moonpoemFebruary 13, 20131min28021
အစ်မ ဧည့်သည်တွေက ဘာလူမျိုးတွေလဲ။ ကျွန်မ လှဲနေသည်ဆိုသော်လည်း အိပ်ပျော်နေခြင်း မဟုတ်သည်ကို သတိထားမိဟန်တူသောကြောင့် ထိုကောင်လေးက ကျွန်မကို မေးခြင်းဖြစ်ပါသည်။ သူကတော့ ထိုင်လျက်။ သူက ထိုင်ရင်းဟိုဟိုဒီဒီကြည့်ကာ မေးနေသည်ကို ကျွန်မက အိပ်ရင်းနဲ ့တော့ မဖြေချင်ပါ။ လူးလဲထပြီး ဪ..ဂျပန်တွေလေ မောင်လေးဟု ဖြေလိုက်သည်။ အံ့ဩစရာနော် အစ်မ ကျွန်တော်ဖြင့် ဒီဘုရားကို အဖေနဲ ့လိုက်လာတာဖြင့် ဟိုးငယ်ငယ်ကလေးတည်းက။ ဒီလို ဘုရားစောင်းတန်းမှာ အိပ်ကြတာ မြန်မာလူမျိုးပဲတွေ ့ဘူးသေးတယ်။ နိုင်ငံခြားသားဆိုရင် ဘုရားပတ်ပြီး ပြန်တာများပါတယ်။ အစ်မဧည့်သည်ဂျပန်တွေကျမှပဲ ဘုရားစောင်းတန်းလာအိပ်ကြတယ်နော်။ နေပူထဲ လျှောက်သွားရတာ ပင်ပန်းလို ့လားအစ်မ။ ဟုတ်မှာပါလေ သန်လျင်က ဒီလောက်နေပူတာ ပင်ပန်းမှာပေါ့။ ကျွန်တော်က ဒီနှစ် ၁ဝတန်းဖြေမှာဗျ။ အိမ်ကတော့ စာကျက်ဖို ့ပြောတာပဲ။ကျွန်တော်ကတော့ […]


ဘော့လုံးကစားကြမယ် အလုပ်ပိတ်ရက်ဘုရားသွား၊ မဒမ်ပေါက်က ကျနော်ကိုထားပြိး ဘုရားကန့်တော့၊ ပျင်းတာနဲ့ ဘုရားဝင်းထဲလျောက်တော့ ကလေးတွေဆော့နေတာကိုတွေ့တော့ ထုံးစံအတိုင်းလက်ဆော့မိတာလေးပါ။ “အပူပင်ကင်းတဲ့ကလေးလေးဘဝကို တစ်ခါပြန်ပြီးရချင်သေးတယ်”ဆိုတဲ့ ဆရာစိုင်းခမ်းလိတ်ရဲ့စာသားက နားထဲကိုအလိုလိုရောက်လာသလိုလို …………………………………. ကိုပေါက်လမ်းသလားနေသည် 3-2-2013              


weiweiFebruary 12, 20133min50431
ခေါင်းစဉ်ကြည့်ပြီး စိတ်ဝင်စားသွားကြမယ်ထင်ပါတယ်။ ညောင်တုန်းမှာ ချောင်းသားကမ်းခြေအတု ညောင်ချောင်းသာ ဆိုပြီး နံမည်ကြီးနေတာနဲ့ ဒီနေ့ ပြည်ထောင်စုနေ့မှာ အလုပ်ထဲက ဝန်ထမ်းတွေစုပြီး သွားလည်ကြတယ်။ ရန်ကုန်ကနေ ညောင်တုန်းအထိ တစ်နာရီခွဲလောက်သာ ကားစီးရတာမို့လို့ သွားရတာအဆင်ပြေပါတယ်။ ရန်ကုန်ဘက်ကလာတဲ့ ပန်းလှိုင်မြစ်နဲ့ ဧရာဝတီမြစ်လက်တက်တစ်ခု ပေါင်းစုံတဲ့နေရာမှာ သဲသောင်ပြင်တစ်ခုဖြစ်နေပြီး အဲဒီနေရာမှာ ဆိုင်ခန်းတွေ၊ ကမ်းခြေနဲ့တူတဲ့ အပြင်အဆင်တွေနဲ့ ရေလာကစားကြတဲ့သူတွေနဲ့ အရမ်းစည်ကားနေပါတယ်။ ဓါတ်ပုံလေးတွေ အားပေးကြပါအုန်း ….


