KyaemonNovember 11, 201016min1100
WELL KNOWN POLITICAL ANALYST MR LARRY JAGAN COMPOSITE VIDEO (COLLECTION OF VIDEOS) YouTube – Burma election Thai border tragedy – upsetting the neighbors is bad policy for military junta, uhh http://www.youtube.com/watch?v=H61q_Mcd_L8 (composite video) Burmese villagers fleeing the latest clashes between rebel fighters and Burmese troops were sheltered in camps on the Thai side of the […]


timothyNovember 10, 20101min4084
အကွက်ချပြီးညစ်ပါတ်တဲ့သန်းရွှေတော့အောင်မြေနင်းနန်းတက်ဘို့ဘဲလိုတော့တယ်။ ကျနော်တို့မဲမပေးဘူး၊မဲရိုမသွားဘူးသပိတ်အဖွဲ့လဲရှုံးတယ်လို့ဝန်ခံရမယ်။ ဘာ့ကြောင့်ငါတို့ရှုံးလဲဆိုတာကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်ကြည့်ကြစို့။ ငါတို့အလုပ်ကမှားလား။ ပြည်သူလူထုကြီးစစ်ဘိနပ်လက်အောက်ကလွတ်မြောက်ရေးအတွက်စေတနာကောင်းနဲ့ငါတို့လုပ်ခဲ့တာငါတို့ယွုံကြည်တယ်။ ငါတို့ရဲ့စီမံချက်ဟာလူအများအတွက်လက်တွေ့မကျဘူးလား၊အန္ဒရာယ်ပေးနိုင်လို့လား၊ အဖမ်းအဆီးအနှိပ်အစက်ခံရဘို့များလို့လူအများမလုပ်နိုင်ဘူးလား။ ငါတို့လုပ်တာစစ်တပ်နှိမ်နင်းမှုအခွင့်အလမ်းအနဲဆုံးဖြစ်နိုင်တဲ့ရွေးကောက်ပွဲနေ့ဘဲ။ မြဝတီဘက်တခုဘဲလူအသေအပျောက်နဲ့ယိုးဒယားဘက်ထွက်ပြေးရတဲ့သောင်းနဲ့ချီတဲ့်စစ်ပြေးဒုက္ခသည်တွေဖြစ်ကြရတယ်။ ဒါလဲနှစ်ပေါင်းများစွာ တိုင်းရင်းသားကရင် ညီအကိုများအပေါ်နိုင့်ထက်စီးနင်းလုပ်နေတဲ့စစ်တပ်က ကရင်များကိူသေနပ်တွေနဲ့ချိန်ပြီးမဲအတင်းအဓမ္မထဲ့ခိုင်းရာကစတာဘဲ။ မျိုးချစ်ကရင်တပ်မှူးဗိုလ်နခမ်းမွှေးကတာဝန်အရရောွ ကိုယ့်ပြည်သူလူထုကိုဖက်ဆစ်စစ်တပ်အနိုင့်အထက်ပြုကျင့်တာကကာကွယ်မှုပေးရတာပါနဲ့လက်နက်သုံးပသ်ခတ်မှုမွေစတာဘဲ။ ဒါမျိုးချစ်စစ်တပ်ဆိုတာဘာလဲ၊ကြေးစားဖက်ဆစ်တပ်ဆိုတာဘာလဲဆိုတာဦးဏှောက်ရှိသူတိုင်းခွဲခြားသိနိုင်ပါတယ်။ ဒါစစ်တပ်ရဲ့အလွန်ဖြစ်ပေမဲ့ဒီလိုအဖြစ်မျိုးဗမာတပြည်လုံးမှာရွေးကောက်ပွဲနေ့မှာရွေးကောက်ပွဲပျက်ချင်လို့ဖြစ်စေချင်တာတောင်မဖြစ်ခဲ့ဘူးမဟုတ်လား။ ဒါ့ကြောင့်လဲရွေးကောက်ပွဲနေ့မှာသပိတ်မှောက်ဘို့အစီအစဉ်လုပ်ရတာလ ဲအင်မတန်အန္ဒရာယ်ကင်းပြီးစိတ်ချရတဲ့နည်းလမ်းဖြစ်လို့ကျနော်တို့ပြောဆိုနေရတာပါ။ ဒီတော့ဘယ်သူ့အပြစ်ကြောင့်ဖက်ဆစ်တို့ရဲ့လုပ်ကြံမှုကြီးအောင်မြင်သွားရတာလဲ။ ဒါလက်ညှိုးထိုးပြီးလူတွေကိုလိုက်အပြစ်တင်ချင်လို့၊ဖြုတ်ထုပ်သတ်လုပ်နေတာလဲမဟုတ်ပါဘူး။ တိုးတက်အောင်မြင်ချင်သူတိုင်းမှာမလွှဲမသာလို့စေတနာမပါတဲ့အမှားကိုပြုလုပ်မိရင် နောက်တကြိမ်အခွင့်အရေးများရခဲ့ရင်ထပ်မမှားရအောင်ခုအမှားကိုဆန်းစစ်ရပါတယ်။ ကျနော်မှားတာရှိရင်လဲအပြုသဘောဒီမှာဝင်ဆွေးနွေးပေးကြပါ။ NDF နဲ့ Democratic Party တို့ ရဲ့လ်မ်င်္းလေးအနည်းငယ်ဖွင့်လို့လုံးဝမရတာနဲ့စာရင်ရတာကိုယူပြီးရွေးကောက့်ွဲကိုဝင်ပြိုင်ရတာပါ၊ မဲမပေးကြဘူးဆိုပြီးခင်ဗျားတို့ကသပိတ်မှောက်ကြရင်ကြံ့ဖွတ်ကမဲတွေနိုင်ကုန်တော်မှာဘဲ၊ ဒီလိုတော့ကိ့ယ်မစားရတဲ့အမဲသဲနဲ့ပက်တာတော့မလုပ်ကြပါနဲ့ဆိုပြီး ကြံ့ဖွတ်နဲ့အပြိုင်မဲထဲ့ခိုင်းမဲဆွယ်ခဲ့ကြတက်လေ။ ခုတော့ NDF, Democratic တို့ကြောင့်သံဃာစင်မှောက်တာထက်ဆိုးတဲ့တတိုင်းပြည်လုံး တရုပ်၊ကလား၊ရုရှား၊ Asean တို့ကတရားဝင်အသိအမှတ်ပြုတဲ့စစ်ဘိနက်အောက်မှာပြားပြားမှောက်တဲ့ဘဝရောက်ရပြီပေါ့။ သန်းရွှေရဲ့ကလိမ်စိငြမ်းဆင်အောက်လမ်းနည်းကမဲရုံမှာလူရှိဘို့၊မဲထဲ့ကြဘို့၊ ဒါဘဲလိုတယ်။ NDF တို့မဲဆွယ်ထားလို့လာထဲ့ကြတာ၊ အဲင်္ဒီနေ့ညနေဘက်ကတော့ငါတို့ပါတီရှေ့ကပြေးနေပြီ။ရွေးကောက်ပွဲတော့နိုင်တော့မယ်ဆိုတဲ့တကယ်လိုလို၊အိပ်မက်လိုလိုဟာ၊ အိပ်ယာလဲနိုးရော၊မိုးကျရွှေကိုယ်သန်းရွှေရဲ့ ဘယ်ကရောက်လာမှန်းမသိတဲ့ဖွက်မဲတွေနဲ့၊သန်းရွှေလဲအုံဖွဆိူရော NDF တို့ဟနေတဲ့ပါးစပ်တွေထဲချီးတုံးမတ်တပ်ထပြီးဝင်ကုန်လို့၊ ခုမှတော့ချီးခါးလို့ဆိုပြီးမကြေမနပ်ဖြစ်လို့ကန့်ကွက်စာပို့မယ်ဆိုတော့လဲလိပ်စာရှာကြည့်တော့လိပ်စာရှင်က ကိုယ့်ကိုနေ့ခင်းကြောင်တောင်ကြီးလာဆော်သွားသူမိတ်ဆွေကြီးသန်းရွှေပါဘဲလား။ ဘာကြေနပ်စရာပြန်စာများမျှော်နေပါလဲလို့ဘဲမသိချင်ယောင်ဆောင်ပြီးစိတ်ကြေနပ်အောင်မေးရမလိုဘဲ။ ဒါ့ကြောင့်ဒီရွေးကောက်ပွဲပြည်သူလူထုရှုံးရတာဟာ NDF, Democratic […]


