သူရႆဝါDecember 14, 20121min23019
မောင်ဝါဝါနှင့် “ကျပ်” မြို့တော် – သူရဿဝါ – တစ်နေ့သ၌ ကျွန်ုပ် မောင်ဝါဝါ သည် အပူလုံးကြွ၍ ယူကျုံးမရ ဖြစ်ရမည့် လူမှုရေး ကိစ္စ တစ်ခုကြောင့် မိမိ နေထိုင်ရာ သင်္ကန်းကျွန်း ရွှေမြို့တော် ကြီးမှ နေ၍ ဒေါင်းတောင်း ခေါ်ဆို မြို့ထဲ အလယ်ဗဟို သို့ သွားရောက်ရန် ကိစ္စ ပေါ်ပေါက် လာလေသည် ဖြစ်ချေ၏။ သို့နှင့် ရေမိုးချိုး၊ ဖြီးလိမ်း ပြင်ဆင်ပြီး သကာလ လှလှပပ ကြွကြွရွရွဖြင့် လူယောင် ဖန်ဆင်းကာ လမ်းထိပ် ဘတ်စ်ကား ဂိတ်သို့ ခန့်ခန့်ညားညား လမ်းလျှောက်၍ ထွက်ခဲ့ လေ၏။ ကားစောင့်၍ များမကြာမီ မှာပင် ရှေ့နှစ်ဂိတ် လောက်မှ ဂိတ်စသည် ဖြစ်သော […]


တခါက ရွာတရွာမှာ ဘုန်းကြီးပျံ တခုရှိတော့ ဘုန်းကြီး ဈာပနအတွက် ယိမ်းတိုက်တာပေါ့။ လှေလှော်ယိမ်း ဆိုတော့ သီချင်းလေးလည်း ပါတယ် ဆိုပါတော့ဗျာ ” ရီး လှေ ့ လှေ လှော် — ————- နတ်ပြည်သို ့ ကြွသွား ကြွ သွား ——” အဲ ပွဲထဲမှာ လူတွေက အများကြီးဆိုတော့ လူတွေ ကြားထဲ ရောက်နေတဲ ့ အရူး တစ်ယောက်ကလည်း ပျော်တာပေါ့ ဗျာ။ လူကြားထဲ ဟို လျှောက် ဒီလျှောက် ကွေးနေအောင်ကို ကလို ့ လူကြီး လူကောင်းတွေကိုပါ ဖိတ်ထားတာ ဆိုတော့ ဒီအရူး ကြောင့် ပွဲ က ရှုပ်နေတာပေါ့ ။ […]


ဘာပဲ ဖြစ်ဖြစ် ဂဇက်အတွင်း ရှိကြကုန်သော ပြည်ပရောက် တွေးဆပညာရှိတို့၏ အနာဂတ် ဖွချက်တွေကို နှစ်သိမ့်သောငှာ …… ကျေးဇူးတင်ပါတယ်နော်…နော…. အဲ့ဂလို နှစ်သိမ့်သောငှာ …. ဟဲ့ …ဟ ဲ့ လာချေပီ နောက်တမျိုး … ကိုယ်တောင် နောက်ကျ သွားလေပီ။ တော်ကြပါတော့ဗျာ ခင်ဗျားတို့ ပြန်လာပါ .. ပြီးရင် လူထုရှေ့ ရဲရဲဝံ့ဝံ့နဲ့  ခင်ဗျားတု့ိရဲ့ အတတ်ပညာတွေ ၊ အတွေ့အကြုံတွေ ၊ အယူအဆတွေ ၊ အတွေးအခေါ်တွေကို လွတ်လပ်စွာ ဖော်ထုတ်ကြပါ။ နေရာယူကြပါ။ ဦးဆောင်ကြပါ။ အရင်လို ထောင်မကျပါဘူး…ဟူး …ဟူး…ဟူး   စစ်အစိုးရ မကောင်းလို့ ပြည်ပရောက်နေသူများ အတွက် Happy …………… Day  