  “တိမ်လှိုင်းကြက်ခွပ်” အလုပ်ပိတ်တဲ့တစ်ရက် အပြင်ထွက်မလုို့လုပ်တုံး “လေးပေါက်………….ဘယ်မှာလဲ”ဆိုပြီးဖုန်းဝင်လာပါတယ်။ ရန်ကုန်မှာနေတဲ့ရွာသူတစ်ယောက်။ မန်းလေးကိုအလည်ရောက်နေပါသတဲ့။ အဲဒါနဲ့သူတို့ဘယ်ရောက်နေလဲဆိုတော့မြောက်ပြင်မှာတဲ့။ သူတို့ရောက်တဲ့နေရာနဲ့မဝေးတဲ့ 19လမ်းက မင်းသီဟလက်ဖက်ရည်ဆိုင်မှာချိန်းလို်က်ပါတယ်။ ရောက်လာတော့စကားတွေပြောကြ။ ပြီးရင်ဘယ်သွားချင်လဲမေးတော့ နန်းတွင်းကို သွားချင်ကြပါသတဲ့။ ဒါနဲ့ဘဲ ကျုံးကိုမြောက်ဘက်ကနေပါတ် အရှေ့ပေါက်ကနေ နန်းတွင်းထဲကိုဝင်လို့ မြနန်းစံကျော်ရွှေနန်းတော်ကိုအလည်သွားကြပါတယ်၊ နန်းတော်ထဲအရောက်ကောင်းကင်ကိုမော့ကြည့်လိုက်တော့ တိမ်တွေကလှိုင်းကြက်ခွပ်ထနေပုံကလှပ။                 အဲဒိက အပြန် သူ့တို့ကို တည်းအိမ်ရောက်အောင်လိုက်ပို့။ အိမ်မပြန်နိုင်သေးဘဲတိမ်ကြက်ခွပ်တွေကို ဓါတ်ပုံရိုက်ချင်လို့ ဧရာကမ်းနံဘေးပြေးမယ်လုပ်တော့ နေကျတာ မြန်နေတော့ အချိန်မမှီလောက်။ ရေပြင်ရယ် ကျယ်ပြန့်တဲ့ကောင်းကင်ရယ်ရှိမယ့်နေရာကို အမြန်ဆုံးရောက်မယ့်နေရာကို တွက်ကြည့်တော့ တက်သေးအင်း အနောက်မြောက်ဘက်ခြမ်းကိုသတိရတော့ ဆိုင်ကယ်ကို အမြန်မောင်းလာခဲ့ပါတယ်။ ရောက်တဲ့အချိန်မှာကို နေရောင်က မင်းဝံကိုကွယ်ခါနီးနေပါပြီ။ ဒါနဲ့ဘဲ ့ တိမ်လှိုင်းကြက်ခွပ်တွေနဲ့တက်သေးအင်းရေပြင်ကို နေဝင်ချိန်လေးနဲ့ […]


တစ်ခုသော ဆောင်းတစ်ရက်အလည်ထွက်ခြင်း     ရန်ကုန်ကပြန်လာကတည်းက မနက်မနက်ဆို လမ်းမလျောက်ဖြစ်တဲ့ရက်တွေများလာပါတယ်။ အရင်ဆို မနက်ငါးနာရီကျော်တာနဲ့ အိမ်ကထွက်လို့လမ်းလျောက်နေကြ.