weiweiAugust 9, 20123min17712
ကမ္ဘာပေါ်တွင် အကြီးဆုံးသော လောကသရဖူ လျောင်းတော်မူ၏ ရုပ်ပွားတော်ကြီး သမိုင်း ဦးခေါင်းတော် အတောင်-၆၀ ရောင်လျှံတော် ၁၀-တောင် မျက်နှာတော် ၂၂-တောင် မျက်လုံးတော် ၇-တောင် နှုတ်ခမ်းတော် ၅-တောင် နားတော် ၁၉-တောင် လည်တိုင်တော် ၇-တောင် လက်မောင်းတော် အတောင်-၄၀ ခြေဖဝါးတော် ၂၂-တောင် ရောင်လျှံတော်ထိပ်မှ ခြေဖျားတော်အထိ ဉာဏ်တော် အလျား ၁၆၂-တောင်၊ တြင်းကြေ၊ နဝင်းကြေ၊ သတ္တဗိသကြေတည်း။ ပလ္လင်တော်အလျား မြောက်မှ တောင်အဆုံး အတောင်-၂၀၀၊ ၎င်းအနံတော် အတောင်-၄၀၊ မြေမှ အမြင့်-၅၂-တောင် ဖြစ်လေသည်။ ယင်း လောကသရဖူ လျောင်းတော်မူ ရုပ်ပွားတော်ကြီးသည်ကား ထားဝယ်မြို ့မှ အရှေ ့တောင် ခပ်ယွန်း ယွန်း ၄-မိုင်ခန့် ခရီးအကွာ “ ကူးတို့ရွာ […]


weiweiJuly 31, 20121min34622
အခုတလော ရာသီဥတုက မိုးအေးအေးလေးမို့ ဟင်းရည်ပူပူလေး သောက်ရတာ ခံတွင်းတွေ့တဲ့ ရာသီဖြစ်ပါတယ်။ ဈေးထဲမှာလဲ ငါးတွေ ပေါနေချိန်မို့ ငါးဆန်လှော်ဟင်း ချက်သောက်ရတာ အဆင်ပြေလို့ ကျွန်မ ချက်စားဖြစ်တဲ့ ငါးခူ ဆန်လှော်ဟင်းကို ချက်ပြလိုက်တယ်နော် … ဆန်လှော်ဟင်းချက်ဖို့ ဆန်ကို ကိုယ်တိုင်လှော်ပြီး မညက်တညက်ကြိတ်ပါတယ်။ အရသာပိုကောင်းစေဖို့အတွက် ကျွန်မကတော့ ရှမ်းဆန်ကိုသုံးလိုက်တယ်။ ရှမ်းဆန် နို့ဆီဗူးတစ်ဝက်ခန့်ကို အရောင်ရဲလာသည်အထိ မီးအေးအေးနဲ့ စိတ်ရှည်ရှည်လှော်ပါတယ်။ ပြီးနောက် အမှုန့်ကြိတ်စက် သို့မဟုတ် ငရုတ်ဆုံထဲထည့်ပြီး ထောင်းရပါမယ်။ ရေနွေးပွက်ပွက်ဆူအောင် တည်ထားတဲ့အိုးထဲကို ဆန်ထောင်းပြီးသားထည့်ပြီး ပြုတ်ပါတယ်။ အဲဒီအချိန်မှာ စပါးလင်၊ ဂျင်း၊ ကြက်သွန်ဖြူကို ထောင်းတယ်။ ငါးခူအကောင်သေးသေး ၁၅ ကျပ်သားလောက်ကို သေချာသန့်ရှင်းအောင် ဆေးကြောပြီး ဆား ဆနွင်းနဲ့ ငံပြာရည်အနဲငယ်တို့ဖြင့် နယ်ထားပါမယ်။ စပါးလင်း […]


