သူများ ကလေး ဆယ်ကျော်သက်တွေ အဆိုတော် တွေ၊ ရုပ်ရှင်မင်းသား တွေ ကို ခရေးဇီး ဖြစ်ကြချိန်မှာ ကိုယ့် ကလေး အပါအဝင် သူတို့ ကျောင်းက မိန်းကလေးများ “အင်္ဂလိပ် လူမျိုး ရူပဗေဒ သိပ္ပံပညာရှင် ပါမောက္ခ Brian Cox” ဆိုသူ ကို ကြွေကြပါတယ်။ အဲဒီလူ အသက် က သူတို့ အဖေ အရွယ် လို့ ခေါ်နိုင်မယ်။ ဒီမှာတော့ ဒီနေ့ခေတ်ထဲ မိန်းကလေး တွေ ယောကျာင်္းလေးများ နဲ့ ရင်ဘောင်တန်း နိုင်လာကြဖို့ကို  ကျောင်းတွေ ကလဲ ပံ့ပိုးပေးပါတယ်။ သူတို့ က မိန်းကလေးသီးသန့်ကျောင်းပါ။ . အဲဒီ မိန်းကလေး တော်တော်များများ က အရင် ယောကျာင်္းတွေ သာ […]


အရှေ့မှာ ရေးခဲ့တဲ့ ကနဦး ကို ဆက်ပါပြီ။ သမီး ၃ယောက် မှာ  အမေ တစ်ယောက်ဘဲ ကံကောင်းစွာ (သို့) ကံမကောင်းစွာ အိမ်ထောင်ကျ ပါတယ်။ တကယ်တော့ အဖွားက သူ့ သမီး တွေကို အိမ်ထောင်ပြုပေးဖို့ စိတ်မကူးပါဘူး။ အမေ ကို အဖိုး ရဲ့ ညီမ တစ်ယောက်က အတင်းယူ မွေးစား ထားလို့ သူ့သဘော အတင်းလုပ်မရတာလဲ ပါမှာပေါ့။ သူတို့ လုပ်ငန်းဖက်တစ်ယောက် က သားသမီးချင်း စပ်ချင်တာနဲ့ အတင်းတောင်းတော့ ပေးလိုက်ရတာ။ အဲဒီ အချိန်က လုပ်ငန်းရှင် တွေ က အစိုးရ ဝန်ထမ်းအရာရှိမျိုး တွေ ကို အထင်ကြီးတာ ရော။ (နောက်ပိုင်း သူတို့မှာ အရာရှိ ဖြစ်သော သား […]


နားဦးတည့်ရာ နှစ်ဆယ့်တစ် မှာ ၂၁ ပေါက် ကစား ရတဲ့ ဖဲ အကြောင်း ရေးရမလားဘဲ။ lol:-)) ဂျိုကာ မပါတဲ့ ပွဲမှာ Ace က အကောင်းဆုံး ကဒ် မို့ Ace  ကို မျှော်ကြ ရတယ်။ ဘယ်သူမဆို ကိုယ့်လိုချင်တဲ့ ကဒ် သူများ ရ သွားတာ ကို ဘယ်လိုချင်ပါ့မလဲ။ ဒီတော့ ကစားပွဲ ထဲ ထိုင် လိုက်ပြီ ဆိုတာ နဲ့ ဝိုင်း ထဲ က သူတိုင်း ကိုယ့် ပြိုင်ဘက် ဘဲပေါ့။ (က) . ပြီးခဲ့တဲ့ ရက်ထဲ မှာ ဖဘ ထဲ သူငယ်ချင်း တစ်ယောက် က […]