။ ဒါနဲ့ဘဲ ဥပုဒ်တစ်ရက်မှာတော့ စောစောထလို့လမ်းလျောက်ဖြစ်ပါတယ်။ လမ်းမလျောက်တာ ကြာတော့ မနက်ခင်းရဲ့အေးမြတဲ့ လေတွေကြောင့်လူကလန်းဆန်း။ သိပ်မကြာခင် အာရုဏ်ဦးရဲ့ရှေ့ပြေးရောက်နီတွေတက်လာပါတယ်။ နံနက်ခင်းရောင်စဉ်များအောက်မှာ အိန္ဒြေရရ ရပ်နေတဲ့ ပြည်ကြီးမွန်ဖောင်တော်ကလဲလှပ။. သစ်ကိုင်းများကြားကမြင်ရတဲ့ နံနက်ခင်းရောင်ခြည်များကလဲလှပ။ သိပ်မကြာခင်း ဝင်းလက်လာတဲ့နေမင်းကြီးကိုမြင်ရပါတယ်.။           လမ်းလျောက်ပြီးအိမ်ပြန်လာ ရေချိုးပြီး မုန့်စားထွက်ကြပါတယ်။ မုန့်စားနေတုန်း တောင်သမန်အင်းနားက မိတ်ဆွေအိမ်က ဖုန်းဆက်လာပါတယ်။ သူတို့အိမ်ကို မုန့်ဟင်းငါးချက်ထားတာ လာစားဘို့ပေါ့။ အဲဒါနဲ့ မထူးဘူးဆိုပြီးတော့ တောင်သမန်အင်းဘက်ကိုချီတက်ခဲ့ကြပါတယ်။ မိတ်ဆွေအိမ်ကို သွားဘို့စောနေသေးတော့ ဦးပိန်တံတားဘက်ကိုသွားဓါတ်ပုံရိုက်။ တောင်သမန်အင်းကတော့ ဆောင်းအငွေ့တွေကြောင်း မူန်ရီဝေဝေ။ လှေကတော့ မစီးချင်တော့တာနဲ့ မယ်ဇယ်ပင်ကြီးတွေရှိရာ အနောက်ဘက်ကိုသွားခဲ့ကြပါတယ်။ […]


“မြသာလျောင်းနဲ့ရွှေသာလျောင်း”   ထမင်းစားမယ်လို့ ပြောတဲ့အခါ မှာ လမ်းပြ က ဘယ်မှာစားမလဲမေးပါတယ်။ ကျနော်တို့က မသိဘူး ကောင်းတဲ့ဆိုင်တစ်ဆိုင်ဆိုင်ပို့ပေးဘို့ပြောပါတယ်။ ကားလေးကို ဟိုလမ်းဝင်ဒီလမ်းထွက်နဲ့ ကျောင်းတစ်ခုရဲ့နောက်ကျောဘက်ကိုရောက်သွားပါတယ်။ လမ်းမြောက်ဘက်ဘေးမှာ ထမင်းဆိုင်လေးတစ်ခု။ ကားတွေရပ်ထားတာအများကြီး။ ဆိုင်ကလေးက သပ်သပ်ရပ်ရပ်။ ချက်ထားတဲ့ဟင်းတွေက စတီးဇလုံထဲမှထည့်ထားတာ စားချင့်စဖွယ်။ ကျနော်တို့ခြောက်ယောက်စားတာ ဘဲသားဟင်း ကြက်သား ပုဇွန် ငါးအူချက်နဲ့လိုက်ပွဲတွေရယ် ရေသန့်ဘူးတစ်ဘူးအပါအဝင်မှာ 8300ကျပ်ဘဲကျပါတယ်။ အတော်လေးကို တန်ပါတယ်။ ဆို်င်နာမယ်က တော့ ကျနော်အမှတ်မမှားဘူးဆိုရင် “လင်း “ဖြစ်ပါတယ်။ ထမင်းစားပြီးကြတဲ့အခါ မြသာလျောင်းကို သွားကြပါတယ်။ မြသာလျောင်းအဝင်လမ်းမှာတော့တစ်လျောက်မှာတော့ အရုပ်ကြီးတွေနဲ့ ကပြီး အလှူခံတဲ့အဖွဲ့တွေကိုတွေ့ရပါတယ်။ မြသာလျောင်းက တော့ အမိုးအကာမရှိနေပူထီးထီးကြီးမှာတည်ထားပါတယ်။ ရောက်တာနဲ့မထူးဘူးဆိုပြီး ဘုရားရင်ပြင်ပေါ်တက်လို့ဓါတ်ပုံတွေရိုက်ကြပါတယ်။ အရိပ်မရှိတော့ ကြာကြာ မနေနို်င်ပါဘူး။         […]