weiweiJuly 7, 20121min38328
ရန်ကုန်မှာဆိုရင် ဒန်ပေါက်ကို အလွယ်တကူဆိုင်မှာဝယ်စားလို့ရနိုင်ပေမယ့် နယ်မြို့မှာနေသူများနဲ့ နိုင်ငံရပ်ခြားမှာနေသူများအနေနဲ့ ဒန်ပေါက်ကောင်းကောင်းစားချင်ရင် ကိုယ်တိုင်ချက်စားမှသာ အဆင်ပြေပါတယ်။ ထမင်းပေါင်းအိုးနဲ့တင် အလွယ်ချက်စားနိုင်တဲ့ နည်းလမ်းတစ်ခုကို စမ်းသပ်ချက်စားကြည့်ပြီး မိသားစု ၄ ယောက်စာ အလွယ်တကူချက်စားနည်းလေး မျှဝေပေးချင်ပါတယ်။ ကြက်သားနဲ့ထမင်းကို ခွဲပြီးချက်ထားပါတယ် … ကြက်သားချက်နည်းအတွက် ပို့စ်တင်ပြီးသားမို့လို့ ထပ်မရေးတော့ဘူးနော် .. ပါဝင်ပစ္စည်းများ ဆန် …. နို့ဆီဗူး ၂ ဗူး ထောပတ် …. စတီးဇွန်း ၃ ဇွန်း သစ်ကျားပိုး၊ ကရဝေးရွက်၊ လေးညှင်း၊ စမုံစပါး၊ ဖာလာစေ့၊ နာနတ်ပွင့် … အနည်းငယ်စီ ကြက်သွန်နီကြော် …. အနေတော် ၃ လုံးစာခန့် ဆား၊ သကြား …. သင့်တော်သလိုထည့်ရန် အရောင်မှုန့် … အရည်ဖျော်ပြီးသား […]


weiweiJuly 4, 20124min41124
မိုးရာသီရောက်လာပြီဆိုတော့ ခရီးသွားတာတွေ ရပ်နားပြီး အိမ်နဲ့ ရုံးနဲ့ ဈေးလောက်သာ သွားဖြစ်ပါတော့တယ်။ ဒါပေမယ့် ဝါသနာက ပါနေပြန်တော့ ပတ်ဝန်းကျင်မှာ မြင်တာလေးတွေကိုပဲ မရိုက်ရမနေနိုင်လို့ ရိုက်ဖြစ်ပြီး ပို့စ်တင်ချင်စိတ်လဲ ရှိနေတာနဲ့ပဲ ပို့စ်တစ်ခု တင်ဖြစ်သွားပါတယ် … ဘာမှမထူးခြားတဲ့ ပုံလေးတွေမို့ သီးခံပြီးသာ ကြည့်ကြပါတော့လို့ ….


weiweiJune 28, 20122min21210
ရှင်ကိုးရှင်ဘုရားထဲမှ တစ်ဆူအပါအဝင်ဖြစ်တဲ့ ရှင်ပင်ခရုစေတီတော်သည် ထားဝယ်မြို့ထဲတွင် တည်ရှိပါတယ်။ ဘုရားဉာဏ်တော်အတော်နိမ့်ပြီး ဘုရားပရဝုဏ်ကလဲ ခပ်ကျဉ်းကျဉ်းပါပဲ … မှတ်တမ်းတစ်ခုအနေနဲ့ ကျန်ရှိနေအောင် ဘုရားပုံအနဲငယ်ကို သမိုင်းကြောင်းနှင့်တွဲပြီး တင်ပေးလိုက်ပါတယ် … ရှင်ပင်ခရုဘုရားသမိုင်းအကျဉ်း ရှင်ပင်ခရုဘုရားသည်း ထားဝယ်မြို ့၊ ကရပ်ပြင်ရပ်၏ ရွာဘုရား၊ ရပ်ဘုရား ဖြစ်ပါသည်။ ဘုရားတည်ရှိသော နေရာတွင် ထားဝယ်ခေါ် ရှားပင် “ ခရေပင် ” နှစ်ပင် ညီနောင် ပေါက်ရောက်စည်ပင်ခဲ့ရာ ထိုခရေပင်နှစ်ပင်အလယ်တွင် ဧရာမခရုကြီးတစ်ကောင် ပေါ်လာရာမှ ခရုခွံပေါ်တွင် စေတီတည်ခဲ့သည်ဟု ဆိုပါသည်။ ( ရှေးယခင်က စာပေပြုစု စုဆောင်းသူ ရှားပါးသဖြင့် သက္ကရာဇ် ရှာမတွေ့တော့ပါ။ ) “ ရှားပင် (ခရေပင်) နှစ်ပင် နှင့် ခရုပေါ်မှာဘုရား ” ဟူ၍ […]


