WowOctober 30, 20131min37823
တကယ်တော့ မိုးစက်ဝိုင်ကို ပုဂ္ဂိုလ်ရေးအရ ချစ်ခြင်းမုန်းခြင်းမရှိပါဘူး… လူမျိုးခွဲခြားဖို့လား… ဟေးးး ဝေလာဝေး.. တော်တော်ကိုယ့်အနွံအတာခံတဲ့ တရုတ်သူငယ်ချင်းတွေရှိသလို ဘင်္ဂါလီ ထဲမလဲ သူငယ်ချင်းရှိပါတယ်…. တဇွတ်ထိုး တစ်ဇောက်ကန်းစိတ် ရှိပေမဲ့ ကိုယ်သွားလည်ရင် သောက်ဆမ်းတို့ ငါးငရုပ်သီးချက်တို့ မစားပဲ မပြန်ရအောင်ချက်ကျွေးတဲ့ ရခိုင်သူငယ်ချင်းလဲရှိပါတယ်… ပြောချင်တာကတော့ Nothing personal… ပါ… ဒါပေသိ…. ပြောရရင် သူဟာ မြန်မာကို ကို ကိုယ်စားပြုပြိုင်နေတာ လို့ မခံစားရပဲ… ခရိုနီတစ်စုနဲ့ မြန်မာသာမန်လူတန်းစားတို့ ကြားက Symbol လို့မြင်ပါတယ်….. ဖိုးလပြည့်နဲ့ ကိစ္စပေါ်ပြီးတဲ့နောက်… ဖေ့ဘုတ်မှာ ပလူပျံအောင် သူ့ဘက်ကိုယ့်ဘက် အပြန်အလှန်ရေးကြတဲ့ အထဲမှ ဘယ်သူဘာပြောပြော မိုးစက်ဝိုင်တို့ က စင်ပေါ်ကပါ။ ဘယ်မှာတွေ့နိုင်သလဲ ဆိုရင် နိုင်ငံပိုင် သတင်းစာတွေမှာ စာမျက်နှာပြည့် နေ့တိုင်းနီးပါး […]


WowOctober 28, 20131min53333
ဒါကတော့ရွာမိတ်ဆက်ပါ… ရွာသူားသစ်လေးများလဲရှိ …. ရွာကိုတစ်ကျော့ပြန်လာတဲ့ ကိုကိုမမများလဲရှိတော့ … ရွာ့သက်ကြီးဝါကြီးများကိုတော့ နွားရှေ့ထွန်ကျူးတယ် မထင်ပါနဲ့ ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာဆိုသလို မိကျောင်းမင်းရေခင်းပြရမှာဖြင့်ရင် တရွာမပြောင်းသူကောင်းမဖြစ်ဆိုပေမဲ့ သေချင်တဲ့ကျားတောပြောင်း ဆိုတာက ရှိသေးတော့ မပြောမပီး မတီးမမြည်ဆိုသလို (ဟဲ့… မိဗုံဒီနားလာ.. ) တိတ်တိတ်နေ ထောင်တန်ဆိုတာကလဲ ရှိသေးတော့ အဖိုးသေရင် မြေးပျော်ဆိုသလို… တာမီးကလဲ မုန့်ဟင်းခါးကြိုက်တော့… ဟယ်.. ရေးရင်းနဲ့ ကွကိုယ် ရေဝေးနားရောက်လာမှန်းတောင် မသိလိုက်ဝူး… ခွေးလွှတ်ကြပါ… အဦးဆုံးကတော့ ရွာသူကြီးပေါ့နော်…. သူကတော့ ရှားပါးအကောင်လေးတွေမွေးမြူတာ ဝါသနာပါတော့ ဒေါင်းမွေးထားပြီး ဥဥထဲက အိုက်နားက မခွာပါဝူး…. ဒေါင်းဥခန့်မျှ… အိမွမွဆိုပြီး မျက်လုံးကြီးတွေတဝင်းဝင်းနဲ့… ရပ်ရေးရွာရေး အားတက်နေပုံများနှယ် မြင်ယုံနဲ့ အကြည်ညိုပျက်… အဲလေ.. ကြည်ညိုလောက်တယ်.. ဒဂျီး.. အိုက် ဒေါင်းဥနားပဲ […]


WowOctober 8, 20131min38823
သက်ပြင်းတစ်ခါချတိုင်းသာ ငါတစ်ဒေါ်လာရရင် နင်နဲ့ငါ.. လပေါ်မှာ နေရာသွားဦးကြမလား???? မေ့ချင်ယောင်ဆောင်ထားလို့… မေ့နေလားမသိပေမဲ့… မေ့မမေ့ မသေချာပါဘူးကွာ… နောက်ဆုံးခန်းကို ကျော်ဖတ်ချင်တဲ့ ငါ့အကျင့်ကို ကြိုးဇားဖျောက်ရင်းးးးးး ကိုယ့်ဒေါသနဲ့ကိုယ် နေသာသလိုနေကြတာပေါ့…. အနာဂတ်ကို မျှော်မကြည့်ကြေး ကစားဝိုင်းမှာ… အနိုင်ပိုင်းဖို့များ … ရှိသေးသလား????