“ပဲခူးအစ ဟင်္သာက ဆိုတဲ့နေရာလေး” စိန်သာလျောင်းဘုရားကထွက်ပြီးဘယ်သွားမလဲမေးတော့ လုလင်က ကျနော်တို့ကိုလမ်းပြပေးတဲ့ ဆိုင်ကယ်ဆရာကို တစ်နေကုန်အတွက်လမ်းပြပေးဘို့အကူအညီတောင်းလိုက်ပါသတဲ့။ နေ့လည်စာထမင်းကျွေး ငွေငါးထောင်အသားတင်ပေးပေါ့။ ဒါနဲ့ဘဲသူက ဆိုင်ကယ်ကိုရှေ့ကဦးဆောင်ပြီးမောင်း ကျနော်တို့ကနောက်ကလိုက်ရင်း “ဟင်္သာကုန်း” ကိုရောက်သွားပါတယ်။ အဲဒီရောက်တဲ့အခါ သူယူလာတဲ့ဆိုင်ကယ်ကို ပြန်ထားပြီးကျနော်တို့ကားနဲ့လိုက်ခဲ့ဘို့ခေါ်လိုက်ပါတယ်။ ဒါနဲ့ဘဲသူက ကျနော်တို့ကိုဟင်္သာကုန်းအရောက်လိုက်ပို့ပေးပါတယ်။ ဘုရားရောက်တော့ နေအတော်လေးပူနေပါပြီ။ ဘုရားအခြေမှာကားရပ်ဘိနပ်တွေကားထဲထားပြီး ကုန်းတော်ဘက်ကိုအမြန်ပြေးရပါတယ်။ လမ်းမက ပူကျက်နေတာကြောင့်ပါ။ ပိတ်ရက်ဆိုတော့လူစည်ကား။ ဘုရားကုန်းတော်အရောက်ပန်းဝယ်ဘို့ခေါ်နေတဲ့ ဈေးသည်တွေကိုတိုးဝှေ့လို့တက်ရပါတယ်။ အပေါ်ရောက်ခါနီးမှာ နတ်ဒိုးသံတွေကြားတော့ မရိုးမရွ။ ကချင်လို့ဟုတ်ပါဘူး နတ်ကန္နားကို တစ်ခါမှ မှတ်တမ်းမတင်ဘူးလို့ပါ။         အဲဒါနဲ့ မဒမ်ပေါက်တို့ကို ကုန်းတော်ပေါ်လွှတ်ပြီးကျနော်က တော့ အောက်တစ်ဆင့်က ဓမ္မာရုံထဲက နတ်ကနားကနေတဲ့ဆီကိုပြေးပါတယ်။ ပြီးမှ ဘုရားကုန်းတော်ပေါ်တက်ပါတယ်။ အဲဒီရောက်တဲ့အခါမှာတော့ “ဟံသာဝတီပဲခူးအစ ဟင်္သာကုန်းက” ဆိုတဲ့စာတန်းကိုမြင်ရပါတယ်။ စေတီပုံစံတော့ထူးခြားပါတယ်။ ဘုရားကိုတစ်ပါတ် […]


