ကထူးဆန္းJuly 25, 20122min32832
မြန်မာကလေးငယ်များပါ သတိပြုရမည့် EV-71 ဗိုင်းရပ်စ် by 7Day News Journal on Wednesday, July 25, 2012 at 5:38pm · ရေးသားသူ- ဝတ်ရည်အောင် ယခုအချိန်တွင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံများရှိ ကလေးငယ်များတွင် ပြင်းထန်သည့် ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ဖြစ်ပွားနေပြီး ကလေးများ သေဆုံးမှုများ ဖြစ်ပွားလျက်ရှိသည်။ ဧပြီလနှောင်းပိုင်းက ကမ္ဘောဒီယားနိုင်ငံတွင်စတင်သည့် EV-71 ဟုခေါ်သော အဆိုပါဗိုင်းရပ်စ်မှာ သုံးလနှင့် ၁၁နှစ်ကြား ကလေးငယ် ၇ဝ ကျော်တွင် ဖြစ်ပွားခဲ့ပြီး ၅၂ ဦးကျော် သေဆုံးနေပြီဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာနတို့က ကြေညာခဲ့ပြီး မကြာခင် ထိုင်းနိုင်ငံရှိ ကလေးများတွင်ပါ ကူးစက်ဖြစ်ပွားနေပြီဖြစ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ကြေညာခဲ့သည်။ ယခုအခါ […]


ကထူးဆန္းJuly 19, 20121min52445
မင်္ဂလာပါ ရွာ သူား တို့ခင်ဗျား။ ရွာသူား တို့ကို အသိပေးရမဲ့ အချိန် ရောက်လာလို့ ကျွန်တော်တို့ ရခိုင်သွေးချင်းများအတွက် လက်ဆောင် ရဲ့ နောက်ဆက်တွဲ အနေနဲ့ အမှန်တစ်ကယ်လိုအပ်နေတဲ့ ကချင်ပြည်နယ် မော်လူးခရိုင်မှ ပထမ မူလခေါင်တုန့်စည်ရွာ ၏ ကျေးရွာ မှုလတန်းဆောက်လုပ်မှု့တွင် သွပ် နှင့် တကွ လိုအပ်သည်များ အတွက် လှုကြမယ် ဆိုသည်နှင့် ပါတ်သက်၍ အသိပေးလိုပါတယ် ခင်ဗျာ။ ဒီရက်များ အတွင်းမှာ ကျွန်တော်တို့ ရွာသား ကိုထွန်းဝင်းလတ် နှင့် ဆက်သွယ်ခဲ့ပြီး ကိုထွန်းဝင်းလတ်ရဲ့ ဆက်သွယ်ပေးမှု့ နှင့် ၎င်း ကျောင်းကို ဦးစီးခေါင်းဆောင် ဆောင်ရွက်ပေးနေသော ဘုန်းဘုန်း ဦးကာလိန္ဒ နဲ့ပါ အောက်ပါ အတိုင်း ဆက်သွယ်မှု့ ရခဲ့ပါသည် ။ […]


ကထူးဆန္းJuly 18, 20121min27826
အာ … ဟိ ။။ ဒုသမ္မတ ရွေးကောက်ပွဲ ရွှေ့လိုက်တယ်တဲ့ ။ သတိပြုမိသူလည်း ရှိ ။ မပြုမိသူလည်း ရှိမှာပေါ့နော် ။။ အမည် တင်သွင်းခံရသူ သား က ဩစတြေးလျ နိုင်ငံသား ဖြစ်နေလို့တဲ့ ။ ချွေးမ ကလည်း ဩစတြေးလျ သူ ဆိုတော့ .. ဩစတြေးလျ စီတီဇင် များ ပြန် အပ်ကြပြီး ဟုတ် တော့ ဘူး လုပ်ကြဦးမလား မသိ ….. အာ..ဟ်ိ။။။ xxxxxxxxxxxxxxxxxxxxxxxxxxxxx ဘယ်နှယ့် ဘယ်နှယ့် ကျုပ်တို့ ပြည်သူ့ရဲ တွေကို အလုပ်မလုပ်ကြဘူး ပြောကြသတုံး … May I help you ကို Pay […]


