Maung Tar TeeApril 11, 20141min1294
တစ်နှစ်ပြီး တစ်နှစ် ကူးပြောင်းလာတဲ့ သင်္ကြန်က တစ်လွှာပြီး တစ်လွှာ ပွင့်ချပ်တွေ ကွာကျလာတဲ့.. နှင်းဆီပွင့် လေးလိုပေါ့… အရိုင်းတွေက ယဉ်ကျေးမှု ဖြစ်နေတဲ့.. ရိုးတံချည်းသက်သက်ရှိတဲ့.. နှင်းဆီလို သင်္ကြန်ကြီးရယ်… ဘာကြောင့်မှန်းမသိ ငါ့ မင်းကို ကြောက်နေမိတယ် ၊ အရင်ကတော့ သပြေခက် နဲ့… ရယ်… အခုကတော့ အဖြေခက်တဲ့.. သေအရက်နဲ့… လူငယ်ဆိုတာတွေလေ…. တွဲဖက်ကိုညီလို့ပေါ့…. အဝတ်အစားအပြဲ တွေတင်မက… ကိုယ့်ရိုးရာ ကိုယ်ဖျက်.. စုတ်နွမ်းနေတဲ့.. သင်္ကြန်ဆိုတာက…. ရန်ကုန်လမ်းမပေါ် မူးပြီးမှောက်အိပ်နေတတ်ခဲ့ပြီ…၊ နှင်းဆီလို ရနံ့လေးမွှေး… ပွင့်ချပ်စုံညီနဲ့ ယဉ်ယဉ်လေးလှနေတဲ့.. သင်္ကြန်ပျိ ု မဒီလေး… ရန်ကုန်စင်မြင့်ပေါ် နွဲ့ နွဲ့ လေးနဲ့ ယိမ်းကနေတာ မြင်ချင်စမ်းပါဘိကွယ်..လို့…    


ko sixApril 9, 20141min2379
​စောင်​့​စောင်​့​အောင်​့​အောင်​့ ပစ်​ချလိုက်​တဲ့ငြီးသံမှာ အဆိပ်​ဘယ်​​လောက်​ မသထာ​ရေစာ ဘယ်​​လောက်​ ​စေတနာလိုုလို ​ဝေဒနာလိုုလို ထမင်​းတစ်​လုတ်​တုတ်​တစ်​ချက်​က ဘယ်​​လောက်​ ပုဆိန်​​ပေါက်​​ပြောတယ်​ပဲဆိုဆို ကိုယ်​့ကျင်​းကိုယ်​တူးတဲ့​ခေတ်​ကတည်​းက ကဗျာကိုစီးရင်​း​ရေငတ်​ခဲ့ဖူးတဲ့​ကောင်​ ဘာခုမှ မ​နေ့တစ်​​နေ့ကမှ ​ပေါက်​တဲ့ကဗျာ သရဲသ​ဘောကျတဲ့အစာတဲ့ ငါ့စိတ်​နဲ့ငါ ​ကျောချင်​းကပ်​ပြီး သမိုင်​းမှာကွဲပြဲခဲ့ဖူးပြီသား။ ဒီ​နေ့​ခေတ်​ကဗျာဆိုတာ ဖားလျားချထားတဲ့ ဆံပင်​​တွေလို ​လေထဲမှာ ခပ်​မိုက်​မိုက်​လူးလွန်​့​နေမယ်​။ ဒင်​း……. ဘဝင်​မဟပ်​ရင်​ ကီလီမန်​ဂျာရိုး​တောင်​မှာ သစ်​ရွက်​ချပ်​ကပ်​ပြီး ဝါဆို​နေလိုက်​​တော့။ ရှင်​းရှင်​းပဲ ငါးခုံးမတစ်​​ကောင်​​ကြောင်​့ ငါ့ကဗျာကို တစ်​​လှေလုံးအပုတ်​ခံ​နေမှာမဟုတ်​ဘူး။ ခု​ရေးလိုက်​တဲ့ကဗျာက ဒင်​းအတွက်​… လတ်​လတ်​ဆတ်​ဆတ်​ လွမ်​းသူ့ပန်​း​ခွေ ။ ကိုစစ်​ (ရူပ​ဗေဒ) 9,April, 2014. 5း55 PM


