Aung Myat LinMay 2, 20131min1327
တမာတန်းက စောင့်နေသူ ဒီနေ့ နေလင်းတို့ ရတနာပုံတက္ကသိုလ်ကြီးကို စတက်ရတော့မည်။ ပြီးခဲ့တဲ့အပတ်က ကျောင်းသွားပြီးအပ်ခဲ့ပြီးပြီ။ နာမည်အပြည့်အစုံကတော့ နေလင်းအောင်ပါ။ သူငယ်ချင်းတွေက နေလင်းဟုသာ ခေါ်ကြသည်။ နေလင်းတယောက် (၁၀)တန်းစာမေးပွဲ ဖြေပြီးကတည်းက ဂလေရိုက်နေခဲ့သည်။ အင်တာနက်ဆိုင်လိုလို ဂိမ်းဆိုင်လိုလို နဲ့ သူငယ်ချင်းတွေနဲ့ လမ်းသလားနေခဲ့သည်။ တခါတလေ ဘီယာဆိုင်လေး ထိုင်တတ်သေးသည်။ တကယ်တမ်းတော့ နေလင်းမိဘတွေက ချမ်းသာသည်ဟု ဆိုရလောက်သည်။ သူတို့နေထိုင်သည့် မန္တလေးမြို့သစ် မြရည်နန္ဒာ ရပ်ကွက်မှာ သူတို့အိမ်က အချမ်းသာဆုံးဟု ဆိုနိုင်သည်။ RC တိုက်နဲ့ ကားနဲ့ ဆိုင်ကယ်နဲ့ပြည့်စုံသည်။ မိဘတွေက ရပ်ကွက်တွင် ကုန်စုံဆိုင်ကြီးဖွင့်ထားသည့်အတွက် ငွေရွှင်သည်။ ၎င်းတို့ဆိုင်မှာလည်း ပစ္စည်းစုံသောကြောင့် ဈေးဝယ်သူ ပေါများလှသည်။ သူတို့မိသားစု စားဝတ်နေရေးအတွက် ထိုဝင်ငွေနှင့်ပင်လုံလောက်သည်။ နေလင်းအဖေမှာအခြားစီးပွားရေး လုပ်ငန်းက ရှိသေးသည်။ ထို့ကြောင့်နေလင်းတစ်ယောက် […]


Aung Myat LinApril 30, 20131min1285
ဇေယျာကမ်းက “တောက်”ခေါက်သံ   စစ်ကိုင်းမြို့ ရဲ့ တစ်ခုသောညနေခင်းမှာ ကျွန်တော် စိတ်ညစ်ညစ်ရှိတာနဲ့ ကမ်းနားလမ်းဘက်ကို ဆိုင်ကယ်စီး၍ ထွက်လာခဲ့သည်။ နန္ဒဝန်တာရိုးကြီး လမ်းကနေ တောင်ဘက်အလာ ပညာရေးကောလိပ်ရှေ့ရောက်တော့ ကျောင်းသူအချို့ကိုတွေ့ရသည် ကျောင်းပြင်မှာ မုန့်စားသူကစား၊ တချို့နယ်ကနေမိဘတွေက လာတွေ့သူတွေ့ပေါ့။ အော် ဒီနေ့ တနင်္ဂနွေ နေ့ပါလား…။ ကျွန်တော် ကမ်းနားလမ်းဘက် ဆက်မောင်းလာခဲ့တယ်။ စိတ်ကလဲ နဲနဲညစ်နေတာနဲ့ မဉ္ဖူရိပ် စားသောက်ဆိုင်မှာ ဝင်ပြီးဝီစကီ တပြားနဲ့ အမြီးအချို့ မှာပြီးထိုင်နေမိတယ်။ ဒီနေ့ ကျွန်တော်တော်တော်လေး စိတ်တိုနေမိသည်။ ပြန်စဉ်းစားရင် ဒေါသထွက်မိသည်။ ကျွန်တော်နဲ့ ငယ်စဉ်တောင်ကြေး ကလေးဘဝကတည်းက ကျောင်းအတူတူတက် စာအတူတူကျက်ခဲ့တဲ့ သူငယ်ချင်း၊ (၁၀)တန်းအောင်ပြီး တက္ကသိုလ်တက်တော့လဲ ဆိုးတူကောင်းဘက် တစ်ကျောင်းထဲအတူ တက်ခဲ့ကြသည်။ တကယ်ဆို ကျွန်တော်က ဝိဇ္ဖာသိပ္ပံဘက်ဝါသနာ မပါလှ။ […]