Good IdeaNovember 10, 20101min730
စစ်အစိုးရပါတီ ကြံ့ဖွံ့သည် ရန်ကုန်တိုင်းအတွင်း အမတ်လောင်း ၉ဝ ဦးဝင်ပြိုင်ရာ ၇၅ ဦး အနိုင်ရခဲ့ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ရန်ကုန်တိုင်း စည်းရုံးရေးမှူး ဦးတင်မောင်ဝင်းက အတည်ပြု ပြောကြားကြောင်း The Voice Weekly တွင် ဖော်ပြထားသည်။ ရန်ကုန်တိုင်း ဒေသကြီး အမျိုးသား လွတ်တော် ၁၂ နေရာကို ကြံ့ဖွံ့ပါတီက အားလုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၄ ဦး ရှုံးနိမ့်ခဲ့သည်။ ယင်းကိုယ်စားလှယ်လောင်း လေးဦးမှာ ဦးမြတ်သူ (တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဒေါပုံ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်)၊ ဦးတင်ခ (ဒဂုံမြို့သစ်(မြောက်)၊ ဒဂုံမြို့သစ်(ရှေ့)၊ မြောက်ဥက္ကလာပ)၊ ဒေါက်တာမောင်သင်း (တောင်ဥက္ကလာပ၊ ရန်ကင်း၊ သင်္ကန်းကျွန်း)၊ ဒေါက်တာမျိုးသန့်တင်(ကမာရွတ်၊ လှိုင်၊ ကြည့်မြင်တိုင်၊ လသာ၊ လမ်းမတော်၊ အလုံ၊ […]


ဂ်စ္စူNovember 10, 20101min710
အခု စာမျက်နှာများဟာ Weekly Eleven ရဲ့ Web Page မှာ တင်ထားခဲ့တဲ့ မဲရုံအလိုက် အနိုင်အရှုံးစာရင်းအချို့ပါ။ ဒီစာရင်းတွေ အပါအဝင် ရွေးကောက်ပွဲ စာမျက်နှာ တစ်ခုလုံးကို အဲဒီဝက်ဘ်ဆိုဒ်ကနေ လာဖြုတ်သွားပါတယ်။ ငွေကုန်လူပန်းခံပြီး လုပ်ထားရတဲ့ စာရင်းဖြစ်ပေမယ့် ဖြုတ်ခိုင်းတဲ့အခါ အလွယ်ပဲ ဖြုတ်ပေးလိုက်ရပါတယ်။ နောက်ပိုင်း ကြိုတင်မဲများဝင်လာတဲ့အခါမှာ ဘယ်လောက်ကွာသွားတယ်၊ ဘယ်လိုညစ်ထားတယ်ဆိုတာ ဒီစာရင်းတွေအရ ပေါ်လွင်နေတဲ့အတွက် လာဖြုတ်သွားတာ သေချာပါတယ်။ အခုစာရင်းများအရ အနိုင်ရခဲ့တဲ့ ဒီမိုကရက်တစ်အင်အားစုများဟာ နောက်ပိုင်း ကြိုတင်မဲများ အစစ်အဆေးမရှိ အကန့်အသတ်မရှိ စည်းမရှိကမ်းမရှိ ထည့်ပြီး အနိုင်ကျင့်တာကို ခံခဲ့ကြရပါတယ်။ နောက်ပိုင်း မဲအနိုင်အရှုံးများ ထွက်လာတဲ့အခါ မဲရုံမှာ ရေတွက်ထားတာနဲ့ ဘယ်လောက်ကွာတယ်ဆိုတာ ယှဉ်ကြည့်နိုင်ကြပါလိမ့်မယ်။Early Results မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစု ဝဘ်စာမျက်နှာမှ ပြန်လည်ကူးယူဖေါ်ပြပေးပါတယ်။ […]


The Mandalay GazetteNovember 9, 20101min1041
ဪ.. 2011 တောင် ရောက်တော့မှာပဲ..အခုအချိန်ထိ ရွှေမြန်မာတို့ ရဲ့ ရွှေနိုင်ငံကြီးက ဇာတ်ခေါင်းကွဲနေတုန်းပါလား..အချိန်တွေသာ ပြောင်းလဲ သွားတယ်..