Kyi LwinApril 9, 20141min1718
ငါးပိကျော်ဘွဲ့ လွမ်းခြင်း   မယ့်ကိုယ်တိုင် လုပ်ခဲ့၊ ပိပုပ်တဲ့ ဆားနယ်၊ ကောင်လုံး  ထယ်ကို၊ အိုးလယ်တို ရွှေစဉ့်လူးရယ်နှင့်၊ နှစ်ကူးကာ လတွေများအောင်လို့၊ တို့အိမ်အို စားဖိုနား  မှာတော့၊ ထားခဲ့တယ်လေး။      ။ မြို့ဒဂုန်၊ ခရီးသွား လူကြုံလို့၊ ဆီတဖုံ ငရုတ်ထောင်းရယ်နှင့်၊ ပလောခြောက် အမှုန့်လောင်းပါတဲ့၊ ငါးပိကောင်း ငါးခူကောင်ကို၊ ဘေးအတောင် ရိုးထွင်နှုတ်ကာပ၊ တကုပ်ကုပ် စားဖိုလယ်တွင်၊ စီစဉ်ကာ ကိုယ်တိုင်ကျော်၍ စိန်ဂျွမ်းပျော် သားမောင်စားစေဖို့၊ မယ်တပါး မင်းမာတာ၊ စေတနာ အနန္တရယ်နှင့်၊ တောဌာနေ အရပ်ဝေးဆီက၊ (လူလေးရေ) ပေးလိုက်တယ်လေး။       ။ ဆရာမင်းသုဝဏ် ၅.၄.၁၉၂၇ ငပိချက် ပြီးတော့ ငပိကျော် ပို့ပေးလိုက်ပါတယ်။ ဆရာမင်းသုဝဏ်ရဲ့ကဗျာလေးကို တောရွာဓလေ့ စားစရာ မေ့နေလောက်ပြီဖြစ်တဲ့ ရွှေများအတွက်ပါ။ […]


“ဇာတ်သိမ်း” ပြီး ဆုံး ခြင်း အ ဆုံး သတ် မျှဉ်း အောက် လူ တစ် ယောက်  ကွယ် ပျောက်  ပြီး တဲ့ နောက် မြေ က မ္ဘာ မှာ  အ မည်  နာ မ တ စ် ခု ရှိ ခဲ့ ဘူး ကြောင်း တစ် စုံ တစ် ယောက်   က တစ် ရံ တစ် ခါ မှာ သ တိ ရ ကောင်း ရ နိုင် သည် မှ အ ပ အ ခြား မျှော် […]


naywoon niApril 8, 20141min1267
ငါတို့ဟာ ……. ထုံးတမ်​းစဉ်​လာဆိုတဲ့ ​ပေါက်​ပြဲ​နေတဲ့ အိတ်​​တွေလွယ်​ပြီး ယုံကြည်​ချက်​အသစ်​​တွေ အိပ်​မက်​အသစ်​​တွေကို ​ကောက်​​ကောက်​ထည်​့​နေကြတာကြာပါပ​ကောလား ……။ ငါတို့လိုချင်​တဲ့ ဘဝအသစ်​ ​မျှော်​လင်​့ချက်​ အိပ်​မက်​​တွေက ​ဟောင်​းနွမ်​း​ပြီး ​ဆွေး​မြေ့​ပေါက်​ပြဲ​နေတဲ့ ဓ​လေ့ ထုံးတမ်​းစဉ်​လာဆိုတဲ့ အိတ်​ကြီးထဲမှာ ကြာကြာမ​နေနိုင်​ ထွက်​ ထွက်​ကျရရှာ​ပေါ့ …..။ အဲ့ဒိ​တော့ ဥခွံ​ဟောင်​းထဲမှာပဲ ပူ​လောင်​မွန်​းကြပ်​ အသက်​ရှူ ရပ်​တဲ့အထိ အစဉ်​အလာ​ဟောင်​းကို ဖက်​တွယ်​ထားမလား ။ ​ခေတ်​စနစ်​နဲ့အညီ ​ခေတ်​​ဟောင်​းကို​ပြောင်​းပြန်​လှန်​ ယဉ်​​ကျေးမှု အသစ်​ကိုပဲဖန်​တီးမလား ။ မင်​းတို့ဖာသာ ​သေချာစဉ်​းစား ……..။ ​နေဝန်​းနီ


