ကုိ ထြဋ္July 7, 20161min34616
-တမြန်နေ့က အိမ်ကို သူခိုးကပ်တယ်ဗျ… ကပ်မကပ်က ခြေရာလက်ရာပျက်တာ ကြည့်ရင် သိတာပေါ့… -ပထမဆုံး စဝင်ကတည်းက သော့က ပုံစံပျက်နေပြီ… -ဒုတိယ ကျွန်တော် ကျော်ကျော်သွားတဲ့ အိမ်ရှေ့ တည့်တည့်က ကြောင်ချေးပုံ ခြောက်ပုံ… သုတ်သုတ် သုတ်သုတ်နဲ့ အိမ်ထဲကို ဝင်လိုက်တော့ သတိမထားမိဘဲ နင်းမိထားတာ ဖြစ်မယ်… ကြောင်ချေးနင်းထားတဲ့ ဖိနပ်ရာ နဲ့ ၃ ၄ လှမ်း ထားတာ… -ပြီးတော့ ဖိနပ်ကို ချွတ်ပြီး ခြေဗလာနဲ့ ဝင်သွားတာ ဖြစ်မယ်…အိမ်ရှေ့ က တီဗွီက အန်းတိတ်ကိုး ဘယ်မက်မလဲ… -ပြီးတော့ အိမ်ရှေ့ နဲ့ နောက်ဖေး ဆက်ထားတဲ့ သစ်သားကြမ်းခင်းလေး ကျိုးနေတယ်… အဲဒါ မနင်းရမယ့်နေရာ ကျွန်တော်ပဲ သိတယ်… အဲနားလေးက နင်းလိုက်ရင် […]


အတွေး။ ။ အတွေးက ကိုယ် ့ဘာသာခေါင်းထဲမှာပဲရှိနေရင်တော ့ ဘာပြသ်သနာမှမရှိ။ ကိုယ် ့ဘာသာတွေးချင်ရာတွေး တွေးချင်သလိုသာတွေး။ အပြင်မထွက်သေးသမျှ အမြင်မတူသူတွေနဲ ့ ထိပ်တိုက်မရင်ဆိုင်ရသေးသမျှ အေးချမ်းနေဆဲ။ ဒါပေမယ် ့ တွေးထားသမျှ တချို ့တလေကို တခါတလေကျတော ့လည်း အပြင်ထုတ်ချင်လာပြန်ရော .. တောတွင်းပျော် ပြီးခဲ ့နွေတုန်းက ဘုရားဖူးခရီးစဉ်တွေ လျှောက်လိုက်ပို ့နေခဲ ့ရတယ်။ တောတွင်းပျော်တို ့နိုင်ငံက သိကြတဲ ့အတိုင်း အပန်းဖြေလေ ့လာရေးခရီးတွေက ဘာသာရေးနဲ ့ ဆက်စပ်နေတဲ ့ နယ်မြေတွေကပိုများပါတယ်။ တောင်တွေရှိရင် ဘုရားရှိတယ်။ ဂူတွေရှိရင် ဘုရားရှိတယ်။ ထင်ရှားတဲ ့ ကျောက်ဂူကြီးတွေ ရေပူစမ်းတွေဟာလည်း ဒေသနယ်မြေခံတွေရဲ ့ ယုံကြည်ကိုးကွယ်မှုနဲ ့ပတ်သက်တဲ ့ […]


ဇီဇီJuly 6, 20163min33513
ဒီရက် ကို ကိုယ့် ဖွဘုတ်ထဲ ဥပိန် ကိစ္စ ကို ပြောနေကြလို့ တစ်ချို့ က မပြင်စေချင်.. တစ်ချို့က ပြင်စေချင်.. ငြင်းနေကြလို့ လိုက်ရှာဖတ်ရသေးးး ကိုယ် တစ်ကိုယ်စာ အတွေးး ကတော့ ဦးပိန် ဘာဖြစ်လဲ လည်း စိတ်ကိုမဝင်စားဘူးး ဘာလို့ဆို ဖိနပ်အမြင့် အမြဲစီးပြီး လမ်းလျှောက်ပျင်းတဲ့ ကိုယ် ကတော့ ဦးပိန်တံတားစပ်နား ဓာတ်ပုံရိုက်ဖို့ကလွဲရင် တံတားပေါ်ကို မရောက်ဖူးတာ။ လျှောက်လည်းး မလျှောက်ချင်ဘူးး.. Safety and risk နဲ့ ကြည့် လည်းး မလျှောက်သင့်.. လေ က အသေတိုက်တာမို့ ဝတ်ထားတာတွေ ဆံပင်တွေ ဟိုလန်ဒီဖုံးး မို့ မလျှောက်ချင်.. ဘယ်တံတားးလျှောက်လျှောက် အောက်ဖက် ရေကြည့် ရင် မူးးတတ်တာမို့ အမြင့်ကြောက် ရေကြောက် သမားး […]