Good IdeaNovember 9, 20101min490
ချင်းပြည်နယ် ဖလမ်းမြို့ရှိ မဲဆန္ဒနယ်အားလုံးတွင် ချင်းတိုးတက်ရေးပါတီ – CPP (ဒေသအခေါ် နွားနောက်ပါတီ) က ရာနှုန်းပြည့် အနိုင်ရရှိသွားကြောင်း သိရသည်။ ဖလမ်း ပြည်သူ့လွှတ်တော်တွင် ဦးခွန်လိန်း၊ အမျိုးသား လွှတ်တော် အမှတ် – ၁ တွင် ဦးကျွန်ခဲန်း၊ အမှတ် – ၂ တွင် ဦးဇုန်လှယ်ထန်း၊ ပြည်နယ်လွှတ်တော်  အမှတ် – ၁ တွင် ဦးနုထန်း၊ အမှတ် – ၂ တွင် ဦးနိုဆွန်တို့သည် အဓိက ပြိုင်ဘက် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များကို ရာနှင့်ချီသော ထောက်ခံမဲးအသာဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် CPP ပါတီ ဥက္ကဋ္ဌ ဦးနိုထန်ကပ်သည် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် ချင်းတိုင်းရင်းသားလွှတ်တော်တွင် ပြိုင်ဘက် […]


Good IdeaNovember 9, 20101min570
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ ဝင်ပြိုင်တဲ့ အမျိုးသား ဒီမိုကရေစီအင်အားစု – NDF ပါတီ ကိုယ်စားလှယ်လောင်းတွေအားလုံး ရှုံးနိမ့်ခဲ့ကြောင်း မန္တလေး NDF ပါတီသတင်းရပ်ကွက်က ပြောပါတယ်။ NDF ပါတီက စစ်ကိုင်းတိုင်းမှာ ၆ ဦး၊ ကချင်ပြည်နယ်မှာ ၂ ဦး ဝင်ပြိုင်ခဲ့တာပါ။ မန္တလေးမှာလည်း အင်တိုက်အားတိုက်နဲ့ ၃၂ ဦးထိ ဝင်ပြိုင်ခဲ့ပေမယ့် တယောက်မှ မနိုင်ခဲ့ပါဘူး။ ဒါကြောင့် NDF ပါတီက ကိုယ်စားလှယ်လောင်း ၄ဝ တိတိ အရေးနိမ့်သွားခဲ့ပါပြီ။ NDF ပါတီ အမတ်လောင်းတွေဟာ ရ ရက်နေ့က ရပ်ကွက်/ ကျေးရွာ လူထု ထည့်ဝင်တဲ့ မဲတွေနဲ့ ကြံ့ဖွံ့အမတ်လောင်း တွေအပေါ် အောင်ပွဲခံနေခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဘယ်ကရောက်လာမှန်း မသိတဲ့ ဂုန်နီအိတ်နဲ့ […]


Good IdeaNovember 9, 20101min1425
မန္တလေးတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ ၏မဲရုံတခုဖြစ်သည့် ချမ်းမြသာစည်မြို့နယ် စိန်ပန်းလမ်းနှင့် ၆၄ လမ်းထောင့်ရှိ မဲရုံတွင် အမှန်ကို ဇောက်ထိုးခြစ်မိထားသော NDF  ပါတီ၏ မဲများကို မဲရုံမှူးက အားလုံး ပယ်မဲလုပ်ပစ်ခဲ့ကြောင်း ယင်းဒေသတွင် နေထိုင်သူ မန္တလေးသားတဦး အဆိုအရ သိရသည်။ မဲဆန္ဒရှင် ပြည်သူတချို့မှာ မသိနားမလည်သည့်အတွက် ခမောက်တံဆိပ်ဘေး ကွက်လပ်တွင် အမှန်ကို ဇောက်ထိုး ခြစ်မိကြရာ ယင်းလက်မှတ်များကို မဲရုံမှူးက ပယ်မဲလုပ်ပစ်လိုက်ခြင်း ဖြစ်သည်။ NDF  မဲများအားလုံးကို ပယ်မဲလုပ်သော်လည်း ပြည်ခိုင်ဖြိုးပါတီ၏ အမှန်ဇောက်ထိုးခြစ် မဲလက်မှတ်များကို  ထည့်သွင်းရေတွက်သည်ဟု မန္တလေးသားက ဆိုသည်။ ယင်းမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ဒေါက်တာ လှစိုးညွှန့်၏ မဲရုံကိုယ်စားလှယ်က ပယ်မဲလုပ်ခြင်းကို ကန့်ကွက်သော်လည်း မဲရုံးမှူးက ဂရုမစိုက်ခဲပေ။ ယမန်နေ့ […]