            “မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော မြန်မာနှစ်ဆန်းတစ်ရက်နေ့” 17-4-2013 မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှာ မဟာမြတ်မုနိရုပ်ရှင်တော်(ဘုရားကြီး)ကိုရောက်ခဲ့ပါတယ်။ မနက်ရှစ်နာရီခွဲလောက်မှာကို ဘုရားဖူးများနဲ့စည်ကား။ ရွှေသင်္ကန်းကပ်ချင်ရင် အရင်ကတော့ အရှေ့ဘက်ကဝင်ရပါတယ်။ ဒီနေ့ကတော့စည်ကားလွန်းတော့ တောင်ဘက်ပေါက်ကနေဝင်ရပါတယ်။ ရွှေသင်္ကန်းကပ်ဘို့စောင့်ဆိုင်းနေတဲ့လူတန်းကတော့အရှည်ကြီးပါဘဲ။ ကဲ နှစ်သစ်မှာ ပျော်ရွှင်ခြင်းအသစ်များနဲ့ဘဲ ဆုံတွေ့နို်င်ကြပါစေ။ ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ 17-4-2013  


                အတော်လေးပျော်စရာကောင်းတဲ့ မန်းသင်္ကြန် အကြတ်နေ့ ပုံရိပ်များ မျှဝေခံစားလိုက်ပါတယ်။ အပူတွေလျော့ပြိး အပျော်တွေတိုးပါစေ။    


Mလုလင္April 13, 20131min32222
နှစ်သစ် မှာ ငြိမ်းချမ်း ပျော်ရွှင်စွာနဲ့ ဘဝ ခရီးကို ခပ်ချမ်းချမ်း လေး . . . . . ပျှော်ရွှင်စွာ လျှောက်လှမ်း နိုင်ကြပါ စေဗျာ . . . . လေးစားစွာဖြင့် Mလုလင်


Mr. MarGaApril 9, 20131min31929
သင်္ကြန်အက သင်္ကြန်နား နီးလာတော့ သင်္ကြန်နဲ့ပတ်သက်တာလေးတစ်ခုခု ရေးချင်စိတ်ပေါ်လာတယ်။ ရေးမယ် ဆိုပြန်တော့ ရေးစရာအကြောင်းအရာက ရှာမတွေ့။ ဘယ်တွေ့မလဲ အတွေ့အကြုံက နည်းသလို ဖြစ်နေတာကိုး ဒါပေမင့် အဲဒီလို ရှာလိုက်တာ တစ်ခုတော့ သွားတွေ့တယ်။ သင်္ကြန် အက အကြောင်းပါ။ မန္တလေးဟာ အရင်ကတည်းက ယဉ်ကျေးမှုမြို့တော်လို့ ခေါ်ခဲ့ကြတယ်။ မြန်မာရှင်ဘုရင် နောက်ဆုံး နန်းစိုက်သွားတဲ့မြို့မို့ နန်းမူနန်းရာတွေ ယဉ်ကျေးမှု အငွေ့အသက်တွေ ကျန်ကောင်းကျန်ရာ ကျန်သင့်သလောက် ကျန်ခဲ့တာကိုး။ ကျော်ကြားတဲ့ အနုပညာသည်တွေလဲ ပေါ်ထွက်ခဲ့ကြတယ်။ အခုအချိန်ထိလဲ ယဉ်ကျေးမှုနဲ့ပတ်သက်ရင် စံတစ်ခု ရှိနေဆဲပဲ။ ဟို အရင်ခေတ်တွေတုန်းက မန္တလေးမြို့ပတ်လည်မှာ ရေပက်အသင်းတွေနဲ့ သင်္ကြန်ပွဲကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့ဖူးပါတယ်။ စတင်ခဲ့တာကတော့ နဂါးဆေးလိပ်က နဂါးရေသဘင်လို့ အမေလူထုဒေါ်အမာ ရေးတာ ဖတ်ရဖူးပါတယ်။ ရေပက်ခံကားတွေနဲ့ […]


