Mလုလင္June 27, 20133min50322
ရှုချင်စဖွယ်၊ လျှပ်တပြက် နဲ့ သတင်း . . . . . အဲ့လို ရသ မျိုး တွေ တစ်မျိုးစီ . . . . . လေးစားစွာဖြင့် Mလုလင်


kotun winlattJune 27, 20132min1235
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ နားခွင်းကျင်ကျေးရွာ မူလတန်းကျောင်းလေးးးးးး     ဆရာမလေးသို့ မြေဖြူ၊ ဘောလ်ပင်၊ သင်ပုန်းဖျက်၊ မင်နီများ ပေးအပ်နေစဉ်….   လှုပ်လှုပ်ရှားရှား One Candle အဖွဲ့ဝင်များးးးးးးးးးးးးးးးးးးး   ကျောင်းသူလေးတစ်ဦးအား စာရေးကိရိယာလေးများ ပေးအပ်နေစဉ်….     ကျောင်းသူလေးအား စာရေးကိရိယာများ ပေးလှူစဉ်.. ရပ်မိရပ်ဖ ဆရာမများ ကျောင်းသား/သူများနှင့် ကျနော်တို့ အဖွဲ့ အမှတ်တရ…. ရပ်မိရပ်ဖ ဆရာမများ ကျောင်းသား/သူများနှင့် ကျနော်တို့ အဖွဲ့ အမှတ်တရ….     ၁၉.၆.၂၀၁၃ ရက်နေ့ နံနက်ကတည်းက အနောက်ဘက်တခွင်မှ မိုးတိမ်တို့သည် အလိမ့်လိုက်တက်လာကြလေသည်။ မိုးရွာရွာ နေပူပူ သွားဖြစ်အောင်သွားမည်ဟု အားခဲထားတာမို့ ကြိုက်သလောက်ရွာလိုက်စမ်း မိုး…ရေဟု စိတ်ထဲမှ ကြုံးဝါးနေလိုက်မိသည်။  […]


kotun winlattJune 25, 20132min1354
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ သက်ရင်းတာရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းသား/သူများ စာသင်ကြားရာ နေရာ ( ၂၀၁၂ မှ ပုံကို တင်ထားခြင်း ဖြစ်ပါသည်။ ယခုနှစ်တွင် ဇရပ်လေးအား ဓာတ်ပုံ မရိုက်မိခဲ့သောကြောင့်ပါ…။)     လှူဒါန်းမည့် ပစ္စည်းများကို နေရာချနေကြသည့် One Candle အဖွဲ့ဝင်များ   ဆရာမအား လှူဒါန်းသော ပစ္စည်းလေးများ ပေးအပ်စဉ်….   အနာဂတ်၏ သားကောင်းရတနာလေးများကို စာရေးကိရိယာများ ဝေငှပေးနေကြစဉ်…..   ကျောင်းသားလေးတစ်ဦးအားး စာရေးကိရိယာနှင့် အာဟာရမုန့်လေးများ ပေးအပ်စဉ်….။   ကျောင်းသားလေးတစ်ဦးအားး စာရေးကိရိယာနှင့် အာဟာရမုန့်လေးများ ပေးအပ်စဉ်….။   ကျောင်းသူ ကျောင်းသား ဆရာမများ ခန်းနေ ဦးဇင်းနှင့် OneCandle အဖွဲ့ဝင်များ […]


kotun winlattJune 16, 20132min1043
လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ကျော်က ဘဘဦးတင်ဦး၊ အမေစုတို့ အင်းတော်မြို့ရောက်ရှိခဲ့စဉ်က ဆရာဦးစောလှိုင်တို့ အဖွဲ့နှင့် အမှတ်တရ ရိုက်ကူးထားတဲ့ ပုံလေးပါ…. ဆရာဦးစောလှိုင်မှာ အကျင်္ီအစိမ်း ပုဆိုးအညိုရောင်နဲ့ပါ ဒီနေ့တော့ မနက်ကတည်းက ရာသီဥတု သာယာနေပါတယ်….. ဒါပေမယ့် ကျနော့်ရင်ထဲမှာတော့ သာယာမှုမရှိပါ.. အဘယ်ကြောင့်ဆိုသော် ကျနော်တို့ အဖွဲ့လေး ဖားပန်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းလေးကို စာရေးကိရိယာ သွားရောက်လှူဒါန်းပြီး နောက်ရက်မှာနံနက်ပိုင်းမှာပဲ အင်းတော်မြို့က ကျနော့် သူငယ်ချင်း ချမ်းအောင်က ” ထွန်းဝင်းလတ်ရေ … ဆရာစော ဆုံးသွားပြီ.. ၁၂ ရက်နေ့မှာ သဂြိင်္ုဟ်မယ်…” ဟု အကြောင်းကြားလာခဲ့သည်။ ဆရာစောဆိုတာက ကျနော်တို့ အင်းတော်မြို့နယ်က ၁၉၉ဝ ပြည့် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်လောင်းဦးစောလှိုင်ပါ။ အနိုင်ရခဲ့ပေမယ့် လွှတ်တော် အမတ်မဖြစ်ရပဲ […]


