Ma EiMay 28, 20132min31426
သရက်သီးကိတ်လေးပါ… ခုရက်ပိုင်း သရက်သီးတွေ လက်ဆောင်ရထားလို့ ဒီတိုင်းစားနေရာက အဆန်းထွင်ပြီး ကိတ်မုန့်ထဲထည်လို့ သရက်သီးကိတ်လေး လုပ်လိုက်ပါမယ်။ ကိတ်သားကတော့ ထောပတ်ကိတ်လုပ်နည်းအတိုင်းကို သရက်သီးတုံးလေးတွေ ထည့်အလှဆင်လိုက်တာပါ။ သရက်သီးတုံးလေးတွေ အတွက် နဲနဲမာတဲ့ သရက်သီးကိုသုံးသင့်ပါတယ်။ ပထမဦးဆုံး မုန့်ဖုတ်မည့် ခွက်ထဲကို သကြား 1ဇွန်း၊ထောပတ် 1 ဇွန်းလောက်ထည့်ပြီး အပူပေးပါ။ သကြားပျော်ပြီးအရောင်ရင့်ရင့် လေးဖြစ်တဲ့အထိပါ…ပြီးရင် မီးဖိုပေါ်ကချ၊ အေးသွားရင် သရက်သီးတုံးလေးတွေ ထည့်ထားလိုက်ပါ…   ကိတ်တစ်လုံးစာ မုန့်ရည်အတွက်ပါဝင်ပစ္စည်းတွေ… 1…ဂျုံ 5 tbsp 2…baking powder 1 tsp 3…သကြား  4 tbsp 4…ထောပတ်(ဂီး)  3 tbsp 5…နွားနို့  3 tbsp 6…ကြက်ဥ 1 လုံး  လိုအပ်ပါတယ်… ခွက်တစ်ခုအတွင်းမှာ […]


ဒီပိတ်ရက် အိမ်မှာအေးအေးဆေးဆေးနားနေတာနဲ… ချစ်သုအုပ်ကလေးနဲ. မုန်.လုပ်စားမယ်စဉ်းစားတာပေါ့.. အင်း ဒါနဲ.ဘာလုပ်စားရမလဲ စဉ်းစားတော့.. ကိုရီးယား ဆူရှိလုပ်စားမယ်တဲ့ ချစ်သုအုပ်ကပြောတော့.. ကိုရီးယားများ အထင်ကြီးလို. တို.မြန်မာမှာလဲ အဲလိုမုန်.တွေရှိပါတယ်ဆိုပြီး ပြောလိုက်တော့ လက်စွမ်းပြရတော့တာပေါ့… မန်းလေးမှာ လက်ဖက်ရည်ဆိုင်တွေမှာ တချို.တလေ ရတတ်တယ်…… နာမယ်က ခနုံထုပ်……. နန်းတွင်းအစားအစာလို.ပြောတာပဲ… ကဲ လုပ်စားကြမယ်…. လိုအပ်တာတွေကတော့… ဂျုံမှုန်. (မွှေးဂျုံမှုန်.တစ်ထုပ်) ဘဲဥ ၄လုံး (ကြက်ဥ နဲ.လဲရတယ်.. ဒါပေမယ့် အရောင်မလှဘူး ဘဲဥက ဝါဝါလေးအရောင်လှတယ်) ကြက်သွန်ဥ ကြီးကြီး လေးလုံး ကြက်သား ၃ဝသား…. ကဲစမယ်နော်…….. ပထမဦးဆုံး ကြက်သားကို ရေစင်အောင်ဆေး အတုံးအနေတော်လေးတွေ အသားချည်ပဲကိုတုံး အောက်ကလို ပြီးသွားရင် ဒီလိုလေးကြိတ် ပြီးရင် ကြက်သွန်ကိုလဲ ဒီလိုလေး လှီးထားလိုက် အဲဒါပြီးတော့ ကြက်သားကို […]