မြွေဘုရားနဲ့စိန်သာလျောင်း     ကျနော်တို့နဲ့ ဆိုင်ကယ် ကယ်ရီသမားအပေးအယူတည့်တဲ့အခါ သူက မြွေဘုရားကိုအရင်သွားမယ်ပြောပါတယ်။ သူကရွှေမောဓောဘုရားအနောက်ဘက်လမ်းကနေ တောင်ဘက်ကိုသွားပါတယ်။ အတော်လေးသွားပြီးတော့  မြေလမ်းလေးတစ်ခုထဲကိုဆင်းသွားလိုက်ပါတယ်။ အဝေးမှာသစ်ပင်တွေအုပ်အုပ်ဆိုင်းဆိုင်းနဲ့ပါဘဲ။ တောင်ကုန်းကြီးတစ်ခုရဲ့နံဘေးကနေဖြတ်သွားရတာပါ။ အိမ်ဘုတ်စုလေးတွေဖြတ်ပြီးတော့ အထဲဝင်လိုက်တဲ့အခါမှာ ကြီးမားတဲ့ အုတ်တံတိုင်းကြီးကိုတွေ့ရပါတယ်။ ကျနော်တို့လို့ ဘုရားဖူးလာတဲ့ကားအတော်များများရပ်ထားတာကိုလည်းတွေ့ရပါတယ်။ ထန်းသီးသည်တွေလဲတွေ့ပါရဲ့။ အုတ်တံတိုင်းရဲ့တောင်ဘက်မှာဘုရားတစ်ဆူ။ နေကတော့အတာ်ပူနေပါပြီ။         ဒါနဲ့ဘဲဘုရားဝင်းထဲကိုဝင်လိုက်ပါတယ်။ ဘုရားရဲ့မြောက်ဘက်ဘေးမှာအဆောင်ကြီးတစ်ခု။ အဲဒီထဲမှာ ဆရာတော်တစ်ပါးသီတင်းသုံးနေကြပါတယ်။ ဆရာတော်ကိုဝတ်ပြုသူတွေအများအပြား။ ဘုရားကတော့ အတော်အသင့်မြင့်ပါတယ်။ ဘုရားအောက်ခြေက နတ်နန်းလေးထဲမှာတော့ လူတွေပြည့်သိပ်လို့နေပါတယ်။ အများနည်းတူဝင်စပ်စုတော့ မြွေကြီးထားတဲ့နေရာဖြစ်ပါတယ်။ မြွေကြီးကို စင်ပေါ်မှာတင်ထားပါတယ်။ မြွေကြီးက မှန်နံရံမှာမှီပြီး ပါးပြင်းထောင်ထားတာကို အပြင်ကလူတွေကဝိုင်းကြည့်။ ကျနော်ကတော့ အထဲဝင်ပြီး ဓါတ်ပုံရိုက်ပါတယ်။ မြွေကြီးကို ပိုက်ဆံလှူပြီးဆုတောင်းနေသူတွေကိုလဲမြင်ရ။ အဲဒီချိန်လူတစ်ယောက်က မြွေစောင့်နေတဲ့လူကို “တကယ်ဆုတောင်းပြည့်လားဗျ”လို့မေးတော့ “မပြည့်ရင်လှူကြမလားဗျ”လို့ခပ်မာမာပြောသံကြားရပါတယ်။ ဒါနဲ့ဘဲ […]


“ဥဿာမြေ ပဲခူးမှ ရွှေမော်ဓော”     ရန်ကုန်ကိုမရောက်ခင်ကတည်းက လုလင်နဲ့တိုင်ပင်ဖြစ်တာက ဘယ်သွားဓါတ်ပုံရို်က်ကြမလဲဆိုတာကိုပါ။ နှစ်ယောက်လုံးတွက်ထားက လွတ်လပ်ရေးနေ့ကိုတော့ပဲခူးကိုသွားကြမယ်ပေါ့။ အဲဒီနေ့မနက်စောစောသွားမယ် လမ်းမှာ နေရောင်အပျောက်လေးတွေကို ဖမ်းယူကြမယ်ပေါ့.