kaiMarch 26, 20111min56813
သဘာဝတရားမှာ ထိန်းညှိခြင်း သီးသန့်ရှိတယ်..။ ဂေဟစံနစ်တမျိုးခေါ်ချင်ခေါ်ပေါ့..။ အဲဒီစံနစ်အရ… ကောလဟလ ကြိုက်တဲ့လူတွေ အများစုနေကြရ ဒေသ၊နိုင်ငံဖြစ်ရင် ကောလဟလ တွေမရပ်မနားထွက်လာတတ်တယ်..။ ဂမ္ဘီရတွေ.. သဘာဝလွန်တွေ..နှစ်သက်ကိုးကွယ်သူများရင် မှားတဲ့အတွေးအခေါ်တွေပို ့ချသင်ပြတဲ့ ဘိုးတော်နတ်ကတော်ဘုန်းကြီးတွေ များလာတတ်တယ်..။ တဦးဦး..တဖွဲ ့တစု… တဂိုဏ်းက .. ပြောသမျှလုပ်သမျှကို .. ဝေဖန်ဆန်းစစ်တာမရှိပဲ.. လက်ခံနေရသူများလာရင်.. လူတန်းစားအလွှာတွေ ကွာဟမှုကြီးလာတတ်တယ်..။ သစ္စာဆိုတာအမှန်တရားပဲ..။ အမှန်တရားက လွဲချော်လာပြီဆိုရင်.. ပျက်စီးခြင်းဆီဦးတည်တယ်..။ ဒါက သဘာဝရဲ့ထိမ်းငြိခြင်းပဲ.. ဆိုတော့… ကောလဟလတွေ ထွက်တာများရင်.. ကောလဟလကအမှန်တရားဖြစ်တာနည်းရင်.. အဲဒါကို လက်ခံသူများတဲ့နယ်၊ဒေသ နိုင်ငံဟာ ပျက်စီးခြင်းကို ဦးတည်လာတယ်..။ မှားယွင်းတဲ့အတွေးအခေါ်တွေ လူတွေကျင့်ကြံအားထုတ်ကြတာများရင်.. အမှားအယွင်းလုပ်တာတွေများပြီး .. အဲဒီလူတွေစုနေတဲ့ အသိုင်းအဝိုင်း.. ယဉ်ကျေးမှု.. နိုင်ငံ ..ပျက်စီးခြင်းစီဦးတည်တယ်..။ လူတန်းစားကွာဟတာများလာရင်… အာဏာရှင်အုပ်ချုပ်မှုပုံသဏ္ဍန်ရှိတဲ့ အစိုးရလက်အောက်မှာ နေကြရတော့တယ်..။ […]

civilization.jpg

ယနေ့ခေတ် လူ့အဖွဲ့အစည်းတိုင်းမှာ ဘာသာတရားနဲ့ ယဉ်ကျေးမှုဆိုတာ ရှိပါတယ်။ ဘာသာတရား ကနေ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ ဆင်းသက်လာတယ်။ Evolution အီဗော်လူးရှင်း ဆင့်ကဲပြောင်းလဲခြင်းလို ယဉ်ကျေးမှုကနေ ဘာသာတရား ပေါ်ထွန်းတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ။ ဘာသာတရားကို Religion ယုံကြည်ကိုးကွယ်မှု၊ Spritual နာမ်ဝိညာဉ်ရေးရာ စသဖြင့် အနက်ဖွင့်လေ့ရှိပေမယ့် ခေတ်သစ်လူမှုအဖွဲ့အစည်း အတွက်တော့ ပြည့်စုံလုံလောက်ဟန် မရှိပါဘူး။ ဘာလို့လဲဆိုတော့ ယနေ့ခေတ်ကမာ္ဘမှာ ဖန်ဆင်းရှင်၊ ကမ္မဝါဒ တွေနဲ့ ဆန့်ကျင်ဘက် ပစ္စုပ္ပန်ဝါဒ၊ ပစ္စည်းမဲ့ရုပ်ဝါဒ၊ သိပ္ပံရုပ်ဝါဒ၊ ကွနြ်ဖူးရှပ်ဝါဒ တို့ကိုလက်ခံကျင့်သုံးသူတွေ အများအပြား ရှိနေပါတယ်။ Faith ယုံကြည်ကိုးကွယ်မှုလို့ မသတ်မှတ်ဘဲ ideology အတွေးအခေါ်အဖြစ် သတ်မှတ်ပြန်တော့လည်း အိုင်ဒီယိုလိုဂျီတွေက ဘာသာတရားလိုပဲ လူတွေအပေါ် ဘောင်ခတ်ထိန်းကြောင်း ပေးနိုင်စွမ်း ရှိပါတယ်။ လွတ်မြောက်ခြင်းနဲ့ […]