ခင္ခApril 8, 20141min31220
ရေကစားဟန်   ထူးပို့ ထူးပို့ တေးသံ မြူးစို့ မြူးလို့ သင်္ကြန် ပိတောက်ဝေဝေ ပွင့်ဖူးပြန် နွေအလှ ရေကစားကြဟန် သပြေခက်နဲ့ ငွေဖလားသဏ္ဍန် ဟိုး အတိတ်ဆီကအမှန် နောက်များတော့ နို့ဆီခွက်နဲ့ ခွက်စောင်းခုတ်ပြန် အခုများတော့ မဏ္ဍပ်ကယ်ထိုး မီးသတ်ပိုက် တစ်မျိုးနဲ့ ကျောစုတ်အောင်ထိုးသမို့ ရေကစားကြတဲ့ အခါသင်္ကြန် အမလေး တ ရမဟဲ့ ဧကန်။   ခင်ခ။


အာဂApril 5, 20141min1855
နွေ……ရောက်ပြီလေ စာတန်းထိုးပြလိုက်တော့….။ လွယ်အိတ်အနွမ်းကလေး နံရံမှာချိတ် ကျောင်းတံခါးပိတ် ခေါင်းလောင်းသံလေးနဲ့ ကြိမ်လုံးဒဏ်လေးရဲ့ ခေတ္တအဝေးမို့ ဟိုရှေ့က ပိတောက်ပင်အိုလို သူက ကလေးပြီပြီ ပျော်ရွှင်မှုတွေ သူဝေချင်နေပြီလေ။ “မိုးဆိုတာကိုယ်ရွာချင်တဲ့အချိန် မရွာတက်သလိုပဲ” သူက နေ နဲ့လ ၊ ရွှေနဲ့မြ လို မိဘ မျိုးက သန္ဓေတည်ခဲ့တာမဟုတ်တော့ ၁ဝ နှစ်သား ကလေးတစ်ရောက်ရဲ့ ပျော်ရွှင်ခုန်ပေါက်ချင်စိတ်ကို အိမ်ရဲ့ ကြမ်းပေါက်တစ်ချောင်းမှာ သူကလေးသွေးနဲ့ ဖာထေးရင်း… လွယ်အိတ်အနွမ်းကလေး ၊ ပုခုံးမှာချိတ် အိမ်တံခါးလေးပိတ် ၊ ခေါင်းလောင်းလေးတီးလို့ သူဆိုညီးတဲ့ သီချင်းနာမည်က “ရေခဲထုပ်” တဲ့လား…။ သူကလေး ရင်ထဲမှာတော့ နေလောင်ခံထားတဲ့ ပိတောက်ကိုင်းခြောက်လို ခြောက်ကပ်နေလေရဲ့…။ (ဘဝဆိုတဲ့ နွေဟာ ကိုယ့်ရဲ့ အေးမြချင်တဲ့ စိတ်ကူးမှန်သမျှ အရည်ပျော်ကြစေနိုင်တာပဲလို့ ဒီကလေးလေးတစ်ယောက် […]