kotun winlattJune 13, 20132min1137
အနာဂတ်၏ သားကောင်းရတနာလေးများးးးးးးး အနာဂတ်၏ သားကောင်းရတနာလေးများနှင့် ကျနော်တို့ အဖွဲ့လေး အမှတ်တရ…. ကျနော်တို့ အဖွဲ့လေး ကျောင်းလေး၏ စာသင်လေးရှေ့မှာ အမှတ်တရ….. ရွာလေးထဲမှာ တစ်အိမ်တက်ဆင်း ဂျာနယ်စာစောင်များကို လိုက်လံဝေငှကြစဉ်…. ဆရာတော်နှင့် ကျနော်တို့ အဖွဲ့ဝင်များ စကားစမြည်….. ဆရာတော်အား ဂျာနယ်နှင့် ဓမ္မစာစောင်လေးများ ဆက်ကပ်လှူဒါန်းစဉ်….. ခရီးစဉ်ကို စထွက်တော့ နံနက်ရှစ်နာရီခွဲနေပါပြီ … ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် မော်လူးထဲမှာ ဆိုင်ကယ် ဦးထုပ်မပါတဲ့လူတွေကို ယာဥင်္ထိန်းရဲက ဖမ်းနေပါတယ်… ဒီအကြောင်းလေးကိုလည်း ရေးချင်သားဗျ….အဟဲ…. နောက်များမှပေါ့နော့.. သုံးဘီးဆရာက ဦးထုပ်မပါလို့ ကွင်းလမ်း ရှောင်လမ်းကနေပတ်ပြီးမောင်းခဲ့ပါတယ်…..အဖွဲ့ဝင်တွေက မော်လူး၊ အုန်းဒုတ်၊ စီးမော်၊ ညောင်ပင်သာ၊ စီပိန်းစတဲ့ ရွာလေးတွေကဖြစ်ပြီး ဖားပန်ရွာကို သွားတဲ့လမ်းနဲ့ တဆက်တည်းမို့ တစ်ရွာပြီးတစ်ရွာ ဝိုင်းတော်သားလေးတွေက အားဖြည့်လာကြတာမို့ အင်အား(၂၀)ယောက်လောက် […]


အာဂJune 7, 20131min27919
Food မဂ္ဂဇင်းရဲ့ Food &Travel ကဏ္ဍအတွက်ရွေးချယ်မိတဲ့ နေရာကတော့မြနန်းစံကျော်ရွှေနန်းတော်ကြီးရှိရာမန္တလေးရွှေမြို့တော်ကြီးဆီသို့ပါပဲ . . . ။ ကုန်းဘောင်မင်းဆက် မင်းတုန်းမင်းတရားကြီးကစတင်တည်ထောင်ခဲ့ပြီး နောက်ဆုံးမင်းဖြစ်တဲ့ သားတော် သီပေါမင်းနန်းစံသွားရာ နေရာဒေသတစ်ခုဖြစ်သလို ရှေးဆန်ပြီး၊ ရင်းနှီးဖော်ရွေတဲ့ မြို့ကြီးသူ၊မြို့ကြီးသားများနေထိုင်ရာနေရာတစ်ခုလည်းဖြစ်ပါတယ်။ ရန်ကုန်က အကြွား၊ မန္တလေးကအစားလို့ စာဆိုတွင်ရတဲ့အတိုင်း ကျွန်တော်တို့ အစားအသောက် Food မဂ္ဂဇင်း အတွက် မန္တလေးမြို့ရဲ့ ဘယ်လိုနေရာကဘယ်လို အစားအသောက်ဆန်းတွေ အ ကြောင်းကိုသိခွင့်ရရှိတော့မှာဖြစ်လို့ရင်ခုန်စိတ်လှုပ်ရှားရင်းခရီးဆက်ခဲ့ပါတယ်။ အာဂ(မှတ်ချက် Food Magazine အတွက် ရေးသားခဲ့သော ဆောင်းပါးအားပြန်လည်ဖော်ပြအပ်ပါသည်။) မြနန်းစံကျော် ရွှေနန်းတော်ကြီး ……………………………. ဓာတ်ပုံ အာဂ မန္တလေးရွှေမြို့တော်ကြီးရင်ခွင်ထဲ ကျွန်တော် ခြေ ချချမိချင်း သွားချင်ခဲ့မိတဲ့နေရာကတော့ မြန်မာတို့ရဲ့ အနု သုခမလက်ရာပေါင်းစုံနဲ့ မြန်မာတစ်မျိုးသားလုံးအတွက်ဂုဏ်ယူဖွယ်ရာ ပြယုဂ် ဖြစ်တဲ့ […]