Mr. MarGaApril 4, 20131min55565
ဒီစကားလုံးလေးအကြောင်းကို တွေးမိတာ နည်းနည်းတော့ ကြာပြီ။ သူ့ကို တိုက်ရိုက် အဓိပ္ပာယ်ဖွင့်ရင် တာဝန် သိသူအတွက်သာ တာဝန်ဆိုတာ ဖန်တီးထားသလိုလို၊ တာဝန်မသိသူတွေ၊ တာဝန်ကိုရှောင်လွှဲသူတွေအတွက်တော့ ဘာမှ မဆိုုင်သလိုလို ထင်ရတယ်။ တကယ်တမ်း တွေးရင်တော့ တာဝန်သိသူတွေ ရှိမှသာ၊ တာဝန်မဲ့သူတွေ၊ တာဝန်ကို ရှောင်တဲ့သူတွေဟာ အသေအချာ ပေါ်ပေါက်လာမယ်၊ တိတိကျကျ ဖော်ထုတ်နိုင်မယ်လို့ တွေးမိသလိုပဲ။ တာဝန်ဆိုတာဟာ ပေးအပ်လာတဲ့ တာဝန်ရှိသလို ဘယ်သူကမှ တာဝန်မပေးဘဲ မိမိဘာသာ တာဝန်ယူတာလဲ ရှိတတ်ပါတယ်။ ပေးအပ်လာတဲ့ တာဝန်ကို လေးစားစွာနဲ့ ထမ်းဆောင်သူကို ချီးမွမ်းတတ်ကြသလို ဘယ်သူကမှ တာဝန်မပေးဘဲနဲ့ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ် တာဝန်ယူသွားတတ်သူတွေကိုလဲ အလေးထားကြပါတယ်။ တာဝန်ရှိသူ တာဝန်ရှိသူ ဆိုတာကို တွေ့လိုက်တာနဲ့ ပြေးမြင်တတ်ကြတာက အလုပ်တစ်ခု၊ နေရာတစ်ခုအတွက် စီမံခန့်ခွဲ […]


                       “သင်္ကြန်ဈေး……………………..”   မတ်လရောက်ပြီဆိုတာနဲ့ အချဉ်ပေါင်းသယ် ထီသယ်တွေဆီက သင်္ကြင်္န်သီချင်းတွေစကြားရပါပြီ။ အေပရယ်လ်လဆန်းပြီဆိုတာနဲ့ သင်္ကြန်အထူးလျော့ဈေးဆိုင်တွေအလျိုလျိုပေါ်လာကြပါပြီ။ အဲဒါကျနော်တို့ရဲ့မန္တလေးမြို့ရဲ့ထုံးတမ်းစဉ်လာဆိုရင်လဲမမှားပါဘူး။ ကျနော်ညနေအလုပ်ကအပြန်ဆိုရင် ၈၄ လမ်းအတိုင်းပြန်လေ့ရှိပါတယ်။ ၃၉လမ်း ကျော်ပြီဆိုတာနဲ့လမ်းတစ်ဖက်တစ်ချက်မှာ”သင်္ကြန်အထူးလျှော့ဈေး”ဆိုတဲ့ အထည်ဆိုင်ကလေးတွေကိုစတွေ့ရပါတော့တယ်။ အရှေ့ဘက်ခြမ်းမှာတော့ အိမ်ထဲမှာအကျအနကိုဖွင့်ထားပြီးအနောက်ဘက်ခြမ်းကတော့ ယာယီဝါးတဲလေးတွေနဲ့ ဆိုင်ဖွင့်ကြတာပါ။ လမ်း၄ဝနဲ့၄၂လမ်းကြားမှာတော့  လမ်းအနောက်ဘက်ခြမ်းမှာ” မိုးနတ်မယ်” ကသူ့ခြံဝန်းကြီးထဲမှာ အတန်းလိုက်ကြီးခင်းထားလိုက်တာများအားရပါးရ။ သူ့နံဘေးမှာလဲ ဆိုင်ကလေးတွေ ရှိနေသလို လမ်းအရှေ့ဘက်တန်းမှာလဲဆို်င်တွေကတန်းစီလို့။ ဝယ်သူတွေကလဲရှိသမျှဆိုင်တိုင်းမှာအုုန်းအုန်းထလို့။ လမ်းဘေးမှာ ကားထိုးရပ်ပြီးရောင်းတဲ့အထည်ဆိုင်၊ ယာယီစင်လေးထိုးပြီးရောင်းတဲ့ဆိုင် ခုံကလေးချပြီးရောင်းတဲ့ဆိုင် ဘယ်ဆိုင်မဆိုရောင်းရတာပါဘဲ။ ဆို်င်တိုင်းမှာ ဝယ်သူတွေအပြည့်နဲ့ပါဘဲ။ ကျနော်တို့ မန္တလေးမှာတော့ သင်္ကြန်ဆိုတာနဲ့ရင်ထဲကိုအပျော်တွေကူးစက်လာသလိုပါဘဲ။ နောက်ဒီလိုသင်္ကြန်ရောက်ခါနီးပြီဆိုတာနဲ့ သင်္ကြန်တွင်းမှာ ဝတ်ဘို့စားဘို့လည်ဘို့အတွက် လုံးပန်းရသလို နှစ်ဆန်းတစ်ရက်နေ့မှာဝတ်ဘို့အတွက်ပါ အဝတ်အစားအသစ်တွေဝယ်ကြပါတယ်။ နောက်ကျနော်တို့မန္တလေးက ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ဆို်င်တွေများတော့ အဲဒီဆိုင်တွေမှာအလုပ်လုပ်တဲ့သူတွေလဲများပါတယ်။ ဒီလိုသင်္ကြန်နားနီးရင် ဆိုင်ရှင်တွေက သူတို့ဆိုင်မှာအလုပ်လုပ်တဲ့သူတွေကို သင်္ကြန်မုန့်ဘိုးဆိုပြီး […]


