တစ်ယောက်တစ်နေရာစီ ကိုယ့်ဘဝကိုယ် ကြိုးစားနေကြတဲ့ သူတို့လေးယောက်ဟာ လွန်ခဲ့တဲ့တစ်နှစ်လောက်ကစပြီး ရန်ကုန်ဆိုတဲ့ တစ်မြို့တည်းမှာ အတူတူစုစည်းမိကြပါတယ်။ မအားလပ်လို့ အချိန်ပြည့်မတွေ့နိုင်ပေမယ့် အဆက်အသွယ်တွေတော့ မပြတ်ခဲ့ကြပါဘူး။   ဝတ်ရည်ကတော့ ကံကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဝဏ္ဏနဲ့ ဝတ်ရည်က တစ်နေရာတည်းမှာ အလုပ်ရခဲ့သလို အချိန်ပိုအနေနဲ့ ဝတ်ရည်စာသင်တဲ့နေရာက ခွန်စင်ငှားနေတဲ့ အိမ်ဘေးမှာ ဖြစ်နေပြန်ပါတယ်။ နောက် ဝတ်ရည်နဲ့အိလေးနဲ့ကလည်း တစ်မြို့နယ်တည်းမှာ နေဖြစ်ကြတော့ ဝတ်ရည်ကပဲ အားလုံးနဲ့ အဆက်အသွယ်ရှိနေပါတယ်။   အိလေးက ဝတ်ရည်နဲ့အတူတူ တိုက်ခန်းငှားနေဖို့ ပြောလာတဲ့အချိန်မှာ ဝမ်းသာအားရလက်ခံမိခဲ့ပါတယ်။ အိလေးနဲ့အတူတူ အဆောင်နေခဲ့တဲ့ မရတီလည်း ပါလာခဲ့တာပေါ့။ ဝတ်ရည်တို့ထက် သုံးနှစ်လောက်ကြီးတဲ့ မရတီကို နှစ်ယောက်လုံးက ချစ်ခဲ့ကြပါတယ်။ ကလေးဆန်တဲ့အိလေးကို မရတီက အလိုလိုက်ခဲ့သလို လူကြီးဆန်တဲ့ ဝတ်ရည်နဲ့လည်း အတူတူချက်စားဖြစ်ခဲ့ပါတယ်။ အစ်မမရှိတဲ့ ဝတ်ရည်က […]


“ဘာလို့ သူဖြစ်နေရတာလဲ..တစ်ခြားတစ်ယောက်သာ ဖြစ်လိုက်ပါတော့လားဟာ..ငါ့ကို လုပ်ရက်လိုက်ကြတာ..အီး..ဟီး…ဟီး…”   ကလေးတစ်ယောက်လို ရှိုက်ကြီးတငင်ငိုနေတဲ့ ဝတ်ရည်ကို ကြည့်ပြီး အိလေးလည်း မျက်ရည်တွေကျလာပါတယ်။   “ငိုလိုက်ပါ ဝတ်ရည်ရယ်..နင်အားရအောင်သာ ငိုလိုက်ပါ..နင် သိပ်ချစ်တဲ့ ခွန်စင့်အတွက်၊ နင့်နောက်ကျောက ထိုးခံလိုက်ရတဲ့ ဓားတစ်ချောင်းအတွက်၊ လူတိုင်းကို နင့်လိုပဲလို့ထင်ခဲ့တဲ့ နင့်ရဲ့ဖြူစင်မှုအတွက်..ငါလည်း ငိုပါရစေ… ငါရဲ့သူငယ်ချင်းဖြစ်တဲ့ နင့်ရဲ့ဝမ်းနည်းမှုတွေကို မျှဝေဖို့အတွက်၊ ငါတို့ဆုံးရှုံးလိုက်ရတဲ့ ခွန်စင့်အတွက် ငါလည်း ငိုပါရစေ သူငယ်ချင်းရယ်…”   အိလေး စိတ်ထဲကနေသာ ပြောနေမိပါတော့တယ်။   ………   “ခွန်စင်ကြယ်၊ ဝဏ္ဏဗိုလ်၊ ဝတ်ရည်နွယ၊် အိချောခင်”   သူတို့သူငယ်ချင်းလေးယောက်ကို အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် အားလုံးက သိထားကြပါတယ်။ ဆယ်တန်းပြီးကတည်းက တွဲဖြစ်ခဲ့တဲ့ သူတို့လေးယောက်မှာ ဝဏ္ဏနဲ့ဝတ်ရည်နဲ့က ငယ်သူငယ်ချင်း၊ ခွန်စင်နဲ့ အိလေးနဲ့က […]