ကထူးဆန္းJuly 17, 20121min39226
ဗန်းမော်မြို့ မှ ဖရဲသီးသည် အောက်ပြည်အောက်ရွာမှ ဖရဲနှင့် မတူ ။ ထိုခေတ်ထိုအခါ က လမ်းပန်းဆက်သွယ်ရေး က ခက်ခဲသည်မို့ တစ်နေရာ နှင့် တစ်နေရာ ကုန်စည်စီးဆင်းမှု့ ယခုခေတ်လိုမရှိ ။ ထို့ကြောင့် ဗန်းမော်မြို့ မှ ဖရဲသီး မျိုး ဆရာလေးကတုံး မမြင်ဘူး ။ ဖရဲသီး အခွံမှာ အစိမ်းရင့်ရောင် လွှမ်းခြုံနေပြီး အလုံးကြီးကာ အတွင်းသား မှာလည်း နီရဲ စိုပြေနေလှသည် ။ အရသာ မှာ လည်း ဆိုဖွယ်မရှိ ။ အလွန်ချို လေသည် ။ ကျောင်းသားများအတွက် ဆိုကာ စေတနာ ဗလပွ နှင့် ရပ်ကွက်မှ လာပေးထားသည်မှာလည်း တပုံတပင် ။ တစ်ခုဘဲ ရှိသည် […]


ကထူးဆန္းJuly 16, 20121min22214
ဆရာလေးကတုံး ဆေးရုံတင်လိုက်ရလို့ဆိုသော သတင်းသည် ဗန်းမော်မြို့ ၏ ရပ်ကွက်တစ်ခုလုံးသို့ တောမီးပမား ပြန့်နှံ့ သွားသည် ။ ယခု ခောတ်လို အင်တာနက်ခောတ်ဖြစ်ပါက အင်တာနက် သတင်းလို တစြ်မို့လုံး ပြန့်သွားသည်ဟု ဆိုရမလားမသိ။ မပြန့်လျှင်လည်း ခံနိုင်ရိုးလား ။ ထိုခောတ် ထိုအခါ အညိုရောင်နယ်မြေဖြစ်သော ဗန်းမော်မြို့သည် ညမထွက်ရ အမိန့်ထုတ်ပြန်ထားသောကြောင့် ည ၆ နာရီကျော်လျှင် လမ်းများတွင် လူခြေတိတ်ပေပြီ ။ ထို လူခြေတိတ်ချိန် ဆရာလေးကတုံးကို တည်းခိုရာ အမကကျောင်းမှ ဆေးရုံ အရေးပေါ် ပို့ရန် အတွက် မီးသတ်ကား စီစဉ်ပြီး ပို့လိုက်ရခြင်းကြောင့်ပင် ။ ရပ်ကွက်တွင်း မီးသတ်ကားကြီး ဝင်လာတော့ ဘာဖြစ်တာလဲဟု အလန့်တကြား ထုံးစံအတိုင်း စပ်စုကြသူများ လမ်းပေါ်မတက်ရ၍ လာ […]


ကထူးဆန္းJuly 8, 20121min24712
မင်္ဂလာပါ ရွာသူားများခင်ဗျား .. ဘဖောရဲ့ လှုံ့ဆော် မှု့ ကနေစလို့ ကျွန်တော်တို့ မန္တလေး ဂေဇက်ရဲ့ တတိယမြောက် စုပေါင်းအလှုတစ်ခု ဝမ်းမြောက်စဖွယ် အထမြောက်အောင်မြင်ခဲ့ပါပြီ။ အလှုရှင် အမှတ်စဉ် ၁၀၄ အထိရှိခဲ့ပြီး စုပေါင်းလှုဒါန်းသူများလည်း ရှိခဲ့ပါသည် ။ ဒီလို အလှုတစ်ခု ဖြစ်မြောက်အောင် ဆက်သွယ်နိုင်အောင် ဆိုဒ်တည်ဆောက်ထားသည့် သူကြီးဦးခိုင်မှ စလို့ ရွာသူားများအားလုံး နှင့်တစ်ကွ ပါဝင်လှုဒါန်းသူများ အားလုံး ၊ ပါဝင်လုပ်အားပေးသူများ အားလုံး အား ကျေးဇူးအထူးတင်ရှိပါသည် ။ ၁၁-၆-၂၀၁၂ တွင် ကိုဝင်းနှင့်မိသားစုမှ စတင်ထည့်ဝင်လှုဒါန်းခဲ့ပြီး ယနေ့ ၈-၇-၂၀၁၂ အထိ စုစုပေါင်း ၄၂၆၁၈၀ဝ (ကျပ် လေးဆယ့်နှစ်သိန်း ခြောက်သောင်း တစ်ထောင့် ရှစ်ရာ တိတိ) ရရှိခဲ့ပါသည် ။ […]


