ကရင်ပြည်နယ်မှာ ၁၃ မိုင်လို့လဲ ခေါ်ကြ သံတောင်လို့လဲခေါ်ကြတဲ့ နေရာလေး တစ်ခုရှိပါတယ် မြို့ကိုဖြတ်စီးနေတဲ့ ချောင်းလေး မှာ ရေးချိုးရတာ ပျှော်စရာ ဆိုတဲ့ သတင်းကြောင့် ရောက်ဖူးချင်နေတာ ကြာခဲ့ပါပြီ ၊ အခု မှ တကယ်သွားနိုင်ခဲ့ပါတယ် …   ခရီးစဉ် အစက တောင်ငူမှာ တစ်ညအိပ်ပါတယ် အရမ်းပူနေတဲ့ ကာလ မိုးလေးတွေ ဖျောက်ဖျောက် ရွာတာတောင် အပူဓါတ်က ကျန်နေတုန်းပါ …၊ တောင်ငူကနေ ၁၃ မိုင်ကို ရေသွားချိုးကြမယ်ဆိုတော့ မရောက်ဖူးတဲ့ နေရာသစ်တစ်ခုကို သွားရမှာမို့ အားလုံးပျော်သွားကြပါတယ် ၊ တောင်ငူကနေ ၁၃ မိုင် ထိကို သွားရတဲ့ လမ်းက ကားနှစ်စီး ရှောင်ရခက်လို့ နဲနဲကျဉ်းတာကလွဲရင် နယ်တွေမှာ တွေ့ရခဲတဲ့ တော်တော်ကောင်းတဲ့ […]


မောင်ဆန်းApril 3, 20128min20325
ရခိုင်ဆိုတာ ရက္ခိတ အမျိုးကိုစောင့်ရှောက်ခြင်းဆိုတဲ့ စကားက လာတယ်လို့ မှတ်သားဖူးပါတယ် ၊ အမျိုးကို စောင့်ရှောက်တဲ့ ရခိုင်တွေရဲ့ မြို့တော် စစ်တွေ ( ဒေသခံ လေသံနဲ့ ဆို ဆိုက်တွေ ပေါ့ ) ကို အခုရက်ထဲ ခဏရောက်သွားပါတယ် ၊ အခုအကြိမ်ရောက်တာက လေးကြိမ်မြောက်မို့ အရင်အကြိမ်တွေနဲ့ နှိုင်းယှဉ်ကြည့်တော့ မြို့က သပ်သပ်ရပ်ရပ်နဲ့ လူတွေလဲ ပိုများလာပြီး စည်ကားလာတာကို သတိထားမိပါတယ် .. မြောက်ဦးကို သွားဘို့ စစ်တွေကို ရောက်လာတဲ့ နိုင်ငံခြားသားတွေလဲ ဒီနှစ်ပိုများလာတယ် စစ်တွေမှာ နိုင်ငံခြားသားတွေ တည်းနိုင်တဲ့ ဟိုတယ် သုံးခု ရှိပါတယ် ၊ စစ်တွေကနေ မြောက်ဦးကို သွားဘို့ ကားနဲ့ဆို အချိန်က ၆ နာရီလောက်ကြာမယ် လမ်းနဲနဲဆိုးတယ် […]


မောင်ဆန်းFebruary 21, 20121min67130
နိုင်ငံပိုင် သတင်းစာတွေဖြစ်တဲ့ ကြေးမုံ နဲ့ မြန်မာ့အလင်း သတင်းစာတွေဟာ ပြီးခဲ့တဲ့ ကာလ တစ်လျှောက်လုံး အစိုးရအာဘော်တွေကို ဖော်ပြတဲ့စာစောင်တွေ အဖြစ်သာ ရပ်တည်နေခဲ့တာပါ ၊ လူအများစုက ဘယ်သူ မင်္ဂလာဆောင်လဲ ဘယ်သူသေသွားလဲ သိနိုင်ဘို့ အတွက်ပဲ သတင်းစာကိုဖတ်ခဲ့ကြပါတယ် ဒါပေမဲ့ စာလုံးပေါင်းသတ်ပုံနဲ့ ပတ်သက်ပြီး အမှားကင်းအောင် ရပ်တည်နိုင်တာကိုတော့ ချီးကျူးရမှာပါ ။ မကြာသေးတဲ့ ကာလကစပြီး နိုင်ငံခြားက မီဒီယာတွေကို တိုက်ခိုက်တဲ့ ဆောင်ပုုဒ်တွေ ဖြုတ်လိုက်တယ် ပြည်သူတွေရဲ့ကိုယ်စား ပြည်သူ့အသံလေးတွေကို ဖော်ပြလာတယ် ဘယ်နေရမှာတော့ လိုင်းကားတွေ စနစ်တကျ မရပ်ပါဘူး ၊ လူတွေက ၅၀၀ဝ တန်ဖုံးတွေရဲ့ အသံကို စောင့်နေပါတယ် ဆိုတာမျိုးတွေပါ လာသလို နိုင်ငံခြားသတင်းထဲက ထူးခြားတာတွေလေးတွေ လူတွေ စိတ်ဝင်စားမှာလေးတွေကို အင်တာနက်ကနေ […]