          နေညိုညနေခင်းတစ်ခုမှာ ဆူညံနေတဲ့ ရွာကလေးက အနောက်ဘက်အရပ်က နေလုံးကြီးကို လက်ပြနုတ်ဆက်နေတယ်။ နွားသံ၊ ဆိတ်သံတွေနဲ့အတူ ယာထဲမှ ပြန်လာကြတဲ့ လူသံတွေကလည်း တစ်ရွာလုံးကို အုတ်အော သောင်းနင်းမှန်စေတယ်။ ခြူသံ၊ ခလောက်သံတွေက ဖုန်တထောင်းထောင်း ကြားကနေ ထွက်ပေါ်နေပြီး ဆိတ်တွေ၊ နွားတွေက ဖုန်လုံးကြီးတွေကြားမှ တစ်ကောင်ပြီးတစ်ကောင် ဘွားခနဲ ဘွားခနဲပေါ်လာလိုက်ပုံများ အသည်းယားစရာ။ ဦးလေးရဲ့ အိမ်အောက် ကွတ်ပျစ်ပေါ်ကနေ ရွာကလေးရဲ့ ညနေ အလုပ်သိမ်းချိန်ကို ကျွန်တော်က လိုက်ပါ စီးမျောမိနေတယ်။ နေလုံးကြီး ပျောက်ကွယ်သွားသည့် တိုင်အောင်  ပူလောင်အိုပ်စပ်မှုက ပျောက်မသွားပဲ တိုးလို့လာနေတယ်။ စွပ်ကျယ်တစ်ထည်ဝတ်ပြီး ယပ်တောင်တစ်ချပ်နဲ့ထိုင်နေတဲ့ ကျွန်တော်ကို အဝေးကနေ လှမ်းမြင်ရရင် ပူတတ်ရန်ကောရယ်လို့ မေးငေါ့သွားနိုင်တယ်။ ကျွန်တော် တစ်ယောက်တည်းမို့ ညနေ နေညိုရင် ရောက်လာမယ့် ညီတစ်ဝမ်းကွဲ […]


naywoon niOctober 10, 20121min19815
ကျွန်တော်တို့ဟာ တစ်စုံတစ်ခုကို ရေတွက်ချင်ရင်ပဲဖြစ်ဖြစ် တစ်စုံတစ်ရာကို တိုင်းတာ ချင်ရင် ပဲဖြစ်ဖြစ် ကိန်းဂဏန်းများကို အသုံးပြု ရေတွက်တိုင်းတာကြရပါတယ်…။ တစ်ကယ်တော့ ကျွန်တော်တို့ အသုံးပြုနေတဲ့ ရေတွက်တိုင်းတာနေတဲ့ ကိန်းဂဏန်းတွေဟာ မှန်ကန်မှုရှိပါသလား…..။ ဘယ်လောက်အထိ မှန်ကန်ပြီး ဘာတွေလွဲချော်နေပါသလဲ…။ ဘယ်နှစ်ယောက်လောက်က ဆန်းစစ်ဝေဖန်ခဲ့ကြပါသလဲ…။ ပြန်ဆန်းစစ်ကြည့်ကြပါဦး….