အိမ်ပြန်တိုင်း မပျက်မကွက် သွားရတဲ့ နေရာ လေး တစ်ခု ရှိပါရဲ့။ အဲဒီ မှာ အမှတ်အသား နေရာ ခြေရာလေး တွေ အများကြီး။ ဂျပ်ဆင် နား က စင်္ကြန်လမ်းတွေ၊ အာစီ ထဲ က ဘောလီဘောပွဲ တွေ၊ သစ်ပုတ်ပင်ကြီး နား က အုတ်ခုံ တန်း တွေ၊ အီကို ရှေ့က မြက်ခင်း စိမ်းစိမ်း တွေ၊ အဓိပတိလမ်း က ကံ့ကော်ပင် တွေ၊ တက္ကသိုလ် စာကြည့်တိုက် ရဲ့ လှေခါးထစ် တွေ၊ ဘွဲ့နှင်းသဘင် တစ်ဝိုက်က ဖြတ်လျှောက်နေကျ လမ်းလေး တွေ၊ အင်းလျား ဘေးက အကြော်ဆိုင်တွေ၊ ဘယ်တော့ မှ မမေ့မဲ့ အမှတ်တရ […]


ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါး အပျော်သီချင်းလေး နားထောင်ကြရအောင်လား။ . နှစ်တိုင်းလုပ်နေကျ Eurovision Song Contest ပွဲ က နီးလာပြန်တာမို့ ကြိုက်ခဲ့ဖူးတဲ့ သီချင်းလေး တစ်ပုဒ် ကို ပြန်ကြားလာလို့။ ဒီ သီချင်း က ၂၀၀၉ ခုနှစ် ရဲ့ Eurovision song contest winner song  ပါ။ အဆိုတော်က နော်ဝေးလူမျိုး ဖြစ်ပြီး နော်ဝေးနိုင်ငံကိုယ်စားပြု ပြီး နိုင်တာပါ။ တကဲ့ ပရို မြူးဇစ်ရှင် ဆိုတာ သီချင်းဆို တာတင်မဟုတ်ဘဲ တူရိယာ တစ်မျိုးမျိုး (ဒါမှမဟုတ်) တစ်မျိုးထက်ပို တီးတတ်ကြတယ်။ သူတို့ ကိုယ်တိုင် သီချင်း ရေးနိုင်တယ်။ အခု အဆိုတော်လေးကလဲ ဒီလိုပါဘဲ။ တယောထိုး ရင်း […]


black chawApril 28, 20155min72576
ထုံးစံအတိုင်း ဒီတစ်လလည်း တတ်နိုင်သလောက် ပြောလို့ဆိုလို့ ကောင်းမယ့် သတင်းလေးတွေ စုစည်းတင်ပြလိုက်ရပါတယ် ခင်ဗျာ…။   ရုပ်ရှင် သရုပ်ဆောင် အောင်ရဲလင်း ရဲ့ လက်ရှိဆံပင်ပုံစံက ကတုံးကေ ဖြစ်ပြီး လာမယ့် မေလပိုင်းလောက်မှာ နောက်ထပ် ပုံစံ တစ်မျိုး ထပ်ပြောင်း သွားဖို့ ရှိတယ်လို့ သိရပါတယ်…။ တချို့ က ပုံစံ အမျိုးမျိုး ပြောင်း မှ ကြိုက်တယ် ဆိုလား…။ ဆံပင် ပုံစံ ကို ပြောတာနော်…၊ ဟိုလျှောက်တွေး ဒီလျှောက်တွေး တွေ တွေးကြပါနဲ့…ဟေး..ဟေး..။   ဆရာမ ဝင်းဝင်းလတ် ရဲ့ အချစ်ရဲ့ နောက်ဆက်တွဲစာမျက်နှာ ဝတ္ထုကို စကိုင်းနက် ရုပ်သံအတွက် ဒါရိုက်တာဝိုင်းက  ဇာတ်လမ်းတွဲအဖြစ် ဖန်တီး သွားမယ်လို့ သိရပါတယ်…။ […]


