” ကစားပွဲ ရဲ့ အဖြေ” လက်ဝှေ့ကြိုးဝိုင်းအတွင်း ယှဉ်ပြိုင်ဆဲ အချိန်အတွင်းမှာ လိုက်သူ လိုက် ပြေးသူ ပြေး ထိုးသူ ထိုး ရှောင်သူ ရှောင် သူ့နည်း သူ့ဘောင် လွတ်အောင်ရှောင် ထိအောင်ထိုး တာက ပြိုင်ပွဲသဘာဝ။ လက်ခုပ်သံ ရရ မရရ ဘယ်လိုပြေးပြေး မပြေးပြေး ဘယ်လိုထိထိ မထိထိ ဘယ်လိုထိုးထိုး မထိုးထိုး ပရိတ်သတ် ဘယ်လို ကြိုက်ကြိုက် မကြိုက်ကြိုက် အလဲမထိုးနိုင်သမျှ ဆုံးဖြတ်ပိုင်ခွင့်ရှိသော ဒိုင် အနိုင်ပေးသူသာ တရားဝင်ဆိုတာ ဆင်ခြင်မိလိုက်ပါတယ်။ ကိုပေါက်လက်ဆောင်အတွေးစဉ်


alinsettJuly 4, 20154min24510
အိုဘယ်. . .ငါ့ရှင်. . . ဤမနက်ခင်းသည်ကား နှင်းစက်တို့ ဖြန်းပက်ခြင်းမရှိ. .  သို့သော်. . .ငါသည်ကား ချမ်းခိုက်လှ၏. . . ပြာလဲ့လဲ့ ချွေးစက်ချွေးပေါက်များသည်လည်း. . . ချမ်းခိုက်တုန်နေသည့်အကြားမှပင်. . . ငါ့ကိုယ်၌. . .ဖြစ်လေပြီ. . . အို. . .ငါ့ရှင်. . . ဆန်းကြယ်လှပါဘိ။ ၂၈ နှစ်တာမျှ . . . တဖျတ်ဖျတ် လန်လေပြီးသော ပြက္ခဒိန်တစ်အုပ်မို့. . . ဆက်၍သာ ရွက်မဆုတ်ပါနှင့်တော့ဟု. . . တီးတိုးရေရွတ်. . . တတွတ်တွတ်သာ ညည်းတွား ဤမည်သော မိုးခါးများ. . […]


“ဝေ ဝေ ကိုကြိုဆိုခြင်း” “အသက်လေးဆယ် လူတွေမေးတယ် ဘယ်တော့များမှစားရမှာလဲ”တဲ့ ဟိုမျက်မှန်နဲ့ကောင်လေးက နောက်တာလိုလို အဟုတ်လိုလို သီချင်းလုပ်ဆိုခဲ့ဘူးပါတယ်။ နိုင်ငံခြားမှာတော့ အသက်လေးဆယ်ဆိုတာ ဘဝအသစ်တခုစသတဲ့ ဒီမှာတော့ အဲဒီအရွယ်ကို နှစ်ဆယ်တိုးလိုက်တာနဲ့ ပင်စင်ဆိုတာကြီးကို မယူချင်ဘူးဆိုလဲ ဇွတ်ပေးပြန်တော့ သုံးမရ စားမရ ဆုံးဘဝ ရောက်ရပြန်တယ်။ “ဝေ” တို့ အရွယ်ဆိုတာ ဟိုနားက ကိုက် ဒီနားက နာ မမြင်ရတဲ့ စိတ်ဒဏ်ရာ တွေကလည်း ဗလပွပေါ့။ ဖြတ်သန်းခြင်း ဘဝ ပင်လယ်မှာ အောင်မြင် ကြည်နူး ရှုံးနိမ့် ကြေကွဲ ရယူ ကျေနပ် ပေးဆပ် ခံပြင်း ဆုံးရှုံး နာကျင် မနိုင်၍သီးခံခြင်း နိုင်ပါလျက်နဲ့ရှုံးရခြင်း အကြောင်းအချင်းများစွာ ကြုံချင်လည်းဆုံ မဆုံချင်လည်းကြုံ ဘဝဇာတ်ခုံပေါ်မှာ မရပ်မနား သွားနေရင်းက […]