မောင်ဆန်းFebruary 3, 20121min84147
မနေ့က အင်တာနက်မှာ မိုးသီးဇွန် မြန်မာနိုင်ငံကို ပြန်မှာလား ဆိုတာနဲ့ ပတ်သက်လို့ အင်တာဗျူးလေး တစ်ခု ဖတ်ရတယ် အင်တာဗျူးထဲမှာ ကိုမိုးသီးဇွန် က ဒီအကြောင်းလေး တွေ ထည့်ပြောထားတယ် – { နောက်တခုက ခေတ်မမီတော့တဲ့ သံရုံးက ဗီဇာဖေါင်ကိစ္စ။ သံရုံးက ဗီဇာဖေါင်မှာ ဆွေစဉ်မျိုးဆက် အကုန်လုံးရဲ့အချက်အလက်တွေကို ဖြည့်ခိုင်းတာတွေ ရှိနေတယ်။ အလွန်ရယ်ဖို့ ကောင်းပါတယ်။ အချက်အလက်တွေအကုန်လုံး ရေးပေးလိုက်လို့လဲ သွားရောက်စစ်ဆေးနိုင်တဲ့ ယန္တယားမရှိဘူးဆိုတာ ကျနော်တို့ သိနေပါတယ်။ ဒါက ဘယ်နိုင်ငံကို ဗီဇာလျောက်လျောက် ဒါမျိုးမတွေ့ဖူးဘူး။ မြန်မာပြည်သားအချင်းအချင်းပဲ ဒီလိုအချက်အလက်တွေ ဖြည့်နေတာက တကယ်လိုအပ်သလား။ ခေတ်မီသေးလားဆိုတာ ပြန်သုံးသပ်ကြဖို့ လိုမယ်။ နိုင်ငံတကာကတော့ နာမည်၊ လိပ်စာနဲ့ လက်ဗွေပဲ ယူပါတယ်။ လူတွေက အသက်တွေကြီး နိုင်ငံခြားမှာ […]


မောင်ဆန်းDecember 16, 20111min36022
ခရီးတိုလေး တစ်ခု သွားရင်းနဲ့ ဒီနေ့ ( ဒီဇင်ဘာ ၁၆ ရက်နေ့ ) ထုတ်တဲ့ Bangkok Post သတင်းစာလေး ဖတ်မိလိုက်တယ် ၊ ခဏတဖြုတ် ဟိုကြည့်ဒီကြည့် လုပ်ရင်း သတင်းလေး တစ်ခု သွားတွေ့မိတော့ နဲနဲလေး ထူးခြားနေတာနဲ့ ရွာသားတွေကို ပြန်လက်တို့ မိတာပါ …. ပထမဆုံး ဆိုတာတွေ ထဲက ပထမဆုံး တစ်ခုပေါ့ ၊ မိန်းကလေး အဖြစ် လိင်ပြောင်းထားတဲ့ လေယာဉ်မယ်လေး ၄ ယောက် အကြောင်းပါ ၊ သူတို့ကို မြန်မာလို အခြောက်တို့ ၊ မိန်းမရှာ တို့ သုံးရင် နဲနဲ ရင့်သီးသလို ဖြစ်နေမှာ စိုးလို့  သတင်းထဲက အတိုင်း ladyboy […]