Good IdeaNovember 9, 20101min1619
ကျနော့်သူငယ်ချင်း သတင်းထောက်တယောက်နဲ့ မနေ့က စကားစမည်ပြောရင်း စကားလမ်းကြောင်းက ရွေးကောက်ပွဲအကြောင်း ကိုရောက်သွားပါတယ်။ အဲဒီမှာ သူက အံ့ဩစရာတခု ပြောလာတာက “ဒီ ၂၀၁ဝ ရွေးကောက်ပွဲမှာ ဒါရိုက်တာ အကယ်ဒမီ မောင်မျိုးမင်းတယောက် မဲပေးခွင့် မရလိုက်ပါ” တဲ့။ “ဟ မင်းဟာက ဟုတ်လို့လား”လို့ ကျနော်က မေးတော့ “ဟုတ်လွန်းသမှ သိပ်ဟုတ်”ဆိုပဲဗျ။ အဲဒါနဲ့ သူက ဆက်ပြောပြတာက ရွေးကောက်ပွဲ ကျင်းပတဲ့ နိုဝင်ဘာ ရ ရက်နေ့မှာ မောင်မျိုးမင်း ဘယ်ပါတီကို မဲပေးသလဲ ဆိုတာ ဖုန်းဆက်ပြီး မေးဖြစ်ပါတယ်။ အဲဒီမှာ မောင်မျိုးမင်းက သူ့မှာ အိမ် ၂ လုံးရှိတယ်။ တလုံးက (ဗိုလ်တထောင်လား အလုံလား သေချာ မမှတ်မိတော့ဘူးဗျ။ နှစ်ခုထဲက တခုပဲ)၊ တလုံးက […]


Good IdeaNovember 8, 20101min1668
လတ်တလော ရောက်ရှိလာသည့် သတင်းများအရ အမျိုးသား ဒီမိုကရေစီအင်အားစု – NDF ပါတီမှ ရန်ကုန်တိုင်းအတွင်း ၁ရ နေရာ အနိုင်ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ NDF ပါတီ ခေါင်းဆောင် ဦးသိန်းညွန့်က သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော်၊ ဦးဖုန်းမြင့်အောင်က အမျိုးသားလွှတ်တော်၊ ဦးကျော်နှင့် ဒေါ်စန်းစန်းမြင့်တို့က တိုင်းဒေသကြီး အမှတ် ၁ နှင့် ၂ တို့တွင် အနိုင်ရခဲ့သည်။ မြောက်ဥက္ကလာပ ပြည်သူ့လွှတ်တော်တွင် NDF ပါတီ ဗဟိုကော်မတီဝင် ဒေါက်တာ သန်းဝင်း၊ အမျိုးသားလွှတ်တော်တွင် ဒေါ်ခင်ဝိုင်းကြည်၊ တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ နှင့် ၂ တို့တွင် ဦးအောင်ဆန်းနှင့် ဦးသက်ထွန်းအောင်တို့က အသီးသီး အနိုင်ရခဲ့ပြီး တာမွေ အမျိုးသားလွှတ်တော်တွင် ဒေါက်တာ မြဉာဏစိုးက အနိုင်ရခဲ့သည်။ ထို့ပြင် […]


Good IdeaNovember 8, 20101min1507
အမျိုးသား ဒီမိုကရေစီ အင်အားစု – NDF သည် ရန်ကုန်တိုင်းအတွင်း မဲဆန္ဒနယ် အများစု အနိုင်ရနေသည်။ သင်္ဃန်းကျွန်းနှင့် မြောက်ဥက္ကလာပတို့တွင် မဲဆန္ဒနယ် အားလုံး အနိုင်ရခဲ့သည်။ တောင်ဥက္ကလာတွင် ကြိုတင်မဲ ၅၀၀ဝ ကျော်ကြောင့် မြို့တော်ဝန် အောင်သိန်းလင်း အနိုင်ရရှိခဲ့သည်။ မင်္ဂလာတောင်ညွန့် ပြည်သူ့လွှတ်တော်တွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက စစ်အစိုးရ အလုပ်သမား ဝန်ကြီး ဦးအောင်ကြည်ကို မဲ ၈ ထောင်ကျော် အကွာဖြင့် ရှုံးနိမ့်ခဲ့သည်။ – RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ရခိုင်ပြည်နယ် ၆ မြို့နယ်တွင် စတင်အနိုင်ရခဲ့သည်။ ပေါက်တောနှင့် စစ်တွေ တို့တွင် မဲဆန္ဒနယ် အားလုုံး အနိုင်ရခဲ့သည်။


