Yan ShinDecember 16, 20111min872
NGO တွေနေတဲ့အိမ် အရင်တစ်ပါတ် စနေ တနင်္ဂနွေက ကျွန်တော်တို့ ဝန်ထမ်းတွေစုငှါးနေတဲ့ အိမ်ကို ကျွန်တော့်သ္မီးကြီး သူသူအောင်ဆန်း(ကိုးနှစ် သုံးတန်း) လာလည်သွားတယ်။ သ္မီးကြီးက ဘာပြောတယ်မှတ်လဲ “ဖေဖေတို့အိမ်ကလည်း ရှက်စရာကြီး” တဲ့။ အမငှီး အော်သာအော်လိုက်ခြင်တော့တယ် “ကိန်” ကျွန်တော်သိတယ်…… သ္မီးကို စာကျက်ပြင်းတုန်းက ကျွန်တော်က စည်းကမ်းတွေထုတ်တော့ သ္မီးမေးလို့ ကျွန်တော်ပြောခဲ့တဲ့ စကား “ သ္မီးက စည်းကမ်းမရှိလို့ စည်းကမ်းထုတ်ရတာ” ကို သ္မီးက မှတ်မိပြီး ပြန်ပြောတာ။ ကျွန်တော်တို့နေတဲ့အိမ်ကလည်း ဝင်းတံခါးမကြီးဝင်တော့ “ဖွင့်ဝင် ဖွင့်ထွက် ပြန်ပိတ်ခဲ့ပါ” အိမ်ရှေ့ခန်းဝင်တော့ “ကျေးဇူးပြုပြီး ဖိနပ်ချွတ်ပါ” ဧည့်ခန်းပြတင်းဝမှာ ”ကွမ်းတံတွေးမထွေးရ“ လျှပ်စစ်မိန်းခလုပ်နားမှာ “မလိုအပ်သောမီးများ ပိတ်ထားပါ” “အပြင်ထွက်လျှင် မိန်းချခဲ့ပါ“ အိမ်သာတွင်းမှာ “မိမိပစ္စည်း မိမိတာဝန်” ရေချိုးခန်းမှာ […]


Yan ShinDecember 4, 20111min1457
အရင်တစ်ပါတ် စနေ တနင်္ဂနွေက ကျွန်တော်တို့ ဝန်ထမ်းတွေစုငှါးနေတဲ့ အိမ်ကို ကျွန်တော့်သ္မီးကြီး သူသူအောင်ဆန်း(ကိုးနှစ် သုံးတန်း) လာလည်သွားတယ်။ သ္မီးကြီးက ဘာပြောတယ်မှတ်လဲ “ဖေဖေတို့အိမ်ကလည်း ရှက်စရာကြီး” တဲ့။ အမငှီး အော်သာအော်လိုက်ခြင်တော့တယ် “ကိန်” ကျွန်တော်သိတယ်…… သ္မီးကို စာကျက်ပြင်းတုန်းက ကျွန်တော်က စည်းကမ်းတွေထုတ်တော့ သ္မီးမေးလို့ ကျွန်တော်ပြောခဲ့တဲ့ စကား “ သ္မီးက စည်းကမ်းမရှိလို့ စည်းကမ်းထုတ်ရတာ” ကို သ္မီးက မှတ်မိပြီး ပြန်ပြောတာ။ ကျွန်တော်တို့နေတဲ့အိမ်ကလည်း ဝင်းတံခါးမကြီးဝင်တော့ “ဖွင့်ဝင် ဖွင့်ထွက် ပြန်ပိတ်ခဲ့ပါ” အိမ်ရှေ့ခန်းဝင်တော့ “ကျေးဇူးပြုပြီး ဖိနပ်ချွတ်ပါ” ဧည့်ခန်းပြတင်းဝမှာ ”ကွမ်းတံတွေးမထွေးရ“ လျှပ်စစ်မိန်းခလုပ်နားမှာ “မလိုအပ်သောမီးများ ပိတ်ထားပါ” “အပြင်ထွက်လျှင် မိန်းချခဲ့ပါ“ အိမ်သာတွင်းမှာ “မိမိပစ္စည်း မိမိတာဝန်” ရေချိုးခန်းမှာ “ ရေကိုသုံးပါ […]