ဇီဇီJuly 5, 20162min62932
‌ကျွီ!!! . . . အဖွင့်အပိတ် မလုပ်တာကြာပြီဖြစ်တဲ့ တံခါးဆီမှ အသံက တိတ်ဆိတ်နေတဲ့ အခြေအနေ တစ်ခုကို လှန့်နှိုးလိုက်သလိုပါပဲ။ မဖွင့်တာကြာပြီဖြစ်တဲ့ကဗျာ ပြခန်းလေးး၊ ခုတလော စိတ်မကြည်တာနဲ့ လျှောက်မိလျှောက်ရာ ပြခန်းအဟောင်းလေးဆီ သွားမယ်ဆိုပြီး ထွက်လာခဲ့တာမို့ ရောက်တဲ့ အချိန် ဘာလုပ်ရမယ် မယ်မယ်ရရမသိပဲ… အခန်းထဲမှာ လှည့်ပတ်ကြည့်နေမိတယ်။ တဆက်တည်း သတိရလိုက်တာ အရင် တစ်ခေါက်က လူ။ ဘယ်သူရယ်မသိပေမဲ့ တစ်ခါ တွေ့လိုက်ပြီး စိတ်ထဲ မှတ်မှတ်ရရရှိနေမိသူ။ . . . အမေ့!!! . . . သတိရစိတ်နဲ့ အပြင်ကို လှမ်းအကြည့် တံခါးဝက လူအရိပ်မို့ ရုတ်တရက်လန့်သွားမိတာ။ “မမချွိ နေကောင်းပါစ” “ရှင်  ရှင်  .. ဘယ်က […]


#Stonehearst_Asylum   Stonehearst ဆိုတဲ့ ဆေးရုံကြီးမှာ စိတ်ရောဂါဖြစ်နေတဲ့သူတွေ အများအပြားရှိပါတယ်။ အခြေခံလူတန်းစားကစလို့ မင်းမျိုးမင်းနွယ်တွေက အစပေါ့။ ဆေးရုံကြီးနဲ့အတူ အုပ်ချုပ်သူ ဆရာဝန်ကြီးနဲ့ ကျောင်းသားကျောင်းသူတွေ ဝန်ထမ်းတွေပါရှိပါတယ်။   တစ်ရက်မှာတော့ အောက်စ်ဖို့ဒ်က နယူးဂိတ်ဆိုတဲ့ စိတ်ရောဂါကုဆရာဝန်တစ်ယောက် ရောက်ရှိလာပါတယ်။ သူဟာ လေ့လာသင်ယူဖို့ရောက်လာသူပါ။ သူရောက်လာပြီးနောက်ပိုင်း ဆေးရုံအုပ်ချုပ်သူ ဆရာဝန်ကြီးနဲ့ ဝန်ထမ်းတွေ ၊ လူနာတွေဟာ မူမမှန်ခဲ့ပါဘူး။   တစ်ညမှာတော့ ရေပိုက်လိုင်းက အသံတစ်ခုကို သူကြားတဲ့အခါ အဲ့သည် အသံကြားရာကို လိုက်ရှာကြည့်တဲ့အခါမှာတော့ များပြားလှတဲ့အချုပ်ခန်းတွေထဲမှာ လူအများအပြားကို ချုပ်နှောင်ထားတာ သူတွေ့လိုက်ရပါတယ်။ အဲ့သည်သူဟာ ဘယ်သူတွေဖြစ်မလဲ။ သူဟာ ဆေးရုံထဲက လူဆိုး လူကောင်းတွေကို ဘယ်လိုခွဲခြား ကျော်လွှားမလည်း။   ဇာတ်လမ်းအလှည့်အပြောင်းတွေဟာ ရင်ဖိုစရာ စိတ်ဝင်စားစရာမို့ ကြည့်ရှုသင့်တဲ့ […]