“မတူ ခြားနား ဘဝများ ” အချို့က နေပူကျဲကျဲမှာ ချွေးသံရွှဲရွှဲ ဇွဲနဘဲနဲ့ အော်လို့ကောင်းနေချိန် အချို့ကတော့ ဘာမှတွေးမပူ အေးအေးလူလူ KFC မှာ ကြက်ကြော်ဆွဲနေ ဆဲ။ အချို့က အသဲအသန် မဲစာရင်းအမှန်ဖြစ်ရေး ကြိုးစားနေချိန် အချို့ကတော့ အေးအေးငြိမ့်ငြိမ့် သံစဉ်အနိမ့်အမြင့်နဲ့ KTVမှာ သီချင်းဟဲလို့ကောင်းနေဆဲ။ အချို့က တက်ကြွသူ သမီးသား ဝန်းရံသူလင်သား ရုံးထုတ်မယ့်ရက် လက်ချိုးတွက်နေချိန် အချို့ကတော့ FBမှာ အော်လိုအော် ဖြဲလိုဖြဲ ကီးဘုတ်သူရဲကောင်းလုပ်နေဆဲ။ သူ့ဘဝနဲ့သူ ကိုယ့် ဘဝနဲ့ကိုယ် သူ့ယုံကြည်ချက်နဲ့သူ ကိုယ့် ယုံကြည်ချက်နဲ့ကိုယ် သူမှားသလား ကိုယ်မှန်သလား မစဉ်းစားပါနဲ့တော့ ဟိုကြော်ငြာထဲကလို “ကိုယ့်အတွေးနဲ့ကိုယ်”ပေါ့နော်။ ကိုပေါက်လက်ဆောင်အတွေးစဉ် 30-6-2015


manawphyulayJune 29, 20151min1253
အမေ…. လောကရဲ့ ဓမ္မတာအရ သေမင်းကို အံတုပြီး ရဲရင့်မှု အပြည့်နဲ့ သားသီ္မး တို့ကိုမွေးဖွား သွေးသားကို နို့ချိုပြောင်း အားသစ်တွေလောင်းပေးတဲ့အမေ….. များတကာမတုနိုင်တဲ့ မေတ္တာတွေနဲ့ လွှမ်းခြုံ ရင်တွင်းမှာ လုံခြုံစေပြီး လောကရဲ့ အလယ် မျက်နှာမငယ်စေတဲ့ အမေ….. အချိန်တန် ရင်ကိုစုံကန်ထွက်လည်း မျက်နှာတစ်ချက်မပျက် ရင်ထဲပွက်ဆူတာ လူမသိစေ မချိ ပေမဲ့ အပြုံး မပျက်စေတဲ့ အမေ…… ဆန်ရေကို မမျှော် စုန်ရေကို ပျော်နေတဲ့ အမေ…. အမေ့သွေးသားတွေနဲ့ ထုဆစ်ဝေခဲ့တဲ့ သားသ္မီးတွေ ပျော်နေ ၊ ပြုံးနေရင် အမေ့ရင်မှာ လုံးလုံးကြီးငြိမ်းနေသယောင် အနန ္တဆိုတာ တိုင်းတာဖို့ ခက်ပေမဲ့ အနန ္တပေါင်းအနန ္တဆိုတာ အမေ့ မေတ္တာနဲ့ စာခဲ့ရင် အသေးအမွှားပါလား […]


“နားအကြား စိတ် နဲ့ မှတ် ကြာလျင် လွဲ မည်မှတ် “ တောင်တွေးမြောက်တွေး အပိုင်းအစလေးများ (ရ)       ကိုကာကြီး ရေ   ကျနော်မှာရှိတာနဲ့စာသားလေးနည်းနည်း လွဲလို့ ပြန်တင်ပေးလိုက်ပါတယ်။ ကျနော်မှာရှိတာကတော့ 1961ခုနှစ်က ထုတ်ဝေတဲ့ ဆရာဦးချမ်းမြ (မြကေတု)စီစဉ်တဲ့ မြကြေးမုံ စာစဉ် အမှတ်(၂) ကဗျာယဉ်စာယဉ် လက်ရွေးစဉ် စာအုပ်ထဲကစာမျက်နှာ 165 မှာ ပါတာပါ။   (ဆဆ) ဖူးပွေ့လက်တင်   ဖူးပွေ့လက်တင် တွေ့မြင်ချင်ရေးငယ်နှင့် နေ့စဉ်ပင်ဆွေးပါရ ငေး ငို မိ မိူင်။ လဲမလို့ သဲညို့ ခွေယိုင် မပြေနိုင် မုန်းတယ်လေး ရုံးညာသက်ပိုင်။   လက်သုံးတော် ဓားကိုလ ယောင်မှားကာကိုင်၊ […]


