naywoon niMarch 21, 20161min1535
ဝမ်​း​လေဒီ Live Show ဇာတ်​ညွှန်​းခွဲပြီးသာ ရုပ်​ရှင်​တစ်​ကား​လောက်​ရိုက်ခွင်​့ရရင်​ သူမ ကို (၁၈) ကိုယ်​​လောက်​ခွဲပြီး ရိုက်​လိုက်​ချင်​ပါရဲ့ ။ သို့​ပေမဲ့ ​ရေးထားတဲ့ဇာတ်​ညွှန်​းအတိုင်​း သူမ သရုပ်​​ဆောင်​မပြမှာက​တော့​သေချာတယ်​ သူမ ရင်​ထဲကအ​တွေး စိတ်​အကြံနဲ့​စေတနာ ဘယ်​သူမှ လိုက်​​တွေးလို့မမှီဘူးရယ်​​လေ ။ ရုပ်​ရှင်​က ရိုက်​လို့မပြီး​သေး ပြဖို့ ရုံ​ပေါ်တင်​ခိုင်​းလိုက်​ပြီ ရိုက်​ရင်​ပြမဲ့ Live Show ကဲ ……. အားပါးတရကြည်​့ ။ ​နေဝန်​းနီ 10:10 PM 2016 March 21


naywoon niMarch 21, 20161min1402
​ပြေးလမ်​းတစ်​ခု​ပေါ်က အ​တွေး ွဘဝဟာ ဇာတ်​ညွှန်​း​ရေးသူအလိုကျ အကန်​့လိုက်​ အကန်​့လိုက်​ နံပါတ်​စဉ်​တပ်​ထားတဲ့ ဇာတ်​ညွှန်​းတစ်​ပုဒ်​မဟုတ်​ဘူး ။ ဘဝဟာ သူသူငါငါ အားပြိုင်​တဲ့ ဂိမ်​းကစားနည်​းတစ်​ခု ဆိုရင်​ လိုချင်​တာ ရယူခွင်​နဲ့ မလိုချင်​တာငြင်​းပယ်​ခွင်​့ ရှိရမှာ​ပေါ့ ။ ငါ့ မှာ​တော့ ဘဝမှာ မလိုချင်​တာ​တွေ ငြင်​းပယ်​​နေရင်​း လိုချင်​တဲ့အရာ​တွေနဲ့ လွဲခဲ့ရတာ ဘယ်​သူမှမသိလိုက်​ကြဘူး ။ ဘဝမှာ မဖြစ်​ချင်​တာ​တွေ ​ရှောင်​ရှားရင်​း ဖြစ်​ချင်​တဲ့အရာ​တွေနဲ့ ​ဝေးကွာသွားတာလဲ လူသိနဲခဲ့ ။ ခရီးထက်​ဝက်​​ကျော်​မှ ​နောက်​ပြန်​လှည်​့ကြည်​့လိုက်​​တော့ ​ရေဘူးလည်​းမပါ ဘိနပ်​ကလည်​း ဗလာ ထီးဆိုတာလည်​း နတ္ထိ ​ရှေ့ဆက်​​လျှောက်​​နေတဲ့ ​ခြေလှမ်​း ရပ်​ပစ်​လို့ကလည်​းမဖြစ်​ လှမ်​းနိုင်​သ၍​တော့ ​ရှေ့ဆက်​ကာလှမ်​းဦးမယ်​​ဟေ့ ။ ​နေဝန်​းနီ 11:30 2016 Mar 20


“ပျံ့ လွင့်” နိုးထစ နံနက်ခင်း မြူနှင်းတို့ မဝေ့တဝေ လွမ်းစေဘွယ် ရူ့ခင်း မြင်မိခြင်း  တခဏ ရင်ထဲက စိတ်တေလေ အသံမဲ့စွာ ထွက်ပြေး ဟိုးးးးးးးးး ဟို  အဝေးကို။   ကိုပေါက်လက်ဆောင် အတွေးစဉ် ၃၃၁၆  