အာဂJune 3, 20131min33429
ဘဝကို အောက်ခြေအဆင့်ကနေတက်ရောက်လာပြီး အလုပ်မျိုးစုံဖြစ်တဲ့ ကားအချိန်ပိုင်းဆွဲခြင်း၊ အလှမွေးငါးရောင်းခြင်း၊ပန်းရောင်းခြင်း၊ ရေခဲထုပ်ရောင်းခြင်းစတဲ့ အလုပ်မျိုးစုံလုပ်ကိုင်ခဲ့ပြီး။ မွေးရာဗီဇ ါသနာဖြစ်တဲ့အချက်အပြုတ်ကိုအခြေခံပြီး စားသောက်ဆိုင်လုပ်ငန်းပေါင်းများစွာ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့သူ။ တစ်နေ့ကို သူတစ်ပါးအကျိုးစီးပွားအတွက် ၅ကြိမ်လောက်ပေးကမ်းလှူတမ်းပြီးမှ စိတ်ကျေနပ်တက်သူ။ ကိုယ့်စီးပွားရေးထက် စားသုံးသူအကျိုးစီးပွားကို ရှေ့တန်းတင်ဦးစားပေးတက်သူ . . . ။ သူက အခြားမဟုတ်ပါဘူး။ Feel Group ပိုင်ရှင် ဦးစိုးညီညီပဲဖြစ်ပါတယ်။ ဦးစိုးညီညီရဲ့ ဘဝအကြောင်း တစ်စိတ်တစ်ဒေသနဲ့ အစားအသောက်အကြောင်းကို စာဖတ်သူများ လေ့လာအတုယူနိုင်အောင်လို့ အခုလို မေးမြန်းခဲ့ပါတယ်။ အာဂ • အစ်ကို့ရဲ့ မိသားစုအကြောင်းလေး ပြောပြပေးပါဦး။ •• အစ်ကို့အဖေက ဂျပန်တော်လှန်ရေးကာလကဒုဗိုလ်မှူးကြီးပါ။ အမေကတော့ကျောင်းဆရာမပါ။ ကျွန်တော့်မှာ ညီအစ်ကို၊ မောင်နှမ ၆ယောက်ရှိပါတယ်။ယောက်ျားလေးချည်းပဲ ၅ယောက်ပါ။ အငယ်ဆုံးက တော့ မိန်းကလေးပါ။ အစ်ကို့ညီမကတော့ဒီFeel မြန်မာစားသောက်ဆိုင်ကို […]