တောင်ရောက် မြောက်ရောက်ခရီးသွား ဓါတ်ပုံစီးရီးတင်နေတာကနေ ဘေးခဏထွက်ပြီး တခြား အဆက်အစပ်မရှိပုံတွေ ကြားညှပ်တင်လိုက်ပါအုံးမယ်။ ဒါတွေကလည်း ဝါသနာအရ ရိုက်မိရိုက်ရာတွေပါပဲ။ တစ်ချို ့ပုံတွေက မကျွမ်းကျင်ပေမယ် ့ အလှရိုက်ထားတဲ ့ပုံတွေဖြစ်ပြီး တစ်ချို ့ပုံတွေက ရိုးရာယဉ်ကျေးမှုနဲ ့ ဆက်စပ်တဲ ့ မှတ်တမ်းပုံလေးတွေပါ။ ဒီပုံတွေကို ကျနော် ့ facebook မှာ တင်ခဲ ့ပြီးသားတွေပါ။ အမှတ်စဉ်တော ့ လိုလိုမယ်မယ်တပပ်ထားလိုက်အုံးမယ်။ တောင်မရောက် မြောက်မရောက်ပုံတွေ နောက်ထပ်ရိုက်နိုင်ခဲ ့ရင်ပေါ ့။ မနှစ်က သံဖြူဇရပ်မြို ့နယ် ဘဲလမိုင်းရွာ ကရင်နှစ်သစ်ကူးညက ရိုက်ထားတာပါ။ အဟမ်း! ဒီပုံကို ဂဇက်ရွာသားကြီး ဆရာဂျစ်စူအတွက် ရည်စူးပါတယ်။ ဆရာဂျစ်စူရေ shake! :k: သထုံမြို ့နယ် ထောင်မှူးရွာ […]


alinsettJuly 4, 20161min36013
အခု ရက်တွေထဲ… ကိုယ့် စိတ်ထဲမှာ ကဗျာအတွေး စာအတွေးတွေနဲ့ တဝေဝေ…. တစ်ခုခု မြင်/တွေ့/ကြား/သိ တာနဲ့တင်…ကဗျာ စပ်ပြီး ချရေးချင်နေတော့တာပဲကွယ်…။ ကိုယ့် သွေးကြောထဲမှာ စီးနေတဲ့ ကဗျာပိုးတွေ…ထကြွသောင်းကျန်းလာပြီထင်ရဲ့….။ ကိုယ်တွေးမိသမျှထဲက တချို့အတွေးတွေကို ကဗျာအဖြစ် ချရေးမယ်ဆိုပြီး… စာရွက်/ဘောလ်ပင် ယူ…ရေးမဟဲ့….ပြင်တော့…. ကကြီးလေးတစ်လုံးတောင် ထွက်မလာတော့ဘူး။ ဘာဖြစ်တာပါလိမ့်…. ဒီအတွေးကို ကဗျာစပ်လိုက်လို့ကတော့ကွာ….ဆိုပြီး အတွေးထဲမှာ တွေးမိ/တေးမိတာတွေမှ အများကြီး… တကယ့်တကယ်ကြီး ချရေးမယ်ပြင်တော့…ဘယ်က စရေးလို့ ရေးရမယ်မသိ…။ အတွေးတွေကပဲ…တစ်ဖျပ်ဖျပ် ဖြစ်/တည်/ပျက် ကုန်တာလား… ဖျတ်ခနဲ ဖျတ်ခနဲ ဖြစ်/တည်/ပျက်သွားတဲ့ အဲ့ဒီအတွေးတွေနောက်ကို သိမှုအာရုံက လိုက်ပါပြီး- မဖမ်းဆုပ်နိုင်လို့လား… ကိုယ်ကလည်း ကဗျာဆိုရင်… ဟိုရှေးရှေ့က ဆရာကြီးတွေရေးသလိုမျိုး…. .ရေးချင်တဲ့ အကြောင်းအရာကို စိတ်မှာမှတ် လက်လေးချောင်းထောင်… ကာရန်နဲ့နဘေကိုပေါင်း၊ ပေါင်းလို့ရတာကို ဖတ်လို့ကောင်းအောင် […]


