ခင္ခAugust 13, 20141min1818
” သူမ “   သူမ အပြုံး ဒို့ရင်ထဲစွဲတုန်း သူမ စကား ဒို့နှလုံးထိထား သူမ ခြေလှမ်း ဒို့အနာဂတ်မှန်း သူမ အားမာန် ဒို့လက်ရုံးတိုးဟန် သူမ အတွေး ဒို့ပြည်အရေး သူမ ပေါ်လာ မခံနိုင်ရှာ ကလိန်စိငြမ်းစင် ဉာဏ်ကြီးရှင်တို့ ဘာတွေထပ်ပြီး ညစ်အုံးမလို့ သတိထားဖွယ် ပြည်သူရယ် အောင်ဆန်းသွေးလှ ဦးဆောင် သူမ နောက်လိုက်ကြ။     ခင်ခ။


“သာယာသော ညနေခင်းများ က  ငါ့ အတွက်မဟုတ်တော့ဘူး“   ကောင်မလေးရေ………………………… ဒို့ဝေးနေတာ ကြာခဲ့ပေမယ့် အတိတ်ဆို တာ ကလဲ ပြန်တွေးရင်ခဏလေးပါ။   မင်းတို့   ငါတို့ရဲ့ ဟိုအရင်က ည နေခင်းလေးတွေဆိုတာ သာသာယာယာ။ ဘာညာ ဘာညာ မဖြစ်ကြသေးပေမယ့် ဟိုသွား  ဒီသွား ဒီရောက် ဟိုရောက် အချိန်များတောင် မ လောက်နိုင်အောင်ပါဘဲ။   နေဝင်စ ညနေ ခင်းလေးတွေဆိုရင် အေးငြိမ်းရာ မြက်ခင်းစိမ်းစိမ်းပေါ်မှာ အတူထိုင် အပြာရောင်ကောင်းကင်ထက် က ရွက်လွှင့်တိမ် တွေကို ငေးမောရင်း စကားတွေ ဖောင်ဖွဲ့ မောတယ်  မထင်ခဲ့ တာလဲ အမှန်။   တစ်ခါတစ်ရံမှာတော့ သူငယ်ချင်းများနဲ့ အတူ လက်ဖက်ရည်ဆိုင် အအေးဆိုင် အကြော်ဆိုင် […]


alinsettAugust 13, 20145min22414
    အထားမှားတဲ့ ဘဝ… အခုတော့ အေးစက်စက် ညနက်ထဲမှာတောင် ဆာလောင်မှုတွေအကြောင်း ကဗျာရေးတတ်ပြီပေါ့။ ကိုယ့်အဖြစ်က အံဩဖို့ကောင်းသားပဲ ။ ———— ညည်းတွားရှိုက်သံကြားက လက်လက်ထနေတဲ့စိတ်ကူးတွေ ချောက်ကမ်းပါးစွန်းကလူငယ်ကို ဆွဲမတင်နိုင်ဘူး… တည့်တည့်ပြောရရင် ဒီလောကဟာ…မာယာများတယ် ။ ———— တခြားသူတွေ ကြယ်စုံညထဲ တွဲလက်တွေနဲ့ပျော်ပွဲဝင်နေချိန်မှာ ကိုယ်ကတော့. . .မှောင်မဲညထဲမယ် ကြယ်တွေစုံတဲ့ည သီချင်းလေးညည်းရင်းးး တိတ်တိတ်လေး စိုလက်တောက်ပရတယ် ကိုယ့်မျက်ဝန်းကလေးကို ကိုယ် သနားတယ် ။ —————— တခြားသူတွေ နာမည်တစ်ခုခုကို ရေရွတ်တမ်းတလိုက်ချိန်မှာ ကိုယ်ကတော့ ပျောက်သွားတဲ့ ကိုယ့်လျှာနဲ့ ခံတွင်းတစ်စုံကို တမ်းတမျှော်လင့်နေရ. . . ဘာပဲဖြစ်ဖြစ်ပါလေ ကိုယ့် မျက်ဝန်းလေးကို ကိုယ် သနားတယ်။ —————– လူကို မှုတ်ငြှိမ်းပြီး မီးခွက်လေးအိပ်ရာဝင်တယ် […]