                                            “မြေမျိုပျောက်ကွယ်ခြင်း”   ဂျာနယ်တွေမှာ မန်းလေးမြို့တည်နန်းတည်မှာပါတဲ့ (၇)ဌာနကိုပြန်လည်ဖော်ထုတ်မယ်ဆိုတာကိုဖတ်ရပါတယ်။ အဲဒီ(၇)ထဲမှာပျက်စီးပျောက်ကွယ်နေဆဲ့ဖြစ်တာကတော့သိမ်တော်နဲ့ ပိဋကတ်တိုက်တော်ဖြစ်ပါတယ်။ ပိဋကတ်တိုက်တော်ကတော့ မန်းလေးတောင်ခြေ ဦးခန္တီဇရပ်အနီးမှာရှိပြီး အခုချိန်မှာတော့အဲဒီနေရာမှာ စာသင်ကျောင်းဖြစ်လို့နေပါတယ်။ ပဌာန်းသိမ်တော်ကတော့ မန်းလေးတောင်ခြေက မဟာသကျမာရဇိန်(ခ)ကျောက်တော်ကြီးဘုရားရှေ့မှာ ဖြစ်ပါတယ်။ အရင်ကတော့သံတိုင်တွေကာရံထားတဲ့ဒီနေရာလေးက ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ရှုပ်ထွေးပြီး လူဝင်လို့ရတဲ့နေရာ မဟုတ်ပါဘူး။       ပြီးခဲ့တဲ့ရက်က ကျောက်တော်ကြီးဘုရားကိုရောက်သွားတော့ အရင်ကနဲ့မတူဘဲ ရှင်းလင်းသေသပ်။ ပြန်လည်တည်ဆောင်ရေးအတွက် လုပ်သားတွေနဲ့ အပူတပြင်းဆောင်ရွက်။ တိမ်မြုတ်နေတဲ့ အုတ်ရိုးနေရာတွေကို စနစ်တကျပြန်လည်တူးဖော်နေတာက ပိဋကတ်တိုက်နေရာမှာရော ပဌာန်းဟောသိမ်နေရာမှာပါ တစ်ပြိုင်တည်းလုပ်ဆောင်နေတာကိုမြင်ရပါတယ်။ မရဘူးသေးတဲ့ ကျောက်တော်ကြီးဘုရားပုံတော်ကိုတောင်ရခဲ့ပါတယ်။ အဲဒီမှာဘာတွေ့ခဲ့ရသလဲဆိုတော့ လှဲထားတဲ့ သစ်မြစ်ဆုံကြီးထဲမှာ သိမ်တော်အမှတ်အသား ကျောက်တိုင်လေးကို မျိုထားတာ တွေ့ရပါတယ်။         နောက်ရက် မိတ်ဆွေတစ်ယောက်ကိုတောင်သမန်အင်းလိုက်အပို့ […]


ကျွန်ုပ်ရောက်ရှိခဲ့သော ကျတ်တို့ဌာနီ ကျတ်ဆိုတာ ပြိတ္တာမျိုးနွယ်ဝင်တမျိုးလို့… ကြားဖူးပါတယ်… ငယ်ငယ်တုန်းက လူကြီးသူမများပြောကြားဖူးတဲ့ ပုံပြင်တွေထဲမှာလို… ဇာတ်ဆရာအိမ်ကို ညတွင်းချင်းဇာတ်လာငှား… လိုချင်တဲ့အခကြေးငွေကိုလဲပေးတော့… အသင့်စီစဉ်ပေးထားတဲ့မြင်းကိုစီး… ဇာတ်ငှားတဲ့ရွာလဲရောက်ရော သေသေချာချာပြင်ဆင်ပေးထားတဲ့ ဇာတ်စင်ပေါ်မှာတက်က… မောမောနဲ့အိပ်ပျော်သွားပြီး… နိုးလာတဲ့အချိန်လဲကျရော… သင်္ဂျ ိုင်းကုန်းလိုနေရာက မြေကြီးပေါ်မှာအိပ်နေတာတွေ့ရတယ်ဆိုတဲ့… လူတွေကို ကျီစယ်တတ်တဲ့သူတို့ရဲ့အကြောင်းကို… ငယ်ငယ်တုန်းက ကြားဖူးခဲ့တာကြာပါပြီ… အသက်လေးနဲနဲကြီးလာတော့လဲ သူတို့အကြောင်းကို စာအုပ်တွေထဲမှာ ထပ်ဆင့်ဖတ်ခဲ့ရဖူးတော့… ဇာတ်စုံပေါ့…   ဒီနှစ်ပိုင်းထဲမှာ ခရီးသွားဖို့ကံဇာတာဓာတ်ကျနေတဲ့ ကျွန်တော့်အဖို့… အဲဒီကျတ်တို့နေထိုင်ရာနေရာကိုသွားရောက်ဖို့ အကြောင်းကဖန်လာပါတယ်… ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ထဲမှာရှိတဲ့ ကျတ်တို့ဌာနီကိုသွားဖို့ ဗီဇာမလို… ပတ်စ်ပို့မလိုဘဲ… အလုပ်ကမိတ်ဆွေတွေစုပေါင်းပြီး တစ်ယောက် (၃၀၀၀)နဲ့ ကားငှားသွားရင် ကျတ်တို့ဌာနီကိုရောက်မတဲ့လေ… စိတ်မဝင်စားဘဲမနေနိုင်တဲ့ ကျွန်တော်… ကျတ်တို့ဌာနီကို လိုက်ပါဖို့… သဘောတူလိုက်ပါတယ်… အဲ့လိုနဲ့ နောက်တစ်နေ့မနက် (၆)နာရီထိုးတော့ ကျတ်ဌာနီလမ်းပြတစ်ဦးရဲ့အကူအညီနဲ့… လွိုင်ကော်မြို့မှ […]