တောတွင်းပျော် ငယ်ငယ်က အိမ်ခြေသိပ်မများလှတဲ ့ အထက်ကျောင်း တစ်ကျောင်းတည်းသာရှိတဲ ့ တောင်ပေါ်မြို ့ကလေးမှာ နေခဲ ့ရတယ်။ ကစားဖော်ဆိုတာက လက်ချိုးရေတွက်လို ့ရတဲ ့ ၆/ရ ယောက်လောက်သာ။ ဒီအုပ်စုတွေက အသက်အရွယ်စုံ အတန်းကြီးအတန်းငယ်တွေ။ မတည့်လည်း ဒီအုပ်စု တည် ့လည်းဒီအုပ်စု။ ဒီ ့အပြင် တခြားလူတွေကမှ မရှိတာပဲ။ သူငယ်ချင်း အများစုက ပညာရေးဝန်ထမ်းသားသမီးတွေ။ အဆော ့ကလည်းသန်ပါ ့။ စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်များဆို တနေကုန် တနေခန်း။ သူငယ်ချင်းအဖေကျောင်းအုပ်ကြီး ကိုယ်တိုင် ပြူးတင်းပေါက်က ကြိမ်တုတ်နဲ ့ ကိုယ်ယောင်ပြမှ နားလိုက်ကြတာ။ ဒါတောင် မိုးစုံးစုံးချုပ် မမြင်မကန်းတဲ ့အထိ ဘောလုံးကန်လို ့ ကောင်းနေကြတုန်းကိုး။ ဆရာကြီးရဲ ့ […]


hmeeJuly 2, 20164min27214
July  1  ရက်နေသည်  ကနေဒါနေ့ ဖြစ်တယ်။  မနက်ကတည်းက ာပါလီမန်မှာ  လူစည်နေတယ်။  သည်နေ ဘယဘတ်စ်ကားမှ ကားခပေးစရာမလို အလကား။


ပြီးခဲ ့တဲ ့ နွေတစ်တွင်းလုံးမှာ တောတွင်းပျော်ခြေရှည်လိုက်တာများ မြဝတီ ဘုရားသုံးဆူ ထီးခီး နယ်စပ်မြို ့ နယ်စပ်စခန်းတွေ အကုန်ရောက်ခဲ ့တယ်ဗျ။ ကိစ္စဝိစ္စနဲ ့ သွားလာခဲ ့တယ်ဆိုပေမယ် ့လည်း ကားမောင်းရင်းတဖက် နိုင်သလောက် မှတ်တမ်းတင် ဓါတ်ပုံတွေတော ့ရိုက်ခဲ ့ပါတယ်။ ရောက်ရာအရပ်ဒေသမှာလည်း ဒေသခံဆီ စပ်စုမေးမြန်း အချိန်ရရင် တကူးတကသွားပြီး ပုံတွေလျှောက်ရိုက်။ ဝါသနာကလည်း မငြိမ်ဘူးလေ .. ရိုက်ချင် စပ်စုချင်လို ့သာ လျှောက်ရိုက်ခဲ ့ပေမယ် ့ ခုလို ဂဇက်ပေပါ်တင်လိုက်ရင် မြင်ဖူး တွေ ့ဖူး ရောက်ဖူးပြီးသားသူတွေအတွက် အပိုတွေပါကွာ ဖြစ်နေပါအုံးလိမ် ့မယ်ဆိုရင် သည်းခံပေးကြပါ။ နာမည်ကြီးလှတဲ ့ နယ်စပ်မြို ့ကို သွားလာခွင် ့ကံမကြုံရသေးတဲ […]