မောင်ဆန်းDecember 14, 20117min44028
မိုးပျံပူဖောင်း မစီးဖူူးခင်က စိတ်ကူးထဲမှာ သူတို့ဘယ်လိုပျံကြသလဲဆိုတာ တွေးပြီး စိတ်ကူးထဲမှာ လိုက်စီးကြည့်ဖူးတယ် ၊ ပူဖောင်းနဲ့ ပတ်သက်လို့ ဘယ်လိုတက်လဲ ဘယ်လိုကွေ့လဲ ဘယ်လိုဆင်းလဲ ကိုယ်သွားချင်တဲ့နေရာ ရောက်အောင် ဘယ်လိုများ ထိန်းကျောင်းမောင်းနှင်သလဲ ၊ လူဘယ်နှစ်ယောက် စီးလို့ရလဲ သိချင်မိတာတွေက အများသားရယ် ၊ ကျွန်တော်သိချင်သလို ရွာသားတွေလဲ သိချင်ကြလိမ့်မယ် လို့ ထင်ပါတယ် ၊ ကျွန်တော် မေးမြန်းစပ်စုခဲ့သမျှတွေ ရွာသားတွေကို ပြန်မျှဝေမယ်နော်…. မြန်မာပြည်မှာ မိုးပျံပူဖောင်း စီးလို့ရတာ ဆယ်စုနှစ်တစ်ခုကျော်ပါပြီ ပတ်ဝန်းကျင် နိုင်ငံတွေထဲ မှာတော့ အရေအတွက် အများဆုံး ပျံသန်းနိုင်တဲ့ အနေအထားမှာ ရှိပါတယ် ထိုင်းမှာဆို ပူဖောင်းအသေးနှစ်လုံးလောက်ပဲ ရှိတယ် ကမော္ဘဒီးယားက အန်းကောဝတ် မှာ မြန်မာပြည်မှာ ပျံနေတဲ့ free balloon […]


မောင်ဆန်းDecember 12, 20117min26337
ဒီတစ်ခေါက် ပုဂံရောက်တော့ အခြေအနေလေးပေးလို့ မိုးပျံပူဖောင်း စီးဖြစ်ခဲ့ပါတယ် ၊ ပူဖောင်းနဲ့ ပတ်သက်တာကိုတော့ နောက်ပို့စ်တစ်ခုနဲ့ တင်ပေးပါမယ် ၊ အခုတော့ ပူဖောင်းပေါ်က မြင်ခဲ့ရတဲ့ ပုဂံပုံလေးတွေ ကို ပုဂံအလွမ်းပြေ တင်ပေးလိုက်ပါတယ် ၊ ပုဂံမှာ ပူဖောင်းက မြင်ကွင်းကောင်းအောင် ပေ ၂၀၀ဝ ထက် ပိုတက်လေ့ မရှိဘူး ဆိုပေမဲ့ ကျွန်တော်ကတော့ ပေ ၈၀ဝ လောက်ကနေ ကြည့်ခွင့် ရခဲ့ပါတယ်…. တူတူ တက်ကြမယ် ညီမလေးရေ ငြိမ်ငြိမ်နေ သူငယ်ချင်း သုံးယောက် အဝေးရောက်ရွှေတွေ အလွမ်းပြေမယ်လို့ ထင်ပါတယ်….    


မောင်ဆန်းDecember 12, 20117min33925
  “ မြန်မာမှန်ရင် ပုဂံကို ရောက်ဖူးရမယ်တဲ့ ”  ကြားဖူးတဲ့ စကားလေးတစ်ခုပါ ၊ ဘာကြောင့်ပဲ ရောက်ရောက် ဘာလူမျိုးပဲ ရောက်ရောက် ရောက်ဖူးတဲ့ လူတိုင်းအတွက် ရှေးမြန်မာတွေရဲ့ ကျိုးစားမှု ၊စည်းလုံးမှု ၊ ယဉ်ကျေးမှု ၊ဘာသာတရားကိုင်းရှိုင်းမှု ၊သဘာဝတရား အပေါ် ခံစားတတ်မှုနဲ့ အနုပညာလက်ရာတွေကို တဝကြီးခံစားနိုင်ကြမှာပါ ….. နောက်ဆုံး ရောက်ခဲ့တာ ၁ဝ နှစ်ကျော်ခဲ့ပေမဲ့ မြင်ကွင်းတွေ များများ မပြောင်းလဲသေးသလို မြို့ နဲ့ ဒေသခံတွေရဲ့ ရင်းနှီး နွေးထွေးစွာ ကြိုဆိုမှုကလဲ အရင်အတိုင်းပါပဲ ၊ မြန်မာတွေအားလုံးရဲ့ ပုဂံ ၊ မြန်မာတွေ သိပြီးသား ပုဂံ မို့ မြို့အကြောင်း အထူးရည်ညွှန်းပြု တင်ပြစရာ မလိုတာမို့ ရောက်ခဲ့ တဲ့ […]


