သုရွင္March 3, 20141min3168
အလေးမခိုးတဲ့ချိန်ခွင် လူနှင့်ချိန်ခွင် လူတိုင်း၏ စိတ်ထဲတွင် ချိန်ခွင်တစ်လက် စီ ရှိပါသည်။ သူ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ထို ချိန် ခွင် သည် သူသိတတ်သောအချိန်မှစ၍ အလုပ်လုပ်ပါတော့သည်။ မည်သည့် အခြေအနေ တွင်မဆို ထိုချိန်ခွင်က သင့်တော်သည် ၊ သို့မဟုတ် မျှတသည် ဟု ဆုံးဖြတ်မှသာ သူစိတ်ထဲ တွင် သက်တောင့် သက်သာ ဖြစ်လိမ့်မည် ဖြစ်သည်။ သို့တည်းမဟုတ်ပါက သင့်တော်သည် သို့မဟုတ် မျှတသည် ဟူ သော အခြေအနေရောက်အောင် သူ ညှိယူပါတော့မည်။ ဖန်တီးတော့ မည် ဖြစ်သည်။ ငယ်ရွယ်စဉ် အတွေးအခေါ်နုနယ်စဉ်ကာလက လူသည် သူ့အပေါ် လူတိုင်းဂရုစိုက် နေမှ ၊ သူလို အပ်တာကို ဖြည့်ဆည်းပေးနေမှ သင့်တော်သည် […]


alinsettFebruary 10, 20142min36830
  သူရ တော်တော် စိတ်လေသွားတယ်။ မြန်မာပြည်မှာက မဖြစ်သင့်တာ တော်တော်များများ ဖြစ်နေပြီး ဖြစ်သင့်တာတွေကတော့ ဖြစ် မနေဘူး။ ဒီတော့ ဟိုတွေးဒီတွေး ဟိုမြင် ဒီမြင် ဖြစ်တတ်တဲ့ သူရကို မြန်မာပြည်ကြီးက အတော် စိတ်ပျက်စေတယ် ။ ဟိုတနေ့က သူရရဲ့မိတ်ဆွေတစ်ယောက်နဲ့ စကားစမြည်ပြောရင်းနဲ့ သဂျီးပြောပြောနေတဲ့ စနစ်ကြောင့်မဟုတ်ဘူးဆိုတဲ့ စကားကို သတိရသွားပြီး အတွေးပွါးများခဲ့ရသေးတယ်။ ———————————– အဲဒီမိတ်ဆွေနဲ့ သူရ ရှစ်မိုင်လမ်းဆုံနားကနေ လမ်းဖြတ်ကူးတာပါ။ လူကူးမျဉ်းကျားကနေကူးတာပါပဲ။ ဒါပေမယ့် ကားတွေက အေးဆေးပဲ ။ လူတွေ ဆယ်ယောက်လောက် တန်းစီပြီး ကူးဖို့စောင့်နေတာကို ခဏရပ်ပြီးကူးစေဖို့ ကားသမားတွေမှာ စိတ်ကူးမရှိဘူး။ ရပ်ပေးစရာ မလိုသလိုပဲ။ သူရတို့က ကားအကျဲမှာ အတင်းဖြတ်ပြေးဖို့ ကြိုးစားရတယ်။ ဒါပေမယ့် ကားအကျဲလေးမှာ အသည်းအသန်ကူးလို့ […]