WowOctober 8, 20131min63039
“ရွေ့… နိပ်ဟ…” ဖွတ်ပြောင်တို့ ဇာတာစမ်းလဒ်များတက်လာတော့ ပူနေတဲ့နေမင်းဂျီးကိုပဲ ကျေးဇူးတင်ရမလို… အို အသင်လောက ပူရင် မိန်းမများ ဂယောင်၆ခြား ဖစ်တတ်တာ ကျွန်ုပ်ကောင်းကောင်းဂျီးသိပါဘီ… လို့ထအော် ရတော့မလို….. “မောင်ရေ… ရုံးပိတ်ရက် နေကအရမ်းပူတော့ လျှောက်မသွားချင်ဘူး ဂျန်းရှင်းစကွဲမှာ ကားသစ်တင်တယ် ကြားတယ်… လက်မှတ်ရရင် သွားကြည့်ရအောင်နော်….” မကြာခင်ကမှ အတော်ဂျီး ညက်နှာငယ်လေးဖြင့် ပိုးပန်းယူထားရသော ချစ်သူလေးက ဖုန်းဆက်ပြောလာတော့ ဖြူဖြူကျော်သိန်းစတိုင်ဖြင့် အိမ်ရှေ့ပြေးထွက် ဒူးထောက် ရဟူးးးးး အားရဝမ်းသာ အအော်… “ဟယ်… နာ့ကားသွားမဲ့လမ်း အတင်းပြေးဝင်ထိုင်ချ… ဘယ့်နှာဂျီးလဲ…. နိသေတာအရေးမကြီးဘူး… နာ့မှာ ယုစ် ရှိသေးတယ်” ကားသမား အော်ဆဲသွားတာ ခံလိုက်ရ၏… ရှိစေ… အချစ်ကို နားမလည်သူများ… အချစ်၏ရူးသွပ်မှုကို မခံစားတတ်သူများ ကို အဖက်မလုပ်ချင်တော့… နုတ်ခမ်းစူ […]


WowSeptember 30, 20132min31028
တဂယ့်ကြောင်ရီးတို့နေအိမ်ပါ…. 2008 ခုနှစ်လောက်ထဲက ကန်ထရိုက်တိုက်တွေ ဆောက်တော့ အဲဒီ့နားမှာပဲ အိမ်ငှားနေရင်းက ကိုယ်တိုင်လဲ သားသမီးမရှိတော့ နေ့စေ့လစေ့နဲ့ စနိုးဝှိုက်ဆိုတဲ့ကြောင်မကြီးကို စောင့်ရှောက်ထားရင်းကနေ တဖြည်းဖြည်း ကြောင်ဦးရေတိုးပွားလာပြီး အခု ကြောင်အကောင်ရေ ၃ဝ ကျော်ကို စောင့်ရှောက်ကျွေးမွေးထားပါတယ်။ တစ်နေ့တစ်နေ့ ကြောင်စာဖိုးက ၅၀၀ဝ လောက်ကုန်တယ်လို့သိရပါတယ်။ မနက်ပိုင်းကို ငါးအစိမ်း ၁ ပိသာ ဝယ်ကျွေးပီး.. . ညနေပိုင်းမှ ထမင်းနဲ့ ငါး၊ ကြက်ခေါင်းတွေနဲ့ ပြုတ်ကျွေးတယ်လို့ပြောပါတယ်။ စောင့်ရှောက်ထားတဲ့ အမကြီးက အဲဒီ့နား ရလွှာမှာနေပြီး၊ စီးပွားရေးက ယောက်ကျားလေးဆောင်ဖွင့်၊ အိမ်ခြံ မြေပွဲစားလုပ်ပါတယ်။ ကုန်ကျတာကို မငြိုငြင်ပေမဲ့ တိုက်ရှေ့ချောင်းဘေးနားလေးမှာ ကင်းတဲလေးလိုထိုးပြီး ကြောင်အကောင် ၃ဝ ကျော်ထားတဲ့ အခါ ရပ်ကွက်ထဲက တစ်ချို့တစ်လေက ကြောင်သေးစော်နံတယ် ဆိုပြီး ငြိုငြင်တာတွေလဲရှိတာကြောင့် […]