အာဂApril 2, 20141min3019
မနက်ဖြန် ဟာ…မနက်ဖြန် လိုခပ်ယို့ယို့လေးနေပဲတာကောင်းတယ်။ မှောင်တာတွေများ နေရင် မီးထွန်းဖို့လိုအပ်တယ်။ ချစ်ခြင်းတရား က ပစ်ခွင်းလိုက်တဲ့ မြားတစ်စင်းလိုပဲ။ နေမရှိဘဲနဲ့ လတစ်စင်း ဖြစ်ခွင့်မရှိတော့ဘူးတဲ့လား။ နင်မရှိရင်ရော……ငါ……။ တိမ်တွေက ငါ့ရင်ဘတ်လိုမျိုုး စကားမပြောတတ်ဘူး။ ဒါပေမဲ့…..ခံစားမှုတွေပျံသန်းတယ်။ စိတ်စေရာလိုက်ရွေ့လျားတယ်။ နေပူရင် မိုးရွာစေချင်တယ်။ မိုးရွာရင် နေပူစေချင်တယ်။ ချစ်နေတုန်း မုန်းစေချင်တယ်။ မုန်းနေတုန်းကျပြန်ချစ်စေချင်တယ်။ အမြင့်မှာ ထိုင်နေတုန်းက လေတိုက်လို့တိုက်မှန်းမသိ။ မြေပြင်ပေါ်ဗုံးဗုံးလဲကျတော့မှ….နှလုံးသားက တအီအီနဲ့..။ သစ္စာတရားဆိုတာ တစ်ခါတစ်ခါကြတော့ ခြစ်ရာများတယ်။ မြန်မာလို့လည်း ချစ်တယ်။ မြန်မာလိုလည်း သစ္စာမဲ့တယ်။ တစ်ကမ္ဘာလုံးလည်း….အချစ်အမုန်း..နဲ့..ကိစ္စတုံးနေကြ။ ပြောပြီးသား စကားလုံးတွေကို လေထဲကနေပြန်ပြန်ဖမ်းရမယ်ဆို အမှန်တွေ..အမှားတွေ…အချင်းချင်း ခလုပ်တိုက်မိတော့မှာပဲ။ နေဝင်ချိန်ကိုပဲ တစ်ချိန်လုံး ဘဝကကြည့်ကြည့်နေရတော့ နေထွက်ချိန်ကိုတွေ့ရရင်…တစ်မျိုးကြီးပဲ..။ မိန်းကလေး။ကောင်မလေး။ယောက်ျားလေ။ကောင်လေး။ မိန်းမကြီး၊အဘွားကြီး၊ယောက်ျားကြီး၊အဘိုးကြီး။ လူတိုင်းရင်ဘတ်ထဲမှာဘာကြောင့် အချစ်သစ်ပင်ကို ပျိုုးခဲ့ကြတာလဲ။ မြေမြိုတာထက် အချစ်မြိုခံရတာခက်ခဲတယ်။ […]