။ များသောအားဖြင့် ကျွန်တော်တို့ဟာ ရှေ့က လူတွေ ရေတွက်တိုင်းတာနေတာတွေကို အခြေပြုပြီး နောက်ကနေ လိုက်ပြီး ရေတွက်တိုင်းတာနေကြတာပါ…။ ဘယ်သူတွေက အစကနေပြန်စ ပြီးရေတွက်ဖို့ ကြိုးစားကြပါသလဲ…။ အဲဒိလိုအစကနေ ပြန်စရေတွက်ဖို့ ကြိုးစားတာ ဘယ်နှစ်ယောက်အောင်မြင်ဖူးပါသလဲ…။ စဉ်းစားကြည့်ကြစမ်းပါဦး…။ ဒီလိုပဲ ဆက်လက်စခန်းသွားနေကြရတာပဲမဟုတ်လား…။ အတိအကျ တွက်ချက်ထားတဲ့ အစဉ်အလာရှိတဲ့ ကိန်းဂဏန်းတွေဖြစ်ပါစေဦး…။ သူ့ကိုထောက်ပံ့နေတဲ့ ပါဝါ မတည်ငြိမ်တာနဲ့ ခဏလေးအတွင်းမှာလွဲချော်သွားတတ်တာပဲလေ……….။ အဲဒိလိုအခြေအနေမျိုးမှာ ရေဗူးပေါက်တာမလိုချင်ဘူး ရေပါတာပဲလိုချင်တယ်ဆိုတဲ့ အာဏာရှင်စနစ်မှာ ကျွန်တော်တို့ […]


ေ႐ႊဂ်ဴးOctober 9, 20121min24913
သူငယ်ချင်းရေ… နင့်ကို သိစေချင်လို့ပါ နင်နဲ့ငါနဲ့ သူငယ်ချင်းတွေဖြစ်ခဲ့တာ လူမှန်းသိတတ်စအရွယ်ကတည်းကနော်… ဘယ်သူက ဘယ်သူ့ကို စခေါ်ပြီး သူငယ်ချင်းဖြစ်ခဲ့တယ်ဆိုတာကိုတောင် မသိဘဲ သူငယ်ချင်းဖြစ်ခဲ့တာနော်… ငါတို့ငယ်ငယ်တုန်းက ကစားခဲ့တာတွေ.. ပျော်ခဲ့တာတွေ… ငြင်းခဲ့တာတွေ.. ရန်ဖြစ်လိုက်ပြန်ချော့လိုက်နဲ့ သက်တမ်းရှည်ခဲ့တာ ခုချိန်ထိပဲ… အသက်ကလေးတွေက ၁၄ ၁၅ လောက်လဲဖြစ်ကော နင်က နင့်ကျောင်းက နင်ချစ်စနိုးနဲ့ ဓါးလီးမုန့်လို့ ခေါ်တဲ့ကောင်မလေးကို ကြိုက်နေတယ်ဆိုတာ ငါတို့ သိခဲ့တယ် နင့်ကိုလဲ စခဲ့တယ် အဲ့တုန်းကတော့ ငါလဲ ငါ့ဘာသာ ကျောင်းမှာ သဘောကျတဲ့ ကောင်လေးတွေရှိတာပေါ့ဟာ.. နင်တို့ကိုလဲ ပြောပြခဲ့တာပဲလေ.. နောက်ပိုင်း မှတ်မှတ်ရရ ငါ ကိုးတန်းနှစ်မှာ နင်တို့ မိသားစု ပြဿနာတက်ခဲ့တယ်… အဲ့နောက်ပိုင်း နင်နဲ့ ပိုရင်းနှီးခဲ့တယ်… ငါ ၁ဝ တန်းအရောက်မှာ နင်တို့ […]


“ဝတီ..ငါးဘာသာပါတယ်…”   ဝမ်းမသာနိုင်သေး။ လိုရင်းကို မေးရသေးသည်။   “ဟို..ကျန်တဲ့သူတွေရော..ဘယ်နှစ်ဘာသာ ပါကြလဲဟင်…” “စည်သူတို့တွေလည်း ပါကြတယ်..စည်သူက လေးဘာသာ…မြင့်မိုရ်က နှစ်ဘာသာ…ကျန်တာတွေလည်း ပါကြပါတယ်..” “မဟုတ်ဘူးလေ…ဟို..နှင်းဆီကော ဘယ်နှစ်လုံးပါလဲ..”   မတတ်နိုင်တော့။ သိချင်သည်ကို တိုက်ရိုက်သာ မေးလိုက်တော့သည်။   “နှင်းဆီက လေးဘာသာ..”   “ဟေးးးးးးးးးးးးး” စိတ်ထဲက အော်လိုက်ခြင်း ဖြစ်ပါသည်။ ချက်ချင်းပင် အမေ့ဆီပြေးသွားပြီး ခပ်တိုးတိုးပြောလိုက်သည်။   “အမေ..