manawphyulayDecember 22, 20111min1676
ကလေးများအတွက် Psycho-social support Program များကို ဦးစားပေး ကူညီပေးနေတဲ့ Helping Hands (မြန်မာ့ကမ်းလက် လူငယ်များ) အဖွဲ့မှ သန်လျင်မြို့နယ်ရှိ ဗလအားမာန်ငါးတန် လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းတွင် စာကြည့်တိုက် အသေးစားတစ်ခုအား ထူထောင်ပေးနေပါသည်။ လက်ရှိ အဆောင်အား စာကြည့်တိုက်အတွက် အခန်းကန့်၍ အသေးစား စာကြည့်တိုက်ပြုလုပ်ရန် ရည်ရွယ်ထားပါသည်။ ကုန်ကျစရိတ်မှာ (၈)သိန်းခန့် ခန့်မှန်းထားပြီး လှူဒါန်းငွေကျပ် (၃) သိန်းခန့်လိုအပ်နေသေးကြောင်း သိရှိရပါသည်။ ဗလအားမာန်ငါးတန်ကျောင်းတွင် ကျောင်းသားအရေအတွက် ၁၂ဝ ယောက် ရှိပြီး သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ ကျောင်းသားများ နေထိုင်ကြပါသည်။ ကျောင်းတွင် နေထိုင်သူ ကျောင်းသားအရေအတွက်မှာ (၁၀၅) ယောက်ဖြစ်ပါသည်။ ဤကျောင်းအား နာဂစ်မတိုင်မီကတည်းက ဖွင့်လှစ်ထားသည်ဟု ကျောင်းထိုင် ဘုန်းဘုန်းမှ ပြောကြားခဲ့ပါသည်။ စာကြည့်တိုက်လုပ်မည့်နေရာလေးအား အလှူရှင်များ […]


htet wayDecember 21, 20111min31135
လူမှာနာမည်ကအရေးင်္ကြီးပါတယ်။ မှော်ဆရာတဲ့ မှော်ဆိုတာကစွမ်းရည်တစ်မျိုုးပဲ ဖြစ်စေပျက်စေနိုင်တယ်။ လူကိုကြည့်လိုက်တော့ ခပ်ညှက်ညှက်လေး ဦးနှောက်ကတော့ကောင်းသလားမမေးနဲ့ မှော်အတက်တွေနဲ့ဘယ်လိုတွေဖန်ဆင်းထားလဲ မသိဘူး ငယ်ငယ်ရွယ်ရွယ်နဲ့ကလေးကတစ်ယောက်တဲ့။ ကိုယ့်လူသိပ်တော်တယ်ဗျာ ။ နောက်တစ်ယောက်ကကမ်းဝေးတဲ့ ကမ်းနဲ့ဝေးနေတယ်ဆိုတော့ဘယ်လိုလုပ်ကောင်းတော့မှာလဲ သူ့ဘာသူသိတယ်ထင်တယ် ကမ်းနီးတဲ့ ပြန်ပြောင်းလိုက်ပြန်ရော come ဆိုတာလာသည်၊ way ဆိုတာလမ်း၊ သူ့လမ်းကိုလာပါလို့အဓိပယ်ရပြန်ရော။ ကဗျာရေးတော့အရမ်းကောင်းတာပဲဗျာ ဖေါ်ရွေမှု့လည်းရှိ သဘောမနောလည်းကောင်း ဒိလိုလူမအောင်မြင်ရင် ဘယ်လိုလူအောင်မြင်မှာလဲ။ Nature နေးချားတဲ့ သဘာဝဆိုတဲ့အတိုင်း စကားတွေကလည်းသဘာဝကျကျ တိုင်းရင်းဆေးကိုလေးစားတာနဲ့တင် ခင်မင်မိပါတယ်။ ဒီလူ့ပုံကြည့်ရတာ စာနာစိတ်တော်တော်ရှိမယ့်ပုံပါ။ လူညိုချောင်္ကြီး ကိုဘလက်ချောကတော့ အဆိုကောင်းဗျာ သဘောမနောလည်းကောင်းပါတယ်။ ကိုရင်စည်သူ လက္ခဏာဆရာ ဗွီဒီယိုမင်းသားလုပ်ရင်ရတယ် ။ ကျွန်တော်ပြောချင်တာကနာမည်တွေအကြောင်းပါ ဒီအကြောင်းလေးကိုကားစီးလာရင်းတွေးမိပါတယ် စိန်ပေါ၊ သိမ်ဖြူ၊ စာတိုက် စသဖြင့် ကားမှတ်တိုင်တွေရှိတဲ့အထဲက မဆလာစက်မှတ်တိုင်ဆိုတာလည်းရှိ်ပါတယ်။ ကျွန်တော်တို့ ဂေဇတ်ရွာသူရွာသားတွေ ထဲမှာနာမည်လေးတွေကိုမှတ်မှတ်သားသားဖြစ်မိတယ် ပန်ပန်တဲ့ […]


thit minDecember 10, 20111min44432
ကြားဘူးတာလေးပြောပြချင်ပါတယ်။ ဒီသီချင်းလေးကိုတော့ သိကြမယ်ထင်ပါရဲ့နော်။ ~~~စိတ်မှာတအုံ့ နွေးနွေး~~အဆုံးမခံနိုင်သေး~~~မင်းသခင်မလေး ခမြာ မှာ သိပ်ကိုစွဲလန်းနေရှာ~~ ပြန်ရွေးလို့ရခဲ့ရင်~~ပြန်ရွေးလို့ ပေးလိုက်ချင်တယ်~~ဘီးနံပါတ် (OK O122 L)အိုကေ သုံည တစ်နှစ်နှစ် အယ်လ်~~ ဟုတ်ကဲ့၊ အဲဒီ သီချင်းလေးရဲ့ စကားလုံးလေးတွေထဲက အို ကေ သုံညထဲက သုံညကို အိုကေရဲ့ ရှေ့ကိုပို့၊ ဟိုး နောက်ဆုံးက အယ်လ်ကို ရှေ့ဆုံးကိုပို့၊လိုက်ရင် ( LOOK )လို့ဖြစ်သွားရော မဟုတ်လား။ အားလုံး ပေါင်းဖတ်လိုက်တော့ ( LOOK 122 ) ပါတဲ့။ ဖေဖော်ဝါရီ ၁၂ ရက်ကိုကြည့်ခိုင်းတာ ဘာ အဓိပ္ပါယ်လဲ? ဟုတ်ကဲ့ပါ။ ပင်လုံစာချုပ် ကို အလေး ထားပါလို့ ရေးတာဖြစ်ပါတယ်တဲ့။ ဟုတ်မဟုတ်တော့ ကိုယ်ဟာကိုလွတ်လပ်စွာ ဆုံးဖြတ်ပါနော်။ […]


thit minDecember 8, 20111min35621
အပိုင်းနှစ်ကိုဆက်မပြောခင်အရင်ဟာလေးကိုနဲနဲရှင်းပါရစေ။ ၁။အသက်ရှင်သန်နေနိုင်မှု (Sustenance) ၂။ကိုယ့်ကိုကိုယ်တန်ဖိုးထားနိုင်သောဘဝကိုပိုင်ဆိုင်မှု (Self-esteem) ၃။သူတပါးအသုံးချခံဘဝမှ လွတ်မြောက်မှု (Freedom from servitude) ဆိုတဲ့ ၃ မျိုးသော ဖွံ့ဖြိုးမှုတန်ဖိုးဟာ တကယ်တော့ “ရှိရဲ့လား” “လုပ်နိုင်ရဲ့လား” ဆိုတဲ့အခြေအနေ၊အနေအထားတွေနဲ့ များစွာပါတ်သက်ပါတယ်။ အသက်ရှင်သန်နေနိုင်မှုဆိုတဲ့ အချက်ကို ရဘို့ လူတယောက်ဟာ ဘွဲ့ရပေမဲ့ဆိုက်ကားနင်းနေရမယ်၊ ဆရာဝန်ကဈေးရောင်းနေရမယ်ဆိုတဲ့ ကိုယ့်ကိုကိုယ်တန်ဖိုးထားနိုင်သောဘဝကိုပိုင်ဆိုင်မှု မရှိနိုင်တော့ပါဘူး။ သူတပါးရဲ့အသုံးချခံလည်း ဖြစ်ဖို့နီးစပ်လှပါတယ်။ လတ်တလောခေါင်းပေါ်လောင်နေတဲ့မီးက စားဝတ်နေရေး အဓိကပါနေတဲ့ အသက်ရှင်သန်နေနိုင်မှု (အမှတ်စဉ် ၁)ပေါ့။ အဲဒီအတွက်ပေးဆပ်ရမှာ၊ အို ……ပေးဆပ်နေကြရတာလေ။ ပေးဆပ်နေကြရဘဝတွေ(အမှတ်စဉ် ၂) နဲ့လွတ်လပ်ခွင့်တွေ(အမှတ်စဉ် ၃)။ အဲဒီလို “ဖြစ်အောင်”  လုပ်တာဘယ်သူလည်းလို့မေးရတော့မှာပါဘဲ။ (#1) အတွင်းတာဝန်ရှိသူ နဲ့ (#2) အပြင်တာဝန်ရှိသူ   လို့ ရိုးရိုးလေး ၂မျိုးစဉ်းစားပါနော်။ (#1) က […]


thit minDecember 6, 20111min28429
အိမ်ဆိုလို့……….. လူတွေအတွက်လိုအပ်ချက်တွေလို့ပြောရင် စားစရာ၊ဝတ်စရာ၊အိမ် (Food, Clothing and Shelter) ပေါ့။ (Basic Human Needs- BHNs )လို့ခေါ်ပါတယ်။ ကျနော်ခုတလော (Cost and Benefit) စရိတ်နဲ့ အမြတ်ကိုဘဲ တွက်နေတတ်တဲ့ စီးပွါးရေးသဘော တရားတွေကို မနှစ်မမြို့ ဖြစ်လာပါတယ်။ ဘာလို့လဲဆိုတော့ ချမ်းသာအောင်လုပ်တဲ့နည်းဗျူဟာတွေကို သိတဲ့လူကလုပ်တယ်။ အခွင့်အရေးကို”ဖော်”တတ်လို့လည်း ပူဖောင်းလေထိုးသလိုချမ်းသာလာကြရော။ ပြီးတော့အမြတ်ကိုကြည့်လွန်းလို့နဂိုမူလဂုဏ်(Identity)တွေတောင် ပျောက်ကုန်ပြီဗျ။ ငါချမ်းသာဘို့၊ငါလုပ်ငန်းချမ်းသာဖို့၊ငါနိုင်ငံချမ်းသာဖို့နဲ့ နောက်ဆုံးလဲကျရော၊ စီးပွါးပျက်ကပ်လဲဆိုက်ရော(ဒါမှမဟုတ်) အမှန်တရားလည်း ဦးနဲနဲမော့လာရော “ယုတ်မာခဲ့ရင်ယုတ်မာခဲ့သလို” အဖတ်တင်ကျန်ခဲ့တာကမကောင်းမှုတွေ။ ဆက်တိုက်ကြီးမြတ်နေဘို့? နိုးပါ ။ဘာမှလုပ်လို့မရဘူး (Law of Diminishing Marginal Returns ) ဆိုတာရှိတယ်။လျှော့နည်းသွားအထွက်ဥပဒေသတဲ့ မြန်မာလို အနိစ္စ တရားဆိုတာနဲ့ သိပ်တူတာ။ သူ့ဆိုလိုချက်က ဘာလုပ်လုပ်အမြင့်ဆုံးအဆင့်ရောက်ပြီးရင်ပြန်ကိုကျတယ်။ တခုခုကပုံသေဖြစ်နေလို့တဲ့။ […]