ko sixApril 2, 20141min2056
​တောင်​​ပြော​မြောက်​​ပြောနဲ့ ​တောင်​လိုုလို​မြောက်​လိုလိုပဲဖြစ်​လာတယ်​ သက်​ရှိထင်​ရှားဇာတ်​​ကောင်​မှာ အဓိကက ​ကောင်​းမွန်​တည်​့မတ်​တဲ့ ဒီဂရီတစ်​ခုလား အရိပ်​အ​ရောင်​ခမ်​းနားတဲ့ ဥစ္စာဓနလား အဆီတစ်ထပ်​အသားတစ်​ထပ်​ကျန်​းမာ​ရေးလား ​ကျောသားရင်​သား​ပေါင်​းသင်​းဆက်​ဆံတဲ့လူမှုှုကွန်​ယက်​လား လာဒ်​​ပေးလာဒ်​ယူဝန်​ထမ်​း​ကောင်​းလား ​သေချာပါတယ်​ ဒုက္ခဘုံဟာ ဒုက္ခဘုံပီပီ ဒုက္ခရှာသူ​တွေကိုပဲ နိုင်​ငံသားလက်​မှတ်​ထုတ်​​ပေးတယ်​ ငါတို့လည်​း ဒုက္ခဘုံသား​တွေပီပီ ဒုက္ခမရှိ ဒုက္ခရှာလို့ မ​နေ့ကရှာ​ဖွေထားတဲ့ တွန်​့​ကြေလိမ်​​ခွေ​နေ​သော ​စေသသိက်​တွေကို ​ခေါက်​ရိုးကျိုး​အောင်​မီး​ကြွေထိုးလို့ အများသူငါသုံးစနစ်​တံမှာ တ​ပျော်​တပါးမီးနဲ့​တေ့ရင်း​ ​ပေါက်​ကွဲမှု ဂလိုဘယ်၌ ခန္ဓာကိုယ်​ကိုရင်​းနှီးမြှုပ်​နှံထားကြတယ်​ အလွန်​ဆုံးရှိလှ ရ ​ပေ ၃ ​ပေ ​နေရာတစ်​ခုစာ နားမည်​ကြီးရင်​​တော့ တမျိုးတစ်​ဘာသာ​ပေ​ပေါ့ ငါတို့ လိုက်​က​နေရတဲ့ ​အော်​ပရာမှာ


ko sixMarch 31, 20141min1425
​ရှင်းပြလို့မရတဲ့အရာက ရှင်းပြလို့ကိုမရဘူူး။​ ​မေးခွန်း​တွေမီးခိုးလို ထူထပ်တဲ့မြို့ပြမှာ ရလာဒ်​က ကာဗွန်နံ့တစ်​လုံးတစ်ခဲပါပဲ။ စိတ်​မောကိုယ်​နဲ့​ဖောက်​ချလိုက်​တဲ့ပုလင်​းအဖုံးမှာ ကံတရားက ​ ​ကျေးဇူးတရားပဲ ကံထတယ်​။ ဘဝဆိုတာ စွယ်​​တော်​ရွက်​လောက်​ကဗျာဆန်​မ​နေ​တော့လည်​း ကျူး​ကျော်​ရပ်​ကွက်​မှာ လူဖြစ်​လာရတာ အဆန်​းလား။ ငါလည်​း ကိုယ်​ပိုင်​​လေယာဉ်​ ဝယ်​ပိုင်​ခွင်​့ရှိတဲ့​ခေတ်​မှာ အများသူငှါသုံး ဘုံဆိုင် ကို ​ခြေချခွင်​့မရှိရဘူးလား။ အဲဒီမှာ ​၇၈ လမ်​းကိစ္စက အရိုးခံစကားလုံး​တွေနဲ့ ငြင်းကြခုန်​ကြတယ်​။ ၅၁ ကိစ္စ​တော့ ​ပြောစရာမလို​အောင်​ရှင်​းပါတယ်​။ အားလုံးက မူးမှပြန်​ကြတာမှန်​​ပေမယ်​့ ​ကျေးဇူးတရားကို အရူးမခံကြဘူး။


Kyi LwinMarch 31, 20141min17110
မင်္ဂလာပါ မန်းရွာသူ ရွာသားများ ကိုယ်တိုင်မရေးတတ်ပေမင့် ဖတ်စေချင်လို့ပို့လိုက်တယ်။ ကိုဝင်းဘွဲ့ ဖတ်ပြီး အပျင်းပြေဖွယ်။   ကိုဝင်းဘွဲ့ တေးထပ် ပျော်ပျော်နေ သေခဲလို့၊ အခြေစွဲ မှတ်ကာ၊ ပြည်အထဲ ရပ်ရွာမှာ၊ မလပ်သာ ကမြင်း။      ။ မျောက်ရှုံးလို့ လူရွံ့အောင်၊ သူအလွန်  ဆော့တတ်လေခြင်း။     ။ အရပ်က ခပ်ရှည်ရှည်ငယ်၊ အမည်မှာ ကိုဝင်း၊ တွေ့ကရာ သူငယ်ချင်းတွေနှင့်၊ သူမပျင်း နေတယ်။         ။ ခါတလေ မြောက်လေ မြူးပြန်တော့၊ အရုူးလို့ ထင်ရသကွယ်။      ။ ထိုကဲ့ မသတီဖွယ်ကို၊ ပြည် နယ်မှာ ကြုံခဲလို့၊ လုံပုလဲ ခင်ကညာ၊ ပြေးမြင် လှည့်ကွာ။       ။ ဝမ်း ပထမ ဆန်းလှပါတယ်၊ တန်း အဌာ […]