Yan ShinAugust 29, 20111min1779
ကျွန်တော်တို့ ညောင်တုန်းကျွန်းရေနက်ကွင်း စိုက်ကွင်းတဲမှာ နေတုန်းကပါ။ ကျွန်တော်တို့ဟာ မောင်ကျော်ထွေးတို့လို ဒေသခံလူငယ်လေးတွေကို အလုပ်ခွင်ထဲမှာ ခေါ်ခိုင်းရင်း သူတို့တစ်တွေကို တတ်နိုင်သမျှ နားမျက်စိဖွင့်ပေးပါတယ်။ တတ်နိုင်သမျှ လူတန်းစေ့ထားပါတယ်။ လူမှု့ရေးအသိ ကျန်းမာရေးသတိ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးအသိကစ တတ်နိုင်သမျှ ပြောပြ သွန်သင်ပေးပါတယ်။ သူတို့တစ်တွေ တစ်ကိုယ်ရေကျန်းမာရေးအတွက် အကြမ်းဆပ်ပြာ ကိုယ်တိုက်(အမွှေး)ဆပ်ပြာ သွားတိုက်ဆေး သွားတိုက်တံ မျက်နှာသုပ်ပုဝါ ကိုယ်စီ ဝယ်ပေးထားပါတယ်။ မောင်ကျော်ထွေးတို့တစ်တွေ လိုက်နာကြပါတယ်။ လိုက်နာလွန်းလို့ ရင်တောင်နာရပါတယ်။ သူတို့တစ်တွေ ရေချိုးကြတာ တဲရှေ့ရေပြင်၊ တဲရှေ့ရေမြောင်းထဲကရေပါပဲ။ (ဒါပေမဲ့ ဧရာဝတီတိုင်းထုံးစံ အတိုင်း ကျွန်တော်တို့တဲတွေဟာ နောက်ဖေးပိုင်းအိမ်သာ ရှေ့ပိုင်းက ရေကပြင်ပါပဲ) ဘယ်လောက်ပဲ သန့်သန့် ဘယ်လောက်ပဲ ဆပ်ပြာတိုက်တိုက် သန့်ရှင်းမှု့ကတော့ သိပ်မထင်ပါ ထဲကပေါ့။ ဒါပေမဲ့ သူတို့တစ်တွေကတော့ တစ်ကိုယ်ရေသန့်ရှင်းမှု့အပြည့်ပါ။ […]


Yan ShinAugust 1, 20111min20213
ကျွန်တော်တို့ ညောင်တုန်းကျွန်းရေနက်ကွင်း စိုက်ကွင်းကနေ စပါးစိုက်ပြီး အားတဲ့ရာသီလေးမှာ ဇာတိမြေလတ်မြို့ကလေးကို ပြန်ဖြစ်ပါတယ်။ မောင်ကျော်ထွေးကို ဗဟုသုတလည်းရစေ စိတ်လည်းအပန်းဖြေဘို့ ခေါ်လာခဲ့ပါတယ်။ မောင်ကျော်ထွေးက လူလည်ပါ။ နှစ်ရက်သုံးရက်အတွင်းမှာပဲ ရပ်ကွက်တွင်းနှံ့နှံ့စပ်စပ်နဲ့ အပေါင်းအသင်းနဲ့ လည်လို့ ပါတ်လို့။ တစ်ညနေ ကျွန်တော်တို့ရေချိုးကာနီး ကိုယ်တိုက်ဆပ်ပြာ(အမွှေးဆပ်ပြာ)ကုန်နေလို့ မောင်ကျော်ထွေးကို လမ်းထိပ်က ကုန်စုံဆိုင်(စတိုးဆိုင်မှာ)သွားဝယ်ခိုင်းပါတယ်။ မိတ်ဆွေ မရီနဲ့….. ဘာလဲ လွဲပြန်ပြီဟုတ်လား? အံမယ် ခင်ဗျားတို့တောင်ကြိုမှန်းမိနေပြီလား…… ဟုတ်ပဗျား…………….. ဘယ်လိုလွဲတယ်ထင်လဲ မှန်းကြည့်စမ်းပါ။            ။   သကောင့်သားဘာဝယ်လာတယ်ထင်သလဲ   မွှေးဆပ်ပြာမှုံ့ထုပ်ကြီးဗျား……… တကယ်ပါ ညစ်တယ် ခင်ဗျားတို့က ပြောပြန်ရင်လည်း ကျွန်တော်လွန်တယ်ပဲထင်တယ်။ ဟုတ်တယ်ဟုတ်။   ဟကောင် ကျော်ထွေး လုပ်ချလိုက်ပြန်ပြီကွာ ဗျာ ဦးဌေး ဘာဖြစ်လို့လဲ? ဟ ငါက ဒီဆပ်ပြာမှုန့်ထုပ်ကြီးဘာလုပ်ရမလဲဟ… ဗျာ […]


Yan ShinAugust 1, 20111min18311
ကျွန်တော်တို့ ညောင်တုန်းကျွန်းရေနက်ကွင်း စိုက်ကွင်းတဲမှာ နေတုန်းကပါ။ သူဌေးက ကက်ဆက်တစ်လုံး ဘက်ထရီနဲ့ ထားပေးပါတယ်။ ကျွန်တော်တို့ ငကြပ်ကောင်ကိုစည်သူတို့က (အဲဒီတုန်းက) ခေတ်စားတဲ့ လေးဖြူရဲ့ ပင်လယ်အော်သံတို့ ဇော်ဝင်းထွတ်ရဲ့ ဂျစ်ပစီမိုးတိမ်တို့ ငှက်ကြီး(ထူးအိမ်သင်)တို့ ကြိုက်ကြတာပေါ့။ ကျွန်တော်တို့နားရင် ကက်စက်ဖွင့်ရင် အဲဒီတိတ်ခွေတွေပဲ ဖွင့်ပါတယ်။ တိတ်ခွေပုံ အပေါ်ပိုင်းမှာ အဲဒီတိတ်ခွေတွေက နေရာယူမြဲပေါ့။ တပည့်ကျော် ကျော်ထွေးတို့ ရွာထဲက လာလည်တဲ့ ကျော်ထွေးသူငယ်ခြင်းတို့တစ်တွေ ဖွင့်ရင်တော့ ဟသာင်္တထွန်းရင်တို့ တွံတေးသိန်းတန်တို့ပါပဲ။ အဲဒီအခါ ကျွန်တော်တို့ဖွင့်တုန်းက အောက်ပိုင်းရောက်နေတဲ့ အခွေတွေဟာ တိတ်ခွေပုံရဲ့ အပေါ်ပိုင်းကို တက်လာခဲ့ပြီပေါ့။ ကျွန်တော်ဟာ တိတ်ခွေတွေ စာအုပ်တွေကို စနစ်တကျ စီထားတတ်ယုံမက အိပ်ယာခြင်ထောင်စောင်တွေကိုလည်း စနစ်တကျ ခေါက်သိ်မ်းထားတတ်ပါတယ်။ ကျွန်တော်ဟာ ဇီဇာကြောင်တတ်သူမဟုတ်ပေမဲ့ ကျွန်တော့်အဝတ်အစား သူများယူဝတ်တာ ကျွန်တော်အိပ်ယာ သူများလာအိပ်တာကိုတော့ […]


Yan ShinJuly 22, 20111min1597
တစ်ညနေ ကျွန်တော်တို့ အလုပ်သိမ်းပြီး ရေးချိုးနေတုန်း ညစာထမင်းမစားခင် ရက်သောက်ခြင်လို့ ကျော်ထွေးကို ရွာထိပ်က(တာပေါ်က) အရက်ဆိုင်မှာ အရက်သွားဝယ်ခိုင်းပါတယ်။ ကျွန်တော်တို့ ရေချိုးပြီး တစ်ချို့ ကောင်တွေက အမြည်းတွေဘာတွေပြင်ပြီး ငါးတွေဘာတွေ ကျော်ပြီး တစ်ချိုု့မသောက်မဲ့ကောင်တွေက ထမင်းတွေဘာတွေတောင်ခူးခပ်စားနေကြပါပြီ။ ဟ ကျော်ထွေးလည်းမလာသေးပါလား