    +++++++++++++++++++++++++++++++++++++++   “လှတယ်” ………….။ ဒီစကားလုံးထက် ပိုတဲ့ အနက် အဓိပ္ပါယ်တွေ မင်းဆီမှာ အပြည့်ရှိတယ် …………။   “ချစ်တယ်” ………….။ ဖွင့်မပြောရဲပေမယ့် မင်းရဲ့အနောက်က တကောက်ကောက်နဲ့ မင်း စိတ်ညစ်လောက်အောင် ဖြစ်မိတဲ့ ငါ့ရဲ့ ခြေလှမ်းတွေနဲ့ သက်သေခံပါတယ် ………….။   “ကောင်မလေးရယ်” ……….။ မင်းကို တွေ့မိတိုင်း ရင်ထဲမှာ တဒိုင်းဒိုင်းနဲ့ သူများတွေ ပြောတာလည်း ဂရုမစိုက်နိုင် မင်းကိုသာ ငေးစိုက်ကြည့်ရင်း ရင်ထဲက အချစ်ဆိုတဲ့ အရာဟာ မင်းအလှမှာ ယိုင်နဲ့ခဲ့ပေါ့ ……………။   “တကယ်တော့” ………..။ ဘယ်တော့မှ ဆိုတာထက် မင်းဘေးမှာ ခိုနားလှည့်ချင်တဲ့ အချစ်များစွာအတွက် မင်း … မရက်စက်လိုက်ပါနဲ့နော် […]


ဘီဘီစီမြန်မာပိုင်း ယနေ့ဒီဇင်ဘာ၈ရက်နေ့ သတင်းမှာ အခုသတင်းကို သွယ်ဝိုက်ထောက်ခံထားတဲ့ ဓာတ်ပုံတွေ့ရလို့ ခိုင်လုံတဲ့ အထောက်အထား အနေနဲ့ ရွာသားများဖတ်ရအောင် update လုပ်တင်လိုက်သည်။ ပြည်ဒေါင်စုမြန်မာနိုင်ငံ သမဒဂျီးဦးသိန်းစိန် နယူးဇီလန်နှင့် ဩစတေးလျနိုင်ငံများသို့ ယခုဒီဇင်ဘာလအတွင်း ခြစ်ကျီရေးခရီး အကြောင်းမညီညွတ်၍ ရွှေ့ဆိုင်းကြောင်း အများသိပြီးဖြစ်သည်။ ဤသည်မှာ လက်ပံတောင်း အရေးအခင်းတွင် မီးလောင်ဒဏ်ရာရ သံဃာတော်များအား သမတဂျီးမှ တောင်းပန်ရန် တောင်းဆိုမှုကြောင့်ဟု တိုက်ရိုက် မပြောသော်လည်း များစွာဆက်နွယ် လျက်ရှိပေသည်။ နောက်ဆုံး ဝင်လာသော သတင်းမှာ သမဒဂျီးဦးသိန်းစိန် တောင်းပန်မည်ဟု ဆိုထားသည်။ အသေးစိတ် အချက်အလက် ထွက်ပေါ်လာခြင်း မရှိသော်လည်း အမည်မဖေါ်လိုသော သမဒရုံးအရာရှိတဦးအား ကိုးကား၍ ဝံကျီး ဦးအောင်မင်း၏ ဝေဒနက္ခတ် ဂြိုလ်စီးဂြိုလ်နင်း အကြံပေးချက်အရ သမဒဂျီးအနေဖြင့် တောင်းကြီးကြီး တလုံး ဦးခေါင်းတွင် […]


San Hla GyiDecember 8, 20121min1869137
(ဗုဒ္ဓဝင်ထဲမှ ရှင်ဒေဝဒတ်နဲ့ အဇာတသတ်မင်းကြီး အကြောင်း တင်ဆက်လိုက်ပါတယ်။ ဗုဒ္ဓဝင်ထဲက အချက်အလက်တွေအတိုင်း ရေးတာဖြစ်ပြီး အချို့နေရာမှာတော့ စာရေးသူရဲ့ စိတ်ကူးနဲ့ ဟာသ ထည့်ထားပါတယ်။ ဟာသ ဆိုပေမယ့် တကယ့်အဖြစ်အပျက်တွေ အပေါ်မှာ ဟာသလုပ်တာ ဖြစ်ပါတယ်။ ဟာသကလည်း မြတ်စွာဘုရားရှင်ကိုတော့ မလုပ်ဝံ့လို့ ရှင်ဒေဝဒတ်နဲ့ အဇာတသတ်မင်းသား အခန်းတွေမှာ ဟာသထည့်ထားပါတယ်) အချိန်ကား ဘုန်းတော်ကြီးသော ဂေါတမမြတ်စွာဘုရားရှင်သည် ကောသမ္ဗီပြည်တွင် သီတင်းသုံး နေထိုင်တော်မူသော အခါဖြစ်ပေသည်။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ရှိတော်မူသော အခါဖြစ်သဖြင့် သာသနာတော်ဝယ် လွန်စွာ လှူဒါန်းပူဇော်သူ များသော အခါလည်းဖြစ်သည်။ လူတို့သည် ကျောင်းသို့ရောက်လျှင် မြတ်စွာဘုရားရှင် အဘယ်မှာနည်း စသည်ဖြင့် ကျောင်းသို့လာကြလေသည်။ ဘုရားရှင်ကို ဖူးတွေ့ပြီးလျှင် အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန် အရှင်မဟာကဿပ အရှင်ဘဒ္ဒိယ စသော […]