padonmarMay 24, 20131min51141
ကျမကလေ အချိုအဆိမ့်သိပ်ကြိုက်ပါတယ်။ ဒီအသက်အရွယ်ရောက်တာတောင်မှ ကုံးအိုက်စကရင်မ်(ဝေဖါခွက်လေးနဲ့ရေခဲမုန့်)ကို ကြုံရင် စားတုံး။ ဒီပါဝလီမှာ ဟိန္ဒူတွေ လက်ဆောင်ပေးတဲ့ မလိုင် ဆိုသိပ်ကြိုက်။ ရွှေပုဇွန်မှာ ဆို ကူလ်ဖီးပဲ စားတယ်။(ကြုံရင် ဝယ်ကျွေးနိုင်ပါတယ်) အုန်းထန်းလျက်၊ မြေပဲယို၊နှမ်းပျစ်၊ ဇီးထုပ် ၊ဇီးတော်ဖီ တွေလည်း မပြတ်စားတုံး။ (ဒါကြောင့်လည်း ရွာထဲမှာ ကလေးတွေနဲ့ပေါင်းပြီး ကလေးဗိုလ်ကြီး လုပ်နေမိတာ ဖြစ်မှာပဲ) အချိုစားလွန်းလို့ ကျမအကိုက နင်ဒီအရွယ်ထိ အချိုကြိုက်နေရင် ဆီးချိုဖြစ်လိမ့်မယ် လို့ ဆူခံရသေး။ (ဒီအဖွားကြီးကို ဆူမယ့်သူရှိသေးတယ်ဆိုတာ မယုံမရှိပါနဲ့၊အိမ်မှာဆို ကလေးပါ) ဒီလောက် အချိုတွေစားပေမယ့် ဝိတ်မတက် သွယ်လျနေတာကိုတော့ မနာလိုမရှိကြပါနဲ့။ ကိုယ်ကုသိုလ်နဲ့ကိုယ်ဖြစ်တာပါနော။ အဲဒီတော့ ဘယ်လိုအကြောင်းပြပြီး ချိုချိုဆိမ့်ဆိမ့်တွေ စားရပါ့မလဲလို့ အမြဲ ကြံစည်နေပါတယ်။ ကဆုန်လပြည့်နားနီးတော့ ဗုဒ္ဓဝင်မှာ မြတ်စွာဘုရားအလောင်း သိဒ္ဓတ္ထတောထွက်ရဟန်းကို […]


ခင္ခMay 15, 20131min30122
“ကျန်းမာရေးအတွက် အရက် နဲ့ အုန်းသီး(အုန်းရည်) အသုံးဝင်ပုံ´´   အရည်သောက်ခြင်းတွေပါဘဲ တစ်ခုက အရက်သောက်ခြင်း နဲ့ နောက်တစ်ခုက အုန်းရည်သောက်ခြင်းပါ။ အတော်များများ ယေဘူယျပြောကြတယ် အရက်သောက်ခြင်းဟာ ကျန်းမာရေးအတွက်မကောင်းဘူး ဘာညာ ပေါ့၊ အခုဖတ်ရတဲ့ သတင်းဆောင်းပါးမှာတော့ အရက်ရဲ့ ကောင်းကျိုးကို သုတေသီတွေက တွေ့ရှိချက်လေး တင်ပြထားတာပါ၊ အဲလိုဘဲ အုန်းသီးစား အုန်းရည်သောက်ရင် အပူကန်မယ် ဘာမယ်လို့ ထင်ကာပြောသူတွေ လည်း ရှိဖူးလို့ တကယ်တော့ အုန်းသီး၊ အုန်းရည်ဟာ ဘယ်လောက်အကျိုးများသလဲ သိစေချင်လို့ ဖေ့ဘုတ် ထဲက သိရတဲ့ ကျန်းမာရေးဗဟုသုတလေးကို မျှဝေပေးလိုက်ပါတယ်။ အရက်သောက်ခြင်းက ရေဒီယိုဓာတ် အဆိပ်သင့်မှု ပျောက်ကင်းစေ တကယ့် ပေါက်ပေါက်ရှာရှာ ဆေးပညာ တွေ့ရှိချက် ဖြစ်ပါတယ်။ တကယ် လည်း ရေဒီယိုဓာတ် […]