alinsettAugust 11, 20141min18612
စာသားများ….ထို့အပြင်…ရည်ရွယ်ချက်များ…     ဟောဒီကောင်းကင်တော် ဝတ်ရုံလွှာအောက်မှာ… ငါ့ရင်ခွင်တစ်ခုလုံး…မိုးကြိုးတွေ တဂျုံးဂျုံးပစ်ချခံရ ငါထူငါထ စနစ်နဲ ့… အခါခါလဲကျပေးခဲ့ရတယ်… ။ ———————————————————————   ချစ်သော…နှင်းစက်မှုန်ရီတို ့… ဒီမီးကို…တဟုန်းဟုန်းတောက်ရာမှ ငြှိမ်းလှည့်ပါ… ငါ့ကို ချမ်းသာစေလှည့်ပါ… ။ ငါ့ဆန္ဒပြုသံတို ့တော်လဲ… ငါ့ကို … ငါ ကျိန်ဆဲပြီးလို ့… ငါက ငါ့ကို… ခွင့်လွှတ်ထားပါတယ်..… ။ ———————————————————————   မနေ့ကတွေအကုန်လုံး… အတုံးလိုက်အတစ်လိုက် ကုန်ဆုံးခဲ့ပြီးတဲ့နောက်… ငါ့နှလုံးအိမ်ဟာ… ဓါးလှံယဉ်ကျေးမှုကို ကိုင်ဆွဲ…. မျက်ရည်မဲ ့ ငိုညည်းသံတွေ ပြန့်ကျဲ… စစ်ပွဲပြီးစ…မဟာအောင်မြေလို…အကျည်းတန်စွာလှပခမ်းနားလို ့… တိတ်ဆိတ်ခြင်းနဲ့ဆူညံစွာ… အူအူငွေ့ငွေ ့…. ကျန်ရစ်တယ်… ။ ———————————————————————————————     လေးမြတ်စင်ကြယ်ဖူးသော…ကြယ်ပွင့်များ… […]


ခင္ခAugust 9, 20141min1294
” သမိုင်းလှလှ ထုဆစ်သူပင် “   ဘဝတစ်ခုမှာ ခဏပြုကာ တွေ့ကြ ဆုံကြ ခင်မင်ကြနှင့် ငြင်းကြ ခုံကြ ရန်ဖြစ်ကြဖြင့် အချိန်တွေကုန် အရွယ်လွန်အို ကိုယ်ပြုသည့်ကံ ကိုယ်ထံမှာရှိ မောဟဖုံးလွှမ်း ရင်မောစခန်းနှင့် ဒေါသဖုံးလွှမ်း ပင်ပန်းဖြစ်အင် စစ်မက်ပေါများ ပျက်စီးသို့အစဉ် ကိုယ်လုပ်ခဲ့သမျှ အများအကျိုးရရင် သမိုင်းလှလှ ထုဆစ်သူပင်။   ခင်ခ။


ခင္ခAugust 9, 20141min28416
” ဪ ၂ နှစ်ကျော် ခရီးတောင် ခြေဆန့်မိပြီကိုး “   နှစ် နှစ်ကျော် ကာလ အဖြစ်အတော်စုံလှ ရေးခဲ့တဲ့ပိုစ့်တွေ မှတ်မှတ်ရရ ၄ရ မှာလေ ကျုပ်အရွယ်နဲ့ ထပ်တူပေ ။ ဆက်ကာသာ ခရီးဆက် မပြတ်ပါကွယ် ပိုစ့်ရေးလျှက် မန့်တာလည်း ရှိသလို မမန့်တာလည်း ရှိကြသကို ခင်သူတွေလည်း ပေါသကိုး ချဉ်သူလည်း ဒုဒေးဆို ကြိုက်သူလည်းထိ မကြိုက်သူလည်းရှိ အဲဒါတွေ ကျုပ်ဘာမှမသိ ရေးချင်ရင် ရေးလိုက်တာမို့ နှစ်ထောင့်ဆယ့်လေးဩဂုတ်ကိုး တော့တန်း ခုနှစ်အရောက်တိုး မန့်သူအပေါင်း ကျေးဇူးကွယ် ဖတ်သူအပေါင်း ကျေးဇူးရယ် လွန်တာရှိလည်း ဝန္တာမိပါဘဲ အရွယ်တွက်သော် ငါးဆယ်သို့မျှော်။     ခင်ခ။