CourageJune 28, 20151min2908
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၁၅ ချစ်စရာ့ ဘောလယ် – ၂   ဒီတစ်ခေါက်တော့ တစ်ခြားကဗျာအကြောင်းကို မရေးတော့ပါဘူးလေ။ အရင်တစ်ပတ်က စကားပဋိညဉ်ခံထားတဲ့အတိုင်း လှိုင်ထိပ်ခေါင်တင်ရဲ့ ဘောလယ်ကို ပြန်ခြေတဲ့ ပြန်တောင်းပန်တဲ့ “ဖူးပွေ့လက်တင်” ဘောလယ်လေးအကြောင်းပဲ ရေးပါမယ်။ ရေးမယ်ဆိုတော့ ရှည်ရှည်ဝေးဝေးတွေ စကားပုလ္လင်မခံတော့ပါဘူး။ အခုပဲ ဇာတ်လမ်းစပြီဗျာ။ “ဟဲ့ ဟဲ့ မြင်းခံတော်ကြီး မြင်းခံတော်ကြီး” “မှန်ပါ။ ဖဝါးမလပ် ခစားလျှက်ပါ ဘုရား” “ထပ်ထားလေးက ကိုယ့်တော့အကြောင်း ဘောလယ်တစ်ပုဒ် စပ်ဆိုထားတယ်ဆိုပါ့လား” “မှန်ပါ။ အလွန်ပင် ရသမြောက်လှကြောင်းပါ” ခန်းမဆောင်ကို အရှေ့နှင့်အနောက် လူးလားလျှောက်နေရင်း အိမ်ရှေ့စံကိုယ်တော်ကြီးက ဆက်ပြောသည်။ “အိန်းအိန်း။ ရသမြောက်ပုံကတော့ ဆိုဖွယ်ရာဘယ်ရှိမလဲကွဲ့။ ထိပ်ထားလေးဆိုတာကလဲ အခြားသူမှမဟုတ်တာ။ ကျေးဇူးရှင် ရွှေဘိုမင်းကြီးရဲ့ အနောက်နန်းမတော်မိဖုရား […]


alinsettJune 27, 20155min27510
ရဲရဲနီတဲ့ သွေးစက်တို့ရဲ့ ရာဇဝင် *************** တချို့အရှုံးတွေကို အမေက . . . ”တည်ငြိမ်တဲ့ အပြုံး”နဲ့ ရင်ဆိုင်တယ်။ တချို့ အပြုံးတုတွေကိုတော့. . . အမေက. . . ငြိမ်းချမ်းတဲ့ နှလုံးသားနဲ့ တည်ကြည်စွာ ခံစားဆက်ဆံတယ်။ တချို့က ပြောတယ်. .  . အမေ့အကြောင်း မကောင်းသတင်းတွေပေါ့. . . ကဲ့ရဲ့တင်းဆို သတင်းပိုတဲ့စကားတွေက. . . ဂုဏ်ရှိန်ကြီးမြင့်လှစွာသော အမေ့ကို ခြေလှမ်းတစ်ချက်တောင်မှ မယိုင်နဲ့စေခဲ့ဘူး။ တခါတလေများ. . . အမေ့ရပ်တည်ချက်နဲ့ သက်ရှင်ဖြစ်တည်မှုကို  အံ့ဩမိတယ်. . . အမေ့ခန္ဓာနဲ့ ဉာဏ်ပညာဟာ ငါတို့အားလုံးအတွက်ပဲတဲ့လား. . . အမေရယ်. . . […]


manawphyulayJune 26, 20151min1147
ပန်းပုဆရာဘဝ လက်ကြမ်းပါလည်း ရုပ်မှာ ချောစေချင်မိသည်… ပန်းပဲဆရာဘဝ အိုမင်းနေပါလည်း ဓားမှာ ထက်စေချင်မိသည်… အုတ်ဖုတ်သမားဘဝ မီးပျော့နေငြားလည်း ကိုယ်ဖုတ်သော အုတ် ခံ့ညားခိုင်ခံ့စေချင်သည်… ကျောက်သွေးသမားဘဝ အနေစုတ်သော်လည်း စိန်ကောင်း ကျောက်ကောင်း တစ်ပွင့် ထွက်စေချင်မိသည်… လက်ဦးဆရာမည်ထိုက်စွာဖြင့် မိဘမှာလည်း ရင်မှာ ဖွားမည့် သမီးလေးအား ကြီးမားမေတ္တာ ဂရုဏာဖြင့် လိုရာပုံသွင်း ပျော့ဖယောင်းသို့ ထွန်းလင်းတောက်ပြောင် မြင်ချင်မိသည့် ရင်တွင်း မိခင်စကားပါတည်း….