weiweiMay 13, 20131min37320
ကျွန်မပြောပြမယ့် အစားအစာကို မြန်မာပြည်ထဲမှာ စားကြတာ မတွေ့မိသေးပါဘူး။ တရုတ်ပြည် မြောက်ပိုင်းကလူတွေ အရမ်းကြိုက်ကြတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ကျွန်မကတော့ တစ်ချို့ပါဝင်ပစ္စည်းတွေ ဝယ်ရခက်တာမို့လို့ မြန်မာမှုပြုပြီး လုပ်စားလေ့ရှိပါတယ်။ ပါဝင်သောပစ္စည်းများ (၄ ယောက်စာအတွက်) ဝက်နံရိုး …. ၃ဝ ကျပ်သား (ကီလိုဝက်) ကြံမဆိုင် …. တစ်ထုပ် (၂၀ဝ ဂရမ်) မြီးရှေအဖတ် …. ၃ဝ ကျပ်သားခန့် (စားနိုင်လျှင် စားနိုင်သလောက်) ဂျင်း …. တစ်တက် ကြက်သွန်ဖြူ … တစ်လုံး ဆား … အနဲငယ် ပဲပင်ပေါက် … ငုံးဥပြုတ် …. ငရုတ်သီးအကြမ်း .. တရုတ်ငရုတ်ကောင်း (yellow pepper) .. တရုတ်အမွှေးအမှုန့် (အနံ့ငါးမျိုးပေါင်းစပ်ထားသည့်အမှုန့်တစ်မျိုး) ချက်ပြုတ်ပုံ […]


Ma EiMay 10, 20132min29917
အလွမ်းပြေ သင်္ကြန်စာ… သင်္ကြန်စာဆိုလို့ သိကြားမင်း ဆိုက်ဂျဲရိုးစီး စပါးနှံ ကိုင်ဆင်းတဲ့ အတွက် ဆန်ရေစပါးနဲ့ ကားတွေများမယ် ဆိုတာမျိုးဟောစာတမ်းမထင်နဲ့နော်…. မနက်စာ၊နေ့လည်စာ၊ညနေစာလိုမျိုး..သင်္ကြန်ရက်တွေမှာ ချက်ပြုတ်စားသောက်ကြတဲ့ အစားသောက် စားစရာလေးတွေပါလို့ ကြိုတင်ပြောထားပါရစေ… ဒီနှစ်သင်္ကြန်ကို သင်္ကြန်မုန့်လေးတွေလုပ် မိသားစုလည်းစား မိတ်ဆွေများလည်းဝေလို့ ခါတိုင်းနှစ်တွေလိုပဲ ဖြတ်သန်းခဲ့ပါတယ်။  MG ကမိတ်ဆွေများကိုလည်း သတိရမိတာမို့ ထုံးစံအတိုင်း ဓာတ်ပုံလေးတွေနဲ့ပဲ မျှဝေလိုက်ရ ပါတယ်။ သင်္ကြန်တွင်းက စားစရာတွေကို သင်္ကြန်ပြီးမှ တင်ပေးလို့ ရွှေစိတ်တော်မညိုကြပါနဲ့ သင်္ကြန်အလွမ်းပြေ သင်္ကြန်စာ လေးတွေပါနော်… 1… ကျောက်ကြောကို သစ်ခွနံ့လေးထည့်၊ပင်ပွားလေးဖြူး ကျိုထားပြီး အေးတဲ့အခါ၊ ပြုတ်ထားတဲ့ အစိမ်းနုရောင်သာကူ၊ သကြားရည် အုန်းနို့ဆမ်းလို့ ချိုဆိမ့်မွှေး အေးအေးလေးစားစရာ  အုန်းနို့ကျောက်ကြော  …     2…ကောက်ညှင်းလေးလုံး၊ဆန်တစ်လုံး စာချိုးရှိတာမို့ အလွယ်တစ်ကူ […]


