကားလမ်းတလျှောက် အမည်မသိသူများက တနင်္လာနေ့ညပိုင်းတွင် ဖြန့်ကျဲသွားခြင်း ဖြစ်သည်ဟု ဒေသခံများ အပြောအရ သိရသည်။ ထိုစာများထဲတွင် အရွယ်မရောက်သေးသည့် ကလေးများကို NLD အကျႌ […]