www.mmso.orgJune 6, 20101min1183
မှတ်ချက်။ ။ ဒီအကြောင်းအရာဟာ စိတ်ကူးယဉ် လုပ်ဇာတ်တစ်ခု မဟုတ်ပါဘူး။ ရွှေမင်းသမီးနဲ့ ဂျာနယ်လစ်မလေးရဲ့ အက်ရှင်ဇာတ်လမ်းလောက် စိတ်ဝင်စားစရာ မကောင်းဘူးလို့ ခင်ဗျား ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် အဆုံးထိရောက်အောင်တော့ ကျေးဇူးပြုပြီး ဖတ်ကြည့်လိုက်ပါဦး။ ဒီမိုက်မဲမှုကို သက်သေပြလို့ရအောင် ဓါတ်ပုံမှတ်တမ်းတင်ဖို့ စိတ်ကူးခဲ့ပေမယ့်လည်း ဝန်ထမ်းငယ်မိန်းမသူရဲ့ ဂုဏ်သိက္ခာကို ထိပါးမှာစိုးတဲ့အတွက် မရိုက်ဖြစ်ခဲ့တော့ပါဘူး။ ဒီအလုပ်မရှိခဲ့ရင် ဘာတွေဆက်ဖြစ်မယ်မှန်း မသိနိုင်တဲ့ ဘဝတွေအတွက်လည်း အလေးအနက်စဉ်းစားခဲ့မိပါတယ်။ တိုက်ပွဲမှာ အကျအဆုံး မရှိဘူးဆိုတာ ရှားပါတယ်။ အကျအဆုံး နည်းနိုင်သမျှနည်းအောင်လုပ်ဖို့ဆိုတာက ဆုတောင်းနေယုံနဲ့ မပြီးပါဘူး။ ကျွန်တော်တို့အားလုံး တတ်စွမ်းသမျှ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ (၁) နေရာကား လူစည်ကားလှသည့် လှည်းတန်းအရပ်မှ ဗျစ်ရည်ရောင်းချရာ သေတင်းကုပ်တစ်ခု ဖြစ်၏။ အချိန်ကား သက်ကြီး ခေါင်းချချိန် ကျော်လွန်လေပြီ။ အဆီပြန်မျက်နှာများ၊ ဖန်ခွက်ချင်းထိခတ်သံများ၊ […]