ကြာလှချည့်လားဟ ပြောနေတုန်းပါပဲ မောင်ကျော်ထွေးအရက်ဝယ်က ပြန်လာပါပြီ ဟကောင်ကျော်ထွေး တာပေါ်အရက်သွားဝယ်တာကြာလှချည့်လားကွာ အာ ဦးဌေးကလည်း မကြာပါဘူး ဘာမကြာရမှာလည်း မင်းမစောင့်နိုင်လို့ တစ်ချို့တောင် ထမင်းစားပြီးသွားကြပြီ မင်းကွာ ဒီနေရာနဲ့ဒီနေရာ ဒီလောက်ကြာရလား အဲလိုကြာမှာဆိုးလို့ စက်ဘီးယူသွားခိုင်းတာတောင် ဦးဌေး…. အဲဒီစက်ဘီးကြောင့်ပိုကြာတာပေါ့ ဟေ… ဘာဆိုင်လဲကွ စက်ဘီးနဲ့ဆို ပိုမြန်ရမှာပေါ့ အဲဒီစက်ဘီးက ဟိုလဲဒီလဲနဲ့ ဟဘာလို့လဲရမှာလည်းကွ ကျွန်တော်မှ မစီးတတ်တာ ဟေ………………….. မင်းမစီးတတ်ပဲ ဘာလို့ယူသွားတာလဲ ဟင်.. ဦးဌေးပဲ […]


Yan ShinJuly 14, 20111min1042
မိတ်ဆွေများခင်ဗျား လွန်ခဲ့သော နှစ်ရက်က မိုးခါးရေပုံပြင်လေးအကြောင်းပြောပြီး မတူသော အမြင်များကို ဆွေးနွေးခဲ့ကြပါတယ်။ ခုအဲဒီပုံပြင်လေးကို ကျွန်တော်တို့သူငယ်ခြင်းတွေပြောပြတဲ့ မတူတဲ့ ပုံပြင်လေးတွေ ပြောပြပါတယ်။ ဆက်လက်ငြင်းခုန်ကြပါစို့။ ……………………………………… အဲဒီလိုနဲ့ သူတို့အတတ်နဲ့သူတို့ အရူးတွေကြားထဲမှာ မရူးသူ သူတို့နှစ်ယောက် အရူးဖြစ်ပြီး ဘယ်လိုမှမနေနိုင်တော့လို့ သူတို့နှစ်ဦးနောက်ဆုံး မိုးခါးရေကိုလိုက်သောက်ပြီး ရူးသွားကြတယ်တဲ့။ လူကြီးမင်းတို့ရေ ကျွန်တော့်သူငယ်ခြင်းတစ်ယောက် လက်ဘက်ရည်ဆိုင်မှာ ပြောပြတဲ့ ပုံပြင်လေးကတော့ ဒါပါပဲ။ အဲဒါကို ကျွန်တော်တို့ သူငယ်ခြင်းတွေ ငြင်းခုန်မိကြပါတယ်။ ပုံပြင်ကို တစ်ယောက်အမြင်တစ်မျိုးနဲ့ပြောကြပါတယ်။ တစ်ဦးသောသူငယ်ခြင်းကပြောပါတယ်။ ဘုရင်ကြီးနဲ့ အကြံပေးပုရောဟိတ်ကြီး ဒုတ္ခရောက်ရပုံကိုပါ။ သူတို့လုပ်တာမဟုတ်တဲ့မမှန်တဲ့ အကြောင်းပါ။ တစ်ကယ်ဆို သူတို့က ကြိုသိနေတာပဲ ပြီးတော့ သူတို့မှာ လုပ်ပိုင်ခွင့်တွေ လုပ်နိုင်ခွင့်တွေရှိနေတာပဲ။ သူသာ ဘုရင်ကြီးနေရာမှာဆိုရင် တစ်တိုင်းပြည်လုံးကိုမောင်းကြေးနင်းခတ်ပြီး ကြေငြာမှာပေါ့။ နောက်ခုနစ်ရက်ကြာရင် မိုးခါးကြီးရွာမည့်အကြောင်း […]


Yan ShinJuly 12, 20111min23021