မင်းဒို့အားလုံးဂို ယီးဗဲလို့ ပြောဂျင်ဒယ်.. ယီးဆိုလို့ ဆဲဒယ်လို့ တထစ်ချ မယူလိုက်နဲ့အုံး။ “ယီးတီးယားတား မလုပ်နဲ့” “ယီးလေးခို” “ယီးလေးလေး ယီးလေးယို” စသဖြင့် မြန်တျန့်စဂါး များစွာရှိတယ်။ အရီးလေး၊ ဦးရီးဒေါ် တို့ဆို ဘယ်လို လုပ်မလဲ.. လေးလေးစားစားခေါ်တဲ့ အသုံးအနှုန်း မဟုတ်လား။ သိုးဆောင်းဘာသာမှာဆိုလဲ ရဲယားဆိုဒဲ့ ရက်စ်သံတူကြောင်းကွဲ ရှိထားဒယ်။ တီလုပ်စာမှာ ရီဆိုတဲ့စာလုံး ကောင်းတဲ့အဓိပါယ်ပေါက်တယ်။ ဒီတော့ အခြားဘာသာ စဂါးဒွေမှာလဲ အလားတူ ယီးများ ရှိမှာသေချာနေဗျီ။ အရက်အိုးလုသောက် ဂျော်လ်ကီ အောင်ပု သိုင်းလောကမှာ ကျင်လည်ကြက်စားတုံးက တရုတ်အမည် ယီးရမ်းမြွေလို့ လူသိများဒယ်။ မြန်တျန့် ဘာသာနဲ့ဆိုရင် မြွေဟောက်ပါးပျဉ်းကဲ့သို့ ယောက်ျားမာန တလူလူ ထောင်မတ်နေသော လို့ပြောလို့ရဒယ်။ ဘပုယီးလား မေးရင် နာမည်ခေါ်မှတ်လို့ ဆိတ်အဆိုးဓာတ်ဗူး..။ […]


၈ကျီးခိုးပါရဲ့ မောင်ဂီ.. ငါနဲ့ဂါးဂါးလေးအကြား ဝင်ခလောက် မဆန်ပါနဲ့။ ရေတယောက်ထဲချိုးရင် ကျားကိုက် တတ်တယ်ဆိုလို့ ဂျာပွန်မလေး အေးမိစံ ရေချိုးခန်းကို ပို့ခဲ့ပြီးပြီ၊ မိုမိုကို အနှိပ်ခန်းမှာလည်း ငါ့နာမည်နဲ့ဘီလ် ဖွင့်ပြီး ဆိတ်ကြိုက် ဇိမ်ခံခွင့်ပေးခဲ့ဒယ်.. ဒါလဲ မကျေနပ်သေးဘူးလား။ မင်းကို ဟိုက စွတ်စပ်အထင်ကြီးနေဒါ.. တယ်လေငါ မပြောလိုက်ချဉ်ဗူး..။ မိန်းမရှုပ် ဆေးသမား ခွက်ပုန်း လမ်းသရဲ ဖိုးတွမ်တီး.. အဲဒီဂုဏ်ပုပ်တွေထဲက တခုပဲ ရွေးထုတ်ပြလိုက်.. ကောင်မလေး မင်းကို တသက် မကြည့်ချဉ်လောက်အောင် မုန်းသွားမှာ။ ဒါတွေငါ ပြောနေရတာ ကောင်မလေး နောင်ရေး ရင်လေးလွန်းလို့.. သွေးမတော် သားမစပ်ပေမဲ့ မွေးစားသာမီးလေး တယောက်လို နှမြောလွန်းလို့ ဘဲဥကြီး ကျီးကန်းချီမှာ အမြင်မတော်လွန်းလို့ပါကွာ။ မင်းအတွက် ဂါးလေးဟာ ၁၀၁ယောက် ခြစ်သူဆိုပေမဲ့ […]


alinsettJanuary 29, 20142min70752
၁ ။ ။   သူရ ရဲ့ မိတ်ဆွေတွေထဲမှာလည်း ရှေးရိုးစွဲ အယူအဆဟောင်းကြီးတွေနဲ့ . . . တလွဲအတွေးအခေါ်ကို ဝတ်ရုံလို ခြုံပြီး ရှင်သန်နေသူတွေ မနည်းပါလားလို ့ တွေးမိပြီဗျာ ။   သူတို့ရဲ့ အယူအဆတွေ အတွေးအခေါ်တွေနဲ့ သူရရဲ့ အယူအဆတွေ ကွဲလွဲလွန်းမက ကွဲလွဲတာများလာတော့. . . သူရကပဲ တစ်ရွာလုံးနဲ့ တစ်ယောက် ဆိုသလို ဖြစ်သွားတာပေါ့ ။   တစ်ရွာလုံးနဲ့ တစ်ယောက်ဆိုမှတော့ ဒီအကောင်ကပဲ ထော်လော်ကန့်လန့်ကောင် / ဘုဘောက်ကောင်ကြီး ဖြစ်နေတော့တာပေါ့လေ ။   သူရကတော့ အကြောင်းအကျိုးကိုက်ဖို့ / ယုတ္တိရှိရှိနဲ့ သဘာဝကျဖို့ကိုပဲ အဓိကထားပြီး မြင်လိ်ုက် တွေးလိုက်တာပဲ။   […]