အမေ..သမီး ငါးလုံးပါတယ်သိလား..နှင်းဆီက လေးလုံးပဲပါတယ်…ဟိဟိ..ပျော်လိုက်တာ..သမီး နိုင်ပြီသိလား…” “ဟဲ့..တိုးတိုး..တိုးတိုး..သူများကြားသွားရင် မကောင်းဘူး…သေချာလို့လား သမီးရယ်…မျက်စိနဲ့တွေ့မှ ယုံကြတာပေါ့…” “ဘဘ ကိုယ်တိုင်ပြောတာ..ဘဘနဲ့တွေ့တာ..ဟုတ်မှာပါ အမေရဲ့..” “အောင်စာရင်းထွက်တဲ့အထိ စောင့်ပါဦး သမီးရယ်..”   ဇဝေဇဝါစိတ်များ ဖြစ်သွားပြန်သည်။ ထိုအချိန်တွင် တွေ့လိုက်ရသည်က ဝဏ္ဏ နှင့် စည်သူ။   […]


ပူလောင်ခြင်း၏ ရလာဒ်ကား ဆိုးဝါးလှပေသည်။ သည်ညတော့ ဝတီတစ်ယောက် စာမကျက်နိုင်တော့ပေ။ ကျူရှင်က ပြန်ရောက်ကတည်းက အလုပ်ရှုပ်တော့သည်။   ရောက်ရောက်ချင်း ဘုရားစင်က သောက်တော်ရေကိုလဲ၊ ဆီမီးထွန်းပြီး ဘုရားရှိခိုးတော့သည်။   “ကိုယ့်အပေါ်မကောင်းတဲ့သူတွေကို မေတ္တာပို့ပေးရမယ်ဆိုပဲ…” မည်သို့ပင် ကြိုးစားသော်လည်း မေတ္တာထား၍ကို မရ။   “အာ..သိပြီ..သစ္စာဆိုရမယ်…” “တပည့်တော်မသည် နှင်းဆီအပေါ်တွင် သူတို့စွပ်စွဲသလို မျက်စောင်းလည်း မထိုးခဲ့ပါဘုရား…ရန်ဖြစ်လိုစိတ်လည်း မရှိခဲ့ပါဘုရား…ဤမှန်သော သစ္စာစကားကြောင့် တပည့်တော် အပေါ်တွင် အထင်လွဲစွပ်စွဲမှုများ အမြန်ဆုံး ကင်းဝေးရပါလို၏ အရှင်ဘုရား…”   ဘုရားရှိခိုးပြီး၍ စာဆက်ကျက်ရန် ကြိုးစားသော်လည်း အာရုံက စုစည်း၍ မရချေ။ တွေးလေလေ ဒေါသနှင့် တနုံ့နုံ့ဖြစ်လာလေ။ ဒေါသစိတ်၏ နောက်သို့ အတွေးတွေက လိုက်သွားရင်း ကြားဖူးထားသည့် အလုပ်တစ်ခုကို လုပ်လိုက်လေသည်။   […]


          အညာမြေရနံ့သင်းသင်းက နှာခေါင်းဝမှာ မွှေးပျံ့လာတယ်ဆိုရင်ပဲ မကြာမီအချိန်လေးအတွင်းမှာ ရွာကို ရောက်တော့မယ်ဆိုတာ သိလိုက်တယ်။ နွားချေးနံ့တွေရယ် ၊ ဆိတ်ချေးနံ့တွေရယ် ရောသမမွှေထားတဲ့ အညာလေမှာ တမေ့တမြောခိုဝင်နားလို့ ခြေလှမ်းတွေ သွက်လိုက်တာမှ တအားရယ်။ မရောက်တာကြာပြီဖြစ်တဲ့ ရွာလေး ဘာတွေများပြောင်းလဲကုန်ပြီလဲ။ အိမ်နီးချင်းသူငယ်ချင်းတွေရော အရင်အတိုင်းပဲလား။ ဆွေမျိူးညီအစ်ကိုသားချင်းတွေရော စုံစုံလင်လင်ရှိနေရဲ့လား။ ကျွန်တော် သိချင်နေတယ်။ ကျွန်တော်ရွာကိုမရောက်တာ ဆယ်နှစ်ဝန်းကျင်တော့ရှိရော့မယ်။ ရွာကလေးရဲ့ကန်မှာ မင်းလှကန်ကရေတွေ ဝင်နေပြီလား။ သိချင်စိတ်တွေနဲ့ စိတ်ဓါတ်တွေမြူးမြူးကြွကြွဖြစ်နေတာနဲ့ပဲ ရွာကိုဘာနဲ့ သွားရင်းကောင်းမလဲလို့ တွေးမိရတော့တယ်။ ညနေစောင်းနေက ကျွန်တော်ကို ချွေးဒီးဒီး ကျအောင်ပူပြင်းနေစေတယ်။ ရှေ့ကလာနေတဲ့ သုံးဘီးဆိုင်ကယ်ကို မေးကြည့်ရင်တော့ ကျွန်တော့်ရွာကို ရောက်နိုင်ကောင်းပါရဲ့လို့ တွေးမိပြီး လက်ပြတားလိုက်တယ်။ “သမန်းကန်ရွာကို လမ်းကြုံဘာရှိသေးလဲ ဗျ“ “သမန်းကန်ကိုလား ကြုံဆို ခုသွားမှာ ရွာအထိတော့မရောက်ဘူး။ အိုင်ကြီးလည်အထိပဲ […]


ထိုအချိန်တွင် နှင်းဆီကတော့ အတန်းပုံမှန်တက်၊ စာပုံမှန်လုပ်နှင့် အေးဆေးနေသည်။ အားလုံးကလည်း နှင်းဆီဝင်ပြိုင်မည်မဟုတ်ဟု ထင်မိကြသည်။   စာမူတင်ရမည့်နေ့သို့ ရောက်လာသည်။   “ကဲ…ပြိုင်မယ့်သူတွေအားလုံး ဆရာမကို စာမူလာပေးကြ..”   ဝတီက စာမူစာရွက်ကို ထုတ်မည်ကြံကာရှိသေး။ နှင်းဆီက ဆရာမကို စာရွက်အပ်လိုက်သည်။ ထိတ်ကနဲဖြစ်သွားသော စိတ်နောက်မှ မျက်စိကလည်း နှင်းဆီစာရွက်ပေါ်ကို ဖြတ်ကနဲရောက်သွားသည်။ လက်ရေး..နှင်းဆီ အမေ၏ လက်ရေး… သေချာပါသည်… ဆယ်စုနှစ်တစ်ခုနီးပါး အတူတူဖြတ်သန်းခဲ့သည့် ဝတီတစ်ယောက် နှင်းဆီလက်ရေးနှင့် နှင်းဆီအမေလက်ရေးကို ကောင်းကောင်းခွဲခြားတတ်ပါသည်။ ဆရာမကို ကြည့်လိုက်မိကာမှ ပိုဆိုးတော့သည်။   ထိုဆရာမက ရှစ်တန်းက မြန်မာစာဆရာမဖြစ်သည်။ မျက်နှာကြီးရာဟင်းဖတ်ပါ သည့်နေရာတွင် နာမည်ကြီးသည်။ နှင်းဆီတို့အိမ်သို့ တစ်ချိန်လုံးလာလည်၊ စကားများစွာပြော၊ ကျွေးသမျှစား၊ ပေးသမျှယူသည့်နေရာတွင် အခြားဆရာမများထက်သာသည်။ အားလုံးကို ဆက်စပ်မိသွားသည့်အခါ […]