မြစပဲရိုးApril 26, 20151min25621
ငယ်ငယ်တုန်း က စာမေးပွဲပြီးတိုင်း အသံမထွက်သလောက် ဖြစ်ကျန်လေ့ရှိတယ်။ အသားကုန် အော်ကျက် လိုက်မှ စာရတယ် မှတ်တာကိုး။ အိမ်နီးချင်းတွေ က တော့ ကိုယ့်စာကျက်သံ ကို အပျင်းပြေတယ် တွေးမလား၊ နားညည်းတယ် ဆိုပြီးပြေးမလား မသိ။ အခုလို ပညာရေးစနစ်ကြီး ဇောက်ထိုးမှောက်နေချိန် အတွင်း လှောင်ပြောပြော နေ သလို ပြောရရင် “ကြက်တူရွေး” နှုတ်တိုက် ကျက်တယ် ပေါ့။ ကိုယ့်အချိန်တွေ တုန်းကလို အခုချိန် မှာရော စာအော် ကျက် ကြတဲ့ ဓလေ့ ရှိသေးလား သိချင်သား။ တွေးမိနေတယ်။ စာအော်ကျက် ခဲ့တာ က စာတွေကို နားမလည်ဘဲ နှုတ်တိုက် အလွတ်အော်ခဲ့တာလား လို့။ နားလည်တဲ့ စာ ကို နှုတ်တိုက်ရအောင် […]


မြစပဲရိုးApril 18, 20153min34420
ဒီ ပို့စ် က အိမ်အပြန် တတိယစီးရီး ပေါ့။ . နောက်မှ ရေးခဲ့ပေမဲ့ ဂရုထားခြင်း ကတော့ မနည်းပါ။ စစ်ကြည့်ရင် ပါဝါတောင် ပိုကြီးလေမလားဘဲ။ ရွာ က လူ တွေ နဲ့ တွေ့လိုက်ဖို့ ကို  နှစ်ပေါင်းများစွာ ရင်းနှီး ခင်မင် ခဲ့သူ တွေ ထက်  ဦးစားပေးဖို့ ကြိုးစားနေခဲ့ တဲ့ အဖြစ်။ . ရောက်ပြီး နောက်တစ်နေ့ဘဲ သွားလာလို့ လမ်း အသင့်ဆုံး နဲ့ ကားရပ်စရာ ခေါင်းမစားရတဲ့နေရာမှာ ရှိတဲ့ သွေးသောက် ညီအစ်မ ဆီ ကို လွန်ခဲ့တဲ့ ၃နှစ် က ရှိထား တဲ့ နံပါတ် အတိုင်း ဖုန်းခေါ်ပါတယ်။ ကံ […]


မြစပဲရိုးApril 14, 20151min27031
အိမ်ပြန်ခဲ့တယ်။ အိမ်ပြန်ခဲ့တိုင်း ကိုယ်တို့ရဲ့ နယ်မြေဟောင်းလေး ဆီ ကို အမြဲသွားတယ်။ အဲဒီရောက်တိုင်း ဟိုးအရင်အချိန်တွေ က အရိပ် တွေ ထဲ မှာ လူက ပြန်ငယ်သွားသလိုဘဲ။ အရင်အခေါက်တိုင်း မှာ လူဟောင်းကြီး တွေ ပြန်တွေ့လဲ မစုံ ပါဘူး။ ဒီတစ်ခေါက် အကုန် မဟုတ်ပေမဲ့ ထိပ်တန်း တွေ ကို အတော်လေး လူစုံ တွေ့တယ်။ မင်းလဲ ပြန်ရောက်နေသတဲ့။ အတိတ် ကို ပြန်တွေး ရင် ရီ ရ သလို အတော် လွမ်းစရာလဲ အကောင်းသား။ မိန်းမ တွေ ဆို အဖက်မလုပ် သလို နေတတ်တဲ့ စရိုက် ရှိတဲ့ လူ နဲ့ မှ […]


