nigimi77January 27, 20121min36922
ကင်မ်ချီ မှာ ပါဝင်တဲ့ ကုန်ကြမ်းတွေရဲ ့ အဟာရဓါတ် (Unit – Tentative Planting 100g) ========================================================== ပြည့်ဝတဲ့ Vitamin နဲ ့ Metabolism Activation ဥပမာ အနေနဲ ့ပြောရရင်….ငရုပ်သီး ဟာ Vitamin A ပါဝင်မှု များပြားပြီး ၊ အထူးသဖြင့် ပန်းသီး ထက်ကို Vitamin C 37 ဆ ပိုများပြီး ရှောက်ချိုသီး ထက် 7 ဆ ပိုများရုံ အပြင်မကပဲ ခန္တာကိုယ် ရဲ ့ ရင့်ရော်မှု ကို တွန်းလှန်တယ်လို ့ သိထားကြပါတယ် ။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ Aillicin ဓါတ်ဟာ အင်အားကြီးမားတဲ့ […]


nigimi77January 26, 20121min27916
ပထမဦးဆုံး အနေနဲ ့ Novy ရဲ ့ ကင်မ်ချီ ပိုစ့်ကို ဖတ်ပြီး ဒီပိုစ့်ကို ရေးဖြစ်တယ်လို ့ ဝန်ခံပါရစေ ။ မြန်မာတွေ စားတဲ့ ဟင်းလျာအမယ် အထဲမှာ ချဉ်ဖတ်ပါဝင်တယ် ။ ချဉ်ဖတ်လို ့ ဆိုရာမှာ အချဉ်ဖောက်ထားတဲ့ အသီးအရွက်တွေကို မှတ်မိသလောက်ပြောရရင် ၁ ။ ကဒက်ချဉ် ၂ ။ မုန်လာဥ ချဉ်ရေစိမ် ၃ ။ ပဲပင်ပေါက် ချဉ်ရေစိမ် ၄ ။ ဒညင်းသီး ဆားရေစိမ် အစရှိတာတွေပါ ။ ကျွန်တော် အပါအဝင် မြန်မာတွေ အလွန်ခံတွင်းတွေ ့တဲ့ အဲဒီ အစားအစာတွေဟာ တို ့စရာ စာရင်းထဲမှာ ပါဝင်တယ်။ ငါးပိရည် […]


နွယ်ပင်January 26, 20121min19710
နေပြည်တော်ကအပြန်ဝယ်လာတဲ့ မျှစ်ချဉ်ထုပ်လေးကိုမြင်တော့ ဝက်သားနဲ့မျှစ်ချဉ်ချက်စားမယ်ဆိုပြီး စဉ်းစားလိုက်မိတယ် ဒါပင်မယ့် အလုပ်က သူငယ်ချင်းတွေကလည်း စားချင်တယ်ဆိုတော့ အားလုံးလည်းစားလို့ရအောင်ဆိုပြီး ဝက်သားအစား ငါးနဲ့ ချက်မယ်ဆိုပြီး ငါးကြင်းသားမျှစ်ချဉ်ဟင်းလေး ချက်ဖြစ်ပါတယ် .