padonmarJanuary 11, 20141min34820
ဂေါက်တယ်လို့ မှတ်မှာလား-၁ ( တစ်ခါသုံး/ Disposible) Posted by padonmar on Mar 18, 2013 https://myanmargazette.net/170276 ဂေါက်တယ်လို့မှတ်မှာလား(၂)-လမ်းပေါ်ကအမှိုက် ကိုယ်နဲ့ဆိုင်မဆိုင်? – Posted by padonmar on Jan 10, 2014     ဂေါက်မိသူပါရှင် မိုးရာသီ အစ တရက်မှာပေါ့။ ကျမနဲ့ ကျမယောင်းမနှစ်ယောက်သား ဓမ္မဗျူဟာမှာ ရက်တိုသင်တန်းသွားတက်ပါတယ်။ သင်တန်းရှိတဲ့ ကြားတောရလမ်းမကြီးပေါ်မှာ ဆိုင်တွေလည်းရှုပ်၊ တခါတလေလည်းရဲကဖမ်းတတ်တော ့ယောင်းမက ကားကိုကြားတောရလမ်း ထိပ်မှာရှိတဲ့ သာသနာ့လင်္ကာရကျောင်းတိုက်ဝင်းထဲမှာ သွားရပ်ရပါတယ်။ ညနေ ၄ နာရီသင်တန်းဆင်းချိန်မှာ ကားဆီပြန်ရောက်တော့ ကားစက်နှိုးလို့မရတော့ပါဘူး။ ကားကိုမောင်းရုံသာတတ်ပြီး ရောဂါမရှာတတ်တဲ့ မိန်းမသားနှစ်ယောက်ဆိုတော့ မောင်လေးဆီ ဖုန်းဆက် ၊ ကားရပ်ရာလမ်းညွှန်ပြီး စောင့်နေကြရပါတယ်။ […]


padonmarJanuary 10, 20141min32521
   ဂေါက်တယ်လို့ မှတ်မှာလား-၁ ( တစ်ခါသုံး/ Disposible) Posted by padonmar on Mar 18, 2013 https://myanmargazette.net/170276 နောက်က ဆက်ရန်တွေ ပွားချင်လို့ ဂေါက်တယ်လို့ မှတ်မှာလား-(၁) ဆိုပြီး အမှတ်စဉ်တပ်လိုက်မိပြီးမှ တော်တော်နဲ့ ဒီအကြောင်းရေးဖို့ ကီသွင်းမရဖြစ်နေမိပါတယ်။၁ဝလ ကြာမှ ဆက်ဖြစ်တဲ့ အခန်းဆက်မို့ ဂေါက်ကလပ်အသင်းဝင်တွေ အားပေးဝေဖန်ကြပါအုံး။      နာဂစ်အလွန်ရက်တွေတုံးက ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံလေး တစ်ခုပြောပြချင်ပါတယ်။ ကျမနေတဲ့ စမ်းချောင်းမြို့နယ် ဟာ ပြည့်သူ့လွှတ်တော၊်ပြည်သူ့ရင်ပြင်နဲ့ နီးပါတယ်။ မနက်စောစောဆိုရင် ကျမတို့အိမ်သားတွေ ပြည်သူ့ရင်ပြင်ကို လမ်းလျှောက် အားကစား လေ့ကျင့်လေ့ရှိပါတယ်။ ပြည်သူ့လွှတ်တော်ဝင်းကြီးကို ပတ်ဝိုင်းထားတဲ့ ရေမြောင်းနဲ့ လူသွားလမ်းပလက်ဖောင်းတွေကို တွေ့ဖူးကြမှာပါ။ မိုးရွာတဲ့အခါ ရွှေတိဂုံကုန်းတော်နဲ့ ဆက်စပ်နေတဲ့အတွက် ပြည်သူ့ရင်ပြင်ဖက်အမြင့်ကနေ လမ်းကို […]