  “မရောစကောင်း ရောစကောင်း  မရောင်းစကောင်း ရောင်းစကောင်း” ရွှေမြန်မာတွေက  ဆီအသုံးကြမ်းတယ်လို့ ဆိုနိုင်ပါတယ်။  “ဆီကိုရေချိုး ဆေးရိုးမီးလှုံ”လို့စာချိုးထားခဲ့တာသာကြည့်ရင်သိနိုင်ပါတယ်။ (ရွှေမြန်မာ =မြန်မာပြည်အတွင်းတွင်လက်ရှိနေထိုင်သူအားလုံးကို ရည်ညွှန်းပါသည်) မြန်မာနိုင်ငံမှာအများဆုံးသုံးတာက ပဲ ဆီ ဆိုတဲ့ မြေပဲဆီ။ အညာဘက်မှာတော့ နှမ်းဆီ ကိုအသုံးများပါတယ်။ ဆုံဆီ စစ်စစ်လေးများဆိုရင်အရမ်းမွှေးတော့ ကြိုက်ကြပါတယ်။ ဒါက ရှေးရှေးတုံးက အကြောင်းတွေပါ။ တိုင်းပြည်က လူမွဲစာရင်းဝင်ချိန်မှာတော့ မြန်မာပြည်သူပြည်သားတွေလဲ အကောင်းကြိုက်ပေမယ့် အကောင်းမသုံးနိုင်တော့ပါဘူး။ မသုံးနိုင်ဆို ဝင်ငွေမှ မကောင်းတာကိုးဗျ။ အဲတော့ ပဲဆီအစား သူများနိုင်ငံက ထွက်တဲ့စားအုန်းဆီဆိုတာကို တင်သွင်းပြီး သုံးကြရပါတော့တယ်။ (ဒါကလဲ လူတစ်စုအတွက်ဖန်တီးယူလိုက်တဲ့ဈေးကွက်စီးပွားရေးပါ။) စားအုန်းဆီ မှာ အခွံကထွက်တဲ့ အဆီက လူစားဘို့ပါ။ အစေ့ကထွက်တဲ့အဆီကတော့ ဆပ်ပြာချက်တာတို့ ဘာတို့လုပ်တဲ့ လုပ်ငန်းသုံးဆီပေါ့။ ဒါပေမယ့် ကျနော်တို့ ဈေးပေါတယ်ဆိုပြီးဝယ်စားခဲ့ကြတဲ့ […]


hmeeJuly 1, 20161min27311
ကျွန်မတွင် တထွှာသာသာ နံသာရောင် ဘူးလေးတလုံး ရှိသည်။ သားနှင့် သမီးသည် သည်သေတ္တာလေးကို သိပ်စိတ်ဝင်စားကြသည်။ စိတ်ဝင်စားဆို သူတို့နှင့် သက်ဆိုင်သည်ကိုး။ လူဆိုသည်မှာ သူတပါးအကြောင်းထက် ကိုယ့်အကြောင်းကို ပိုစိတ်ဝင်စားသည့် သတ္တဝါဖြစ်သည်။ ဒါ့ကြောင့် သူတို့နှစ်ယောက် စိတ်ဝင်စားကြသည်။ အဲ့သည့်အထဲတွင် လက်ပတ်လေးနှစ်ခုအပြင် သူတို့ ဘဝနှင့်သက်ဆိုင်သော မှတ်တမ်းလေးတွေ ရှိနေသောကြောင့်ဖြစ်သည်။ သားနှင့်သမီးမွေးစတွင် မိခင်နာမည်၊ မွေးရက်၊မွေးချိန် ၊ ပေါင်ချိန်တို့ကို ရေးထားသော လက်ပတ်လေးတွေ တခုစီပတ်ထားသည်။ ဆေးရုံက ဆင်းသောအခါ ကျွန်မက အမှတ်တရ သိမ်းထားခဲ့သည်။ ယခု ကြီးပြင်းလာသောအခါ ထို လက်ပတ်ကလေးသည် အတော်သေးသေးလေး ဖြစ်နေ၍ နှစ်ယောက်သား အမြဲ အံ့ဩကြသည်။ သူတို့ရဲ့ ငယ်သွားလေးများနဲ့  ထူးထူးခြားခြား အဖြစ်အပျက်လေးများနဲ့ ကြီးပြင်းလာပုံ မှတ်တမ်းစာအုပ်လေးကို တွေ့တိုင်း […]