ဇီဇီApril 30, 20132min30825
မိတ်ဆွေတို့ ရုံးဆင်းတော့ မယ် မှတ်တယ်။ ခဏလေးပါ ဗျ။ ဒီမှာ ပြောစရာ တစ်ခုရှိနေလို့ပါ။ မနက်ဖြန် ရုံးပိတ်တယ်ဟုတ်။ ဟိုဟို ဒီဒီ သွားမဲ့ အစီအစဉ်လေးများရှိရင် လမ်းညွှန်ချင်လို့ပါ။                   (မေလ ၁ ရက် ဗုဒ္ဓဟူးနေ့) မနက်ဖြန်ကို …… လာခဲ့ သိလား……… အချိန် –  ၁ဝ နာရီခွဲလောက် နေရာ –   ပြည်သူ့ရင်ပြင်မှာ အစားအသောက် – ကိုရီးယား ကင်ဘတ် လို့ ခေါ်တဲ့ ရေညှိထမင်းလိပ်လေးများ မစားချင်ကြဘူးလား။ ဈေးနှုန်း – တစ်ဘူးကို ကျပ် ၁၀၀၀ ထဲနဲ့အရသာ ရှိရှိလေး […]


ခင္ခApril 27, 20131min24515
ကိုယ်ဝန်ဆောင်စဉ် သန္ဓေသားအတွက် အဟာရ   ကိုယ်ဝန်ဆောင်စဉ် သန္ဓေသားတို့ဟာ ရက်သတ္တပတ်အလိုက် သူတို့ရဲ့ ကိုယ်တွင်းအင်္ဂါတွေ ဖြစ်ပေါ်ဖွံဖြိုးမှု့နဲ့ အညီ မိခင်အနေနဲ့ လိုအပ်တဲ့ အဟာရသုံးစွဲနိုင်ဖို့ ဖတ်ဖူးခဲ့တဲ့စာပေစုတွေထဲက ဗဟုသုတ အဖြစ်သိကြ ရအောင် ပြန်လည်မျှဝေရေးပေးလိုက်ပါတယ်။ သန္ဓေသားရက်သတ္တနှစ်ပတ်ကနေ သုံးပတ် သွေးလည်ပတ်မှုစတင်ပြီး သိုင်းရွိူက် Thyroid ( လည်ပင်အကျိတ်အဖွဲအစည်း၊ ကျောက်ကပ်၊ မျက်လုံး၊ နား ) တို့ စတင်ဖွံဖြိုးစပြူ၊ လိုအပ်တဲ့ အာဟာရ ဓာတ်တွေကတော့ ထုံးဓာတ်ခေါ်တဲ့ ကယ်လ်စီယမ်၊ ကြေးနီဓာတ် ဖြစ်တဲ့ Copper၊ မီးစုန်းဓာတ်၊ ဖော့စ်ဖရပ်စ် နဲ့ ဗီတာမင်အေ တို့ဖြစ်ကြပါတယ်၊ အဲဒီအဟာရတွေကို နွားနို့၊ ငါး၊ အဆီ၊ ကြက်ဥ၊ ပဲ အဝါရောင်-အစိမ်းရောင်ဟင်းရွက်တွေက ရနိုင်ပါတယ်။ ရက်သတ္တလေးပတ် ခြေလက်တွေစတင်ဖြစ်ပေါ် […]


ဇီဇီApril 22, 20132min69638
                      ကျနော့ မန္တလေး စားညွှန် က ဒီမှာ    https://myanmargazette.net/152798/health-fitness/food-drink ခုရေးမှာက ပုံစံနောက်တစ်မျိုးနဲ့။ ကျနော်ရေးမှာ ဟုတ်ဘူး။ မောင်လေးတစ်ယောက် သူ့ ဖဘမှာ ရေးထားတာကို ရှယ်မှာပါ။ ကျနော့ မောင်လေး အရင်းနဲ့လည်း သူငယ်ချင်း၊ ပြီးတော့ ကျနော် ၅ တန်းလောက်ကတည်းက ၂ မိသားစု အတော်ခင်ကြတာမို့ ကျနော့ မောင်လေး အရင်းဆိုလည်း မမှားပါဘူး။ စာဖတ်အား သိပ်ကောင်းတာမို့ တွေ့ရင် ရေပက်မဝင်အောင် စကားပြောဖြစ်တဲ့ သူငယ်ချင်းလည်း ဖြစ်သေးရဲ့။ အတွေးက လည်း တူတူပဲ။ ဇရာ အကြောင်းတုန်းကလည်း အတွေးတူလွန်းလို့ ၂ […]