PareByokeDecember 5, 20119min1536
            မာကာအိုရောက် မြန်မာနွယ်ဘွား တရုပ် တို့ရဲ့ ၂၀၀၉ ခု နှစ်က အတာသင်းကြန်ပွဲကို မာကာအိုမြို့မှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့တာပါ ပင်လယ်ရပ်ခြားနေ မြန်မာနွယ်ဘွား တရုပ် တို့က ၂ နှစ် တကြိမ် ပြန်လည်စုံစည်း တဲ့ ပွဲ ကိုလဲ တပါတည်း ကျင်းပခဲ့တာလို့သိရကြောင်း မြန်မာယဉ်ကျေးမှုဝန်ကြီးဌာနမှ ယဉ်ကျေးမှုအဖွဲ့ဝင် တို့လဲ ကြွရောက်ခါ ပါဝင်ဆင်နွဲခဲ့ ကြကြောင်း တွေ့ရတာ ပါ                                     […]


စာပေစကားဝိုင်းတစ်ခုမှာပြောဖြစ်ကြတာပါ။ လူငယ်တစ်ဦး ဆရာဝန်ဘွဲ ့ရသည်။ဆေးခန်းဖွင့်သည်။သို ့သော်ဘယ်လောက်မျှမကြာပါ ထိုဆရာဝန်သည် နားကြပ်ကိုပစ်လျှက် ကလောင်ကိုင်ကာစာရေးဆရာလုပ်သွားလေသည်။ သို ့နှင့်…… “အလကားဗျာ. ဆရာဝန်တစ်ယောက်ဆုံရှုံးရတယ်၊နောက်သူ ့နေရာမှာ ဖြစ်လာရမယ့် ဆရာဝန်တစ်ယောက်နစ်နာတယ်။ဒီလိုတော့ မလုပ်သင့်ဘူးပေါ့ဗျာ”ဟုပြောနေကြတယ်ပေါ့။ “အံမယ်. ဆရာဝန်ဖြစ်လို ့ ထက်ထက်မြက်မြက်နဲ ့စာရေးကောင်းတာဗျာ။ဆယ်တန်းမှာ အတော်ဆုံးတွေက ဆရာဝန်တွေပဲ လုပ်ရတာမလား။တခြားနေရာတွေမှာ လည်းလူတော်တွေ လိုတာပဲ။ခင်များတို ့ကြည့်လေ ဆရာဝန်လုပ်ရင် သူ ့ဆေးခန်းလာတဲ့ လူနာလောက်ဘဲ ဆေးကုနိုင်မှာပေါ့။အခုတနိုင်ငံလုံးကို စာနဲ ့ကူပေးနေတယ်လေ”ဟု တစ်ဖက်မှဆိုသူကလဲ ဆိုလေသည်။ ဒီနေရာမှာ ကိုယ့်အမြင်ကိုတော့ နည်းနည်းပြောချင်လို ့မနေနိုင်ဝင်ပြောလိုက်တယ်။ ဒီနေ ့ခေတ်မှာ ခုပြောတဲ့ဆရာဝန်က (၁)သူဝါသနာပါလို ့စာရေးတဲ့ဖက်ကူးသွားတာလဲဖြစ်နိုင်တယ်။(၂)ယနေ ့ခေတ်သာမန်ဆေးတက္ကသိုလ်ကျောင်းပြီးစဆရာဝန်တွေ ကိုယ့်ထမင်းကိုယ်တောင်ရှာစားဖို ့နေနေသာ၊လဘက်ရည်ဖိုးတောင် ပုံမှန်ဝင်ရဲ ့လား မေးရမယ့်အနေအထားမို ့ပါ။ နောက်တစ်ခု ထပ်ပြီးကျွန်တော် ကိုယ်တိုင်နဲ […]


ဘဘDecember 1, 20111min1409
ပြီးခဲ့တဲ့ အပတ်က ဗုဒ္ဓမြတ်စွယ်တော် ရန်ကုန်မြို့ကိုကြွလာလို့ ၊ ကြုံတုံးကြုံခိုက် ဖူးရအောင်ဆိုပြီး အလုပ်ပြီးတာနဲ့တန်း အိမ်ပြန်ရေချိုး ပြီး ကမာ႓အေးဘက်ကို ချီတက်ခဲ့ပါတယ်။ များလိုက်တဲ့သူတွေဗျာ၊ ဪသူတို့လဲကို့လိုပဲပေါ့။ ကုသိုလ်ဖြစ်ရေဝေတဲ့သူတွေ၊ သွားလာရလွယ်အောင် အခမဲ့ကားစီစဉ် ပေးတဲ့သူတွေ၊ အခြားကုသိုလ်ယူနေတဲ့သူတွေလဲအားကြီး။ အဲဒီလိုနဲ့တန်းစီ လာလိုက်တာ ည ၈နာရီကျော်လာပါရော။ ကို့ရှေ့မှာလူတန်းလဲနဲလာပြီ။ ဖူးရတော့မယ် ၊ငါတော့အညောင်းခံရကျိုးနပ်တော့မယ်ဆိုပြီး ပျော်ရမယ်မှမရှိသေး၊ ကားတန်းကြီးဝင်လာပြီး ” VIP လာလို့ ပါ၊ သူတို့ ဖူးပြီးရင်၊ ၉နာရီကျော်ပြီမို့ နောက်နေ့မှလာရမယ်”ဆိုပါလား။ သဘောက ပြန်ပေတော့ မစဉ်းစားနဲ့ ပဲပေါ့။ အဲဒီ VIP ကြီးရယ် ခင်ဗျားမလာခင်ထဲက ဟောဒီလူအုပ်ကြီးက အစာခံ ၊ အညောင်းခံ ပြီး တန်းစီနေတာပါ။ ဒီနေ့ညနေ တော့ မစုံတာကြာပြီ ဖြစ်တဲ့သူငယ်ချင်းတွေနဲ့ တွေ့ဖြစ်ပါတယ်၊ […]


ဆူးNovember 29, 20111min23854
ယနေ့တော့ မျက်မမြင်ကျောင်း ၂ကျောင်း ကို ရောက်ခဲ့တယ်။ ပထမကတော့ စလင်းကွင်း မျက်နှာချင်းဆိုင် ရှေ့တည့်တည့် ပန်းပင်ကြီးလမ်းမှာ ရှိတဲ့ မျက်မမြင်ကျောင်းကို ရောက်ခဲ့တယ်။ ရည်ရွယ်ချက်ကတော့ မနက်စာ အလှူခံ မရတဲ့ နေ့မှာ စားဖို့ အတွက် ခေါက်ဆွဲထုတ် နဲ့ အအေးတွေ ကျောင်းသား အယောက် ၁၂ဝစာ မှန်းပြီးတော့ ဝယ်သွားတာပါ။ ကျောင်းမှာတော့ ကျောင်းသား ၁၀၂ယောက်ရှိတယ်ပြောပါတယ် ပိုပိုသာသာ ၁၂ဝ လှူခဲ့တယ်။ ပိုက်ဆံ ၅သောင်းလောက် မှန်းပြီး ဝယ်ဖို့ တွက်ပြီး သူငယ်ချင်းကို ဝယ်ခိုင်းတာ သူငယ်ချင်းက ဒိုင်ကနေ ဝယ်လာတာမို့ ၄သောင်းလောက်ပဲ ကျပါတယ်။ ပြည်ပ အားကိုး ပဲ ပြောပြောပေါ့ ပြည်တွင်းဖြစ် ခေါက်ဆွဲဆိုရင် ခေါက်ဆွဲ ပါတာ နည်းတော့ […]


မောင်ဆန်းNovember 28, 20115min27017
အောင်ဇေယျာမင်း ဘုန်းကြီးကျောင်းဆိုတာကို ရွာထဲမှာ ၂၀၀ဝ အဖွဲ့နဲ့ ဒေါ်ပဒုမ္မာ တို့ ကျေးဇူးကြောင့် သိနေခဲ့တာ ကြာပါပြီ ရောက်ဖူးတဲ့ မိတ်ဆွေတွေ ပြောပြလို့လဲ ပါတာပေါ့ ဖတ်ဖူး ကြားဖူးကတဲက သွားချင်နေတာ အရင်ပတ် ပိတ်ရက်ကတော့ အလှူအတန်း ကိစ္စနဲ့ ရောက်သွားခဲ့ပါတယ် ၊ ရောက်ပုံက ဂျပန်က အဘိုးကြီး အဘွားကြီးတွေ စုပြီး သူတို့နိုင်သလောက် မြန်မာနိုင်ငံကို နှစ်စဉ်လာ ပညာသင်ထောက်ပံ့ကြေးပေး၊ လှူတန်းနေတဲ့ အလှူရှင်အဖွဲ့လေး တစ်ဖွဲ့ ရှိပါတယ် ၊ မနှစ်က သူတို့ရောက်လာတော့ အောင်ဇေယျာမင်း ဘုန်းကြီးကျောင်း အကြောင်း ပြောပြတာ စိတ်ဝင်စားတာနဲ့ ဘုန်းကြီးကျောင်းကို ရောက်ပြီး ဝတ္ထုငွေ လှူကြပါတယ် ၊ နောက် ဘုန်းကြီးကျောင်းထဲမှာ စာသင်ကျောင်းရှိတော့ တချို့ ဖိနပ် စီးကြပေမဲ့ […]


ရွှေအိမ်စည်November 24, 20112min28219
မင်္ဂလာပါ တမြန်နေ ့က ကိုရင်ရှုံးကရွာထဲလာဖို့ရွာထဲမှာခြောက်ကပ်နေကြောင်းလာပြောတာနဲ ့ရယ်မောစရာအနေနဲ ့ရေးပေးပါတယ်..။ ပျော်ရွှင်ကြစေရန်ရည်ရွယ်ချက်နဲရေးသည့်အတွက်ကြောင့်… အမှားယွင်းများ..မလေးစားမှုများရှိပါကခွင့်လွတ်ကြစေချင်ပါတယ်..။ ဂေဇတ်မှာ ၄လ ကျော် မန်ဘာတစ်ယောက် အနေနဲ ့မိသားစုလို ့တွေးမိသောကြောင့်ပါ…။ တကယ်လို ့များစိတ်ဆိုးအမှားပါဒေါ်သဖြစ်ခဲ ့ရင်….ကျမ ရွှေအိမ်စည်shweaeimsi@gmail.com ကိုအားမနာတမ်း ဝေဖန်အပြစ်တင်နိုင်ပါတယ်..။ ဂေဇတ်မိသားစုကြားဖြတ်ရွေးကောက်ပွဲ မြန္နဒါ….. နေညိုညို ရိတ်ခါသန်းတော့ ….ရွှေမန်းတောင်ရိပ် …… ဒန်တန့်တန်ဒန် … တန်ဒန်တန်တန်…(အဖွံ့သီချင်းသံ) မင်္ဂလာပါရရှင်..ဒီနေ ့အစီစဉ်ကြေငြာသူ ကျမ..မမ ဖြစ်ပါတယ်..။ ဟုတ်ကဲ့ တက်ရောက်လာတဲ့ လူထုကြီးကို အထူးကျေးဇူးတင်ရှိပါတယ် ရှင်…….. အခု အစီအစဉ် ကတော့ ဂေဇတ် ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ပြုခြင်းနဲ့ အမတ်နေရာရွေးကောက်တင်မြှောက်ခြင်းကြားဖြတ်ရွေးကောက်ပွဲအကြို အစီစဉ်ပါ ဒီအစီအစဉ်လေးမစခင် အခြေခံဥပဒေရဲ့ ရွေးကောက်ပွဲကို ဂုဏ်ပြုသီချင်းရေးသားတဲ့ သူတွေကိုဆုများ […]


ကြောင်လတ်November 24, 20111min1175
