” ဟတ်ထိတယ် ”   ဘဝမှာ တစ်ခါ တစ်ခါတော့ ဘာမှမသိတာ ပိုကောင်းသလိုလို။   ဖုံးထားတာကိုဖော်မိ လိမ်နေတာကိုဖြည်မိ အဲ့အခါမျိုးမှာ အင်း ဟတ်ထိသွားတာပေါ့။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၅၁၁၁၆


alinsettOctober 31, 20161min1864
”သေပြီးတာ ကိုးရက်ပဲ ရှိသေးတဲ့ကဗျာ”     <>>>>>>>>>>>>>>>>>>>>>>>>>>><>   ကြယ်ရောင်တဖျတ်ဖျတ်အောက်မှာ ကဗျာတစ်ပုဒ်က သူ့အကြောင်းကိုသူ ကဗျာပြန်ရေးခဲ့တယ်။   အဲ့ဒီ ကဗျာထဲမှာ ကြယ်တွေကြွေတဲ့ကိစ္စ မပါသော်ငြားလည်း နေတွေ လတွေထိ ကြွေကျတဲ့အဖြစ်မျိုး. . . ရိုးတိုးရိတ်တိတ် ပါတယ် တဲ့။   ယုံချင်စရာတောင် မရှိဘူး. . . သူ့ကဗျာက ထမင်းအနပ်နပ် ငတ်ထားတဲ့ကဗျာတဲ့. . .   ယုံချင်စရာကောင်းနေတာက . . . သူ့ကဗျာဟာ အာဟာရပြတ်နေတဲ့ပုံစံမျိုးနဲ့ ဂရုဏာရသ မြောက်နေတယ်။   ”ကျွန်တော်ကိုယ်တိုင်က ကဗျာပါ”ရယ်လို့ မကြာခဏ ပြောလေ့ရှိသူတွေကြားမှာ အဲ့ဒီကဗျာလေးကတော့ . . . ”ကျွန်တော်. . .ကဗျာ […]


alinsettOctober 26, 20161min3234
                        ”မနက်ဖြန်ကို မော့သောက်ဖို့ ကြံနေတဲ့ကောင်လေး” ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^ ”အနက်ရောင်ညအစစ်”တို့ ဆုံးခန်းတိုင်ခဲ့ပြီ။ ”အဖြူရောင် မိုးလင်းခြင်းအစစ်”တို့ စင်ကြယ်စွာ လာလိမ့်မည်. . .     အဲ့သည်လို ယုံကြည်ချက်နဲ့ပဲ. . .။ ကိုယ့်ပေတံနဲ့ကိုယ် တိုင်းထွာထားတဲ့ အစစ်အမှန်တွေရယ်. . . အတုအယောင်တွေရယ်ကို ကိုယ့်လက်နဲ့ပဲ . . . အသာအယာ ဖယ်ရှားပစ်လိုက်တဲ့အခါမှာတော့. . .     မနက်ဖြန်ဟာ. . . လက်ကျန် မော့ဖို့ ရှိနေသေးတဲ့ ”ဝီစကီလက်နှစ်ဆစ်လောက်”နီးပါး. . . […]


“မိတ်ဆွေကောင်း” မိတ်ဆွေကောင်းဆိုတာ လမ်းပျောက်လျှင် အလင်းပြ လမ်းဘေးကျလျှင် တွဲခေါ် လမ်းချော်လျှင်ပြန်ဆွဲ လမ်းမှားလျှင် ပြန်တည့် လဲကျလျှင် မထူ အားငယ်နေရင် ဖေးမ တတ်နိုင်သလောက် ကူရပါမယ်။ “ဖြစ်ချင်ရာဖြစ် နင့်အပြစ်နင်ခံ” ဆိုသဟာမှန်သလိုလို ဆိုပေမယ့် မိတ်ဆွေကောင်းမှန်ရင် ဘာဖြစ်ဖြစ် ပစ်မထားသင့်ပါဘူး။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၂၁၁၀၁၆  


Foolish GirlOctober 19, 20161min943
ပျော်ရွင်မှုတစ်ခုကြောင့် ငါအလွန်ပျော်ရွှင်ခဲ့တယ် ဘာကိုမှသတိမရဘဲပေါ့ ဒါပေမယ့် ပျော်ရွှင်မှုကသူ့တစ်ကိုယ်တည်းမလာဘဲ သူ့အခြွေအရံအပေါင်းအသင်းတွေပါခေါ်လာတယ် သူ့အခြွေအရံအပေါင်းအသင်းတွေက ဝမ်းနည်းပူဆွေးခြင်းတွေဆိုတာ သိလိုက်ရတဲ့အချိန်မှာ သူတို့က ငါ့ဧည့်ခန်းထဲမှာ ကျကျနနနေရာယူနှင့်ခဲ့ကြပြီးပြီ။


”  ပြန်ချိန်”   ဆည်းဆာ မှောင်ရီ မပီ့တပီ။   လှသောရောင်စုံ ပန်းချီ ရုပ်သိမ်းပြီ။   ကျနော်လည်း ပြန်ခဲ့ပြန်ခဲ့ပြီ။   ကိုပေါက်လက်ဆောင် အလင်းပုံရိပ်များ ၁၅၁၀၂၀၁၆


”  – – – – – ပြီးတဲ့အခါမှ   ”   တောင်းဆု ကောင်းမူ့ အမျှဝေ ဒါတွေကို မင်းမလုပ်ရဘူးနော်   ငါသေ- – – – – ငါသေ- – – – – –   ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၂၁၀၁၆


alinsettOctober 6, 20161min2267
”သူ့ကိုယ်သူ ဝတ္ထုလို့ ထင်နေတဲ့ ကဗျာ” —————————– ဥပမာ ဆိုကြပါစို့. . . မင်းက သေနတ်တစ်လက်ကို ကျကျနနကိုင်ထားတယ်။   မင်းဟာ ယင်ကောင်ရဲ့အတောင်ပံကိုတောင် တစ်စက္ကန့်ရဲ့ဆယ်ပုံတစ်ပုံအတွင်း မလွဲအောင် ပစ်နိုင်စွမ်းလည်း ရှိတယ်။   မင်းရဲ့အရှေ့မှာ ရှိနေတာကတော့. . . သူ့အကျီ င်္အတွင်းထဲကို လက်တစ်ဖက်နှိုက်နေတဲ့သူ. . .   သူ့အကျီ င်္ထဲက လက်တစ်ဖက်. . . မင်းက သူ့ကို ထင်မယ်. . . သူဟာ. . . သူဝှက်ယူလာတဲ့ သေနတ်(သို့မဟုတ်)ဓါး… မင်းကို(သို့မဟုတ်) သေနတ်နဲ့ချိန်လာတဲ့ ဘယ်သူ့ကိုမဆို. . . ဖျတ်ခနဲ ဆွဲထုတ်ပြီး ပစ်/ပေါက်လိုက်မယ့်သူ… သူဟာ. . […]


” တစ်ခန်းရပ် “   တိမ်ဖြူလွင် ကောင်းကင်ထက် စိမ်းမြသစ်ပင် မြေပြင်ထက် မြင်လျက်နဲ့မဆုံ ကြုံလျက်နဲ့လွမ်း လောကဇာတ်လမ်း။   ကိုပေါက်လက်ဆောင်အတွေးစဉ်   ၃၁၀၁၆