။ မရောက်ဘူးသေးတဲ့ မဒမ်ပေါက်ကိုလဲခေါ်မယ် သူ့အလုပ်က ကလေးတွေလဲလိုက်မယ်ဆိုခေါ်မယ်ပေ့ါ။ ဒါနဲ့ဘဲ မနက် ၅နာရီခွဲလောက်သွားကြဘို့တိုင်ပင်ထားပါတယ်။ လွတ်လပ်ရေးနေ့မနက်၅နာရီမထိုးခင်အိပ်ယာထ အသင့်ပြင်ထားပါတယ်။ ၅နာရီထိုးတော့ လုလင်လှမ်းဖုန်းဆက်ပါတယ်။ ထွက်လာပြီ သူငယ်ချင်းတစ်ယောက်ဝင်ခေါ်မယ်ဆိုတာနဲ့မုန့်စားရင်းစောင့်ဘို့အိမ်နားနီးတဲ့လက်ဖက်ရည်ဆိုင်ကို ချိန်းလိုက်ပါတယ်။ မုန့်စားရင်းစောင့်နေပေမယ့် ၆နာရီထိုးခါနီးမှရောက်လာပါတယ။် သူ့သူငယ်ချင်းအိပ်ယာက မနိုးလို့ထားခဲ့တယ်လို့ိုဆိုပါတယ်။   အေးစပြုနေတဲ့ဆောင်းမနက်မှာ ပျော်ပျော်ပါးပါးစကားတွေပြောရင်းထွက်လာပါတယ်။ ထင်ထားသလို လမ်းခရီးမှာလိုချင်တဲ့ပုံကတော့မရပါဘူး။ သွားနေရင်းကနေ ပုသိမ်ကိုရောက်နေတဲ့ ဘိုစိန်သော့ကို သတိတရနဲ့နုတ်ဆက်ပါတယ်။ လမ်းမှာမရပ်တော့ ဘဲ ပဲခူးအဝင်နားရောက်မှာ ရွှေခရားကြီး ဆိုတဲ့ဆိုင်မှာဝင်လို့ ကလေးတွေနဲ့ အတူ မနက်စာ စားပြီးထွက်ခဲ့ကြပါတယ်.။ လမ်းတနေရာရောက်တော့ တောတန်းလေးလိုဖြစ်နေတာကိုမြင်မိတော့ ဆင်းပြီးလက်ဆော့ ။ ကိုးနာရီထိုးခါနီးလောက်မှာ […]


            ညနေခင်းဆည်းဆာ ကျနော်မိတ်ဆွေလေးရဲ့အိမ်အပေါ်ခေါင်မိုးကတော့ သိပ်အကျယ်ကြီးမဟုတ်ပေမယ့် ဖွဲ့စည်း ထားတာကတော့ အတော်လေးသေသပ်လှပ ပါတယ်။ သူတို့အခန်းက ဆယ်တစ်ထပ် မှာရှိတဲ့အခန်းပါ။ သူတို့အိမ်ကနေ အပေါ်ထပ်ခိုးကိုတက်။ ထပ်ခိုးမှာ တံခါးလေးဖောက်ထားပါတယ်။ အဲဒီတံခါးလေးက ထွက်လိုက်ရင်ခေါင်မိုးပြင်ကိုရောက်ပါတယ်။ အဲဒီခေါင်မိုးပါတ်ပါတ်လည်မှာ လမ်းလျောက်စရာ အဖြစ် တစ်ပေလောက်ချန်ထားပါတယ်။ အဲဒီလမ်းကလေးအတိုင်း တောင်ဘက်ကိုထွက်လိုက်ရင် သံဇာကာ  ကာထားပြီး ကြွေပြားတွေခင်းထားတဲ့ နေရာလေးကိုရောက်ပါတယ်။ ဟိုးအဝေးတော်တော်လှမ်းထဲ့အထိ မြင်ကွင်းကျယ်ကျယ်ကြီးမြင်ရတာလှပ။ ရှုပ်ထွေး