သက္ကရဇ် ၂၀၀ဝ လောက်တုန်းကပါ။ ကျွန်တော်တို့ နေထိုင်ရာနယ်မြို့ ကလေးရဲ့ လက်ဘက်ရည်ဆိုင်ကလေးမှာ သူငယ်ခြင်းတွေစုထိုင်နေရင်း ရောက်တတ်ရာရာ စကားတွေဖေါင်နေတုန်းပေါ့။ သူငယ်ခြင်းတစ်ဦးက ပုံပြင်လေးတစ်ပုဒ်ပြောပြပါတယ်။ လူကြီးမင်းတို့လည်းကြားဘူးပြီးဖြစ်မှာပါ။ သူပြောတဲ့ပုံပြင်လေးက သိပ်မထူးဆန်းတဲ့ ပုံပြင်လေးပါ။ မိုးခါးရေသောက် တဲ့။ မိုးခါးရေသောက်ပုံပြင်လေးကို ပြန်ပြောပြပါရစေ။ ဟိုးရှေ့ရှေးတုန်းကပေါ့ တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးနဲ့ သူ့ရဲ့အကြံပေး ပုရောဟိတ်ကြီး တွေ့ဆုံဆွေးနွေးနေကြပါတယ်။ အကြံပေး ပုရောဟိတ်ကြီးက နောက်ခုနစ်ရက်ကြာရင် သူတို့တိုင်းပြည်မှာ မိုးခါးကြီးရွာမှာကို ကြိုသိဆိုပဲ။ အဲဒီမိုးခါးရေကို သောက်သုံးမိသူတွေ အားလုံးရူးမယ်လို့ အကြံပေးပုရောဟိတ်ကြီးကသိနေပါတယ်။ အဲဒါကို သူကသိထားတော့ သူ့ရဲ့ဘုရင်ကြီး ကိုလာတွေ့ပြီး ဘယ်လိုလုပ်ရင်ကောင်းမလဲ ဘာလဲ ဆွေးနွေးနေကြတာပါ။ ရွှေဉာဏ်တော်စူးရောက်တဲ့ ဘုရင်ကြီးက အဲဒီမိုးကြီးရွာရင် သိထားကြတဲ့ သူနဲ့ အကြံပေးပုရောဟိတ်ကြီးတို့ မသောက်မိဘို့ ဆုံးဖြတ်ချက် ချလိုက်ကြပါတယ်။ သိပ်တော်တဲ့ အကြံပေးပုရောဟိတ်ကြီးပါ။ သူပြောတဲ့အတိုင်း […]


Yan ShinJuly 11, 20111min1376
ကျော်ထွေးတို့စာ စာမတတ်ပေမဲ့ ကျွန်တော်တို့ပြောစကားကိုတော့ မြေဝယ်မကျ နားထောင်ပြီး အလုပ်ကျိုးစားရိုကျိုးတဲ့လူငယ်လေးတွေပါ။ အလုပ်ဆိုလည်း မခိုမကပ်အားကျိုးမာန်တက်လုပ်ကြပါတယ်။ ဘယ်လောက်တောင်လုပ်သလဲဆိုရင် ကျွန်တော်တို့စကားကို ဘယ်လောက်တောင် နားထောင်သလဲဆိုရင် လူလေးယောက်လောက်မရွှေ့မှ ရမယ့်စက်ကြီးကို ကျော်ထွေးတို့ လူငယ်လေးနှစ်ယောက်ပဲ ရှိပေမဲ့ ရအောင်ရွှေ့ဆို ရအောင်ရွှေ့ကြတဲ့သူတွေပါ။ တစ်နေ့ ကျွန်တော်တို့ လယ်ကွင်းစိုက်ကွက်ကနေ ညောင်တုန်းမြို့စိုက်ပျိုးရေးရုံးကို မြေဩဇာ သွားထုတ်ဘို့ရှိနေပါတယ်။ အဲဒီအချိန်ကလည်း မိုးနှောင်းပိုင်းဆိုတော့ ကွင်းထဲမှာ သုံးတဲ့လှေတွေ ဒေါက်တင်ချိန်ပါ။ ကျွန်တော်ညောင်တုန်းသွားကာနီး