ကိုစိန်သော့ ရဲ့   မန္တလေးလမ်းပေါ်က အန္တရာယ်တွေ    ပို့ စ် နဲ့ ပတ်သက်ပြီးဆွေးနွေးချင်ပါတယ်။ဒီနေရာမှာ ပြောချင်တာကတော့ ကိုစိန်သော့ တို့ လို ပြည်သူ့လိုအပ်ချက်တွေကို ထောက်ပြပေးနေတဲ့ သူတွေကို တိုက်ခိုက်အပစ်ပြောချင်တဲ့ဆန္ဒလုံးဝမရှိကြောင်းဦးစွာပြောပါရစေ။ အများအတွက်ကောင်းမယ်ထင်တာလေးကိုပဲ ကျနော် ဉာဏ်မီသလောက် အကြံပြုဆွေးနွေးခြင်းဖြစ်ပါတယ်။   ဒီကိစ္စကို နှစ်ဖက် မျှပြီးဆွေးနွေးချင်ပါတယ်။ လမ်းပေါက်တွေ (ပြည်သူပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြားအထွေထွေလိုအပ်ချက်များအားလုံး) နဲ့ပတ်သက်ပြီး ပြည်သူတွေကသက်ဆို်င်ရာဌာနကိုပဲ အော်နေမဲ့အစား၊   နိုင်သလောက်လေးဝင်ကူလိုက်မယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်၊ ဌာနကလည်း လုပ်ချင်တဲ့ပြည်သူကိုလက်ခံရမှာပါ။တတ်နိုင်တဲ့ လုပ်ငန်းရှင်တွေအများကြီးရှိပါတယ်။ ဒီတံတားပေါ်က အရေးပါတဲ့နေရာမျိုးကိုဆိုလိုတာမဟုတ်ပါ၊ အခြားလမ်းတွေကအပေါက်တွေပါ။ ကတ္တရာ နဲ့တစ်ခါတည်းမလုပ်နိုင်ရင်တောင် အုတ်ခဲကျိုးလေးတွေ ထည့်ပြီးထုထားလိုက်ရင် အပေါက်ပြေသွားတဲ့အပြင် ထပ်ပြီးတော့လည်းကြီးမလာနိုင်တော့ပါ။အပေါက်သေးလေးတွေကိုမပြုပြင်ပဲထားလို့ တဖြည်းဖြည်းကြီးလာရတာပါ။ ဒီနေရာမှာဌာအခန်းကဏ္ဍက အရေးကြီးလာပါပြီ။ စိတ်ပါဝင်စားတဲ့ ပြည်သူက ကောင်းအောင်လုပ်တာကို လုပ်ခွင့် မရှိဘူးဆိုပြီးပြဿနာရှာတတ်ကြတာပါ။ လုပ်ချင်တယ်ဆိုရင် ဌာနကိုအသိမပေးပဲလုပ်ခွင့်မပြုတဲ့ကိစ္စပါ။တကယ်ဆိုကြိုဆိုရမှာပါ […]


MyitthaNovember 20, 20113min1785
       ရန်ကုန်မြို့ တရုပ်တန်းရပ်ကွက်  စဥ့်အိုးတန်း အောက်လမ်း နဲ့ကမ်းနား လမ်း ထိတ်ရှိ  ခိန့်ဟုတ် ဗုဒ်ဓဘာသာ ဘုရားကျောင်းတွင်၊ မကြာခင် ရက်ပိုင်းကပင် နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် ပူဇော်ပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ယင်းအခမ်းအနားက ဓာတ်ပုံများကို မန်းတလေးဂေဇက် ရွာသူရွာသား များ ရှုစားနိုင်ရန်တင်လိုက်တာပါ E Mail တခုမှ ပုံအကြီး ကြည့်ချင်ရင် ပုံများကို “ကလစ်” ကစား ပါ၊ ပဌမတွင် ပုံသေးသွားပြီး နောက်ထပ် ကလစ်လုပ်ရင် ပုံအကြီးကြီးထွက်လာမယ်