မြစပဲရိုးApril 13, 20152min54920
အိမ်ပြန်ခဲ့တယ်။ အင်တာနက် တန်ခိုး ကြောင့် ဒီတစ်ခေါက် မှာ အရင်အခေါက် တွေလို ဝှက်ပြီး နေလို့ မရခဲ့။ အမေ အဖေ တွေ နဲ့ ညပိုင်းဘဲ တွေ့နိုင်ပြီး ကျန်အချိန် တွေ က အပြင်မှာ။ အပြင် ရောက်တော့ တစ်အား ပူ အခန်း တွေထဲ ကျ အဲကွန်း တွေ နဲ့ အေး၊ သူငယ်ချင်း တွေ နဲ့ စကားတွေ လု ပြောရင်း အသံ ပါ ပျောက်လုလု ဖြစ်ရော။ အတော်လေး ပျော်ဖို့ ကောင်းခဲ့တဲ့ ခရီးလေးလို့ ပြောလို့ ရခဲ့တယ်။ . မြင်တာ ကြားတာ တွေ ကို ပြောစရာ တွေလဲ […]


  ရသစုံပဟေဠိ (အတွဲ-၃) သီချင်းပဟေဠိ   သီချင်းခေါင်းစဉ်လေးတွေဖြေပေးရမယ့် အစီစဉ်လေးပါ။ ❓  🙄     Taylor Swift လေး နာမည်ကြီး သီချင်းလေးပါ။ သီချင်းစာပိုဒ်ထဲမှာကို သီချင်းရဲ့ခေါင်းစဉ်အလွယ်ရှာနိုင်မှာသေချာပါတယ်။   That you were Romeo, you were throwing pebbles, And my daddy said, “Stay away from Juliet” And I was crying on the staircase Begging you, “Please don’t go” And I said…       Richard Marx […]


မြစပဲရိုးMarch 20, 20152min37026
ဒီတစ်ခါတော့ နိုင်ငံရေး အကြောင်း တွေ ကနေ လိုင်းပြောင်းချင်ရဲ့။ . ပြီးခဲ့တဲ့ ရက် တွေ  ထဲ မှာ အရီး ရဲ့ ချစ်တူမ လေးများ ဆီက သံယောဇဉ်ဖွဲ့ အသဲကွဲ သံစဉ် လေး တွေ နားထောင်ပြီး သဘောကျ နေတာ။ အဲဒါ ကို မနန်း ရဲ့ ရုပ်ရှင် ပဟေဠိ ထဲ က The Notebook ကို တွေ့လိုက်ပြီး တစ်ခါက အကြောင်းလေး ကို ပြန်သတိရ လိုက်မိတယ်။ ဒါနဲ့ အဲဒီ အကြောင်း ကို သီချင်း နဲ့ တွဲ စဉ်းစားလိုက်တော့ ဇီကလေး ရဲ့ အခေါ် “ကိုမှိုး” လေး […]


မြစပဲရိုးMarch 15, 20153min32424
“တစိမ်း”  လို့ကြားလိုက်တာနဲ့ ကိုယ် နဲ့ လုံးဝ မသိတဲ့ သူ (ဒါမှမဟုတ်) ကိုယ်နဲ့ သိပ်ပြီး ရင်းနှီးကျွမ်းဝင်ခြင်း မရှိတဲ့ အခြေအနေ (ဒါမှမဟုတ်) ကိုယ်မရောက်ဖူးတဲ့ နေရာဒေသ/အစားအစာ လိုမျိုး တွေ ကို ဆိုလိုတာ သိလိုက်ကြပါတယ်။ တကယ်တော့ “တစိမ်း” ဆိုတာဟာ အပြင် မှာ လူတစ်ယောက် လို အနေနဲ့တင် မဟုတ်ဘဲ ကိုယ့်ရဲ့ စိတ်အတွင်း သဏ္ဍာန် ထဲ မှာလဲ ရှိနေပါတယ်။ The Stranger သီချင်း က ဒီ ရက်ထဲ  စိတ် ဂယောက် ဂယက် ဖြစ်နေတဲ့ အခြေအနေ တွေ ကို ပြန်တွေးရင်း  ညည်းတွားမိ နေခဲ့ တဲ့ နားဦးတည့်ရာ သီချင်းပေါ့။ […]