naywoon niFebruary 28, 20161min32810
ငါ့မှာ လက်ညိုးထိုးပြစရာဆိုလို့ ဒုက္ခတစ်ခုသာချမ်းသာခဲ့ အဲဒိဒုက္ခရဲ့ဇစ်ဖြစ် ဘယ်ကဖြစ်တယ်ဆိုတာ စဉ်းစားမနေပါနဲ့တော့ ဒုက္ခဟာဒုက္ခမျှသာဖြစ်ပါတယ်။။ တစ်ခါတစ်ခါ သူ့ကိုယ်သူ ဒုက္ခဖြစ်တယ်ဆိုတဲ့အကြောင်း မတွေးမိဘူးတဲ့။။ တစ်ခါတစ်ခါတော့ ဒုက္ခဟာ……. ဆံပင်ကိုဆေးဆိုး လျှာထိုးဦးထုပ်ကိုဆောင်း ဘွတ်ဖိနပ်ကိုစီးပြီး လျှောက်လည်တတ်လေရဲ့။။ တစ်ခါတစ်ခါတော့ အင်တာနက်ဆိုင်ထဲမှာ ရင့်ရော်မှုဆိုတာကိုမေ့ပြီး ကောင်မလေးတွေနဲ့ chatting..ထိုင်လားထိုင်ရဲ့။။ တစ်ခါတစ်ခါကျတော့ ဘုံဆိုင်ထဲမှာ အာဖောင်အာရင်းသန်သန်နဲ့ ငြင်းခုန်လားငြင်းခုန်ရဲ့။။ သူ့ရဲ့ဖြစ်တည်မှုကိုသူ သတိမထားနိုင်တော့တဲ့အထိ အခြားဒုက္ခတစ်ခုကို တပ်မက်နေသတဲ့လေ……..။ တစ်ကယ်ပါပဲ ရခဲလှတဲ့ဒုက္ခကို ပိုးမွေးသလိုမွေးခဲ့ ပြုစုယုယခဲ့ရ…..။ ဒုက္ခဟာ ဒုက္ခဖြစ်ရတဲ့အထဲ နောက်ဒုက္ခတစ်ခုကိုတောင် ချစ်ခဲ့………….. ကြင်နာခဲ့………. တန်းဘိုးထားခဲ့…….. လေးစားခဲ့……. လောဘဖြစ်ခဲ့ ဒေါသဖြစ်ခဲ့…….။ တစ်ခါတစ်လေကျတော့ သူ့ကိုသူလောင်မြိုက် တစိမြေ့မြေ့ကြွေကျနေရတာကို အရသာတစ်ခု….. အဟာရတစ်ခုအဖြစ်သုံးဆောင်ရင်း ဆေးလိပ်တစ်တိုကိုရှိုက်ဖွာရင်း သူှု့ကိုသူပြန်လည်သုံးသပ်နေလေရဲ့…။ ဒုက္ခဟာ ဘဝထဲမှာ ကျေနပ်စွာနေထိုင်ရင်း ရယ်လိုမောလို့ ပြုံးလို့ရွှင်လို့ […]


“ရှုပ်ဇယား” ရှုပ်ထွေး ပွေလီ မညီ  မမျှ ဒီလောကကြီးထဲမှာ ရှူပ် ပါတယ်ဆိုမှ ပိုပို သာသာ ကန့်လန့်ခံတာတွေ ဝင်ဝင်ပါနေတော့ ခက်မှခက် လို့ဘဲ ဆိုချင်မိပါတယ်။   ကိုပေါက်လက်ဆောင် အတွေးစဉ် ၂၁၂၁၆


alinsettFebruary 18, 20161min2047
                                        ဘူတာအိုထဲမှာ ရထားအိုကို စောင့်နေသူများ ———————————————————————————— အဲဒီနှင်းဆီဟာ… တစ်စချင်း တစ်ရွက်ချင်း ပြန်လည်တည်ဆောက်ပြီး လန်းဆန်းတောက်ပပြတော့မှာလား။ ဒါမှမဟုတ်… တစ်စချင်းတစ်ရွက်ချင်း ကြွေဆင်းနိမ့်ကျသွားပြီး .ရော်ဝါညှိုးခြောက်သွားတော့မှာလား။ ဘယ်လိုမှ ဝေခွဲမရတဲ့ အဖြစ်မျိုးဆိုပါတော့… အချိန်အတော်ကြာ ငတ်မွတ်တောင့်တနေရတဲ့ ရထားကြီးတစ်စင်း .ဟောဒီဘူတာဆီ ဆိုက်ရောက်ဖို့ လာနေပြီဆိုလို့ လိုက်ချင်လွန်းသူတို့ရဲ့ အထုပ်အပိုးပြင်သံတွေ  ညံထွက်သွားတယ်။ ဒါပေမဲ့… သိပ်မကြာခင်မှာပဲ … .စောင့်ဆိုင်းရခြင်းနဲ့ အသားကျခဲ့သူတွေပီပီ အထုပ်အပိုးတွေပေါ်မှီတွယ်ရင်းပဲ  တရေးတမော ပြန်အိပ်ပျော်သွားကြလေရော… ဘူတာအိုကတော့… အရာအားလုံးကို […]


Happy Birthday ပါ ကို… ယနေ့မွေးနေ့မှစ.. နောင်နှစ်ပေါင်းများစွာတိုင် ထာဝရပျော်ရွှင်ပါစေ…။ မိဘကျေးဇူး အထူးပြန်ဆပ်နိုင်ပါစေ…။ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျပါစေ…။ ချစ်သူနဲ့ရွှေလက်တွဲ သက်ဆုံးတိုင် ခိုင်မြဲပါစေ…။