ကထူးဆန္းJuly 4, 20121min43871
ရွာသှုားများ ခင်ဗျား .. အူးပေ ရဲ့ ကောင်းမြတ်သော အတုခိုးလို့ မင်္ဂလာပါ လို့ နှုတ်ဆက်ပါရစေ ။ ကျွန်တော်တို့ သွေးချင်းများ ပြန်လည်ထူထောင်ရေး လက်ဆောင်သွားရောက်ပေးရန် အချိန်နီးကပ်လာသည့် အတွက် ဒီနေ့ ရခိုင်သဟာယ အသင်းမှာ သွားရောက် စီစဉ်ခဲ့ပါသည် ။ မူလပထမ ရာထားသော အချိန် နံနက် တွင် ရခိုင်သဟာယ အသင်းမှ ဆယ်တန်းစာမေးပွဲ ထူးချွန်စွာ အောင်မြင်သူများ အား ငွေကြေး ထောက်ပံ့ပေးပွဲ ရှိနေသည့် အတွက် မူလစိတ်ကူးထားသော အချိန်တွင် လက်ခံမည့် အသင်းလူကြီးများ မရှိသည့် အတွက် နေ့လည်မှ သာ ပေးအပ်ရန် စီစဉ်ခဲ့ ရပါသည် ။ ရွာသူသားများ ခင်ဗျား .. ကျွန်တော်တို့ ယနေ့ […]


ကထူးဆန္းJuly 3, 20121min24115
ယနေ့ ဇွန်လို်င်လ (၃) ရက်နေ့မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ အကျဉ်းထောင် အသီးသီးမှ နိုင်ငံသားနှင့် နိုင်ငံခြားသား အကျဉ်းသား စုစုပေါင်း (၈ဝ) ဦးတို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း eleven media group တွင် ဖတ်ရှုရပါသည်။ နိုင်ငံသား အကျဉ်းသား ၃ရ ဦး၊ အကျဉ်းသူ ကိုးဦး စုစုပေါင်း ၄၆ ဦး နှင့် နိုင်ငံခြားသား အကျဉ်းသား ၃၄ ဦး စုစုပေါင်း ၈ဝ ဦးတို့ ကို ပြစ်ဒါဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး နိုင်ငံခြားသားများကိုတော့ ပြည်နှင်ဒါဏ်ပေးခဲ့သည် ဟု သိရှိရပါသည်။ အသေးစိတ် သိလိုသူများ http://www.first-11.com/index.php?option=com_content&view=article&id=14383:2012-07-03-06-37-38&catid=42:2009-11-10-07-36-59&Itemid=112 တွင် ဖတ်ရှုနိုင်ပါသည်။ ဖတ်ရှုနိုင်ရန် သတင်းပေးလိုက်ပါသည်။


ကထူးဆန္းJuly 1, 20122min43850
ကထူးဆန်းတစ်ယောက် တစ်တောင်ကို ကုလားထိုင် လက်တန်းပေါ်ထောက် မေးကိုလက်ဖဝါးပေါ်တင် မျက်စီပိတ်၍ စဥ်းစားခန်းထုတ်သည် ။ မျက်မှန် အသာမ၍မျက်စိမှိတ်၊ နှာရိုးထိပ် အား နှိပ်နှယ်ရင်းလည်း စဉ်းစားသည် ။ ထိုသို့လုပ်ကာလုပ်ကာ စဉ်းစာ နေသည်မှာ ခြောက် ရက်ခန့်ရှိပြီ။ လုပ်သင့် ။ မလုပ်သင့် ။ ပြောသင့် ။ မပြောသင့် ။ ပြောလိုက်လို့စိတ်ဝမ်းတွေ ကွဲကုန်လျှင်လည်း ဒုက္ခ ။ နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်သည် ။ မပြော မပြီး မတီး မမည် ။ ပြောလိုက်မည် ။ ပြောလိုက်မည် ။ နောက်ဆုံး အတီးခံရလည်း ဦးပေ တစ်ယောက်လုံးပြောထားတာ ရှိသည် ။ ဒါနဲ့ လျှောချရမှာဘဲ ဟု စဥ်းစားလိုက်မှ ဆုံးဖြတ်ချက်ခိုင်မာသွားသည် […]


ကထူးဆန္းJune 25, 20121min36525
အမှန်တော့ “ကိုအောင်ဆန်းဦး၊ဒေါ်လဲ့လဲ့နွယ်သိန်းသို့ပေးစာ” – Knowledge Seeker ရဲ့ ပိုစ်မှာ အနီခံပြီး လျှာရှည်ကြည့်မလို့ပါဘဲ ။ ဒါပေမဲ့ သူကြီးက ပိတ်သိမ်းမယ်ဆိုတာနဲ့ ဒီမှာတက်ရေးလိုက်တာပါ။ အဲ့ဒီ့ ပေးစာနဲ့တော့ မပါတ်သက်ပါဘူး ။ အခု ဒေါ်အောင်ဆန်းစုကြည်နေထိုင်လျှက်ရှိသော အိမ် အမိန့်ချလိုက်တဲ့ အကြောင်းပါ ။ တဝက်စီခွဲပေးလိုက်သည် ဆိုတဲ့ သတင်းဖတ်ရချိန်မှာတော့ ဟင် ဘယ်လိုကြီးလဲ ။ တရားဥပဒေ ကိုမျက်ကွယ်ပြုပြန်ပြီလားပေါ့နော်။ နိုင်ငံခြားသား တစ်ယောက် ကပိုင်ဆိုင်ခွင့် ရှိုသလား ဆိုတဲ့ အတွေး ဝင်ခဲ့ပါတယ်။ ဒါပေမဲ့ သွေးအေးသွားတဲ့ အခါ ပြန်တွေးကြည့်တော့လဲ တစ်မျိုးတွေးမိလာပြန်ပါတယ်။ တကယ်တော့ ကထူးဆန်းဟာ တရားနဲ့ ပါတ်သက်လာရင် ဘယ်တရားမှ အကြွမ်းဝင်ခြင်း မရှိသလို လေ့လာလိုက်စားမှု့လည်း မရှိပါဘူး။ ဒါကြောင့် လူပြိန်းတွေး […]