တပည့်ကျော် ကျော်ထွေးကိုမှာပါတယ်။ အဲဒီအချိန်က မနက်(၇)နာရီချိန်လောက်ပါ။ ကျွန်တော်တို့ အစောင့်တဲမှာလည်း သူတစ်ယောက်တည်းရှိပါတယ်။ အဲဒီနေ့က မောင်ကျော်ထွေးက တဲစောင့်တာဝန်ပေါ့။ ကျန်တဲ့သူတွေက လုပ်ကွက်ထဲမှာ။ ကျော်ထွေး ငါညောင်တုန်းသွားမလို့။ နေ့လည် (၁၂)နာရီလောက်မှပြန်ရောက်မယ်။ ငါပြန်လာရင် ဒီလှေရေးဆေးပြီးသားတွေ့ခြင်တယ်။ (အဲဒီလှေက ယောက်ကျားကြီးနှစ်ယောက်လောက် တစ်နေကုန်ဆေးမှ ပြီးနိုင်လောက်အောင် ကြီးတဲ့လှေပါ။) ဒါပေမဲ့ […]


Yan ShinJuly 5, 20111min1627
ကျွန်တော် တပည့်ကျော်မောင်ကျော်ထွေးကို စာသင်ပုံကို အရိပ်အမွက်လောက်ပြောပြထားပြီးပါပြီ။ ကျွန်တော့်သူငယ်ခြင်း ငကြပ်ကောင်မောင်စည်သူ ခံရပုံကိုလည်းသိပြီးပြီဟုတ်…. နောက်တစ်ခါ ကျွန်တော် မောင်ကျော်ထွေးကို စာသင်တော့ကြုံရပုံကို ထပ်ပြောပါရစေ။ ကျွန်တော်ဒီတစ်ခါ သင်တော့ ဗျဉ်းသုံးဆယ့်သုံးလုံးကုန်သလောက်ဖြစ်နေပါပြီ။ ကျွန်တော် သင်တော့ အက်ခရာဥ အက်ခရာအော (ဥဩ) ကို သင်ပေးနေတာပါ။ ကျွန်တော် မောင်ကျော်ထွေးကို စာတတ်အောင်သင်ပေးခြင်ပါတယ်။ ဒါကြောင့် စိတ်ရှည်ရှည်နဲ့ ဥပမာ ဥပမေယျတွေနဲ့ သင်ပါတယ်။ ကျော်ထွေး ဥဩဆိုတာ မင်းတို့ အေရာဝတီတိုင်းမှာတော့ သိပ်မတွေ့ရဘူးပေါ့။ ဥဩဆိုတာ မင်းဟိုးမှာမြင်လား ဟိုးအင်းရေပြင်ထဲက တိုင်ငုပ်ကလေးပေါ်မှာ နားနေတဲ့ ဒင်ကျီး(တင်ကျီး)ငှက် အေး အဲလို မဲမဲကောင်လေး အဲလိုငှက်မျိုးပါပဲ။ ဒါပေမဲ့ သူက ဒင်ကျီးလိုတော့ ရေးမကူး ငါးမဖမ်းတတ်ဘူးပေါ့ကွာ။ အဲဒီလို စိတ်ရှည်လက်ရှည် ဥပမာ ဥပမေယျတွေနဲ့ သင်ပေးထားခဲ့ပါတယ်။ […]


Yan ShinJuly 4, 20111min1316
ရီရလို့ ဝေမျှတာပါ။ ကျွန်တော်တို့မြို့က(….)ပါ။ ဧရာဝတီတိုင်းကပါ။ သူများတွေဆီမှာ ဝက်နားရွက်ပြာဖြစ်နေပေမယ့် ကျွန်တော်တို့ တိုင်းကို နောက်ဆုံးမှရောက်တာပါ။ ဖြစ်စပြု သေစပြုနေတာကတော့ ပြီးခဲ့တဲ့ တစ်လလောက်က တိုင်းတွင်းဝင်လာပြီး လွန်ခဲ့တဲ့ (၁၅)ရက်ခန့်ကမှ ကျွန်တော်တို့ မြို့ကိုသေသတင်းရောက်လာတာပါ။ ဒါတောင်ခု ထိ နားရွက်ပြာလို့ မွေးကုဦးစီးဌါနက အတည်မပြုသေးပါဘူး။ ဖြစ်တော့ဖြစ် သေတော့သေနေပါပြီ။ မွေးကုဦးစီးဌါနမှုူးနဲ့ ဒေသတွင်း NG0 တို့ပူးပေါင်းပြီး လွန်ခဲ့တဲ့ မေလဆန်းပိုင်းကတည်းက ရွာတွေမှာ သတင်းတွေလိုက်ပေး ပညာပေးဟောပြောပွဲတွေလုပ်။ လက်ကမ်းစားစောင်တွေဝေပေါ့။ ပြီးတော့ ပူးပေါင်းပြီး ခြံပါတ်ဝန်းကျင်သန့်ရှင်းရေး ဆေးဖျန်းခြင်းအစီအစဉ်တွေလဲ နိုင်သလောက်တော့လုပ်နေတာပေါ့။ အဲဒါကို သတင်းစာထဲမှာ လေးကြောင်းလောက်ပဲသတင်းပါတယ်တဲ့။ မနေ့ကတော့ ကျွန်တော်တို့မြို့ကို မွေးကုဦးစီးဌါနက ညွှန်ချုပ်ကြီးလာတယ်ဆိုပဲ။ ခရိုင်ဦးစီးရဲ့စိစဉ်မှု့နဲ့ တည်းခို စားသောက်တာတွေ အဆင်ပြေပေမဲ့ ဖိတ်ကြားတဲ့ကိစ္စ ဘာညာတော့ မွေးကု ဦးစီးမြို့နယ်မှုးရဲ့တာဝန်ဆိုပဲ။ […]


Yan ShinJune 30, 20111min19111
ငယ်တုန်းအခါ ဘွဲ့ရပြီးစ စိတ်ဓါတ်ရည်ရွယ်ချက်မြင့်မားစွာနဲ့ပေါ့။ ညောင်တုန်းကျွန်းရေနက်ကွင်း မြေအောက်တနာဖေါ်ထုတ်ရေးစီမံကိန်းမှာ သူငယ်ခြင်း သူဌေးသားပိုင်တဲ့ လယ်ကွင်းမှာ ငယ်သူငယ်ခြင်း(ငကြပ်ကောင်) စည်သူနဲ့ အတူအလုပ်လုပ်ခဲ့ဘူးပါတယ်။ အဲဒီတုန်းက တွေ့ခဲ့ရတဲ့ တပည့်ကျော် ကျော်ထွေးကို စာသင်ပုံလေးတွေ ဖေါက်သည်ချခြင်လို့ပါ။ ကျော်ထွေးဆိုတာ မိတဆိုးသားလေးပါ။ ကျွန်တော်တို့လယ်ကွင်းထိပ်က အသင်းစု ရွာဦးဘုန်းတော်ကြီးက သူ့အဖေလာပို့ထားလို့မွေးစားထားတဲ့ ဘုန်းကြီးမွေးစားသား လူလည်ဆိုပါတော့။ အသက်ကတော့ ၁၃-၁၄ နှစ်လောက်ပဲရှိအုန်းမှာပါ စာလုံးဝမတတ်သေးပါ။ ကျွန်တော်တို့ဆီ သူ့အဖေလာပို့လို့ အလုပ်သမားအဖြစ်ရောက်လာတော့လဲ ထားခဲ့ပေါ့လေ။ ကျွန်တော်တို့ကလည်း အမြင့်မားဆုံးသော စိတ်ထားများနဲ့ပေါ့ သူတို့လိုပဲ နီးစပ်ရာ လုပ်သားငယ်လေးတွေကို အလုပ်အား အလုပ်နားချိန်စာသင်မယ်ပေါ့။ ကျော်ထွေးတို့ကို ကျွန်တော်တို့ စာသင်မယ်ဆိုတော့ အနီးနားရွာတွေကလည်း ဝမ်းသာအားရပေါ့။ ကျေးဇူးလည်း ကြိုတင်နေကြပါတယ်။ အထူးသဖြင့် ကျော်ထွေးကို စာသင်တာကိုပေါ့။ ရွာကပြောပါတယ် ဦးဌေးတို့ ဦးစည်သူတို့ (ကျွန်တော်တို့ကို […]