          ညသည် မှောင်မိုက်လွန်းနေသည်။ ဘာကိုမှ သည်းကွဲစွာမမြင်ရပါဘဲ ခြေလှမ်းများ ဗွက်ထဲသို့ စွပ်ခနဲ စွပ်ခနဲ ဝင်ဝင်သွားသည်။ လာမိသည့်လမ်းတော့ နောက်ပြန်လှည့်ရန် သာလှ စိတ်မကူး။ သည်ခရီး သည်လိုလာချင်လို့ ပင် တမင်သက်သက် ကိုလှမောင်ကို ဖုန်းလှမ်းဆက်ပြီး ခေါ်ခဲ့သေးတာ။ ရှေ့တွင် မည်မျှပင် ဒုက္ခကြီးကြီး အရောက်သွားမည်ဟု  စိတ်ကိုဒုံးဒုံးချထားသည်။ သာလှလက်ထဲတွင် ကျွတ်ကျွတ်အိတ် မည်းကြီး တစ်လုံးဆွဲထားသည်။ ထိုအိတ်ထဲတွင် သည်ညအတွက် ရိက္ခာအပြည့် အစုံပါလာသည်။ ဘီယာ ၆လုံးလောက်နှင့် အားလူးကြော်၊ ငါးမုန့်ကြော်၊ ဆေးလိပ် စဖြင့် စုံလင်သည်။ ညကောင်းကင်ယံတွင် ကြယ်ကလေးတွေ မှိတ်တုတ် မှိတ်တုတ် လင်းနေရုံမှလွဲပြီး လမိုက်ညဖြစ်သဖြင့် ပတ်ဝန်းကျင်အနေအထားကလည်း မည်းမည်းမှောင်မှောင်နေသည်။ သာလှနှင့် ကိုလှမောင် အပါအဝင် နောက်ထပ် အဖော်လိုက်လာသူနှစ်ယောက်ရှိသေးသည်။ ထိုနှစ်ယောက်ကား […]


          ရထားဥဩဆွဲသံကိုကြားရစဉ်ခဏမှာပင် သူ ပျာယာခပ်နေချေပြီ။ သူတို့ကျန်ရစ်ခဲ့၍မဖြစ်။ထိုစဉ်- “မင်းတို့နှစ်ယောက်လား ကိုကိုနိုင်ပြောထားတာ” “ဗျာ” “လက်မှတ်နှစ်စောင် ဖားကန့်ကနေဖြတ်ထားတာမလား” “ဟုတ်..ဟုတ်ကဲ့ ကျွန်တော်တို့နှစ်ယောက်ပါ” “လာလာ ရထားဆိုက်လာပြီ ကိုကိုနိုင်ကတော့ ပြောထားတယ် ငါလည်း မင်းတို့ကိုရှာနေတာ။ လာလာ” မြင့်ဇော်ဦးက ပိုက်ဆံယူပြီး မှတ်ပုံတင်ကိုင်ကာ အမြန်လိုက်သွားသည်။ မြန်မြန်ဆန်ဆန် လက်မှတ်ဖိုးရှင်းကာ မြင့်ဇော်ဦးအနားကိုပြန်ရောက်လာချိန်တွင် မြစ်ကြီးနားမှ ထွက်ခွာလာသော အမြန်ရထားသည် မိုးကောင်းဘူတာအတွင်းကို ဝင်လာလေပြီ။ သူလည်း ခုမှပင် သက်ပြင်းချနိုင်ကာ ခုန်နေသောရင်သည် မီးတောက်ကို ရေနှင့်ပက်ဖျန်းလိုက်သည့်ပမာ ဟုတ်ခနဲငြိမ်းသည်နှယ် ရပ်တန့်သွားရလေသည်။  အသက်ရှူသံပြင်းပြင်းနှင့် ဘူတာအတွင်းခေတ္တ ငြိမ့်ညောင်းနေသော အမြန်ရထားကြီးပေါ်သို့ အပြေးတပိုင်းနှင့် စီးနင်းရမည့်အတွဲကို ဦးဆုံးရှာကာ မြင့်ဇော်ဦးက ပစ္စည်းတစ်ချို့ကို တင်နေချိန်ဝယ် သူကလည်း သွက်လက်သော ခြေလှမ်းများနှင့် မပြေးရုံတမယ် မြန်မြန်ကြီးလိုက်ရပြန်လေသည်။ အထက်တန်း […]