alinsettJanuary 1, 20145min34026
အဟက် ။ ခင်ဗျားတို့လည်း ဒီလို အတွေးမျိုး တွေးမိမလားပဲဗျ ။ ကျုပ်ကတော့ အခုမှ တွေးမိလို ့ တွေးမိတာလေးကို အတွန့် ထ တက်တာပါ။   အဲဒီ အတွေးကို တွေးမိတော့ အံ့ဩမိတယ်ဗျ။ ဟုတ်တယ်လေ ။ ဒီလောက် အံ့ဩဖို့ကောင်းတဲ့ အတွေးကိုမှ မအံ့ဩရင် . . . ကျုပ် ရူးနေလို့ပေါ့။   တော်တော် အံ့ဩဖို့ကောင်းတဲ့အဖြစ်ကြီးဗျ ။   အံ့ ဧရာမကြီး ဩတာ ။ အဟက် ။   ———————————— ဒီလိုဗျ ။ မနေ့တုန်းကပေါ့ ။ ကျုပ်ရဲ့ သူငယ်ချင်းတစ်ယောက် ဆုံးသွားပြီ ဆိုတဲ့ သတင်းဆိုးကို လာပြောတာ ။ […]


“မ န္တ လေးကို ဖြတ် သန်း ခဲ့ သော ငှက် နှစ် ကောင်” ( ဦး မာ ဃ နဲ ကို ပေါက် ( မန္တလေး) ပူး တွ ဲ တင် ဆက် ခြင်း ) ခေတ်ရေစီးနဲ့ ပင်ကိုယ်ဟန်ကို ဟန်ချက်ညီအောင် ညှိထားတဲ့မြို့ဆိုတာ ကျွန်တော်နေတဲ့ မန္တလေးလို့ ပြောရင် မ မှား ပါဘူး နော်။ လူတစ်ယောက်နဲ့ စတင်မိတ်ဆက်တိုင်း၊ မိတ်ဆက် အပေးခံရတိုင်း ကျွန်တော် ထည့်ပြောတတ်တာလေး တစ်ခု ရှိပါတယ်။ ‘ကျွန်တော် မန္တလေးသားပါ’ လို့ပေါ့။ (Peter Chou တော့ မဟုတ်ပါဘူးဗျာ) အဲဒီစကားကို ပြောတိုင်းလည်း ဂုဏ်ယူဝံ့ကြွားစွာနဲ့ […]


ကိုခေါင်ရဲ့ ”ခရစ်တော်နဲ့ကျွန်တော်”  ပို့စ်ထဲမှာ ကွန်မင့်ဝင်ရေးလိုက်ရင် ပို့စ်တစ်ခုလုံးရဲ့ ကောင်းမွန် တဲ့ရည်ရွယ်ရင်း ပျက်သွားမှာစိုးလို့ သီးသန့်ပို့စ်တစ်ပုဒ်တင်တာပါ။ ခေါင်းစဉ်ကတော့ အဲဒီ ကိုခေါင် ရဲ့ပို့စ်ထဲမှာပဲ ကိုစံလှကြီးက သူကြီးကိုရည်ညွှန်းပြီး ” ကျောက်တုံးအရည်ညှစ် ” လို့မရတဲ့အကြောင်း ကွန်မင့်ဝင်ပေးထားတဲ့အတွက် ဒီဂဇက်မြို့ထဲမှာ သူကြီးထက်ပိုမာတဲ့ ကျောက်တုံးတစ်တုံး ရှိနေသေး ကြောင်း မြို့သူမြို့သားတွေကို အသိပေးတာပါ။ ဘယ်ဘုန်းကြီးမဆို ဘုန်းကြီးတစ်ပါးပါးရဲ့ အသိဉာဏ် အရည်အသွေးကို မျှစ်ကြော် မယုံကြည်ပါဘူး။ ဒါက ကျောက်တုံးမာဆင့်ကို ကနဦး ကြေငြာတာပါ။ ဘာသာရေးအကြောင်းဆို အချေအတင်ဖြစ်ကြရစမြဲမို့ ဂဇက်မြို့ထဲမှာ သိပ်ပြီး ဟဟ မပြော ကြတော့ဘူး။ အတိုက်အခိုက်တွေလည်းများတော့ ပုဂိုလ်ရေးမုန်းတီးကြရတာမျိုး ဖြစ်မှာမို့ လက် ရှောင်ကြတယ်။ တကယ်တော့ ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာ ပြောဆိုခွင့်ဟာ အခြေခံကျတဲ့ လူ့အခွင့်အရေးဖြစ်ပြီး […]