မြစပဲရိုးAugust 8, 20141min29427
“I came, I saw, I conquered” ဆို။ ဖြေပါဦး ဂျူးလိယက် ဆီဇာ ကြီး ရယ် အောင်ပွဲခံပြီး မှတော့ ဒီလို စကားမျိုး ပြောတာပေါ့။ တိုက်ပွဲဝင်နေ တဲ့ ကာလ ထဲ ငါ ရှုံးခဲ့ရင် လို့ ဆိုတဲ့ အတွေး နဲ့ နဲနဲလေး တောင်မှ မခြောက်ခြား ခဲ့ ဘူးတဲ့လား။ မေးပါရစေ ဘန်ဂျာမင် ကြီး ရယ် “I am prepared for the worst, but hope for the best” ဆိုတဲ့ ပြောစကား။ ကြားရတာ စိတ်ဖြေစရာပေါ့။ အကောင်းဆုံး အတွက် ကြိုးစားနေတုန်း အဆိုးဆိုတာ လာခဲ့ရင် […]


ခင္ခAugust 8, 20141min23018
” ဟိုတုန်းက ဒီနေ့ “   ဟေ့ မပြေးနဲ့ပစ်ထဲ့လိုက်မယ် စစ်တပ်တဲ့ကွယ် အမိန့်နာခံ စံနမူမို့ ရဟန်းသံဃာဘယ်သူပါပါ ကြမ်းကြုတ်ရက်စက်နှိမ်နင်းလျှက်။ မရမက ခုံနေရာဦး အာဏာရူးတို့ ရက်စက်မှုကို ခေါင်းငုံမခံ ပြန်တွန်းလှန်မယ် သပိတ်ဆင်နွဲ လူထုတိုက်ပွဲ စတင်ခဲ့ရာ ၈ ရက် ၈ လ ၈၈ ပါ။   ခင်ခ။


ခင္ခAugust 7, 20141min2068
” အပြုံးလေးသာ ထပ်ကာကွန့်စို့ “   ပိတုန်းရောင်ကေသာအလှ ဘေးအသာချလို့ မြန်မာဆန်ကာဝတ်ဆင်စွာနဲ့ ဆွဲခြင်းလေးနဲ့သူလှမ်းတယ် မြင်သူကြည့်ရကျက်သရေဗျ အိန္ဒြေအလှနဲ့ တင့်လို့တယ်၊   ဆံကေသာရောင်စုံချယ် နုပျိုအကြွ လှသွေးကြွယ် စကပ်တိုဘောင်းဘီတိုနဲ့ ဖြူဝင်းလှပေါင်တံနှစ်သွယ် မြင်သူငေးကြသူ့အလှဝယ် ပေါ့ပါးသွက်လက် သဘောကျဖွယ်၊   အမြင်ကွဲကြ လှဟန်များကို ကြည့်မိခံစား အငြင်းပွားလို့ မြန်မာဆန်မှ လှသည့်ထင်သူ ခေတ်ဆန်အလှ လက်ခံကြသူ တကယ်ဆန်းစစ် တွေးမိလိုက်တော့ လူတိုင်းကိုယ်စီ အလှရှိသပေါ့။   တစ်ချို့ကလည်း ဆိုကြမြဲကွယ် ရုပ်လှဖို့ထက် စိတ်လှဖို့လို မြင်ကွင်းတွေ့ရ ရုပ်ပါဘဲမို့ အပြုံးလေးသာ ထပ်ကာကွန့်စို့ ဘာဘဲဝတ်ဝတ် လှတယ်ဗျို့။   ခင်ခ။