နွယ်ပင်က နေပြည်တော်က မျှစ်ချဉ်ဆို ပန်ဒါတံဆိပ် မျှစ်ချဉ်ကိုကြိုက်တယ် ။ အခုလည်း ဒီတံဆိပ်ပဲ ဝယ်လာဖြစ်ပါတယ် ။ မျှစ်ချဉ်ချက်မယ်ဆိုရင် မျှစ်ချဉ်ကို သင့်သလို တုံးပြီး ရေတစ်ထပ် ဆေးပါတယ် ။ပြီးတော့ မျှစ်ကို အိုးထဲတည့်ပြီးပြုတ်ပါတယ် ။ပန်ဒါ မျှစ်ချဉ်ကနုတော့ သိပ်ကြာကြာတော့ မပြုတ်ရပါဘူး ဒီအတိုင်းချက်ရင်တောင် ရပင်မယ့် မျှစ်ချဉ်အနံ့နံမှာဆိုးတာနဲ့ ပြုတ်တော့ ပြုတ်လိုက်ပါသေးတယ် ။ ငါးကြင်းသားကို ဆား၊ အချိုမှုန့်၊ နည်းနည်းနဲ့ နယ်ပြီးနောက် ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ထောင်းပါ ပြီးတော့ ဆီအိုးတင်၊ ဆီပူရင် […]


NovyJanuary 25, 20121min31916
ကင်မ်ချီလုပ်ရန်ပါဝင်သော ပစ်စည်းများ ၁). မုန်ညင်းဖြူထုပ် – ၅ဝ သား ၂). မုန်လာဥနီ –  ၁ လုံး ကြီးကြီး ၃). မုန်လာဥဖြူ – ၁ လုံး ကြီးကြီး ၄).ဂျူမြစ် – ၁ဝ သား ၅).ကြက်သွန်ဥနီ – ၅လုံးဥသေး ၆).ကြက်သွန်ဖြူ – ၃လုံးဥသေး ၇).ဂျင်း – ၂လက်မ ၈).နှမ်းလှော် – ၂ ထမင်းစားဇွန်း ၉). သကြား – ၂ ထမင်းစားဇွန်း ၁၀). ဆားနု /ဆားကြမ်း ၁၁). ငရုတ်သီးခြောက် အပုတောင့် – ၅ ကျပ်သား ၁၂). ကိုရီးယား /ယိုးဒယား ငံပြာရည် – […]


NovyJanuary 24, 20121min26021
နှစ်ကူးရုံးပိတ်တော့ အိမ်မှာ ငြိမ်ငြိမ်နေလို့ မရတဲ့သူဆိုတော့ သီရိမင်္ဂလာဈေးသစ်ကို သွားပြီး ကင်မ်ချီ လုပ်ဖို့ ဟင်ရွင်တွေသွားဝယ်တာပေါ့ ပုံလေးတွေ အရင်ပြမယ်နော်နောက်နေ့မှ လုပ်နည်းတင်ပေးမယ် မြည်းချင်ရင်တော့ စာရင်းကြိုပေးနော် မုန်ညှင်းထုပ် မုန်ဥနီ / မုန်လာဥဖြူ ကြက်သွန်ဖြူ/ နီ / ဂျင် မုန်ညှင်းဆားနယ်ထားတာ ကင်မ်ချီတွေ ဘူးထဲ ထဲ့သိမ်းလို့ရပြီနော်


ဒီနေ့တော့ ဟင်းချိုတစ်မျိုးနဲ့လက်ဆောင်ပါးလိုက်ပါတယ်…အလုပ်အားလပ်ရက်လည်းဖြစ်တော့ အချိန်လည်းရလို့ရေးဖြစ်တာပါ…. ပါဝင့်သည့်ပစ္စည်းများ။      ။ပုဇွန်ကြား၊ကင်းမွန်(ပြည်ကြီးငါး)၊ငါးအသားလွှာ၊ငါးဖယ်လုံး။ ဆလပ်ရွက်၊မုန့်လာဥနီ၊ပဲပြားစိမ်း၊ကြက်သွန်မြိတ်၊ပန်းဂေါ်ဖီပွင့်၊မှိုဖြူ၊ပင်လယ်ရေညှိ စသည်တို့ပါဝင်ပါသည်။ ချက်ပြုတ်ပုံ။        ။ပုဇွန်ကြားကို ခါးလယ်မှခွဲပြီး၊ချေးထုတ်ပါ။နှတ်ခမ်းမွှေးများကို ကျပ်ကြေးဖြင့်ညှပ်ပစ်ပါ။ကင်းမွန်ကို