အစားအစာ ချက်နည်းအစုံ ရေးတင်နေဂျတော့ အနော်လည်း အားကျမခံ ဝေဖန်ရေး လုပ်ချဉ်ဒယ်။ သူများကို ကဲ့ရဲ့ဒါတော့ လုပ်တတ်ဝူး၊ ဘေးကင်းရန်ကွာ ကိုယ့်မြန်တျန့်ရိုးရာ အစာထဲကပဲ မသင့်မတော်တာ ပြောဗျစေ။ အားလုံးထဲမှာ ရွှေကြည်ကို ဘယ်လိုမြင်ကြလဲ.. ဆနွင်းမကင်းမုန့် ရွှေကြည်ကိုပြောဒါ။ ကျနော့် အမြင်တော့ ကြက်မဂျီးနဲ့ မညီညွတ် ကရိကထများ အချိန်ကုန်လူပမ်း ပိုက်ပိုက်လည်း ပေးရဒါ မတန်ဘူး။ အဟာရဖြစ်လား ဆိုဒေါ့ တစက်မှ မဖြစ်၊ အဆီအဆိမ့် များလွန်းလို့ အဆိပ်အတောက်တောင် ဖြစ်အုံးမယ်။ ကိုလက်စထရော၊ သွေးတိုး၊ နှလုံး၊ အသဲ၊ ကျောက်ကပ် ရောဂါပေါင်း စုံစေဒယ်။ အခန့်မသင့် အေတောင်ကိုက်ဦးမည်။ အခြား ဆနွင်းမကင်း မုန့်တွေရှိသဗျာ၊ လျှာစားဂျပါ။ အဲဒီရွှေကြည်ကို အဖက်မလုပ်ယုံမက လောကဂျီးဃပါ ဖျောက်ဖျက်ပစ်ရမယ်။ အစ္စလာမ်အလို […]


                                                        “အဝေးက ဆောင်းပုံပြင်”             ( အပိုင်း ၄)(ဇာတ်သိမ်း)   “သက်သေ” ပါးနုနုလေးကို ယုယုယယ ညင်ညင်သာသာ ရှိုက်နမ်းခြင်းဆိုတာ မြတ်နိုးခြင်းရဲ့သင်္ကေတ အသံမဲ့ သော စကား လုံးများ ချစ်ခြင်းကို ပြ တဲ့ သက်သေ ဆိုလည်း မမှား ဘူးလေ။ သည်နေ့ မနက် ခိုင့်ကို ကြည့် […]


                                                  “အဝေးက ဆောင်းပုံပြင်”             ( အပိုင်းသုံး)   “ဖြည် မရ တဲ့ ကြိုး” မမြင် မတွေ့ မကြား ဖမ်းဆုပ်ထားလို့မရ သို့ သော် နှောင်မိရင် ဖြတ်မရ သံယောဇဉ်ဆိုတဲ့ ကြိုးတစ်စ။ နောက်(၂)ရက် ဆိုရင်ခိုင်ပြန်တော့မည်လေ။ ခိုင်က ဒီနေ့ မနက်ပိုင်းတော့ စောစောမထချင်တော့။ ကိုးနာရီလောက်မှ လာခေါ်ဘို့မှာလေသည်။ ဟုတ်တော့လဲ ဟုတ်သည် ပြင်ဦးလွင်သို့ နေ့ခြင်းပြန်ခရီးကို ဆိုင်ကယ်နှင့်သွားသည်ကအတော်ပင်ပန်းသည်မဟုတ်ပါလား။ ဆိုင်ကယ်တွေပေါသည့် မန်းလေးမှာတော့ လူအတော်များများသည် ဆိုင်ကယ်နှင့်သာနေ့ခြင်းပြန် တက်တတ်ကြလေသည်။ အဲဒီနေ့က ကျနော်လည်းအလုပ်တွေရှုပ်တော့ မနက် ကိုးနာရီကျော်မှာသာရောက်လေသည်။ ခို်င် က ခိုတောင်မုန့်တီစားချင်သည်တဲ့။ “ခိုတောင်မုန့်တီက မနက်ပိုင်းလဲ ရတယ်ခို်င်ရဲ့။ ဒါပေမယ့် မုန့်ဖတ်ကတော့ ခိုင်စားဖူးတဲ့ လက်ဖြစ် မုန့်ဖတ်နဲ့တော့ မဟုတ်ဘူး” […]