မောင်ဆန်းNovember 28, 20115min27017
အောင်ဇေယျာမင်း ဘုန်းကြီးကျောင်းဆိုတာကို ရွာထဲမှာ ၂၀၀ဝ အဖွဲ့နဲ့ ဒေါ်ပဒုမ္မာ တို့ ကျေးဇူးကြောင့် သိနေခဲ့တာ ကြာပါပြီ ရောက်ဖူးတဲ့ မိတ်ဆွေတွေ ပြောပြလို့လဲ ပါတာပေါ့ ဖတ်ဖူး ကြားဖူးကတဲက သွားချင်နေတာ အရင်ပတ် ပိတ်ရက်ကတော့ အလှူအတန်း ကိစ္စနဲ့ ရောက်သွားခဲ့ပါတယ် ၊ ရောက်ပုံက ဂျပန်က အဘိုးကြီး အဘွားကြီးတွေ စုပြီး သူတို့နိုင်သလောက် မြန်မာနိုင်ငံကို နှစ်စဉ်လာ ပညာသင်ထောက်ပံ့ကြေးပေး၊ လှူတန်းနေတဲ့ အလှူရှင်အဖွဲ့လေး တစ်ဖွဲ့ ရှိပါတယ် ၊ မနှစ်က သူတို့ရောက်လာတော့ အောင်ဇေယျာမင်း ဘုန်းကြီးကျောင်း အကြောင်း ပြောပြတာ စိတ်ဝင်စားတာနဲ့ ဘုန်းကြီးကျောင်းကို ရောက်ပြီး ဝတ္ထုငွေ လှူကြပါတယ် ၊ နောက် ဘုန်းကြီးကျောင်းထဲမှာ စာသင်ကျောင်းရှိတော့ တချို့ ဖိနပ် စီးကြပေမဲ့ […]


မောင်ဆန်းNovember 23, 20113min27013
အဆင့် (၃) ကတော့ ပေါင်းခံထားတဲ့ မှိုအထုတ်တွေထဲကို မှိုမျိုးထည့်ရတာ ဒီအဆင့်က သန့်ဘို့ လိုတဲ့အတွက် စိုက်ပျိုးရေးဌာနတွေမှာ ပိုးသတ်ထားတဲ့ အခန်းထဲ လုပ်ကြတယ်တဲ့ တပိုင်တနိုင် စိုက်ပျိုးတဲ့အိမ်တွေကျ ဘယ်လိုလုပ် ပိုးသတ်ထားတဲ့ အခန်းရနိုင်မလဲ ဒါပေမဲ့ မြန်မာပဲလေ ဒီလောက်ကတော့ အပျော့ပေါ့ ပလပ်စတစ်နဲ့ ခြင်ထောင်ပုံစံချုပ်လိုက်တယ် အထဲမှာ အရက်ပျံ ဖြန်း၊သုတ် ဆိုတော့ သန့်သွားပြီးပေါ့  မိုဘိုင်း ပိုးသတ်ခန်းထဲမှာ မှိုမျိုးထည့်ရတယ် ပေါင်းခံထားတဲ့ မှိုထုတ်ကို အပေါ်ကဖုံးထားတဲ့ သတင်စာ နဲ့ ဂွမ်းကြမ်းတွေဖွင့် မှိုမျိုးပုလင်း ( မှိုမျိုးပုလင်း သီးသန့် ရောင်းတဲ့ ဆိုင်တွေက ဝယ်ရတာ) ထဲက မှိုမျိုး နဲနဲစီထည့် ရတယ် ပြီးတော့မှ ဂွမ်းကြမ်းပြန်ထည့် သတင်းစာအသစ်နဲ့ ပြန်အုပ် လုပ်ရတယ် အလုံပိတ် […]