အကွင်း(သို့)မိမိနှစ်သစ်သလိုလှီးပါ၊ငါးအသားလွှာကို ပါးပါးလှီးပြီး။ဆား၊အချိုမှုန့်၊ငရုတ်ကောင်းဖြူ၊နှမ်းဆီမွှေးတို့ဖြင့်အနည်းငယ်နယ်ထားပါ။ငါးဖယ်လုံးက ရယ်ဒီမိတ်အထုတ်တွေသုံးလည်းရပါတယ်။ကိုယ့်ပါသာကိုယ် ငါးကိုခြစ်ပြီးလုံးရင်လည်းပိုကောင်းတာပေါ့နော်…။ ဆလပ်ရွက်သန့်သန့်ကိုရေစင်စင်ဆေးပါ၊မုန့်လာဥနီကို အကွင်းလေးလှီးထား၊ပဲပြားစီမ်းကို၊လေးထောင့်အတုံးလေးတုံး မိမိနှစ်သက်သလိုတုံးပါ။ကြက်သွန်မြိတ်ကို လက်နှစ်သစ်အရွယ်လှီးဖြစ်ထားပါ။ပင်လယ်ရေညှိအနည်းငယ်ကိုတော့ ရေစိမ်ထားလိုက်ပါ။ အားလုံးအစဉ်သင့်ဖြစ်ပြီဆိုရင်…မီးဖိုပေါ်မှာ ဟင်းချိုပုဂံလုံးတစ်စာကျော်ကျော်လောက်ရေထည့်ပါ၊ဂျင်းအပြားလေးတစ်ပြားလောက်ထဲ့၊ရေဆူလာလျှင် ပုဇွန်၊ငါး၊ကင်းမွန်၊ငါးဖယ်လုံးထည့်ပါ။ပြီးလျှင် ပဲငံပြာရည်က လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်ထည့်၊ခရုဆီကနည်းနည်းထည့်၊ဆားနည်းနည်း။အချိုမှုန်ုနည်းနည်းထည့် အရသာအနေတော်ဆိုရင် ပဲပြား၊မုန်လာဥနီ။ပန်းပွင့်စတာတွေကိုထည့်ပါ၊ဟင်းအချိုအရသာအားလုံးအစဉ်ပြေပြီဆိုရင်… ပုဂံလုံးထဲမှာ ဆလပ်ရွက်ကိုခင်းလိုက်ပါ။ထို့နောက် ဟင်းရည်ကိုဖြည်းဖြည်းချင်းလောင်းထည့်၊ပြီးတော့မှ ပင်လယ်ရေညှိကိုထည့်ပါ။ဒါဆိုရင် ကိုယ်တိုင်ချက်တဲ့ ပင်လယ်စာဟင်းချိုတစ်ခွက်ရပြီပေါ့… ကဲ…စမ်းသပ်လိုက်ကြအုံး…ရွာသူားတို့ရေ…


SandyJanuary 24, 20121min2406
ကျောင်းပိတ်တုန်းသူငယ်ချင်းတွေစာစုလုပ်ဖြစ်ကြတယ်။ စာလုပ်ရင်းနဲ့နေ့လည်ကျတော့နားဖို့လုပ်ရင်းတခုခုလုပ်စားကြမယ်ဆိုလို့အားလုံးအတိုင်အဖောက်ညီညီ”ဂျင်းသုပ်”သုပ်စားကြမယ်ဆိုပြီး၊ မီးဖိုချောင်ထဲဝင်ကြည့်တော့လိုမယ်ထင်တာလေးတွေထွက်လာတယ်။ ၁။ဂျင်းအနည်းငယ် ၂။ပဲကျက်မူန့်အနည်းငယ် ၃။ပုဇွန်ခြောက်မူန့် ၄။ငံပြာရည် ၅။အချိုမူန့်အနည်းငယ် ၆။သံပုရာသီးတစိတ် ၇။ခရမ်းချည်သီး(၂)လုံး ၈။ကြက်သွန်နီ(၂)လုံး ၉။ပဲဆီအနည်းငယ် ၁၀။အကြော်စုံ(သင့်တော်သလောက်) သူငယ်ချင်းတို့ရေလိုမယ်ထင်တာတွေစုံပြိဆိုရင်လုပ်ငန်းစမယ်ဟေ့။ အရင်ဆုံးဂျင်းထဲကို(ပဲမူန့်၊ပုဇွန်ခြောက်မူန့်၊ငံပြာရည်၊အချိုမူန့်အနည်းငယ်၊ပဲဆီအနည်းငယ်)ထည့်ပြီး၊ သံပုရာသီးတစိတ်ကိုညစ်ထည့်ပြိး၊သမအောင်မွေပေးပါ။ခရမ်းချည်သီး(၂)လုံးကိုအစိတ်လေးတွေပြုလုပ်ပြီး၊ထို့အတူ၊ ကြက်သွန်နီ(၂)လုံးအစိတ်လေးတွေပြုလုပ်ပြီး၊သမအောင်မွေထားသောဂျင်းထဲသို့ထည့်ပါ။ဆက်လက်ပြီးအကြော်စုံ(သင့်တော်သလောက်)ကိုထည့်ပြီးနယ်ပေးပါ။ သင့်တော်သလိုတွဲဖက်စားသုံးရန်(ကြက်သွန်ဖြူနုင့်ငရုတ်သီးစိမ်း)တို့ဖြင့်တွဲဖက်စားသုံးနိုင်ပါပြီ။ ကဲစားပြီးကြရင်စာဆက်လုပ်ကြမယ်နော်။


ဒီနေ့အချိန်ရတာနဲ့စာရေးဖြစ်ပါတယ်…ဖက်တာတွေများနေတော့လည်းပြန်ပေးရတာပေါ့နော်… အမှန်တော့ကျနော်ကစာဖတ်တာပဲဝါသနာပါတာပါ..ရေးရမှာ အင်မတန်ပျင်းပါတယ်…ဒီဆိုဒ်ရောက်မှ ပိုးဝင်သွားတယ်ဆိုရင်လည်းမမှားပါဘူး…သက်တူရွယ်တူတွေလည်းများတယ်၊လူငယ်တွေကအစ တတ်တတ်ကြွကြွရေးကြ၊ပြောကြဆိုကြဆိုတော့ တကယ့်ကို မိသားစုဆိုဒ်လေးပါပဲ…ပျော်စရာလည်းကောင်း စိတ်လည်းအပန်းပြေစေပါတယ်….နောက်ပြီးဒီဆိုဒ်မှာဝင်ရောက်ဖတ်ရှုနေသူတွေက ပြည်ပမှာလည်းအများအပြြး ရှိနေပါတယ်…ဒါကြောင့်ကိုယ့်လိုပဲ မအားတဲ့ကြားကဗဟုသုတအတွက်အပြန်အလှန်ဆွေးနွေးကြ၊တင်ပြကြနဲ့အလွန်နှစ်သက်စရာကောင်းလှပါတယ်။ ကဲ..ဒီနေ့တော့ အလွယ်တကူနဲ့ မြန်မြန်ဆန်ဆန်ချက်စားလို့ရမယ့်ဟင်းတစ်မျိုးကို လက်ဆောင်ပေးချင်ပါတယ်…။ ပြင်ဆင်ပုံ။         ။အမဲသားကိုခပ်ပါးပါးလှီးပါ၊ပြီးလျှင် ဆား၊ဟင်းချိုမှုန့်၊ငရုတ်ကောင်း၊စပါးလင်ကိုပါးပါးလှီးထည့်ပါ(အနည်းငယ်)၊ထို့အတူဂျင်းအနည်းငယ်ကိုလည်းဓါးပြားရိုက်နုတ်နုတ်စင်းပြီးထည့်ပါ။ ရှာလကာရည်အနည်းငယ်ထည့်ပါ၊ခရုဆီအနည်းငယ်ထည့်ပါ။ပြီးလျှင် ၁၅မိနစ်လောက်နှပ်ထာပါးပါ။ ပေါင်းဖူးငယ်လေးများ၊ငရုတ်ပွနီ၊ပဲသီးစိမ်းတောင့်တို့ကို လက်နှစ်သစ်လောက်စီဖြတ်ထားပါ၊ကြက်သွန်နီပါးပါးလှီး၊ခရမ်းချဉ်သီးတစ်ခြမ်းလောက်ကိုလည်းပါးပါးလှီးထားပါ။ ချက်ပြုတ်ပုံ။         ။ဒယ်အိုးထဲသို့ဆီအနည်းငယ်ထည့်ပြီး၊ဆီပူလျှင် ကြက်သွန်နီနဲ့ဂျင်းအနည်းငယ်ကို ဆီသပ်ပါ၊ခရမ်းချဉ်သီးလှီးပြီးသားထည့်ပါ။ ငရုတ်သီးအနှစ်အနည်းငယ်ထည့်ပါ။ငါးငံပြာရည်အနည်းငယ်ထည့်ပါ။အနံမွှေးလာလျှင်…အမဲသားကိုထည့်ပြီးလုံးလိုက်ပါ။ ပြီးလျှင် အသီးအနှံများဖြစ်သော ပြောင်းဖူးငယ်၊ပဲသီးစိမ်း၊ငရုတ်ပွနီတို့ထည့်ပြီး ရေအနည်းငယ်ထည့်၍ အဖုံးအုပ်ထာလိုက်ပါ၊ဆားအနည်းငယ်၊အချိုမှုန့်အနည်းငယ်၊ခရုဆီအနည်းတို့ထည့်ပါ၊ငရုတ်ဆီအနည်းငယ်လည်းထည့်ပါ။ အရသာကိုလည်းမြည်းကြည့်ပြီး လိုတာထပ်ထည့်ပါ၊အချဉ်အတွက်ရှာလကာရည် အနည်းငယ်ထပ်ထည့်နိုင်ပါသည်၊အစပ်ကြိုက်သူတွေကတော့ ငရုတ်သီးစိမ်းကို ဓါးပြားရိုက်ထည့်ချက်နိုင်ပါသည်။ရေခမ်း၍ဆီပြန်သလောက်ရှိရင်စားလို့ရပါပြီ… မှတ်ချက်။       ။အမဲသားကို အရွတ်များ၊အကြောများမပါအောင်လှီးပါ…။ပါးပါးလှီးပါ။ဒါမှအသားနှုးတာမြန်ပါမည်။။။။။။။ ကဲ…စမ်းသပ်ကြည့်လိုက်ပါအုံး…ရွာသူ၊ရွားသားတို့…


hmeeJanuary 23, 20123min34527
ဂေါ်ဖီနှင့် မုန်လာဥနီ လှီးထားတာ။ မကြော်ရသေးတဲ့ပုံ။ ကော်ပြန့်အဆာ။ အဆင့်(၁) အဆင့်(၂) အဆင့် (၃) အဆင့် (၄) အဖျားမှာ ကော်သုတ်ပြီး လိပ်လိုက်ရင် ကော်ပြန့်ရပြီ။ လိပ်ပြီး နောက်ဆုံးအဆင့် ကော်ပြန့်။ ထမင်းပေါင်းအိုး အပေါ်အံလေးမှာ အခုလို ပေါင်းတယ်။ ကော်ပြန့်စိမ်းလေး စားသွားပါဦးနော့်။ ကိုသစ်မင်းက တခါက မေးဖူးတယ် ကော်ပြန့်စိမ်း လုပ်တတ်ပါသလားလို့ပါ။ ကိုသစ်မင်း မေးပြီး သိပ်မကြာဘူး လုပ်စားဖြစ်လို့  ကော်ပြန့်စိမ်း လုပ်နည်း အဆင့်ဆင့်ကို  ဓါတ်ပုံ ရိုက်ထားတာပါ။ တင်မယ်စဉ်းစားပေမဲ့ အခုမှပဲ တင်ဖြစ်ပါတော့တယ်။ ပထမဆုံး ဂေါ်ဖီကို သေးသေးလေးတွေ လှီးပါတယ်။ မုန်လာဥနီကိုလည်း သေးသေးလေးတွေ လှီးထားပါတယ်။ ကြက်ဥတလုံးကို ဖေါက်ပြီး ပန်းကန်ထဲထည့်  ဆားနည်းနည်းထည့်ကာ  သေသေချာချာ ခေါက်ထားပါ။  ဒယ်အိုးထဲကို […]