“ယုံမိမှား” လောကထဲက လောဘသား ပွားလာမလားလို့ ယုံမှတ်။ ပုံအပ်မိ သကာလ အလိုလေး   လေး မမင်းတုပ် အရင်းပြုတ်ပါပကော တော်။   ကိုပေါက်လက်ဆောင် အတွေးစဉ် ၁၀- ၄-  ၂၀၁၅


“ဒီမှာလေ တက်  တယ်  တက်တယ်  ” ၁၉၆၂ အိမ်စောင့် အစိုးရ တက်။ အရင်းရှင်စံနစ် ချုပ်ငြိမ်းအောင် ပြည်သူပိုင်တွေ သိမ်းလိုက်တော့ ကုန်ဈေးနူန်းတွေ ွတက်။   အဲဒီ ဆိုရှယ်လစ်ခေတ်မှာ ကုန်သည်တွေကို ဝိသမ လောဘသား အမည်ပေး ဇူဇကာ စစ်ဆင်ရေးနဲ့ ကျွေးထဲ့ လိုက်တဲ့အခါ ဆန် တွေ  ဆီတွေ လွယ် လွယ် ဝယ်မရတော့ တက်။   ” ပြည်တွင်းဖြစ်ကိုအားပေးပါ ” နိုင်ငံတော်ကိုတံခါးပိတ် ပြည်ပ လုံးဝ အားမကိုး ကိုယ်ထူကိုယ်ထ မာန်တွေကြွ စက်ရုံဆောက် သမ အသင်းတွေထောင် တစ်ခုမှ မအောင်မြင်တော့ ဟိုဟာမရှိ ဒီဟာရှား လိုချင်တာများရှိရင် မှောင်ခိုဈေးကိုပြေး ခိုးဝင်လာတာကိုဘဲ အားပေးရတယ်ဆိုတော့ ရှိသမျှ […]


ခင္ခJune 19, 20151min2748
ဒီနေ့ အမေစု (၇၀)ပြည့်ခဲ့ပြီ ဒီကာလမှာ အချိန်သိပ်မရှိတော့ဘူး ဒီမိုကရေစီ စစ်စစ်ရဖို့ ဒီအမေနဲ့ ဒီရထားကို ဒီလူတွေအမှီလိုက်ပါမှ ဒီတစ်သက်စိတ်အေးရလိမ့်မယ်ကွယ်။


CourageJune 19, 20151min78327
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၁၄ ချစ်စရာ့ ဘောလယ်   “ဘာလဲ လှိုင်ထိပ်ထား။ မင်းက မင့်သမီးမဟုတ်လို့ ရှုပ်လှတယ်ဆိုပြီး ဒီလို အကောက်ကြံလွှတ်လိုက်တာလား” “မဟုတ်ဘူး မောင်ဘုရား။ မောင်ဘုရား အထင်တော်မှားနေပြီ” “ကျုပ်ဘာမှ အထင်မမှားဘူး လှိုင်ထိပ်ထား။ မင်းသမီးလေးရဲ့ အဆောင်တော်လာတောင်းတဲ့ စပယ်ဆီ ရွှေခွက်ထဲမှာ ပိုးလေးတစ်ကောင် ပါသွား မပါသွားဆိုတာကို သတိမမူမိလောက်အောင် မင်းဟာ နမောနမဲ့နိုင်သူ မဟုတ်ပါဘူး။ ဒါဟာ မင်းသိသိရက်နဲ့ မသိလိုက်ချင်ယောင် ဆောင်နေလိုက်တာပဲ။ ကိုယ့်သမီးမဟုတ်လို့ ဂရုစိုက်စရာမလို ဆိုပြီး မင်းနေလိုက်လို့ ဖြစ်တာပဲ။” တစ်ရက်ဆက် အပြစ်တင်စကားများ ဆိုနေသော အိမ်ရှေ့စံကိုယ်တော်၏ စကားလုံးများကို နားထောင်ရင်း ထိပ်ထား၏ မျက်နှာတော် တင်းမာလာသည်။ တစ်ကယ်တော့ လှိုင်ထိပ်ထားဆိုသူဟာ အခြားသူမဟုတ်။ ရွှေဘိုမင်း(သာယာဝတီမင်း)နဲ့ […]