ဘဲဥDecember 5, 20121min15710
“ဘာကွ… မြန်မာငွေ ပါမလာဘူး။ ဟုတ်လား။မင်းတို့ဆီက စင်ကာပူဒေါ်လာက ဒီမှာသုံးလို့ ရမယ်ထင်လို့လားကွ။” လူဝင်မှု အရာရှိ၏ ဟိန်းဟောက်မှုကြောင့် အဆိုပါ စင်ကာပူသား ခေါင်းလေးပုဝင်သွားသည်။ ထို့နောက် မြန်မာစကား မပီကလာ ပီကလာဖြင့် “ကျနော်ရှာဝယ်ပါသေးတယ်။ မရလို့ အမေရိကန် ဒေါ်လာနဲ့ ထိုင်းဘတ်ပဲ ဝယ်လာခဲ့တာပါ။မြန်မာ အကြွေတွေတော့ နည်းနည်း ပါပါတယ်။” ဟုဆိုကာ တစ်ဆယ်ကျပ်တန် နှင့် ငါးဆယ်တန် တရွက်စီ ထုတ်ပြသည်။ “ဒါနဲ့ မင်းက ဒီပိုက်ဆံလောက်နဲ့ ဘယ်မှာနေမှာတုန်း။ မှန်းစမ်း ဗီဇာလျှောက်တုန်းက ထောက်ခံသူမှာ ကြည့်လိုက်ဦးမယ်။ အော်… မင်းက ဘုန်းကြီးကျောင်းက ထောက်ခံချက်နဲ့ ဘုန်းကြီးကျောင်းမှာနေမှာပေါ့။ အခု မင်းလာတာ အလည်ဗီဇာနဲ့နော်။ အလုပ်လုပ်လို့ မရဘူး။ နားလည်တယ်နော်။ မင်းတို့စလုံးက ကောင်တွေမပြောချင်ဘူး။ အလည်လာ ဒီမှာနေ။ […]


ယခုလ ဒီဇင်ဘာ(၁)နေ့တွင် တရုတ်နိုင်ငံ ဝမ်ပေါင်ကုမ္မဏီနှင့် မြန်မာ့စီးပွားရေးဦးပိုင်လိမီတက်တို့ အကျိုးတူ ဆောင်ရွက်နေသော လက်ပံတောင်း ကြေးနီတောင် စီမံကိန်းအရေးအခင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် နိုင်ငံဒေါ်အစိုးရမှ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူသော ကော်မရှင်တရပ်အား ဒီဇင်ဘာလကုန် နောက်ဆုံးထား၍ သမတဂျီးထံ အစီရင်ခံစာတင်ပြရန် ဖွဲ့စည်းပေးခဲ့သည်။ ယင်းကော်မရှင်မှ အများပြည်သူအပေါင်း သိသင့်သိထိုက်သော သတင်းအချက်အလက်များအား အချိန်နှင့် တပြေးညီ သိရှိစေရန် ကနဦး ကြားဖြတ်အစီရင်ခံစာအား ထုတ်ပြန်လိုက်သည်။ (က) ကော်မရှင်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု ခံယူ၍ လွှတ်တော် ကိုယ်စားလှယ်များ၊ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တတ်သိပညာရှင်များဖြင့် နေ့ညမအား အပတ်တကုတ် စုံစမ်းမေးမြန်းလျက်ရှိသည်။ (ခ) ကနဦးရလဒ် အနေဖြင့် အစီရင်ခံစာ တင်သွင်းမည့် နေ့စွဲအား အချက်အလက် ပိုမိုပြည့်စုံစေရန် ၂၀၁၃ခုနှစ် ဧပြီလသို့ […]