မွန်းကျပ်လှတဲ့ရန်ကုန်မြို့မြေပြင် ကနေ ကျနော်မိတ်ဆွေလေး မကြာခဏထွက်ပြေးတဲ့နေရာလေး လဲဖြစ်ပါသတဲ့။ ရန်ကုန်မြို့ကျနော်ရောက်ခဲ့တဲ့အချိန်မှာ ဒီတစ်ခါဘဲ အမြင့်ဆုံးကနေတက်ကြည့်ဘူးတာပါ။ ကိုယ့်အထက်မှာ အုပ်မိုးထားတာကပြာလွင်သောကောင်းကင်ကြီးဘဲရှိ။ ကြည့်နေရင်းက နေမင်းက ပြန်တော့မယ်လို့နုတ်ဆက်။ အနောက်ဘက်ကောင်းကင်တစ်ခုလုံး ပုဇွန်ဆီရောင်သန်းလို့လှပ။ ကျနော်လည်းလက်ဆော့လု့ိမဝ။ အေးချမ်းတဲ့ ကာလလေးတစ်ခု။ အမှောင်သိပ်မသန်းခင်အိမ်ပေါ်ကဆင်းလာပြီး သူ့တို့ မိသားစုနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေပြောပြီး တဲ့အခါ ပြန်လာခဲ့ပါတယ်။ ဓါတ်လှေကားထဲကထွက်လို့ […]


  ကျပ်ကျပ်တည်းတည်း ရှုပ်ရှုပ်ထွေးထွေး   ဒီတစ်ခေါက်ရန်ကုန်ကိုရောက်တဲ့အခါ အရင်အခေါက်တွေထက် ယာဉ်အသွားအလာ ရှုပ်ထွေးတာကိုတွေ့ရပါတယ်။ အရင်က ကားကျပ်တယ်ဆိုပေမယ့် အချိန်မကြာ။ အခုတစ်ခေါက်ကတော့ ကားပိတ်မိတယ်ဆိုရင် အတော်ကြာပါတယ်။ ကျနော်တည်းအိမ် ကမ္ဘာအေးဘက်ကနေ မြို့ထဲဘက်လာရင် အမြဲစောင့်ရ ပိတ်မိတာကတော့ ရွှေဂုံတိုင်မီးပွိုင့်ရယ် လှည်းတန်းမီးပွိုင့်ရယ်ဖြစ်ပါတယ်။ တစ်ညမှာတော့ လှည်းတန်းမှာ ငါးကင်စားဘို့သွားကြတော့ မြင်ရတာရှုပ်ထွေးကျပ်ညပ်။ ညနေငါးနာရီအကျော်လောက်မှာလှည်းတန်းနားရောက်တော့ကားရပ်စရာရှာမရ။ ဒါနဲ့ဘဲကားကို ကားမှတ်တိုင် နှစ်တိုင်စာလောက်ဝေးတဲ့နေရာမှာ တံခါးသော့ပိတ်ပြီးထား။ ပြီးမှ စိန်ဂေဟာနားကိုလမ်းလျောက်ပြီးပြန်လာကြပါတယ် လှည်းတန်းတစ်ဝိုက် သာမန်နေ့ရက်တစ်ရက်ရဲ့စည်ကားမူ့က မန်းလေးမြိုရဲ့ ပွဲလမ်းသဘင်ရှိတဲ့ရက်မှာ စည်ကားတာနဲ့ ထပ်တူထပ်မျှ။ လမ်းဘေးမှာဖွင့်ထားတဲ့ငါးကင်၊မာလာဟင်းအပါအဝင်စားသောက်ဆို်င်တွေကကျပ်ညှပ်။ အထပ်ထပ်ချထားတဲ့ခုံလေးတွေမှာ ကပ်ကပ်သတ်သတ်ထိုင်လို့စားကြသောက်ကြ.