ကျနော်ဂေဇက်မှာ မန်ဘာအဖြစ်ရှိနေခဲ့တာ (၁)နှစ်ကျော်ပါပြီ၊ဒီဂေဇက်ကရရှိတဲ့ အတွေးအခေါ်လေးတွေ၊ပြင်ပဗဟုသုတတွေ၊အစားအသောက်နဲ့ပက်သက်တာတွေ၊စာပေအတွေ့အကြုံ၊နိုင်ငံရေးဗဟုသုတ စသည်တို့အပြင်အခုနောက်ပိုင်းမှာတော့ပိုမိုစုံလင်စွာနဲ့ ဓါတ်ပုံ ပညာတွေပါလေ့လာခွင့်သိခွင့်ရ၍တော်တော်လေးကိုအကျိုးရှိစေပါတယ်၊ဒီတော့ကျနော့်လည်း ဂေဇက်မှယူတာတွေများနေပြီဆိုတော့ မိမိတတ်နိုင်သည့်ဘက်ကပြန်ပေးနိုင်စရာဆိုလို့ မိမိတတ်ကျွမ်းသည့် အချက်အပြုတ်ပညာလေးတွေကို ဗဟုသုတရစေလိုသောဆန္ဒဖြင့်ပြန်လည်ကျေးဇူးဆပ်ခြင်းလည်းဖြစ်ပါတယ်…ပထမဦးဆုံးအနေနဲ့ ဒဒီဂေဇက်ကရရှိခဲ့တဲ့ ဟင်းတစ်မျိုးနဲ့စပါ့မယ်…ဒီဟင်းကတော့ မဝေရဲ့ မန်ချူးဆော့စ်ကြက်သားဟင်းပါပဲ…အဲဒီဟင်းကို ကျနော်က ထမင်းကြော်တစ်မျိုးနဲ့တွဲပြီး(U.S.A Fried Rice)ဆိုပြီး မီနှုးထဲမှာထည့်လိုက်ပါတယ်…U.Sမှာ တစ်ကယ်ရှိချင်မှရှိမှာပါ… ပြင်ဆင်ပုံ…ကြက်သားရင်အုံသားကို ပါးပါးလှီးပါ၊ပြီးလျှင် ခရုဆီအနည်းငယ်၊ပဲငံပြည်အနည်းငယ်၊ဆား၊အချိုမှုန့်၊ငရုတ်ကောင်းအဖြူ၊နှမ်းဆီအနည်းငယ်၊ကြက်ဥအနှစ်အနည်း ထည့်ပြီးကြက်သားကိုနယ်ထားပါ၊(တစ်ယောက်စာဆို တစ်သားခန့်၊ဆယ့်ငါးကျပ်သားလောကဆိုရင်ရပါတယ်)။နယ်ပြီးအနည်းဆုံး(၁၅)မိနစ်လောက်ထားပါ၊ ဒါမှအသားထဲကို အချိုအငံတွေအရသာတွေဝင်မှာပါ၊ပြီးလျှင် နယ်ထားသောကြက်သားများကို ကော်မှုန့်နှင့်နယ်ပါ၊ခြောက်သွေ့အောင်နယ်ပါ၊ဆီအိုးပူအောင်တည်ထားပါဆီပူလာ လျှင် ကြက်သားများကို ထည့်ကြော်ပါ၊ကြော်သည့်အခါတွင်လည်း အသားများလုံးမသွားအောင်သတိထားပါအသားများ ရွှေအိုရောင်သန်းပြီဆိုလျှင် ဆယ်ပြီးဆီစစ်ထားပါ၊ ထမင်းကြော်ရန်အတွက်…ပဲသီးစိမ်းအနည်းငယ်ကိုလှီးထားပါ၊မုန်လာဥနီအနည်းငယ်ကိုလည်းအတုံးလေးတွေတုံးထားပါ၊ ထမင်းကိုလည်းတစ်ယောက်စာအနေတော်ထည့်ပြီး၊ဆားအချိုမှုန့်၊ငရုတ်ကောင်းအဖြူ၊ခရမ်းချဉ်သီးဆောစ့်အနည်းငယ်၊ငရုတ်ဆီဆောစ့်အနည်းပါထည့်ပါ။ ဒယ်အိုးထဲဆီပူလာလျှင် ကြက်ဥအနည်းငယ်ထည့်ပါ၊ပြီးလျှင် ထမင်းများထည့်၍ကြော်ပါ၊အရသာကို ကြော်နေရင်းမိမိနှစ်သက်သလို