တောက်စ်..အားနာလို့ လိုက်လျောတာ အတယ်များထင်သလား။ အကုန်ဖမ်း.. တကောင်မှ အပြင်မှာမထားနဲ့။ သမဒဦးကြောင်ကြီး ရေလည်လည် တင်းနေသည်။ လက်ပံတောင်းတောင် အရေးတွင် လူပုံအလယ် အရှက်ခွဲ ခံရသည် ယူဆ၍ ဒေါကီးခြင်းဖြစ်၏။ သနားလို့ နောက်လှည့်ပြတာ ကြည့်ယုံအားမရ ပြေးဆောင့်ရက်တယ်။ အကုန်ဖြတ်ပစ် အရင်းကစဖြတ် ငုတ်စိလေးတောင် ချန်မထားနဲ့။ ကြောင်ကြီးဘာကောင်ဆိုတာ သိစေရမယ်။ ရဲတပ်ဖွဲ့ကို ဒီအတိုင်းဆက် မထားဘူး။ အသစ်ပြန်ဖွဲ့မယ်၊ လက်ရှိရဲချုပ် ဦးမာဃကို ဖြုတ်လိုက်။ သူ့နာမည် သိကြားမင်းနဲ့တူတော့ ရဲတပ်ဖွဲ့အသစ်နဲ့ ပဏာမစားဘူး။ လူသစ်ထဲက ဘယ်သူရှိလဲ..။ ဗိုလ်စိန်ဗိုက် ရှိပါတယ် သမဒဂျီး။ ဒင်းကအမူးသမား မူးယစ်ဌာနကိုပို့။ ဗိုလ်ကပေ.. သူက လောင်းကစားဒိုင်.. ဒ/နဌာနကိုပို့။ ဩဇီဗိုလ်ဖော.. သူ့ကို ရေကြောင်းရဲဆီသွားခိုင်း၊ ဤသို့ဖြင့် စိတ်ကြိုက်လူစားထိုး ရှာဖွေရာ တရုတ်ရဲတပ်ဖွဲ့ […]


မြန်မာ့ စီးပွားရေးနယ်ပယ်စုံမှာ ကျယ်ကျယ်ပြန့်ပြန့်ကြီးကို အင်အားကြီး ခြေကုပ်ယူမိထားတဲ့ ကုမ္ပဏီကြီးတစ်ခုရှိတယ်ဗျ.. ကျုပ် ဦးလေး စစ်သားကြီးတွေ ချွေးနဲစာတွေနဲ့ မတည်ထားတဲ့ ကုမ္ပဏီ၊ ဦးတို့ ပိုင်တဲ့ ကုမ္ပဏီ ဆိုပါတော့ဗျာ.. ကုမ္ပဏီကြီးက ရတဲ့ အကျိုးအမြတ်တွေကို ဟိုလူကြီးမင်းသွားမယ့်လမ်းတိုင်းမှာ လုံခြုံရေးကင်းစောင့်ပေးရရှာတဲ့ ကျုပ်ဦးလေးတွေ ဘယ်လိုခံစားရတယ်တော့မသိ.. ဟိုးထိပ်စည်းက အကောင်ကြီးကြီးတွေကတော့ အခွင့်အရေးဟူသမျှ သူရို့လက်ထဲဆိုတော့ ပြောရမှာတောင် မကောင်းပါဘူး.. အကောင်ကြီးတွေ သားသမီး ကလပ်မှာ တခါသုံးဟာ လုံခြုံရေးယူနေတဲ့ ကျုပ်ဦးလေး လစာရဲ့ ဆယ်ဆတောင် က ပါ့မလားရယ်. (ဘုန်းဖုရားကြီးသူများတော့ နား သွားတာတောင် နိုင်ငံတော် ဘတ်ဂျက် ထဲက နှိုက်သုံးနေတုန်း.. မရှိတဲ့ သူတွေ ကျလို့) ပြောရရင် ကျုပ်ဦးလေးတို့ပိုင်တဲ့ ကုမ္ပဏီကြီးက နိုင်ငံစီးပွားရေးမှာ ကင်ဆာအမြစ်တွယ်ပြီး အသွေးအသား […]


+++++++++++++++++++++++++++ “Hack” … “ဟက်” .. တယ် ဆိုတဲ့ စကားကို ကြားလိုက်တာနဲ့ ကျနော်တို့တတွေဟာ မကောင်းတဲ့ဘက်ကို ပြေးမြင်မိကြမှာပါ။ အမှန်အားဖြင့် “ဟက်” ဆိုတဲ့ နေရာမှာ ကောင်းတာရော၊ မကောင်းတာပါ ဒွန်တွဲပြီး ရှိနေပါတယ်။ လောကကြီးရဲ့ ဒွန်တွဲခြင်း သဘောတရား အတိုင်းပေါ့ ခင်ဗျာ။ “Black Hacker” , “White Hacker” ဆိုပြီး ရှိပါတယ်။ ဘလက်ဟက်ကာ ကတော့ ဝက်ဘ်ဆိုက်တွေ၊ ပက်စ်ဝှက်တွေ ဘာညာသာရကာတွေကို လိုက်ဟက်ပြီး ဖျက်ဆီးတာ၊ ကိုယ်ကျိုးအတွက် အသုံးပြုတာပေါ့ဗျာ။ ဝှိုက်ဟက်ကာ ကတော့ အွန်လိုင်း၊ ကွန်ပျူတာ တွေဆီကို ဗိုင်းရပ်စ်တွေ မဝင်နိုင်အောင် ကာကွယ်ပေးပြီး အကျိုးပြုပေးတာပေါ့ဗျာ။ ဒါနဲ့ စကားစပ်တုန်း ထပ်ပြောရရင် အချို့သော ဟက်ကာတွေဟာ […]