weiweiJune 26, 20123min27216
ရှင်မုတ္ထီးဘုရားသည် ထားဝယ်မြို့ကနေ ငါးမိုင်ခန့်အကွာ ထားဝယ်-မြိတ်ကားလမ်းပေါ်တွင် တည်ရှိပါသည်။ လွန်ခဲ့တဲ့ ၁၄ နှစ်တုန်းကတစ်ကြိမ် ရောက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ထူးထူးခြားခြား ခေတ်မှီခဲ့တဲ့ ဘုရားတစ်ဆူအနေနဲ့ အမှတ်တရဖြစ်ကျန်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ တခြားမြို့များမှ စေတီပုထိုးများလည်း အလွန်သပ္ပါယ်နေပြီမို့ သိပ်မကွာတော့ပါဘူး။ ဒါပေမယ့် လက်ရာတစ်မူထူးခြားတဲ့ ရှင်ကိုးရှင်ဘုရားထဲမှ တစ်ဆူဖြစ်တဲ့ ရှင်မုတ္ထီးဘုရားကို ဖူးမျှော်နိုင်အောင် တင်ပေးလိုက်ပါတယ်။ ဘုရားသမိုင်းကို သိရှိလိုသူများအတွက် စာရေးဆရာ ရွှေဝယ်ဧ ရေးသားသည့် ထားဝယ်ရာဇဝင်သမိုင်းစာအုပ်ထဲမှ ကူးယူဖော်ပြပေးလိုက်ပါတယ် …. ရွှေမုတ္ထီး ဘုရားသမိုင်း ကောဇာသက္ကရာဇ် ၉၃ဝ (တစ်စောင်သောရာဇဝင်၌ ၈၀ဝ ပြည့်နှစ်) လွန်၍ မင်း ၆၆-ဆက် ရောက်လတ်သောအခါ သိဟိုဋ္ဌ်ကျွန်းကို အစိုးရတော်မူသော “ မဟာနာမင်း ” လက်ထက် အရှင်မဟာအရဟံ ရဟန္တာထေရ်မြတ်ကြီးသည် ကြီးစွာသော ဓမ္မသံဝေဂ […]


weiweiJune 25, 20121min47347
Channel7 ရုပ်သံလိုင်းပေါ်လာပြီးနောက်မှာ ကြည့်စရာ တီဗီအစီအစဉ်တွေ ပိုများလာခဲ့ပါတယ်။ အစီအစဉ်အသစ်တွေနဲ့ ဝေဝေဆာဆာ အပြိုင်အဆိုင် တင်ဆက်နေကြတာကို အချိန်လုပြီး အသဲအသန်ကြည့်ဖြစ်ရင်း ငါးတန်းနှင့်ပြိုင် ဘယ်သူနိုင် ဆိုတဲ့ အစီအစဉ်ကို ကြည့်မိသွားပါတယ်။ အစီအစဉ်ထဲမှာပါတဲ့ အဆိုတော်တွေက အနဲဆုံးတော့ ဘွဲ့ရကြလိမ့်မယ်လို့ထင်ပါတယ်။ ဒါပေမယ့် သူတို့တွေ ငါးတန်းကလေးတွေကိုတောင် မနိုင်ဘူးတဲ့ …. ဒါနဲ့ပဲ ဘယ်လိုတွေမေးလို့ သူတို့မဖြေနိုင်ကြတာပါလိမ့်ဆိုတာ သိချင်တာနဲ့ သေသေချာချာ စောင့်ကြည့်လိုက်တော့မှပဲ ပို့စ်ရေးတင်ချင်စိတ်ဖြစ်လာပါတယ်။ ကြည့်ဖူးကြမယ်ထင်ပါတယ်။ ပထမတန်းကနေ ပဉ္စမတန်းအထိ အတန်းတွေထဲကနေ မေးခွန်း ၁ဝ ခု မေးထားပြီး ကြိုက်နှစ်သက်ရာ မေးခွန်းတွေကို ရွေးပြီး တဆင့်ချင်းဖြေရတဲ့အစီအစဉ်ပါ။ ကျွန်မလဲ ကြည့်ရင်း လိုက်ဖြေကြည့်ပါတယ်။ မေးခွန်းအားလုံးကို မဖြေနိုင်ပါဘူး။ သမိုင်းထဲက နံမည်တစ်ချို့ကို မေ့နေခဲ့ပါပြီ။ တစ်ချို့ကဗျာတွေကိုလဲ မမှတ်မိတော့ပါဘူး။ ဒါပေမယ့် […]


