သုရွင္January 16, 20151min16235
မိဘတွေ သိရဲ့လား ဖုန်းဈေးတွေကလည်း ကျ ၊ စမတ်ဖုန်းတွေ   ကလည်း     ခေတ်စားလာတော့ လူကြီး၊ ကလေး၊ ငယ်ငယ် ၊ရွယ်ရွယ်၊ ပျိုပျို၊ အိုအို ၊ဆင်းရဲ ၊ချမ်းသာ မရွေး ကိုင်နိုင်သုံးနိုင်လာတာ တွေ့ရပါတယ်။ အင်တာနက် ကလည်း (နှေးသော် လည်း) သုံးလို့ ရလာသောကြောင့် ချိတ်ဆက်သုံးစွဲတဲ့သူတွေ ပိုပြီးအမြင်ကျယ်လာ၊ ပိုပြီး လက်လှမ်းမီလာ တယ်လို့လည်း ယေဘုယျ အားဖြင့် အကောင်းမြင် ကြည့်မိပါတယ်။ ထပ်ခါထပ်ခါ ပြောနေကြရသလိုပါပဲ။ အထူးသဖြင့်လူငယ်တွေ စိတ်သန်ရာ သန်ရာ စွဲလုပ်ကြ ရင်းနဲ့ လမ်းမှားရောက်သွားနိုင်တဲ့ ပြဿနာပေါ့ဗျာ။ နားလည်တတ်ကျွမ်းတဲ့ မိဘတွေ ၊ အုပ်ထိ်န်းသူတွေ အနေနဲ့ သားသမီးတွေကို အင်တာနက်အသုံးပြုတဲ့နေရာမှာ internet setting ကို parental control […]


Kaung Kin PyarJanuary 15, 20151min41331
  ကလေးမြို့…. (၉)တန်းနှစ်…. တောင်တွေအများကြီးကြားမှာ..ကိုယ့်ကိုယ်ကို ဝှက်ထားတဲ့မြို့လေး…၊ လွန်ခဲ့တဲ့ ၁၄နှစ် ကာလကျော်ကတည်းက မြို့လယ်ခေါင်မှာ လေယာဉ်ကွင်းနဲ့…၊ ဘုရားတွေနဲ့…၊ ဘဏ်တွေနဲ့….၊ ဆေးရုံနဲ့…..။ ရုပ်ရှင်ရုံနဲ့….။ ညဘက်တွေဆို လမ်းမီးရောင် မလင်းတလင်းအောက်မှာ ဇော်ပိုင်ရဲ့ မြို့အဝင်ညသီချင်းတွေ ခပ်တိုးတိုးဆိုရင်း စက်ဘီးတွေ အုပ်စုလိုက် ဖြတ်သွားကြတယ်…။ မြို့အလယ်တည့်တည့် ဗိုလ်ချုပ်ကြေးရုပ်နားက ပလက်ဖောင်းမှာ…ချက်နို့စီနဲ့ ခပ်ကျကျဖျော်ထားတဲ့ လမ်းဘေးလက်ဖက်ရည်ဆိုင်စစ်စစ်တွေလဲ ရှိတယ်…။ ကျွတ်ကျွတ်အိတ်ကို တစ်ဖက်ဖွင့်ပြီး မီးချောင်းမှာချိတ်ထားရင် ပလူတွေဖမ်းလို့ရတယ်ဆိုတာ အဲ့ဒီဆိုင်လေးတွေက သင်ပေးခဲ့တာပေါ့…။ တောင်က ဖီလာ၊ မြစ်က ပြောင်းပြန်၊ လူက ကန့်လန့်ဆိုပေမယ့်…ကလေးမြို့လေးက လူတွေကို တကယ်စိတ်ရင်းနဲ့ ပေါင်းကြည့်ရင် သဘောမဆိုးကြပါဘူး…။ မြို့ပြင်မှာဆိုလဲ ဂေါက်ကွင်းရှိသေးတယ်…။ မြို့လေးက ခပ်ကျဉ်းကျဉ်းလေးပေမယ့် သူပိုင်ဆိုင်ထားတဲ့အရာတွေနဲ့ သူဟာ မြို့ချမ်းသာကြီး တစ်ဦးလို…။ ရန်ကုန်မှာလို မဟုတ်ဘဲ […]