ကပၸိယ သာဒင္​September 30, 20121min48147
ဒီပို့စ်ကိုရေးဖို့ တော်တော်စဉ်းစားခဲ့ရပါတယ်  ။ ဦးကြီးမိုက်ရဲ ့ ပို ့စ်မှာ စိတ်ခံစားမှုတစ်ခုနဲ့ ဝင်ပြောခဲ့ပေမဲ့ကိုယ်တိုင်ရေးဖို့ လက်တွန် ့မိပြန်ပါတယ်လေ ။ အဓိက ကတော့ ဒေါသအလျောက်အဂတိ လိုက်စားမိမှာစိုးရိမ်လို့ပါ ။ ဒါကြောင့် အတန်ငယ် နောက်ကျမိပါတယ် ။ ဘယ်ကျောင်း ၊ ဘယ်သူ ရယ်လို့ နာမည်မတတ်တော့ပါ ။ သိပြီးသားဖြစ်တာကြောင် ့ရယ် ၊ ကျောင်းတော်တော်များများနဲ့ ကျောင်းသားမိဘတွေရဲ ့ အဖြစ်တွေက အတူတူ နီးပါးဆိုတော့ ကျွန်တော့် ဘက်က အမြင်နဲ့ ဖြစ်ရပ်ကိုပဲ တင်ပြသွားပါရစေ …..။ လိုရင်းက စရရင်တော့ …..လွန်ခဲ့တဲ့ (  ) နှစ်ကပေါ ့ ။ ကျွန်တော့် ကလေးက မူကြိုအရွယ်ပဲရှိပါသေးတယ် ၊ ဒါပေမဲ့ […]


အောင် မိုးသူSeptember 29, 20121min1133
အိပျမကျ ကွှတေဲ့ည   အိပျမကျ………………။ အိပ်မက်သည် အမှန်တကယ်မဟုတ်မှန်း အားလုံးလိုလိုသိကြသည်။ သို့သော် အိပ်မက်မက်နေစဉ်အတွင်းမှာ တော့ အိပ်မက်ကို တကယ်ဟုကျွန်မတို့ ထင်ယောင်မိကြစမြဲဖြစ်သည်။ ကျွန်မဘဝတွင် အိပ်မက်များစွာကို ပိုင်ဆိုင်ခဲ့ဖူးသည်။ အိပ်မက်များစွာကို စွန့်လွတ်ခဲ့ရဖူးသည်။ အိပ်မက်များစွာကို မက်မောစွာလိုချင်တောင့်တ ခဲ့ဖူး၏။ တစ်ခါတစ်ရံ အိပ်မက်ကြားထဲမှ မနိုးထချင်အောင် အိပ်မက်များက ကျွန်မကိုဆွဲဆောင်နိုင်လွန်းလှ သည်။ ကျွန်မသူငယ်ချင်းတစ်ယောက်က ကျွန်မကို မေးခွန်းတစ်ခုမေးဖူးပါသည်။ “အိပ်မက်ဘယ်နှမျိုးရှိသလဲ” ဟု ကျွန်မကိုမေးဖူးသည်။ အဲသည်တုန်းက ကျွန်မခံယူချက်နှင့်ကျွန်မ တိကျစွာဖြေခဲ့ဖူးပါသည်။ အိပ်မက်အမျိုး အစား (၂)မျိုးသာရှိပါသည်။ အမှန်တကယ်ဖြစ်မလာသော အိပ်မက် နှင့် အမှန်တကယ်ဖြစ်လာသော အိပ်မက် ပင်ဖြစ်သည်။ ထိုအခါ ကျွန်မသူငယ်ချင်းက သိပ်လက်မခံပေ။ နှစ်မျိုးတည်းလားဟု ပြန်စေဒကတက်ပါသည်။ ထိုအချိန်တုန်းက ကျွန်မ သူမအား ခေါင်းသာငြိတ်ပြရုံသာ ငြိတ်ပြခဲ့သည်။ […]