“အပိုင်ချည်တဲ့ အိုင်တီ အီကော်နော်မီသင်္ကြန်”     မန္တလေးဆိုတာ မြန်မာပြည်ရဲ့သင်္ကြန်မြို့တော်လို့ပြောနိုင်လောက်အောင် မန်းလေးသူမန်းလေးသားများက သင်္ကြန်နဲ့ပါတ်သက်ရင် အကဲပိုကြပါတယ်။ ဆောင်းအကုန်နွေအကူးတပေါင်းလွန်မြောက် မတ်ချ်လရောက်ပြီဆိုတာနဲ့သင်္ကြန်အငွေ့အသက်တွေကို စတင် ခံစားနိုင်ပါပြီ။ နွေရောက်ပြီဆိုတာကို ဥဩတွန်သံလေးတွေကအချက်ပေးသလို သင်္ကြန်ရောက်တော့မယ်ဆိုတာကို အချဉ်ပေါင်းသယ်လေးတွေထီသယ်လေးတွေဖွင့်တဲ့ သင်္ကြန်သီချင်းတွေက သတိပေးပါတယ်။ ဟိုအရင်ကတော့ သင်္ကြန်ဆိုတာကျနော်တို့မြန်မာလူမျိုးများအတွက်အနားယူတဲ့ရက်ပါဘဲ။ ဆိုင်တွေပိတ် လုပ်ငန်းကြီးတွေပိတ် ဘုရားဖူးထွက်သူထွက်။ ရေကစားဘို့ ပြင်သူကပြင် တရားစခန်းဝင်ဘို့စဉ်သူကစဉ်ပေါ့။ ဘာဘဲပြောပြော အရင်ကတော့ သင်္ကြန်ဆိုတာ စိတ်လွတ်ကိုယ်လွတ်ပျော်ဘို့ပါးဘို့ဘဲ အာရုံရှိကြပါတယ်။ **************************************************** ဒါပေမယ့် သင်္ကြန်ဆိုတာ မြန်မာလူမျိုးများအတွက် အင်မတန်မှ စီးပွားရှာလို့ကောင်းတဲ့ အကွက်အကွင်းကြီးလဲဖြစ်နေပြန်ပါတယ်။ သင်္ကြန်မတိုင်ခင်မတ်လ ဆန်းလောက်က စပြီး “အခါတွင်း”အတွက်ဆိုပြီးရည်ရွယ်လို့ ရောင်းကြဝယ်ကြကတော့ နှစ်စဉ်နှစ်တိုင်းပါဘဲ။ ရှေးရှေးကတော့ သင်္ကြန်မှာလူကြီးသူမများကိုရေကန့်တော့ဘို့အတွက် ရော သင်္ကြန်ကြိုဘို့အတွက်ပါ မြေအုးိတွေကိုကြိုတင်လို့စုဆောင်းကြရပါတယ်။ ဒါလဲ ကြီးမားခဲ့တဲ့ဈေးကွက်တစ်ခုပါဘဲ။ (အခုခေတ်မှာတော့ မြေအိုးကိုအလေးခံပြိး […]