ဇီဇီApril 18, 20131min69351
ကိုနေဝန်းနီရဲ့ ပွဲကြိုက်သူများဖတ်ပြီး ပွဲဈေးကို လွမ်းသွားလို့ ရေးလိုက်ရတဲ့ စာပါ။ ကိုယ့် ဆရာမြင်ရင်တော့ ဒီ “အစား” ပဲ ပြောနေတယ် ပြောတော့မယ်။  တတ်နိုင်ဘူး။ ဆက်စပ်တွေးမိတာလည်း ဒါပဲရှိတယ်။   🙂 မန်းလေးမှာ က ဆောင်းဝင်ပြီဆိုရင်ကို ပွဲဈေးတွေ စပြီလေ။ ရှိသမျှပွဲတွေလည်း က ကြပြီ။ ကိုယ်ကတော့ ရုပ်ရှင်ခေတ်မှာ လူဖြစ်လားမသိ ပွဲကို ကြည့်ချင်လွန်းလှ၊ ကြိုက်လှချည်ရဲ့ မရှိပေါင်။ ပွဲဈေးလည်ရတာပဲပျော်တယ်။ လည်ရင်လည်း တခြားနေရာမသွားဘူး။ မုန့်ဆိုင်တွေပဲရယ်။ မြန်မာမုန့် တွေ ကို အဓိက စားလို့ရတာလည်း ပွဲဈေးမှာပဲကိုး။ ဘာပဲဖြစ်ဖြစ် ပွဲကြိုက်ခင် ပဲပေါ့လေ။ ပြီးမှသာ ပွဲခင်းမရောက်ပဲ မုန့်တန်းရောက်နေတတ်တာ။    ပြောပြဦးမယ်။ ငယ်တုန်းက အဘိုးအိမ်သွားလည်ပြီး နေနေတုန်း အဒေါ်တွေဆီ စာလာမေးတဲ့ […]


ဦး ဂ်စ္April 14, 20131min41412
ငုံးဥကိုတော့ မသိတဲ့လူဆိုတာ ရှားပါတယ်။ဒါပေမယ့် ငုံးဥထဲမှာ  ဘယ်လိုအာဟာရများစွာ ပါဝင်တာကိုတော့ သိတဲ့သူ နည်းမယ်ထင်ပါတယ် ။ ငုံးဥကိုတော့ မသိတဲ့လူဆိုတာ ရှားပါတယ်။ဒါပေမယ့် ငုံးဥထဲမှာ ဆိုရင် ဘယ်လိုအာဟာရများစွာ ပါဝင်တာကိုတော့ သိတဲ့သူ ရှားပါးပါလိမ့် မယ်။ငုံးဥထဲမှာ ပါတဲ့ အာဟာရတန်းဖိုးဟာဆိုရင် ကြက်ဥနှစ်လုံးစာနဲ့ ညီမျှ တယ်ဆိုတာကော သိကြပါသလား။ငုံးဥဟာ လူ့ရဲ့ အဆုတ်နဲ့ သရက်ရွက်ကို အားကောင်းစေပါတယ်။ငုံးဥကို စားသုံးသင့်တဲ့ သူတွေကတော့ ကလေး တွေ၊ သက်ကြီးရွယ်အိုတွေ၊ သွေးအားနည်းတဲ့သူတွေ၊ ချူချာတဲ့သူနဲ့ မီးဖွား ပြီးခါစ မိခင်လောင်းတို့ပဲ ဖြစ်ပါတယ်။ဦးနှောက်သွေးကြော ရှိတဲ့သူတွေက တော့ ငုံးဥကို ပမာဏများစွာ မစားသင့်ပါဘူး။ငုံးဥမှာ ပရိုတင်း၊အဆီ၊သံဓာတ် လက်စီသင်(Lecithin)၊vitamin-A ၊ vitamin-B1 ၊ B2 calcium ၊ မီးစုန်းဓာတ်၊ ဆိုဒီယမ်၊ […]