alinsettMarch 31, 20143min40422
      “ နှစ်သစ်ကို ပျစ်ပျစ်နှစ်နှစ် ကူးသွားတဲ့သင်္ကြန်. . . ´´ ___________   #မေမေရေ. . . မေမေတို့ခေတ်ရဲ့ သင်္ကြန်ပွဲ. . . တသသကျန်လောက်အောင်ယဉ်စစ လှခဲ့တယ်ဆို. . . အခု ဒီခေတ်ရဲ့သင်္ကြန်ပွဲ. . . အရိုင်းဆန်လွန်းလို့. . .ရိုးရာအလံတောင် လဲလုပြီ. . . # မေမေရေ. . ခပ်ကဲကဲ . . . နွှဲဖို့သာသိတဲ့ ဒီခေတ်ရဲ့ပွဲသင်္ကြန်. . . စူးစူးရှရှ တူးခါးတဲ့သံစဉ်အကတွေနဲ့ပေါ့ . . . နှစ်သစ်ကူးကြီး. . . မူးနေပြီမေမေ. . # […]


naywoon niMarch 28, 20141min1278
​ပြေး​နေတယ်​ …… ​ပြေး​နေတယ်​ …… ​ခြေချလိုက်​တဲ့ ​မြေပြင်​တိုင်​းဟာ မီးထ​တောက်​ ဒီကမ္ဘာ​မြေ သစ္စာ​ဖောက်​ပီလား ……. ္စ နားခိုမိတဲ့ သစ်​ပင်​တိုင်​းဟာ လဲပြို ငှက်​တစ်​​သောင်​းနားခိုနိုင်​​ပေမဲ့ သူတစ်​​ယောက်​​တော့ နားခိုဖို့ သစ်​ပင်​ကမ​ကောင်​းခဲ့တာအမှန်​ ဘယ်​ဝဋ်​​ကြွေး​လေလဲ ဘာများ ကျုးလွန်​ခဲ့လို့လဲ စဉ်​းစားမိတိုင်​း အ​ဖြေကိုရှာမရ​တော့ မျက်​ရည်​ဝိုင်​း မငိုနဲ့ ဒါ ငိုစရာမဟုတ်​ ​ပြေးစရာရှိတာဆက်​သာ​ပြေး ကြည်​ကြည်​သာသာ လက်​ခံမဲ့​မြေ ဒီ ကမ္ဘာ​ပေါ်မှာ ကျန်​​ကောင်​းပါရဲ့ အဲ့ဒိ​နေရာ​ရောက်​မှ စဉ်​းစား ​ပြေးလိုက်​စမ်​း ​ခြေတစ်​လှမ်​းတိုင်​းမှာ မီး​တောက်​ ​နောက်​မှာလည်​း ယန္တယား ယာဉ်​​တွေထပ်​ချပ်​ တစ်​စိုက်​မတ်​မတ်​ လိုက်​​နေ ကဲ….. ​ပြေးသာ​ပြေး အသက်​ရှုရပ်​မှ အ​ပြေးရပ်​မယ်​ ကွယ်​ …… ကမ္ဘာကြီးက​ ကျဉ်​းလှပါလား ငါ့တွက်​​တော့ ​ပြေးစရာ​မြေ…….. ။ ​နေဝန်​းနီ