alinsettJanuary 15, 20156min23914
မင်္ဂလာပါ။ အပတ်စဉ်တင်ဆက်ပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone ရဲ့ သတင်းအစီအစဉ်ကနေ… အခုတပတ် တင်ပြပေးသွားမယ့် သတင်းတွေကတော့…. ”ရန်ကုန်မြို့တော် ရေရှည် တည်တံ့ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ် ” ပြုလုပ်မယ့် သတင်း ၊ အမေရိက ပြည်ထောင်စု ၊ ဒေသတချို့မှာ ရာသီဥတု ဆိုးဝါးခြင်းကို အခွင့်ကောင်းယူပြီး လိမ်လည်နေသူတွေရဲ့ သတင်းနဲ့ သတိပေးချက်များ … ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို သွားရောက်လေ့လာခဲ့တဲ့ US နိုင်ငံခြားရေးဌာန၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ရဲ့ နောက်ဆက်တွဲ သတင်းအချက်အလက်များ… မြန်မာ သမ္မတအိမ်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး ထိပ်သီးခေါင်းဆောင်များတွေ့ဆုံခဲ့ကြတဲ့ သတင်း… ဓမ္မစေတီခေါင်းလောင်းကြီးကို အိပ်မက်အရရှာဖွေမယ်ဆိုတဲ့ ပုဂ္ဂလိကသင်္ဘောအရာရှိဟောင်း   ဦးကျော်ဝင်းကို အစိုးရက တူးဖော်ခွင့်ပြုလိုက်တဲ့ သတင်း… […]


KyaemonJanuary 10, 20156min1775
နှစ်သစ်ကူး ရှုခင်းအလှတွေကို ဆက်လက်ပြီးလိုက်ကြည့်ရအောင် ” မင်္ဂလာရှိသောနှစ် ပျော်ရွှင်သောနှစ် ဖြစ်ပါစေသား” လို့ အားရပါးရဘဲ ကြွေးကျော် ကျူးရင့်လိုက်တာပါ     ====== လာဘဲဂါ့စ် Las Vegas, USA က ဓာတ်ပုံအလှတွေပါ   နှစ်စဉ်နှစ်တိုင်း လူပေါင်း ၂ သိန်း ခန့်  လာဘဲဂါ့ Las Vegasဆီကြွရောက်ပြီး နှစ်သစ်ကူးပွဲကိုစည်ကားသိုက်မြိုက်စွာပါဝင်ဆင်နွဲကြတယ်၊   ——- ======= ——– ========     ======== ======   “မန္တလေး” အမည် တပ်ထားတဲ့ နံမယ်ကျော် Casino လောင်းကစားရုံ နဲ့ဟိုတယ် =======       ====   ======= စင်ကာပူ […]


alinsettJanuary 8, 20157min1353
မင်္ဂလာပါ ။ အပတ်စဉ် တင်ဆက်ပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone ရဲ့ … သတင်းအစီအစဉ်ကနေ ယခုအပတ်တင်ပြပေးမယ့် သတင်းတွေကတော့…   အမေရိက ပြည်ထောင်စုရဲ့ ပြည်နယ်တချို့မှာ ဖြစ်ပွါးနေတဲ့ ရာသီဥတုဆိုင်ရာ သတင်းများ… US နဲ့ ဆက်စပ်တဲ့ ဟော်တယ်များ ၊ ဘဏ်လုပ်ငန်းများကို အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အင်ဒိုနီးရှားနိုင်ငံက နောက်ဆက်တွဲသတင်းများ… Java ပင်လယ်ပြင်အတွင်းမှာ ပျောက်ဆုံးသွားခဲ့တဲ့ A320 Airbus ,                                               Air Asia လေယာဉ်ပျက်ကျခဲ့တဲ့နောက်ဆုံးရ သတင်းများ၊ ကချင်ပြည်နယ်မှာ တရုတ်နိုင်ငံသား (၁၀၀) ကျော်ပါဝင်တဲ့ တရားမဝင်သစ်ခိုးထုတ်နေအဖွဲ့ကို မြန်မာစစ်တပ်တပ်က ဖမ်းဆီးလိုက်တဲ့ သတင်း… အစိုးရက လျော်ကြေးငွေ ပေးတာကို လက်မခံနိုင်ဘူးလို့ ငြင်းဆိုလိုက်တဲ့ […]