ကထူးဆန္းJune 21, 20121min34527
ကြောင်ဝတုတ်ရေ .. ကျွန်တော်တို့ရဲ့ ရခိုင် သွေးချင်းများ ပြန်လည်ထူထောင်ရေး လက်ဆောင် ဆိုပြီး ဇွန်လ ၁၁ ရက်နေ့ ကစလို့ အလှုငွေ ကောက်ခံလာခဲ့တာ အခုဆိုရင် နောက်ဆုံးကောက်ခံမဲ့ ရက် ရောက်ဖို့ ၁ဝ ရက်သာ လိုတော့တယ် နော် ။ ယခုထိ ကျွန်တော် ဒီစာရေးနေတဲ့ ၂ဝ ရက်နေ့ ည ၉း၄ဝ ထိ လက်ဝယ် ပိုင်ပိုင် ရောက်ရှိခဲ့ပြီး တာ ၂၃၂၅၃၀ဝ ကျပ် ( ကျပ် နှစ်ဆယ်သုံးသိန်းနှစ်သောင်း ငါးထောင့်သုံးရာကျပ် ) တိတိ ရ ရှိခဲ့ပါပြီ ။ ကြောင်ဝတုတ်ရေ .. ၁ဝ ရက်သာ လိုတော့တယ် ဆိုတော့ ဘယ်မှာ ဘယ်သူ့ကို လှုမလဲဆိုတာ […]


ကထူးဆန္းJune 17, 20121min18715
ဒေါ်အောင်ဆန်းစုကြည် နော်ဝေးနိုင်ငံမှာ အဝေးရောက်မြန်မာတွေနဲ့ တွေ့ဆုံစဉ်မှာ တိုက်တွန်းသွားတဲ့ စကားလေးပါ ။ ကြိုက်သလိုသာ အတွေးနယ်ချဲ့ ကုန်ပါလော့။ တက်ရောက်လာသူတွေကို လက်ခံထားတဲ့ အိမ်ရှင်နိုင်ငံရဲ့ကျေးဇူးကို လေးစားဖို့ အခုလိုတိုက်တွန်းသွားတာပါ။ “ကိုယ့်ဘက်က ကိုယ်နေတတ်မှလည်း တဘက်ကနေပြီးတော့ မှန်မှန်ကန်ကန် တုံ့ပြန်မှာ။ အဲတော့ ကျွန်မကနေပြီးတော့ အမြဲသတိပေးပါတယ်။ ကျွန်မတို့ဟာ ဧည့်သည်တွေဖြစ်တယ်။ ဧည့်သည်တွေဖြစ်တဲ့အခါကျတော့ အိမ်ရှင်ကိုလေးစားရမယ်။ အိမ်ရှင်ရဲ့ အကြိုက်ကိုနားလည်ရမယ်။ ကိုယ်ကနားလည်မှုရှိရမယ်။ ကိုယ်က ဧည့်သည်ကိုး၊ ဒါပေမဲ့ အိမ်ရှင်တွေကလည်း ကိုယ်ကနေပြီးတော့ နေတတ်လို့ရှိရင် ကိုယ့်အပေါ်မှာ ပိုပြီးတော့ ကောင်းလာမယ်။ ကိုယ့်အပေါ်အမြင်ပိုပြီးတော့ မှန်လာမယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ အဝေးရောက်နေတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားများဟာ ကိုယ်ကဧည့်သည်ဖြစ်တယ်။ ဒီအိမ်ရှင်ပေါ်မှာ ကျေးဇူးတရားနဲ့ ဆက်ဆံစေချင်တယ်။ အဲဒီလိုဆက်ဆံခြင်းဟာ ကိုယ့်ရဲ့လူသားသိက္ခာကိုလည်း စောင့်စည်းရာရောက်တယ်။ ကိုယ့်နိုင်ငံရဲ့သိက္ခာကိုလည်း စောင့်စည်းရာရောက်တယ်” […]