KyaemonMarch 17, 201345min1193
       ယူကေဝန်ကြီးချုပ် Cameronရဲ့နှုတ်ခွန်းဆက် သဝဏ်လွှာ   Chinese New Year 2013 – YouTube http://www.youtube.com/watch?v=y1TaWo_-ZUU     Published on Feb 6, 2013 Message from Prime Minister David Cameron to mark the Chinese New Year.   တရုပ်နှစ်သစ်ကူးမှာမိမိက နှုတ်ခွန်းဆက် ဆုတောင်းပေးပါကြောင်း၊ ယူကေနဲ့တရုပ်နိုင်ငံ နှစ်နိုင်ငံအကြား ဆက်ဆံရေးနဲ့ကုန်သွယ်ရေးတွေဟာ တနေ့တခြားတိုးတက်ခိုင်မာ နက်ရှိုင်းလာကြောင်း၊ “I want to send my very best wishes to everyone celebrating the Chinese […]


Mr. MarGaMarch 16, 20131min40436
ဆင်ဆာရယ် ပြန်လာခဲ့ပါ မြန်မာနိုင်ငံမှာ ဗီဒီယိုဆင်ဆာအဖွဲ့ ဖျက်သိမ်းတာ နည်းနည်းတောင် ကြာပါပြီ။ ဆင်ဆာ ဖျက်သိမ်းလိုက်လို့ အားရဝမ်းသာ ကြိုဆိုမှုတွေလဲ တွေ့ခဲ့ပေါ့။ ဒါပေမယ့် အခုတစ်လော (ပြောရမယ်ဆိုရင်တော့ ဟိုအရင်ကတည်းကပါ။) တွေ့နေတာ မြင်နေ၊ ကြားနေတာကို အခြေပြုလို့ ထွက်လာတဲ့ အတွေးလေးတွေကို နည်းနည်း ပြောချင်မိတယ်။ အဖြစ်အပျက်လေး နှစ်ခုကို တင်ပြပါမယ်။ ပထမ အဖြစ်အပျက်ကတော့ ကြော်ငြာနဲ့ ပတ်သက်တာပါ။ ကျွန်တော်တို့အိမ်မှာ ရုပ်မြင်သံကြား ရှိပါတယ်( ဒါများ ပြောနေစရာလားလို့ မမေးပါနဲ့ ရှေ့ဆက်ဖတ်ပါဦး) လာသမျှ၊ လွှင့်သမျှ အခမဲ့လိုင်းအစုံကို မနက်ကနေ ညနေထိ (အချိန်အတော်များများကြည့်ပါတယ်) အိမ်မှာက အဖွားရှိတယ်လေ။ ကျန်တဲ့သူတွေက အလုပ်သွား၊ ကျောင်းသွားနဲ့ အပြင်ရောက်နေတာများတော့ သူက ဒီ တီဗွီတစ်လုံးနဲ့ အပျင်းဖြေရသကိုးဗျ။ ညနေ […]


Mr. MarGaMarch 14, 20131min35024
နောက်တစ်ဖန် ပြန်လာပါပေါ့ အဘဖောရဲ့ ဥရောပသွားတောလားကို တင်တုန်းက ကောမန့် မပါတာလေးပါ လုပ်ပေးရင် ကောင်းမယ်လို့ ဝိုင်းဝန်းအကြံပြုတာကြောင့် ပြန်လည်ပြင်ဆင်လို့ ထပ်မံ တင်ပေးလိုက်ပါသဗျို့ ပေါ့ပေါ့ပါးပါး ဖတ်ရှုမှတ်သားလိုသူများ အတွက်ပါ။ ဖိုင်ဆိုက်ကတော့ 30 MB ကို နည်းနည်း ကျော်သွားပါတယ် အပြင်အဆင်လေးကို နည်းနည်း ပြင်ထားပါသဗျ ရွာထဲမှာ တိုက်ရိုက် တင်ဖို ့တွေးပေမင့် သဂျီးရဲ့ ဆာဗာက 16 MB ထက် ပို မတင်ရတာမို့ အရင်တစ်ခုလို google drive ကနေပဲရှယ်လိုက်ပါတယ်။ google ရဲ့ ဖရီး virus စစ်ပေးနိုင်တဲ့ ဖိုင်ဆိုက်ကိုလဲ ကျော်သမို့ download anyway ကိုပဲ နှိပ်ပြီး ဒေါင်းကြပါကုန် ဒေါင်းရမယ့် လင့်ကတော့ download here လေးစားစွာဖြင့် ဦးမာဃ (ခေတ္တ လူ့ပြည်)