မောင်ဆန်းNovember 23, 20114min55420
မြန်မာစကားမှာ တစ်ခုခု အဆင်ပြေလို့ ပြုံးရွှင် မြူးထူးနေတဲ့ မျက်နှာကိုတွေရင် မှိုရတဲ့မျက်နှာကြီးနဲ့လို့ ပြောလေ့ရှိပါတယ် ၊ မှိုရတာနဲ့ အဲဒီလောက်တောင် ပျော်တယ်ဆိုတော့  မှိုက ရှားပါးပြီး ရဘို့က တော်တော်ခက်လို့ ဖြစ်ရမယ် ။ ရှေးကတော့ အခုခေတ်လို မှိုကို စိုက်ပျိုး တယ် ဆိုတာ မရှိဘဲ တောတွေ တောင်တွေ ထဲမှာ သွားလာရင်း  ရှာရင်း ဖွေရင်း နဲ့ မှ ဟိုတစ်စု ဒီတစ်စု ဟိုတစ်ကျင်း ဒီတစ်ကျင်း တွေ့ကျတယ် ထင်ပါရဲ့… အခုခေတ်တော့လဲ ရှေးကလို တောထဲ တောင်ထဲ ရှာကြတာအပြင် ကောက်ရိုးမှို ငွေနှင်းမှို စတဲ့ မှိုအမျိုးမျိုးကို နည်းအမျိုးမျိုးနဲ့ စိုက်ပျိုးနေကြပါပြီ ၊ အခုလို ပေါများလာပေမဲ့လဲ မှိုရရင် ပျော်လွန်းလို့ […]


မောင်ဆန်းOctober 31, 20111min36338
တစ်ရက် နေပြည်တော်ကို သွားဘို့ ကိစ္စ တစ်ခု ပေါ်လာတယ် ၊ ပုံမှန် ဆို လိုင်းကား နဲ့ ပဲ သွားလေ့ရှိပေမဲ့ ဒီတစ်ခေါက်ကတော့ အခြေအနေအရ လေယာဉ်နဲ့ပဲ သွားဖြစ်လိုက်တယ် ၊ လေယာဉ် ခရီးစဉ်က နေပြည်တော် ၊ ပြီးတာနဲ့ ရန်ကုန်ကို ပြန်မလာပဲ တခြား ခရီးစဉ်တွေ  ဆက်သွားမှာ ၊ ဆိုတော့ လေယာဉ်ပေါ်ကို ရောက်တဲ့အချိန် တခြားခရီးစဉ်တွေကို ဆက်သွားမဲ့ ခရီးသည်တွေက     လေယာဉ် တဝက်လောက်ကနေ နောက်ပိုင်း အပြည့် နေရာယူထားပြီးသား ဖြစ်နေပြီ ၊  ကျွန်တော့ ခုံနံပတ်က အလယ်လောက်မှာမို့ ခုံနံပတ် အတိုင်း ဝင်ထိုင်တော့ ကျွန်တော့ရှေ့က ခုံတွေက လွတ်နေသေးတယ် ၊ ချန်ထားရင်း မရောင်းဖြစ်လို့များ ပိုနေသလားလို့ […]


မောင်ဆန်းOctober 25, 20116min15410
ဒီပို့စ်ကို ခရီးသွားတွေ အရောက်အပေါက်နဲတဲ့ နေရာလေးတစ်ခုဖြစ်တဲ့ ဘူတန်ဆိုတာ ဘယ်လိုလို့ အကျဉ်းလောက်သိရုံ  ဓါတ်ပုံလေးတွေ ကို ကိုယ့် ရွာသားတွေအတွက် ဒေသန္တရ ဗဟုသုတအနေနဲ့ တင်ရုံလောက်လို့ တွေးထားခဲ့ပေမဲ့ တကယ်တင်မိတော့ ဓါတ်ပုံချည်းပဲဆို ပြည့်ပြည့်စုံစုံ မရှိနိုင်တာမို့ သက်ဆိုင်တဲ့အကြောင်းအရာလေးတွေ ထည့်ချင်သော်လည်း လွန်ခဲ့တဲ့ (၅)နှစ်က အကြောင်းအရာမို့ တော်တော်များများက ပြန်ဖော်လို့ မရတော့ဘူး ထုံးစံအတိုင်း အင်တာနက်ဆိုတာချည်းထဲ ဝင်မွှေရင်း ပြောရမှာမို့ သိပ်တော့ အားရ ပါးရ မရှိတာ အမှန်ပါ ဒါပေမဲ့ စာဖတ်သူတွေအတွက် အကျိုးအမြတ်မဖြစ်တောင် အကျိုးမဲ့တော့ မဖြစ်စေရဘူးဆိုတဲ့ စေတနာလေးနဲ့ ရေးဖြစ်တာအတွက်ကတော့ ကျေနပ်မိပါတယ်….. ဦးပါလေရာ မေးတဲ့ ဘူတန်စီးပွားရေးအကြောင်း နဲနဲ ရွှီးရရင် (:D) တိုင်းပြည်ရဲ့ဝင်ငွေက စိုက်ပျိုးရေး၊သစ်တော နဲ့ ရေအားလျှပ်စစ်ကို အိန္ဒိယနိုင်ငံဆီရောင်းတာတွေကနေ […]