WowSeptember 26, 20133min40542
ပြီးခဲ့တဲ့တပတ်က အလုပ်ကိစ္စနဲ့ဧည့်သည်တွေလိုက်ပြရင်း သံလျှင်ဘက်က ပုဇွန်မွေးမြူရေးကန် ရောက်ဖြစ်တုံးက ပုံကလေးတွေပါ။ ဒါက ဆွိကို ရေးမယ်လို့ပြောထားတဲ့ လျှို့ဝှက်နေရာလေးတော့မဟုတ်သေးပါဘူး။ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေက နှစ်ရက်လုံးတုတ်ကွေးကွေးလိုက်တာ အိုက်နေရာကို မသွားဖြစ်တော့ပါ… နောက်တပတ်တော့ ဆက်ဆက်သွားပါမယ်… အဟမ်း… ပေါရမယ်ဆိုရင် :kwi: ဒီတစ်ပတ် အားလပ်ရက်မှာ သွားမဲ့နေရာက နေရာက လုံခြုံရေးအဆင့် ထိပ်တန်းရှိနေရာပါ… အနော်လို အလွန်လျှင်မြန်ဖြတ်လတ် အကွက်မြင် တော်လွန်းးးးးး အဟွတ်… အဟွတ်…. ဟီးးး နေကမကောင်းသေးတော့ ဒီချောင်းနှယ်… ဆိုသလိုမျိုးမှ အရောက်သွားနိုင်တာပါ… :buu: ဒီတပတ်ကတော့ ပဂျွန်ကန်လေးပဲ ကျိကျနော်… :harr: ခရာဆူးခြုံ ဟိုအနားက မျှော့နက်မဲကြီး တွယ်တတ်တယ်.. ငယ်ငယ်တုံးက အော်ဆိုဘူးတဲ့ကဗျာထဲက ခရာဆူးကို ခုမှမြင်ဘူးတာပါ…. ဒီလိုလှေကလေးနဲ့ ပဂျွန်ကန်ကို သွားရတာပါ…. ပဂျွန်ကန်က […]


WowAugust 30, 20131min49745
မြတ်နိုးခြင်းကြောင့် စိုးရိမ်ခြင်းဖြစ်ရ၏ မြတ်နိုးခြင်းကြောင့် ကြောက်ခြင်းဖြစ်ရ၏ မြတ်နိုးခြင်း ကင်းလွတ်သောသူမှာ စိုးရိမ်ရခြင်းမရှိ။ ကြောက်ရခြင်း အဘယ်မှာ ရှိအံ့နည်း။ (ဓမ္မပဒ) From endearment springs grief, From endearment springs fear. For him who is wholly free from endearment There is no grief, Whence then fear? (Dhammapada) လူတစ်ယောက်ကို ခင်မင်ဆက်ဆံနေရာကနေ သံယောဇဉ်တွယ်လာပီ ဆိုရင် စပြီး ပူလောင်လာပါပြီ။ သူ့ကိုတွေ့ချင်တယ် မြင်ချင်တယ် အသံကြားချင်တယ်။ သူငြိုငြင်မှာကြောက်တယ်… သူကိုယ့်ကို ချစ်စေချင်တယ်.. ဂရုစိုက်စေချင်တယ်…. တွေးကြည့်လိုက်တော့လဲ ပူလောင်ရတာတွေပါပဲ…. တော်ဘီ ဂျီးဒေါ်တော့ ရိပ်သာပဲဝင်တော့မယ်ကွီ :kwi:


WowAugust 13, 20131min34122
ဒုတိယ ကမ္ဘာစစ်တုံးက နာဇီတွေက အပြီပြီဆိုင်ရာစာချုပ်တွေ ဗြောင်တစ်မျိုး ခိုးကြောင်ခိုးဝှက် တစ်မျိုး ချိုးဖောက် တစ်ပြီပြီး တစ်ပြီ ချီတက်သိမ်း… မဟာမိတ်များ ပါလီမန် အစီးအဝေးထိုင်နေတုံး….. ဂျပန်က သိမ်းတာ အရှေ့တောင်အာရှကုန်တော့မယ် အင်္ဂလိပ်က အောင်မြင်စွာဆုတ်ခွာတယ် ပြောနေတုံး…. တစ်ခါ ကျူးဘားမှာ ကက်စထရို နိုင်ငံထဲခိုးကြောင်ခိုးဝှက် ပြန်ဝင်လာ တော်လှန်ရေးမှ မစရသေးဘူး ဘာတစ်စတာ စစ်တပ်က တောနင်းပြီး ရှာလို့ ခွေးပြေးပြေးရပြီး လူလဲ မသေရုံတမယ်… အဲဒီ့ အချိန်မှာ လက်သီးလက်မောင်းတန်းပြီး “ဘာတစ်စတာစစ်အစိုးရအဆုံးသတ်ချိန်ရောက်ပြီ” လို့ ယုံကြည်ချက် အပြည့်နဲ့ ကျွေးကြော်….. တို့ညားဆီမှာလဲ…. ပြောင်းဖူးရိုးမှာ “မ” တစ်လုံးရေးပြီး ချီတက်တာက စလို့ စီလုပ်ကြီးလဲ ကြောက်ရပါဒယ်ဖျာ့ ဒဗဲ့ဒေါ်ဒို့ မီးလောင်ဗုံးလေးနဲ့ပစ်တာ ဒါအပြစ်လား…… ဒေါ်စုက ကုလားကို […]


WowAugust 13, 20131min55229
အချစ်အမျိုးမျိုး… Infatuation- စိတ်ကူးယဉ် ရင်သိမ့်တုန်အချစ်၊ တစ်ယောက်အကြောင်းတစ်ယောက်သိတော့ ပျက်ပျယ်… Romantic Love- တချစ်ထဲချစ်တတ်တဲ့အချစ် Eros- ကာမဂုဏ်အာရုံနဲ့ချစ်တဲ့အချစ် Companionate Love- သူငယ်ချင်းအချစ် Unconditional Love- သူဘာဖြစ်နေနေဆိုတဲ့ အကြွင်းမဲ့အချစ် Conditional Love- အကန့်အသတ်နဲ့အချစ်၊ လိုချင်တာရမှ ချစ်ပြတတ်တဲ့အချစ် Puppy Love- မတည်ငြိမ်စိတ်ကစားတဲ့အချစ် Maternal Love- မိခင်တစ်ယောက်ရဲ့အချစ် Paternal Love – ဖခင်တစ်ယောက်ရဲ့အချစ် Soulmate Love- ဘဝတစ်သက်တာ ထာဝရအချစ် Engross စိတ်ဝင်စားသည် ဖမ်းစားသည် ဈာန်ဝင်သည်။ Credit to The best English 4 You Facebook မှာတွေ့တဲ့ စာသားလေးဘာ… တညင်ကျွန်းက ခင်လွန်းမဟုတ်တဲ့ ချင်သေ့ကျွန်းက ခင်ဆွိက […]


WowJune 26, 20131min57741
– ဘာသာရေးအဓိကရုန်းမှာ လူသတ် အိမ်မီးရှို့သူတွေ ဘာလို့ လွတ်နေသေးတာလဲ…. – သတင်းထောက်တွေ ကင်မရာရိုက်ခွဲတာတွေ ဘယ်သူတွေလဲ… – ကလားတွေ ဘုန်းကြီးတွေသတ်ကုန်ပြီလို့အော်နေသူတွေ ရွှေဝါရောင်အရေးအခင်းတုံးက ဘုန်းကြီးတွေ တန်းစီပြီး လူညွန့်တုံးပစ်တာကော.. ကလားတွေပဲလား…. – မလေးမှာ ကလားတွေ မြန်မာတွေကို ဝိုင်းသတ်နေပါပြီပြောပြီး တာဝန်အရှိဆုံး သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ သံရုံးတို့က ဘာတစ်ခုမှ action မယူခဲ့ပဲ.. ဒေါ်စုဘာလုပ်နေလဲလို့ ဝိုင်းအော်တာ ဘယ်သူတွေလဲ…. – မြန်မာသံရုံးက အသိအမှတ် မပြုပေးလို့ သဂြိုလ်ခွင့်တောင်မရခဲ့တဲ့ ဇတ်နာတာတွေကို ရူးချင်ယောင်ဆောင်နေတာ ဘယ်သူတွေလဲ… – မလေးကမြန်မာတွေ သေရေးရှင်ရေးကျ ရေငုံနှုတ်ပိတ်နေတဲ့ သမ္မတရုံး၊ အခု Time မဂ္ဂဇင်းကို အူးဇင်းဝီသူရ ကိစ္စကျ ချက်ချင်း ထကန့်ကွက်တာဘာလို့လဲ…. နောက်ဆုံး…. – […]