alinsettAugust 6, 20144min24914
ကျနော်တို ့… လူငယ်စာချစ်သူတော်တော်များများရဲ ့ ရင်ထဲထိ..ရောက်အောင် ပို ့နိုင်တဲ ့… စကားလုံးများ ဖန်တီးသူ…   ဆရာတာရာမင်းဝေ (သို ့မဟုတ်)  ရွှေဘုန်းလူ…. ကျနော်တို ့ကို..ခွဲခွဲထားခဲ့တာ… လွန်ခဲ့တဲ့…  2007 ခုနှစ်ရဲ  .August ……မိုးဖွဲတွေနဲ ့..နေ့ရက်ကလေး..တစ်ရက်…. 5 . 8 .2007 . တနင်္ဂနွေ / နေ့လည် 12 း 40 …. ကတည်းက…. ဒါပေမယ့်…  အခုထိ…ကျနော်တို ့သူ့ကို မေ့လို ့မရသေးဘူး.. ။ သူ ့..အနုပညာတွေက… ကြယ်တစ်စင်းလိုပဲ… ကျနော်တို ့ချစ်တဲ ့..စာပေကောင်းကင်မှာ.. လင်းလက်တောက်ပနေဆဲ.. ကျနော်တို ့… အဲဒီ ကြယ်စင်အလင်းတန်းတွေကို.. ဖမ်းဆုပ်ကြည့်ပြီး… ရင်ထဲ..နင့်နင့်နဲနဲ… […]


အာဂAugust 6, 20141min16810
-ဘယ်တော့မှ နှင်းမကျတဲ့ -မြို့လေးထဲ …… -ကိုယ့်အလွမ်းဆွေးတွေ -ကြွေကျနေပုံများ တစ်ဖွေးဖွေးနဲ့…။ -အဝေးဆိုတဲ့ အကွာအဝေးက -သတိရမှုကို ကြိုးနဲ့သီဆွဲထားသလိုပဲ…။ -ကောင်မလေးရေ… -ဧရာဝတီ မြစ်ရေဟာ.. -ဘယ်နေရာရောက်ရောက် ပြောင်းပြန်မစီးဆင်း သလိုပေါ့..။ -ငါ့ရဲ့ အဝေး မြို့လေးမှာဖွက်ထားတဲ့ -မင်း ရဲ့ နှလုံးသားပေါ်မှာလည်း -ငါ ဘယ်တော့မှ ပြောင်းပြန်မစီးဆင်းဘူး..။ -တကယ်တော့ -သတိရတယ်ဆိုတာ ထမ်းထားရသူသာ -လေးလံကြောင်းသိတဲ့အရာပါ..။ -ငါ့လိုပဲ မင်း ရဲ့ရင်ထဲသတိရခြင်းတွေ -လေလံနေရင်… -ရန်ကုန်မှာ နှင်းတွေကျသလိုပေါ့…ငါ အရမ်းပျော်မိ..တယ်။


ခင္ခAugust 6, 20141min25719
” ဝဋ်လည်တယ်လို့ ဆိုချင်ဆို “   အညာထန်းပေါ ထန်းတောထဲဝယ် ကြီးပြင်းလာခဲ့ ကလေးငယ် ညနေဆို သောက်သူအုံလို့ လက်မလည်အောင်ရောင်းရရှာတော့ သူတို့ခဗျာ ပျော်ကြတာပေါ့ တစ်နေ့သောအခါ ထမ်းအိုးတစ်ခုမှ ကျန်သည့်ထန်းရေ သောက်မိလေရော အဖေဖြစ်သူ စိတ်တွေဆိုးလို့ ထိုးလိုက်တဲ့လက်သီး ဖင်ထိုင်ကာလဲပြီး ချာလည်ကာ အမူးတွေပျောက် ထွက်လာခဲ့ ဒီထန်းတောညို ကြာခဲ့ပ ထိုချိန်ရယ် မီးမှိန်မှိန် ဒေါင့်ကျစားပွဲ ကဇော်ရေ သောက်ကာလဲ အဖေသိရင် သတ်မလားဘဲ။   ခင်ခ။     စာကြွင်းးးးးးးးးးးးးးးး ငယ်ငယ်ကဆိုခဲ့ဘူးတဲ့ ဒီကဗျာလေးကို သတိပြီးရွတ်မိတဲ့ ခဏခံစားကြည့်တာလေ။ “နွေဦးကာလ မြူထသောခါ ယင်းထောင်ယင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ ထန်းပွင့်ထန်းခိုင်ရွှန်းရွှန်းမြိုင် ကလိုင်သာလွယ်၍ တက်သည်နှင့်လေး”