lady mobileApril 12, 20131min33724
မင်္ဂလာပါရှင့် ဒီရွာထဲမှာ မန်ဘာဖြစ်ခွင့်ရတာ ပျော်ပါတယ်။ လေဒီက မိုဘိုင်း ရဲ့ ချစ်သူပါ။ ရွာထဲက မန်ဘာတွေကို လေဒီက မိုဘိုင်း ပြောပြထားလို့ အားလုံးကိုရင်းနှီးပြီးသာပါ။ လေဒီက စာတွေကဗျာတွေကိုတော့ တစ်ခါမှ မရေးဖူးပါဘူး စာဖတ်ရကိုတော့ နှစ်သက်ပါတယ်။ ကဗျာတွေကိုကြိုက်တယ်။ နောက်မှပဲ ကြိုးစားပြီးတော့ ပို့စ်တင်နိုင်အောင် ကြိုးစားပါမယ်။ လေဒီက အင်တာနတ်ကို အခုမှစပြီး သုံးဖြစ်တာပါ။ အခုချိန်ကစပြီး ရွာထဲက စာတွေဖတ်မယ် ကွန်မန်းတွေပေးပါမယ်။ အမှတ်တွေရအောင်ယူမယ်။ အမှတ်တစ်သိန်းပြည့်ရင် မုန်တွေဝယ်စားပါမယ်။ မှားတာရှိရင်လည်း ခွင့်လွှတ်ကြပါလို့ လေဒီ ကြိုပြီးတောင်းပန်ပါတယ်။ ဘာတွေရေးရမှန်းမသိလို့ ဒီလောက်ပါပဲနော် အားလုံးကို ခင်မင်လျှက်………………….


ခက်တယ်ဗျာ ရွာသားတွေက အပြောမိုးလောက်၊ လက်တွေ့ပြပါဆိုရင် မြေကြီးအောက်မှာများတယ်။ (ဥပမာ – ဦးကျောက်ခဲ) သဂျီးကအစ ထေရဝါဒကို သာသနာ မောင်ပိုင်စီးတယ် စွပ်စွဲနေတာ သူကြတော့ တိုင်းပြည်ဂျီးကို ရှေးရိုးစွဲလက်က ကယ်မလို့တဲ့၊ သူများမျက်ချေးသာမြင်၊ ကိုယ့်မျက်ချေးတော့ မမြင်၊ ဒွတ်ခ..။ အပြောရွှေမန်း ရေးတာများ အီးဇီးကွတ်၊ ဘီးဇီးကွတ် ရွှန်းရွှန်းဝေလို့.. အန်တီမမ၊ အန်တီဝေတို့ ပြောပါတယ်။ တချို့ကြတော့ စီမံခန့်ခွဲရေးဂုရုယောင်ယောင် အိုင်တီဆရာယောင်ယောင် သူတို့မရှိရင် ကမာ္ဘပျက်လုမတတ်.. သိချင်လား – မောင်ဂီ။ မူးလာရင် ပိဋကတ်သုံးပုံ တတ်ယောင်ကားလုပ်တဲ့ ပိဋကတ် အိုးခြမ်းပဲ့လည်းရှိသေး၊ ဘယ်သူရှိမတုံး – ဂျော်နီအောင်ပု…။ စင်ကာပူရ ဆွိမမ ရေးလိုက်တာများ မြန်မာတပြည်လုံး မစားဘူးတဲ့ဆိုင် မရှိတဲ့အတိုင်း…။ အင်္ဂလန်သူ လာဘ်အရီးဆို ဘွားဒေါ်ထိရင် မိုးပေါ်က […]