WowMarch 10, 20131min38936
အဖေဆုံးပြီ… 9 ရက် မတ်လ 2013 စနေနေ့ စနေနေ့မှာမွေးပြီး အသက် ၇၁ နှစ်တင်းတင်းပြည့်တဲ့ စနေနေ့မှာပဲ ဘုရားသခင်ကပြန်ခေါ်သွားပြီ သမီးရယ်တဲ့….. အဖေ့မိန်းမက သုသာန်မှာပြောတဲ့စကား… လာရာလမ်းတစ်လမ်းလုံး ပူလောင်လာသမျှ သုသာန်ထဲဝင်လိုက်တော့ အေးချမ်းသွားသလိုခံစားလိုက်ရသည်။ ကံ့ကော်ပင်တွေ ရေတမာပင်တွေ ထင်းရှူးပင်တွေ… အုတ်ဂူဖြူလေးတွေ အစီအရီနှင့် အေးချမ်းစွာ လှဲလျောင်းနေကြသူများ… အဖေ့ကိုမြေမမြုတ်ခင် တစ်ခေါက်လောက်တော့ ကြည့်ချင်သည်။ အိပ်ပျော်နေသလိုပါပဲ။ မျက်နှာမှာ ခံစားပူလောင်ရမှုတွေမတွေ့ရ။ လက်ကိုကိုင်ကြည့်လိုက်တော့ အေးစက်နေပေမဲ့ အဖေ့အငွေ့အသက်တွေ ခံစားလိုက်ရသလို…. အဖေ့ကိုယ်အောက်ကစောင်ကို ဆွဲဖယ်တော့ မောင်လေးနှင့် ကျမ အဖေနာသွားမှာစိုးသလို တစ်ယောက်က လက်ကိုမ တစ်ယောက်က ခေါင်းကိုပြေးမသည်… မနက် ၈နာရိလောက်မှာသမီးရယ် မနက်စာစားပြီးပြန်အိပ်နေတာထင်ပါတယ်… သွားစမ်းကြည့်လိုက်တော့မှ အေးစက်ပြီးနေလို့ ဆရာဝန်ပြေးခေါ်ရတယ်…. ဒါဆိုအဖေ ဝေဒနာမခံစားလိုက်ရဘူးပေါ့… သမီးရယ် အမေတို့သမီးအဖေကို […]


WowFebruary 26, 20131min47848
ပိသတ်ကြီးရယ် ဒီနေ့မနက်ရုံးရောက်တော့… ထမနဲတွေသူများလာပို့ထားတာနဲ့.. လက်ဘက်ရည် ကျဆိမ့်တစ်ခွက်နဲ့ အလုပ်လုပ်ရင်း စားမယ်ပေါ့..ဆိုပြီး… ရပ်ရွာထဲမလဲ လူကြီးသူမများက ရေနွေးကြမ်းသောက်ချင်းသီ ကျန်းမာရေးအတွက် ဘယ်လိုကောင်းဂျောင်း ပြောပြထားတော့.. ထမနဲလေးနဲ့ ကျစိမ့်လေးနဲ့.. ရေနွေးကြမ်းလေးနဲ့ ဆိုရင် ငါ့စည်းဇိမ် ဘယ်သူမှ မမှီဝူးဟဲ့ ဆိုပြီး.. ရေနွေး တစ်ခွက်ထဲ့… သောက်ခါနီး တငုံမြည်းကြည့်လိုက်တော့….. ဟီးးးးးးးးးး ပိုးသတ်ဆေးစော်ဂျီးနံတယ်… ရေနွေးကြမ်းက.. နာ့ပါးစပ်ထဲ တစ်ငုံဝင်သွားဘီ…. ပထမတော့… ရုံးထဲ ပိုးသတ်ဆေးများဖြန်းနေသလားပေါ့.. နောက်တော့ မဟုတ်ဝူး.. ရေနွေးကြမ်းကနံတာ… ရေနွေးသောက်ခိုင်းသူများ နာတစ်ခုခုဖစ်ရင် လျှော်ကြေးပေးရမယ်… ခွီး.. ဆိတ်စိုးဒယ်… 👿 :gee: အိုက်လော့.. မသေခင် ရုံးပိတ်ရက်တုံးက ဖုံးကင်မလာနဲ့လက်ဆော့ထားတာလေးတွေ တင်သွားအူးမှ…. ဆိုပီး… တိုက်ဘေးမှာ တိုက်အသစ်ဆောက်နေတာကြည့်မိတာ… ထူးထူးဆန်းဆန်း ကန်တော့ပွဲလေးတင်ထားတာ… အုန်းပွဲ ငှက်ပြောပွဲနဲ့… […]