alinsettJanuary 7, 20153min18711
#### စိတ်ကူးအဓ်ိက အနုပညာ ဝါဒ CONCEPTUALISM (သို့မဟုတ်) ရှုရှုး ပေါက်တဲ့ခွက်က..အနုပညာပစ္စည်းလား #### ———————————————————————————————————————————————————- စိတ်ကူးအဓ်ိက အနုပညာ ဝါဒ CONCEPTUALISM အကြောင်း…. နည်းနည်း ဖြည့်ပြောပါရစေ..။ ( ကျင်ငယ်စွန့်တဲ ့ကြွေ ခွက်က အနုပညာ ပစ္စည်းတဲ့…) ဆိုတဲ ့အမည်နဲ ့ ပို ့စ်မှာ… CONCEPTUALISM အကြောင်း… အညွှန်း သဘောလေးလောက် ပြောခဲ့ဖူးပါတယ် ။ ) ( အခုဆောင်းပါးက န ငယ်.. အမြီးလေး..( နည်းနည်း တိုနေတယ် ထင်လို ့) ထပ် ဆွဲ ဆန့်ပေးတဲ ့ဆောင်းပါးလို ့ပြောရင်လည်း ရပါတယ် ။ အတွန့် တက် ဆောင်းပါး လို […]


Kaung Kin PyarJanuary 6, 20151min31032
အာတီဒုံရဲ့ ၂၀၁၄ လည်ပြန်ကို ဖတ်ပြီး ကိုယ့်ရဲ့ ၂၀၁၄ ကို အလန့်တကြားပြန်ငဲ့ကြည့်မိတော့ စိတ်တိုင်းမကျတာတွေ၊ အချိန်ဖြုန်းခဲ့တာတွေ၊ ဒီလိုလေးလုပ်ခဲ့မိရင် ပိုကောင်းမှာလို့ တွေးမိတာတွေ အများကြီးပဲ…..။ ဒီနေ့က ကောင်းကင်ပြာရဲ့ မွေးနေ့ပါ…..။ အရီးပြောသလို Capricornဖွားပါ။ မကန်းတစ်ကောင်ပေါ့..…။ မွေးနေ့မှာ ပိုစ့်လေးတစ်ပုဒ်လောက်တင်မယ်ဆိုပြီး မှန်းထားပေမယ့် အပျင်းကထူနေသေးတယ်…။ လုပ်ရမယ့် ကိစ္စတစ်ခုကို နေ့ရွှေ့ညရွှေ့ ရွှေ့တတ်တာလဲ Capricorn တွေရဲ့ စရိုက်ပဲ ထင်တယ်…( ကွကိုယ်ပျင်းတာ ရာသီဖွားလိုက်ချီပြီး အဖော်ညှိလိုက်ဦးမယ်)။ မကာရတွေရဲ့ ပေါက်ပေါက်ရှာရှာ စရိုက်လေးတွေလဲ ကြားဖူးတယ်…။ မကာရတွေဟာ ညအိပ်ရင် ဖက်ခေါင်းအုံးရှိနေမှ အိပ်တတ်တယ်ဆိုတာမျိုးတို့…၊ စိတ်ညစ်စိတ်ရှုပ်လာရင် ကိုယ့်သူငယ်ချင်းတွေဆီ ဖုန်းတဂွမ်ဂွမ်ဆက်တတ်တယ် ဆိုတာမျိုးတို့….။ တချို့ လူတွေအတွက် ပုံမှန်လုပ်နေ ဖြစ်နေ၊ တွေးနေတဲ့ သမားရိုးကျကိစ္စတွေကို လှောင်ပြောင်ဆန့်ကျင် ပျင်းရိတယ်ဆိုတာမျိုးတို့…။ […]


ムラカミJanuary 4, 20151min27928
က​နေ့လွတ်​လပ်​​ရေး​နေ့ ​ပျော်​ပွဲရွှင်​ပွဲ​တွေနဲ့ က​လေး​တွေအ​တွက်​ အားကစားပြိုင်​ပွဲ​တွေကျင်​းပတာ ​ကောင်​းပါတယ်​ အဲ ဒါေ​ပမယ်​့ ​လော်​စပီကာ​တွေက​တော့မ​ကောင်​း ဂနန်​းစတိုင်​ နဲ့ ဂျန်​းတဲမန်​းက လွတ်​လပ်​​ရေးနဲ့ ဘာမှမဆိုင်​ မိုင်​လီဆိုင်​းရပ်​စ်​​ရောဆလီနာဂိုးမက်​စ်​​ရော က ပို​တောင်​ဆိုး​သေး က​လေး​တွေကစားကြတာ မြူး​အောင်​ သီချင်​းဖွင်​့​ပေးတယ်​​တော့​ပြောတာပဲ   ကျ​နော်​့စိတ်​ထဲ​တော့ သည်​အ​ဖြေက ရက်​လက်​ဗန်​့ မဖြစ်​ဖူး လွတ်​လပ်​​ရေးရဖို့ တိုက်​ပွဲဝင်​ခဲ့တဲ့ သူရဲ​ကောင်​း​တွေကို ​စော်​ကား​နေသလိုပဲ သီချင်​းမဖွင်​့ထားလည်​း က​လေး​တွေ အားကစားပြိုင်​တာ ပြိုင်​လို့ရပါတယ်​ဗျာ ကမာ္ဘတမ်​း​ဘောလုံးပွဲ​တွေ ဘယ်​ပွဲမှာများ ကန်​လို့​ကောင်​း​အောင်​ သီချင်​းဖွင်​့​ပေးတာ ကြားမိလို့တုန်​း   ပုသိမ်​က အားကစားလု်​တဲ်တြြဲ် မမယီး​ရော တွံ​တေးက တရွာသား​ရော ဘုရားပွဲဆိုလည်​းပါ လွတ်​လပ်​​ရေးဆိုလည်းမ​နေရ မုန်​းထှာ​အေ   သမ္မတကြီး ဖိုးလပြွတ်​ သက်​​တော်​ရာ​ကျော်​ရှီပါဇီ


ムラカミJanuary 2, 20151min20211
တကယ်​​ပြောတာ ​နောက်​တခါပါးမှာနမ်​းခွင်​့ရရင်​ အရမ်​း​ကျေနပ်​မိမှာပါဆို ဗမာမ​လေး​တွေတအားချစ်​ဖို့​ကောင်​းမှန်​း ကျ​နော်​သိပါပြီ​မေ​မေ


alinsettJanuary 1, 20156min1819
မင်္ဂလာပါ ။ အခုတစ်ပတ်တင်ပြပေးသွားမယ့် သတင်းတွေကတော့… မြေမြှုပ်မိုင်းကြောင့် သေဆုံးရသူ အများဆုံးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက တတိယနေရာမှာ ရှိနေတယ်ဆိုတဲ့ သတင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဆက်တိုက်ဖြစ်ပွါးနေတဲ့ ပဋိပက္ခများနဲ့ နောက်ဆုံးရ သတင်းအချက်အလက်များ … မြန်မာနိုင်ငံကို ရောက်ရှိနေပြီး မြန်မာ့တိုင်းရင်းသား အစားအစာတွေကို လေ့လာနေတဲ့  US သမ္မတအိမ်ဖြူတော်ရဲ့ စားတော်ကဲမှူးရဲ့ သတင်း ၊ အစိုးရဝန်ထမ်းများ လစာတိုးသင့် မတိုးသင့်နဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်မှာ စစ်တမ်းကောက်ယူနေတဲ့သတင်းနဲ့ နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ငွေကြေးဖောင်းပွမှုနှုန်းဆိုင်ရာ သတင်းအချက်အလက်များ… မြန်မာနိုင်ငံ အလယ်ပိုင်းကနေဖြတ်ပြီး၊  ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့ကို ချိတ်ဆက်မယ့် လမ်းတစ်လမ်း ဖောက်လုပ်မယ်ဆိုတဲ့ သတင်း ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗိုလ်ချုပ် အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့ပွဲအတွက်အစီအစဉ်များနဲ့ လက်ပံတောင်းတောင်အရေး ပြောကြားချက်များ… ၊ […]


alinsettDecember 31, 20141min48434
              လွန်ခဲ့သော ရက်များအတွက် မထော်မနန်းသတင်းများ ကြားရ /ဖတ်ရသည်။ သရုပ်ဆောင်/ဒါရိုက်တာတယောက်က အမျိုးသမီးတယောက်ကို ပက်ပက်စက်စက် နှိပ်စက်ပြီး သတ်ပစ်လိုက်သည့်သတင်း. . . (နောက်ပြီး တတိုင်းပြည်လုံး ထိုင်ကြည့်နေသည့် အကယ်ဒမီဆုချီးမြှင့်ပွဲအခမ်းအနားကနေ တိုက်ရိုက်ထုတ်လွှင့်နေရင်းတန်းလန်းမှာ အနုပညာကြယ်တပွင့်က နောက်ထပ်ကြယ်တပွင့်ကို တိုင်းသိပြည်သိ ကလော်တုတ်ထည့်လိုက်သည့် သတင်း) အဲ့သည် သတင်းကို ဖတ်ပြီး ကျွန်တော် မဲ့ပြုံးတချက်နဲ့အတူ အံ့ဩ နာကျင်မိပါသည်။ သတ်သူနှင့် အသတ်ခံရသူ(ဆဲသူနှင့်အဆဲခံရသူတို့ကြား) မှာ ဖြစ်ပေါ်ခဲ့သော ပုဂ္ဂိုလ်ရေးရာ ခံစားချက်များနှင့် လုပ်ရပ်များကို ကျွန်တော့်အနေနှင့် ဝေဖန်ပြောဆိုစရာ မရှိချေ။ ဒါပေမယ့် အဲသည် ဖြစ်ရပ်မျိုး အဲသည်လိုလူမျိုးတွေအနေနဲ့ မဖြစ်သင့်ဘူးလို့ ထင်ပါသည်။ သရုပ်ဆောင် တယောက် သို့မဟုတ် […]