“ဆုံမှတ်   လမ်းခွဲ” သွားသူ နဲ့ လာသူ   တူညီ စုံရပ်   ဆုံမှတ်လို့ အမည်တွင်   ပျော်ရွှင်ခြင်းနေရာ။   ပြန်သူ နဲ့ ကျန်ရစ်သူ   မတူ စိတ်ဝမ်း   ကိုယ့်လမ်းကိုယ်သွား   ဝမ်းနည်းခြင်းအမှတ်သား   လမ်းခွဲ သောနေရာ။       သက်မဲ့သစ်ပင်   သူဘာသူနေသဟာ   အမူ့ပွေလာအောင်   လူတွေကဘဲလုပ်ကြသည်။   ကိုပေါက်လက်ဆောင်အတွေးစဉ်   ၃၂၁၆  


“ကျနော်ပျောက်ဆုံးနေတဲ့အရာ”   စားရေး နေရေး သွားရေး လာရေး အချိန်တွေးပေး အေးဆေးနေမရ ထိစပ် ပါတ်သက်သမျှကို မပြုံးချင်လဲ ပြုံး ပြုံး ချင်လဲပြုံး အဲလိုပြုံးပြုံးနေရင်း ပြုန်းတီးပြီး ပျောက်ဆုံးသွားတာက ဟော့ဒီကလေးပြုံးသလို ရိုးသားတဲ့အပြုံးတွေပေါ့။   ကိုပေါက်လက်ဆောင်အတွေးစဉ် 31-1-2016  


ko sixJanuary 23, 20161min1817
၁၂ ရာသီလုံး ခဲနေခဲ့ရ အနာဟောင်းတစ်လုံးက မီးသင့်ကျောက်လို မာမာကျောကျော မြက်တောထဲမှာ အရွက်တွေ အထပ်လိုက်ပြတ်နေတဲ့ သစ်တစ်ပင်ဟာ အမြဲစိမ်းတောထက် ပိုပြီး စိမ်းလို့။ ငှက်တစ်သောင်းလား။ နားသည်လား မနားသည်လား မမှတ်မိ။ မိုးတိမ်တွေကတော့ အသွင်ပြောင်းသွားတဲ့ ငယ်ချစ်ဆီမှာ သစ္စာတွေ အမြစ်တွယ်နေတုန်း။ ၁၁ ဂဏန်းပဲ မြေပုံပေါ် တစ်လှည့်စီ စောင့်ရှောက်နေတယ်။ ကိုစစ်


alinsettJanuary 23, 20161min1988
                                  အခုတလော… အမှောင်မိုးစက်တွေ ခပ်စပ်စပ်လေး ရွာချတတ်လို့…. ကိုယ်ပေါ်ကအလင်းတွေကို မကြာခဏ သပ်ချပေးနေရတယ်။   သိပ်တော့ မခက်ပါဘူး။ တစ်ခြမ်းပဲရှိတဲ့ လမင်းကို ငါးမျှားချိတ်နဲ့ လှမ်းဆွဲရသလောက်ပေါ့… မိ ပါတယ်… တချိန်မှာ လွတ်ထွက်သွားဖို့အတွက် ဆိုပါတော့…။   —————————————————————-   Jan 23- 2016    


အေတြးေလးJanuary 22, 20161min19710
တွေးချင်ရာတွေး ငေးချင်ရာ ငေး သစ်ပင်တွေဟာ အေးချမ်းလွန်းတယ်။ သူတို့မှာ . . . . အမုန်းတွေမရှိဘူး . .အငြိုးတေးလည်းမရှိ် အတ္တကင်းတယ် . . .အပူပင်မဲ့တယ် အပြုံး အငိုသူတို့မသိ . .နတ္ထိဆိုမှနတ္ထိရယ်ပါ။ ကြည့်ပါအုံး . . . . ငှက်ကလေးတွေလည်းဝဲပျံလို့ လေနှင်ရာလွင့်တယ်။ သစ်တစ်ပင်ကောင်းငှက်တစ်သောင်းဆိုသလိုပဲ . . နားတဲ့အခါနား . . ပျံသွားတဲ့အခါပျံသွားလေရဲ့။ သစ်ပင်တွေဟာ . .သူတို့ရဲ့နားခိုရာလေးပါ။ ထာဝရအတွက်မဟုတ်ပေမယ့် တခဏတာနားခိုကြလေရဲ့။ အစာဝလို့ ဌာနကိုပြန်ထွက်သွားတော့ ့နားခိုခဲ့တဲ့ ကိုင်းဖျားလေးကိုခြေနဲ့ခတ်ခဲ့လေရဲ့ ကိုင်းဖျားလေးတွေမှာတော့တဆတ်ဆတ်နာလို့။ နားကြည်းမိသလိုမဲ့ပြုံးတစ်ချက်ပြုံးတယ် ဒီလိုပါပဲ အဖြည့်ခံဘဝဆိုတာ။ သစ်ရွက်စိမ်းလေးတွေမှာနှင်းစက်တွေတွဲလဲခိုနေပြီလေ ဪ . . .ဆောင်းတောင်ယွန်းပါပေါ့လား။် တောင်ခိုးတဝေဝေနဲ့တောင်စဉ်တန်းတွေလည်းအေးချမ်းလှရဲ့။ မြူမှုံတွေသိုင်းရစ် […]