နွေဦးMay 11, 20135min41611
ကျောင်းနေစဉ်က ဘုရားစာတွေစသင်ရပြီဆို မင်္ဂလ သုတ်က စသင်ရပါတယ် ။မင်္ဂလသုတ်ကို စကျက်ရကတည်းက “ဧဝံမေသုတံ ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝါဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရမေ” ဒီလို ပါဠိလို စကျက်ရပါတယ် ။ ဒီကတည်းက သာဝတ္ထိမြို့တော်ကြီးနဲ့ ဇေတဝန်ကျောင်းတော်ကို စိတ်ကူးနဲ့ သိခဲ့ရတဲ့နေရာပါ ။ ဇေတဝန်ကျောင်းတော်လို့ဆိုတာနဲ့ ကျွန်တော်တို့တတွေအားလုံးသိကြပါတယ် ။အနာထပိဏ်သေဋ္ဌေးကြီး ကမြတ်စွာဘုရားရှင်အတွက် ကျောင်းဆောက်လှူဖို့ မြေနေရာကို ဇေတ မင်းသားရဲ့ မြေကွက်ပေါ် ရွှေဒင်္ဂ ါးအပြည့်ခင်းပြီးဝယ်ယူခဲ့တဲ့ တန်ဖိုးကြီးလှတဲ့ကျောင်းလို့ သိခဲ့ကြပါတယ် ။မြေပြင်အပြည့် ရွှေဒင်္ဂ ါး ၁၈ ကုဋေ ခင်းခဲ့ရတယ်လို့ ဆိုပါတယ် ။ဒါတောင် ဇေတမင်းသားက မြတ်စွာဘုရားရှင်ကို သဒ္ဒါပေါက်ပြီး မြေတဝက်သာခင်းစေခဲ့တာလို့ ဆိုပါတယ် ။ အနာထပိဏ် သေဋ္ဌေးဟာ ဇေတဝန်ကျောင်းကို ဘုံ ရဆင့်နဲ့အထပ် ရထပ်ဆောက်ခဲ့ပြီး ရွှေဒင်္ဂ ါး ၁၈ကုဋေ ကုန်ပါတယ်တဲ့ ။ ဒီအရပ်မှာ […]


“အသီးမှာ…………….သို့.တမ်းချင်း ”   ဒီအချိန်ကတော့ အသီးမှာသရက်လို့ အတင်စားခံထားရတဲ့ သရက်သီးတွေပေါ်ချိန်ပါဘဲ။ ပြီးခဲ့တဲ့လေးငါးရက်လောက်က ပေါ်ဦးပေါ်ဖျားဆိုပြီး သရက်သီးတွေဝယ်လာခဲ့ပါတယ်။ စိန်တစ်လုံး သရက်သီးတွေပါ။ ဈေးကတော့ တစ်လုံး ၃၅ဝ အလုံးကလဲ လှမှလှ။ အဲဒီနေ့ညနေစာ ထမင်းစားတော့ သရက်သီးနဲ့စားမယ်ဆိုပြီး ဟင်းတောင်ထပ်မချက်။ တကယ်စားကြည့်တဲ့အခါ စားနေကျ  စိန်တစ်လုံးအရသာမျိုး ရမလာပါဘူး။ အချဉ်ဓါတ် နည်းနည်း ကဲနေပါတယ်။ အသီးအနေအထား ပုံစံကလဲ စိန်တစ်လုံးအစစ်။ ဝယ်လာတဲ့ဆိုင်ကလဲ အမြဲဝယ်နေကြဖောက်သည်။ သရက်သီးရဲ့အသားကလဲ   စိန်တစ်လုံးအသားလိုနူးနူးညံ့ညံ့။ ဒါပေမယ့်လည်း စားရတာ အရသာမရှိတာတော့အမှန်။ အဲတော့ ဒီတစ်ခါပိတ်ရက်ရောက်ရင် မနှစ်ကလို စိန်တစ်လုံးထွက်တဲ့ခြံမှာသွား ဝယ်မယ်လို့ စိတ်ထဲမှာတေးထားလိုက်ပါတယ်။ %%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%     အမှတ်ရစရာလေး စမြုံ့ပြန်ရရင်မနှစ်က သရက်သီးတုံးခါနီးအချိန်ရောက်မှ စိန်တစ်လုံး သရက်သီးစားချင်စိတ်ပေါက်လာပါတယ်။ အဲဒါနဲ့ စိန်တစ်လုံးသရက်တွေပေါတဲ့ ပေါ်တော်မူဘက်မှတော့ […]