alinsettDecember 28, 20141min38822
အမေရိကန်နဲ့ ပြင်သစ်ထက် ဗမာတွေက ပိုပြီးတော့ သတ္တိ ရှိတယ်။   ……………………………………………………. အမေရိကန်တွေရယ်… ပြင်သစ်တွေရယ်…. ဗမာတွေရယ်… စုဝေးပြီး ထိုင်နေကြတယ်။ သူတို့ဟာ… ဘယ်လူမျိုးက သတ္တိအရှိဆုံးဆိုတာကို ထိုင်ငြင်းနေကြတာဖြစ်တယ်။   ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်သာလျှင် သတ္တိရှိကြောင်းကို သက်သေတွေ သာဓကတွေ ထုတ်ပြကြတယ်။ ပထမဆုံး … အမေရိကန်တွေက  သူတို့ ဘယ်လောက် သတိ္တ ရှိကြောင်းကို သက်သေနဲ့တကွ ပြောတယ်..   ”ငါတို့ဟာ ဘယ်လောက် သတ္တိ ရှိပြီး.. ဘယ်လောက် တာဝန်ယူစိတ် ရှိကြသလဲ..ဆိုရင်… ကား ဆယ်စီး တန်းစီထားတယ်… ။ အဲဒီ ဆယ်စီးထဲမှာ တစ်စီးက…ဘရိတ်မပါဘူး ။ မောင်းထွက်လိုက်ရင် ရပ်လို့မရဘူး ။ ဒါပေမယ့်… အမေရိကန်ဆယ်ယောက်ဟာ… အဲဒီကားတွေပေါ်ကို […]


အာဂDecember 24, 20141min24414
ကျွန်တော်ပုဂံသွားတုန်းက သရပါ 3 စားသောက်ဆိုင်ရဲ့ မလှမ်းမကမ်းမှာ ဒီကလေး ၂ယောက် လမ်းဘေးမှာထမင်းစားနေတာမြင်တော့ စိတ်မကောင်းဖြစ်မိပြီး ။ သူတို့ ဘဝလေးတွေအကြောင်းမေးမြန်းဖြစ်ခဲ့တယ်။ သူတို့က ညီအစ်ကို တွေပါတဲ့ ကျောင်းလည်း တက်နေပါသတဲ့။ တစ်ယောက်က ၄တန်း။ တစ်ယောက်က ၅တန်းတဲ့ ။ အခုကျောင်းပိတ်လို့လာတောင်းနေတာပါတဲ့။ ရင်ထဲ ဆို့ တက်မိသွားတယ်။ သူတို့လိမ်နေတာများလို့တွေးလည်းတွေးမိတယ်။ဒါပေမဲ့ သေချာ စိစစ်မေးမြန်းကြည့်တို့ သူတို့မလိမ်ဘူး။ရိုးသားတာသိလိုက်ရတယ်။ အဲဒီ ညီအစ်ကို နှစ်ယောက် ကျောင်းမှာ အဆင့်တွေလည်း အဆိုးကြီးမဟုတ်ဘူးဗျ။ တစ်ယောက် က အဆင့် ၅ ။တစ်ယောက် ကအဆင့် ၁ဝ လောက်ရှိတယ်။ စိတ်ထဲ တစ်မျိုးဖြစ်သွားတယ်။ သူတို့ကိုများ ဖေးဖေးမမနဲ့ သေချာပညာရေးလိုက်စားခိုင်း ရင် ဒီထက် အဆင့်တွေရမယ်နောင် သူတို့ဘဝကောင်းစားမယ်ဆိုတဲ့အတွေးနဲကပေ့ါ။အခု စားနေတဲ့ ထမင်းဟင်းတွေကရောဘယ်ကရလဲဆိုတော့ […]