ကျုပ်တို့ဟာ နိုင်ငံဂျီးသားအမြင်နဲ့ ကြည့်ရမယ်။ ကျုပ်တို့နိုင်ငံကို အဆင့်မြင့်တဲ့နိုင်ငံ၊ အဆင့်ရှိတဲ့နိုင်ငံ၊ ကမ္ဘာလေးစားတဲ့ နိုင်ငံဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုနေမလဲ၊ ဘယ်လိုထိုင်မလဲ….. နိုင်ငံရေးသမား ဦးကြောင်ကြီး မုံရွာလက်ပန်းတောင်းတောင် ဒေသခံများအား ရဲရဲတောက် မိန့်ခွန်းပြောကြား နေဟန်ဖြစ်သည်။ ပရိတ်သတ် မိန့်ခွန်းကြားနေသော်လည်း အသံရှင်အား ရှာမတွေ့ချေ၊ ထို့ကြောင့် သို့လော သို့လော ဖြစ်ကာ ဘေးဘီဝဲယာ ရှာကြသည်၊ အဆင့်မြင့်ဆို၍ ကောင်းကင်မော့ကြည့်သူကြည့်နှင့် လူအုပ် အိန္ဒြေမရ လှုပ်လှုပ်ရွရွ ဖြစ်ကုန်သည်။ ခေတ်မှီသူများက ဝိုင်ဖိုင်နည်းပညာဖြင့် ဟိုတယ်မှ မိန့်ခွန်းခြွေသည်ဟု ထင်မြင်ချက်ပေးသလို ဂြိုလ်တုသုံး၍ နေပြည်တော်မှ တိုက်ရိုက်အသံလွင့်သည် ပြောသူကပြောသည်။ အမှန်တော့ ဘယ်မှမရောက် လူထုပရိတ်သတ်ရှေ့ ချောက်ထဲတွင် သူရှိနေသည်။ ဦးကြောင်မိန့်ခွန်းပြောစဉ် မြေတဖြေးဖြေး ပြိုဆင်းသွားရာ နေရင်းထိုင်ရင်း ချောက်ထဲ ရောက်သွားလေသည်။ ဤသည်ကို […]


Mr. MarGaNovember 30, 20121min55050
ရှက်လွန်းလို့ပါနော် မပြောချင်ပါဘူးဗျာ အခုတလော ဦးမာဃ စိတ်နဲ့ လူနဲ့ကို မကပ်ဘူး အလုပ်လုပ်ရတာလဲ အလွဲလွဲ အချော်ချော်နဲ့ ဗျာ ဘာကိစ္စရှိလို့လဲ ဟုတ်လား ဘာကိစ္စရှိဦးမှာလဲဗျာ လူ့ပြည်က ဦးမာဃရဲ့ ရင်နှစ်သည်းချာ သားရတနာပေါ့ဗျာ ဖအေက နတ်ပြည်က ကိစ္စတွေနဲ့ မအားမလပ်ဖြစ်နေရတဲ့ကြားထဲ အဲဒီကောင်က လူ့ပြည်ကနေလှမ်းပြောတယ်။ စာမေးပွဲ ကျသတဲ့ဗျာ ။ ကြားကြားချင်း ဘာမှ ပြန်မပြောနိုင်ဘူး။ ကိုယ်တွေးထားတာတွေ ပြန်စဉ်းစားမိပြီး ပထမဆုံး ဝင်လာတဲ့ အတွေးက ဒုက္ခရောက်ပြီ ဆိုတာပဲ။ ဦးမာဃက ငါ့သားလေး ဒီတစ်နှစ်ပြီးရင်တော့ ဘွဲ့ဝတ်စုံလေးနဲ့ မြင်ရချေသေး ဆိုပြီးတော့ နတ်ပြည်မှာ ပတ်ကြွားထားတာကိုးဗျ အခုတော့ဗျာ ဦးမာဃရဲ့ မျှော်လင့်ချက်တွေ အစီအစဉ်တွေအားလုံး ရေထဲသဲသွန် ဖြစ်သွားပြီလေ။ သဲထဲရေသွန် တာကမှ အရာကျန်ဦးမယ်။ မိဘက […]