အပေါ့အငံထပ်ထည့်ပါ။ ဆောစ့်ချက်ရန်…အိုးထဲသို့ ဆီအနည်းငယ်ထည့်ပြီး၊ဆီပူလာလျှင် ခရုဆီအနည်းငယ်ထည့်ပါ၊ငရုတ်ဆီ(Chilli Sauce)အနည်းငယ်ထည့်ပါ၊ပဲငံပြာရည်(အကြည်ရည်)ထည့်ပါ၊ဆားအနည်းငယ်၊သကြားအနည်းငယ်ထည့်ပါ၊ အရသာကိုမြည်းကြည့်ပါပြီးလျှင်၊ကော်မှုန့်ကိုရေအနည်းငယ်ဖြင့်ဖျော်ပြီး၊ကော်ရည်နည်းနည်းထည့်ပါ၊ဆောစ့်ရပြီဆိုလျှင် ကြော်ထားသောကြက်သားများကိုထည့်ပြီးပုံ့မှာပြင်ထားသည့်အတိုင်းပြင်ဆင်၍စားသုံးနိုင်ပါသည်။


Ma MaJanuary 22, 20121min24926
အခုလို ချမ်းအေးတဲ့ ဆောင်းရာသီမှာ ကိုယ်တွင်းဓာတ်ခံအားကောင်းစေတဲ့ ဂျင်းများများနဲ့ ကြက်သားကြော်ဟင်းလေး တင်ဆက်ပေးလိုက်တယ်နော်။ ကြက်သား ဂျင်းကြော်ဟာ ချက်ရတာလွယ်ကူပြီး စားလို့လည်း ကောင်းတဲ့အပြင် အေးတဲ့ရာသီဥတုနဲ့လည်း ကိုက်ညီပါတယ်။ ပထမဦးဆုံး ကြက်သားကို ရေဆေးခုတ်ထစ်ပြီး ဆား၊ ဆနွင်းနယ်ထားပါ။ ဂျင်းကို အချောင်းလေးတွေ လှီးထားပါ။ ဒယ်အိုးထဲကို ဆီထည့်တည်ပြီး ပူလာရင် လှီးထားတဲ့ ဂျင်းကိုထည့်ကြော်ပါ။ ဂျင်းကြွပ်ရင် ဆယ်ထားပြီး အဲဒီဆီပူအိုးထဲကို ကြက်သားထည့်ကြော်ပါ။ ကြက်သားကျက်လို့ အိုးချခါနီးရင် ကြော်ထားတဲ့ ဂျင်းကိုထည့်မွှေပါ။ ကြွပ်တာကြိုက်ရင်တော့ ဟင်းပန်ကန်ပြင်တော့မှ ဂျင်းကို အပေါ်ကဖြူးထည့်ပါ။ ကိုယ်တွင်းအပူဓာတ်အားကောင်းစေလို့ ဆောင်းတွင်းနဲ့ လိုက်ဖက်ပါတယ်။ အဲဒီဟင်းကို မီးနေသည်တွေကိုလည်း ချက်ကျွေးလေ့ရှိပါတယ်။ Three in One ဟင်းချက်နည်းကို ဖြန့်ဖြူးရမယ်ဆိုရင်ဖြင့်- တစ်ယောက်တည်း သမားတွေအတွက် တခါတည်း များများချက်ထားပြီး နောက်တနေ့မှာ […]


Ma MaJanuary 21, 20121min38625
တစ်နှစ်ပတ်လုံးမှာမှ အခုလို နှင်းကျတဲ့အချိန်လေးမှာပဲ ရတတ်တဲ့ မြူရွက်ကလေးတွေ သုပ်စားကြရအောင်။ မြူရွက်ရဲ့ ပင်ကိုယ်က ဆိမ့်တဲ့အရသာရှိပါတယ်။ ဈေးပေါပြီး သုပ်စားရတာလည်း အလွန်လွယ်ကူတဲ့အပြင် တော်တန်ရုံအရွက်မကြိုက်သူတွေတောင် ကြိုက်ကြပါတယ်။ အချိန်တိုလေးအတွင်းမှာပဲ ရနိုင်တဲ့ ရာသီစာမို့ စုတ်ပြတ်သတ်နေတဲ့ ကော်နက်ရှင်ကို အံတုပြီး အချိန်မှီ တင်ပေးလိုက်ပါတယ်။ မြူရွက်ကို အရိုးရင့်တွေဖယ်ပြီး ကန်စွန်းရွက် သင်သလို သင်ရပါတယ်။ ပြီးရင် ရေနွေးဆူဆူထည့်ပြီး ဖြောထားပါ၊ ခဏကြာသည်ထိ အဖုံးအုပ်ပြီးထားပါ။ (သို့) ပြုတ်လိုက်ပါ။ မြေပဲလှော်ကို ထောင်းထားပါ။ မျှင်ငပိကို မီးကင် (သို့) ပေါင်းထားပါ။ ဒါမှမဟုတ် ဆီနည်းနည်းမှာ မျှင်ငပိကို ထည့်ကြော်ပါ။ အခုကတော့ အလုပ်ထဲမှာ သုပ်စားတာမို့ အသင့်စား မျှင်ငပိဘူးလေးကိုပဲ သုံးလိုက်ပါတယ်။ မြူရွက်ပြုတ်ကို မြေပဲထောင်း၊ မျှင်ငပိကြော် ထည့်ပြီး အပေါ်က […]


SandyJanuary 18, 20121min1105
ပြောင်းဖူးငါးဖယ်လုံးဟင်းချို ပါဝင်သောအမျိုးအစားများ ၁.ပြောင်းဖူး(၂)ဖူး ၂.ထုံ့ချိုင်းငါးဖယ်လုံး ၃.မုံညင်းရွက်(၂)စည်း ၄.ကြက်သွန်နီ(၂)လုံး ၅.ကြက်သွန်ဖြူ(၂)လုံး ၆.ဂျင်းအနည်းငယ် ၇.ဆီ၁/၂ကျပ်သား ၈.ကြက်သားမှုန့်လက်ဖက်ရည်ဇွန်း(၃)ဇွန်း ၉.ရေ(၁)လီတာ ပြုလုပ်ပုံအဆင့်များ ၁.ရေ(၁)လီတာနုင့်ပြောင်းဖူးများကိုထပ်ပိုင်းချိုးပြီးအိုးအတွင်း(၁၅မိနစ်ခန့်)ထည့်ပြုတ်ပါ။ ၂.ကြက်သွန်နီကိုအခွန်ခွာရေဆေးပြီး(၄စိတ်)စိတ်ပါ။ ၃ကြက်သွန်ဖြူနုင့်ဂျင်းကိုမညက်တညက်ထောင်းပါ။ ၄.မုံညင်းရွက်ကိုရေစင်စင်ဆေးပြီးသင့်တော်သလိုဖြတ်တောက်ပါ။ ၅.ငါးဖယ်လုံး(လိုအပ်သလောက်)ပြောင်းဖူးအိုးအတွင်းသို့ထည့်ပြီး(၅မိနစ်ကြာ)ပြုတ်ပါ။ ၆.(မိနစ်၂ဝခန့်အကြာ)ပြောင်းဖူးပြုတ်အိုးထဲသို့အသင့်ဖြစ်နေသောကြက်သွန်နီနုင့်ကြက်သွန်ဖြူ၊ဂျင်းတို့ကိုအိုးထဲသို့ထည့်ပါ။ ၇.(၂မိနစ်ခန့်အကြာ)ပွက်ပွက်ဆူနေသောအိုးထဲသို့ရေစင်စင်ဆေးထားသောမုံညင်းရွက်ကိုထည့်ပါ။ ၈.ကြက်သားမှုန့်၊ဆီတို့ကိုထည့်ပါ။ ၉.(၂မိနစ်ခန်)အကြာအဖုံးအုပ်ပြီး၊အနည်းငယ်မွှေပေးပါ။ ၁၀.ချိုမြိန်သောပြောင်းဖူးအရသာနုင့်မွှေးကြိုင်သောဟင်းရနံ့တို့့်ပေါင်းစပ်ဖန်တီးထားသော “ပြောင်းဖူးငါးဖယ်လုံးဟင်းချို” ကိုအသင့်စားသုံးနိုင်ပါပြီ။