Good IdeaNovember 8, 20101min1699
မန္တလေးတိုင်းတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် NDF ပါတီမှ ကိုယ်စားလှယ်လောင်းအားလုံး ရှုံးနိမ့်သွားကြောင်းသိရသည်။ NDF ပါတီမှ ဦးတင်အောင်အောင်၊ ဒေါက်တာ လှစိုးညွန့်၊ ရှေ့နေဦးအောင်ခိုင်၊ ဦးခင်မောင်သက်တို့အပါအဝင် NDF ကိုယ်စားလှယ်လောင်း အားလုံးမှာ စစ်အစိုးရပါတီ ကြံ့ဖွံ့ကို ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ နိုဝင်ဘာ ရ ရက်နေ့ ရပ်ကွက်တွင်း ကောက်ခံသည့် မဲများတွင် NDF ပါတီ ကိုယ်စားလှယ်များ အနိုင်ရကာ အခြေအနေ ကောင်းနေသော်လည်း ဝန်ထမ်းများ၊ စစ်တပ်နယ်များမှ လာသော ကြိုတင်မဲများကြောင့် ယခုလို ရှုံးနိမ့်ခဲ့ကြခြင်း ဖြစ်သည်။ ချမ်းအေးသာဇံမြို့နယ် ပြည်သူ့လွှတ်တော်တွင် ဝင်ပြိုင်သည့် NDF ပါတီကိုယ်စားလှယ် ဦးခင်မောင်သက်သည် ယနေ့ နံနက် ၄ နာရီအချိန်အထိ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ကျော်မြင့်ကို အနိုင်ရနေခဲ့သော်လည်း မိုးလင်းချိန်တွင် […]


ဂ်စ္စူNovember 8, 20101min420
(၂၀၀၇)ရွှေဝါရောင်တော်လှန်ရေးမှာ စစ်ခွေးတွေရဲ့သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ ဂျပန်သတင်းထောက် nagai kenjiအလုပ်လုပ်တဲ့ APFသတင်းဌာနမှ သတင်းထောက်တဦးဖြစ်သူ YAMAJI TORO (ခ) MATSUMOTO TOROအသက်(၄၉)သည် နယ်စပ်ကိုကျော်ဖြတ်၍ ရွေးကောက်ပွဲကျင်းပသော ဒီကနေ့တွင် တရားမဝင်ဖြတ်ကျော်မှုဖြင့် မြဝတီရဲစခန်းအချုပ်တွင် မနက် ၈နာရီခွဲခန့်အချိန်က ချုပ်နှောင်ထားခြင်းခံရသည်။ သူဟာ(၂၀၀၇)ရွှေဝါရောင်တော်လှန်ရေးမှာအသတ်ခံရတဲ့nagaikenjiရဲ့ ရင်းနှီးသော လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းလည်း ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူများမှအဆက်အသွယ်အရ YAMAJI TOROဟာ နအဖရဲ့ ၂၀၁ဝရွေးကောက်ပွဲသတင်းသွားယူဖို့ ထိုင်းနိုင်ငံအနောက်မြောက်မှလှေဖြင့် မြဝတီသို့ဝင်ြ့ပီးသူနဲ့အတူ ဗီဒီယိုကင်မရာနဲ့အတူမြန်မာပြည်တွင်းမှာအသုံးပြုနိုင်တဲ့ လက်ကိုင်ဖုံးပါကြောင်းသိရပါသည်။အဖမ်းခံရသေးခင် အဲဒီနေ့မနက်စောစောမှာ သူအသုံးပြုတဲ့ Social Websiteတခုဖြစ်တဲ့ TWITTER မှာ ‘ မြန်မာစစ်အစိုးရကထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲကာလမှာ နိုင်ငံခြားသား မီဒီယာသတင်းထောက်တွေကို နိုင်ငံတွင်းလုံးဝဝင်ရောက်ခွင့်မပေးဘူးဆိုတာကို ရအောင်ဝင်မယ် ဘယ်လောက်အထိဘဲမင်းတို့တားတား ဘယ်လိုပုံစံမျိုးနဲ့မင်းတို့ပိတ်ပင် မှန်ကန်တဲ့သတင်းယူရမဲ့အလုပ်က ငါတို့တွေရဲ့အလုပ်’ ကြည့်လိုက်စမ်းပါ Nagai sanလို့ ၂၀၀ရ […]