weiweiJune 21, 20123min18014
ထားဝယ်မြို့ထဲမှာ တည်ရှိတဲ့ ဘုရားဖြစ်ပါတယ်။ ထားဝယ်မြို့က ဘုရားတွေ စေတီတွေ တန်ဆောင်းတွေရဲ့ ပုံသဏ္ဍာန်ကို သိရှိနိုင်အောင် တင်ပေးခြင်းဖြစ်ပါတယ် … ထားဝယ်ဘုရားပုံတွေကို စတင်မိတ်ဆက်လိုက်ခြင်းဖြစ်ပါတယ် … ရှင်ကိုးရှင်ဘုရားတွေအတွက် သမိုင်းစာအုပ် ပြန်ရှာနေတုန်းမို့ နဲနဲလောက်စောင့်ပါအုန်းလို့ ကြိုတင်အသိပေးထားချင်ပါတယ် …


weiweiJune 13, 20124min16611
ပုံတွေတင်ရတာခက်လို့ အပိုင်း (၂) ခွဲတင်လိုက်ပါတယ် … ဘုရားပုံတွေနဲ့ ရေးမြို့ပုံလေးတွေ အားပေးပါအုန်း … ရေးမြို့ကို ရောက်တုန်း ရိုက်ထားတာလေးတွေကို ဝေမျှပေးလိုက်ပါတယ် …


weiweiJune 12, 20123min25619
ထားဝယ်သွားတဲ့အခါ မော်လမြိုင်-ရေး-ထားဝယ် ကားလမ်းအတိုင်း သွားရပါတယ်။ မော်လမြိုင်ကနေ ရေးကို မိုင် ၁၀ဝ နဲ့ ရေးကနေ ထားဝယ်ကို မိုင် ၁၀ဝ ရှိပါတယ်။ ထားဝယ်ကနေအပြန်နောက်ကျသွားတာကြောင့် လမ်းခုလတ်ဖြစ်တဲ့ ရေးမြို့မှာ တစ်ညဝင်အိပ်ခဲ့ရပါတယ်။ မနက်မိုးလင်းတော့ မြို့ထဲမှာ ဘုရားတွေလျှောက်ဖူးရင်း ဟိုရိုက် ဒီရိုက် ရိုက်ခဲ့တာလေးတွေ တင်ပေးလိုက်ပါတယ် … ဘုရားနံမည်တွေ မေ့နေပြီမို့ ဒီအတိုင်းပဲ ကြည့်ကြပါလို့ မေတ္တာရပ်ခံပါတယ် .. ကျွန်မတို့ ညဘက်ရောက်သွားတဲ့ ရေးမြို့လေးက တော်တော်လေးစည်ကားပါတယ်။ မြို့အနေနဲ့ သိပ်အကျယ်ကြီးမဟုတ်ပေမယ့် ဘုရားစေတီတွေမှာ မီးအလင်းရောင်အပြည့်နဲ့ ဈေးဆိုင်တွေ စားသောက်ဆိုင်တွေမှာလဲ လူတွေအပြည့်နဲ့ စီးပွားရေးကောင်းမွန်တဲ့ မြို့လေးတစ်မြို့ဖြစ်ပါတယ်။ ရေးမြို့မှာ ဟိုတယ်မရှိပါဘူး။ တည်းခိုခန်း ခပ်သေးသေးလေးတွေပဲ ရှိတယ်။ တည်းခိုခန်းတစ်ခန်းကို စုံစမ်းပြီး အဲဒီကိုပဲ သွားတည်းခဲ့တယ်။ အဲယားကွန်းပါတာ […]


weiweiMay 25, 20123min28114
ပြည်သွားရင်းနဲ့ ရွှေတောင်ကိုလဲ ဝင်ခဲ့ပါတယ်။ ရွှေမျက်မှန်ဘုရားနဲ့ ရွှေနတ်တောင်စေတီက ရွှေတောင်မြို့အထင်ကရဘုရားများဖြစ်ပါတယ်။ ဘယ်နှစ်ခေါက်သွားသွားမရိုးနိုင်အောင်လှတဲ့ ရွှေနတ်တောင်သွားလမ်းကလေးနဲ့ စေတီပတ်ဝန်းကျင်မြင်ကွင်းများကို အမှတ်တရ တင်ပေးလိုက်ပါတယ် ….