။ အားလုံးက ကိုယ့်အာရုံနဲ့ကိုယ် စကားတပြောပြောနဲ့စားကြ။ မန်းလေးမှာစားသောက်ဆိုင်ထိုင်ရင်သူများနဲ့တွဲမထို်င်တတ်တာကို တွေးမိတော့ ရန်ကုန်သာအဲလိုအချိုးနဲ့လာရင် ငတ်မယ်လို့တွေးပြီး ပြုံးမိပါတယ်။ ြမြို့ပြရဲ့ မွန်းကျပ်မူ့ပါဘဲ။   ရန်ကုန်မြိုလည် ရွှေဂုံတိုင်နား က […]


  အထက်အမြင့်မှ ဖူးမြင်ရခြင်း         ကျနော်မိတ်ဆွေအများစုက မန်းလေးဂေဇက်ရွာထဲကဘဲဖြစ်ပါတယ်။ ထူးခြားစွာ ဖေစ်ဘုတ်ကနေ သိတဲ့ မိတ်ဆွေတစ်ယောက်ရှိပါတယ်။ တစ်ရက်သူက ညနေခင်းမှာဖုန်းဆက်လာပါတယ်။ “ တိမ်တွေတောက်နေတာလှလိုက်တာ “ သူတို့ အိမ်ခေါင်မိုးကနေတက်ကြည့်ရင် ရွှေတိဂုံဘုရားကိုမြင်ရတာ။ ညနေခင်း တိမ်တွေလှတာ။ လပြည်ညဆိုရင် ရွှေတိဂုံဘုရားကို ကြည်ညိုစွာဖူးမြင်ရတာ။ ကိုအမြဲပြောတော့ရန်ကုန်လာရင် အိမ်အလည်လာပြီး ဓါတ်ပုံရိုက်ခွင့်ပြုဘို့ ခွင့်တောင်းထားခဲ့ပါတယ်။ ကျနော်ရန်ကုန်ရောက်တဲ့တစ်ခုသောညနေခင်းမှာ ရွှေဂုံတိုင်မီးပွိုင်အနီးက သူတို့ ဆီကိုအလည်သွားပါတယ်။ အမြင့်က 11ထပ် ဓါတ်လှေကားရှိလို့တော်ပါသေးတယ်။ သူတို့အိမ်မှာခဏ စကားပြော. ညနေခင်းရောက်တော့ အိမ်အပေါ်ထပ်ကနေ ခေါင်မိုးပေါ်တက်။ သူတို့ က သံဇကာ ကာလို့ အသေအချာလုပ်ထား။ ဓါတ်ပုံတွေရိုက်မိတဲ့အခါ ကျနော်စိ်တ်ထဲ မှာ ကျေနပ်မူ့တစ်ခု ကျန်နေခဲ့ပါတယ်။ ကျေးကျေးပါ မိတ်ဆွေလေးရေ။   ကိုပေါက်လမ်းသလားနေသည် မဟာရန်ကုန် […]


              “အဝေးကစေတီ”(မြောက်ဥက္ကလာပ)     ကျနော်ရန်ကုန်ရောက်တိုင်း အောင်မင်္ဂလာကားဝင်းကနေတည်းတဲ့အိမ်ကိုတဲ့အခါ ကုန်းကျော်တံတားကွေးကွေး ကြီးနားရောက်ရင်မြင်ရတဲ့ စေတီဖြူဖြူကြီးတစ်ခုရှိပါတယ်။ မြင့်လဲ အတော်မြင့်သလို ပုဂံခေတ်က စေတီနဲ့ပုံစံတူပါတယ်။ စွယ်တော်ဘက်လမ်းလျောက်ရင်လဲ ဒီဘုရားကိုမြင်ရပါတယ်။ ကျနော်အတော်လေးလဲစိတ်ဝင်စားပါတယ်။ အဲဒီဘုရားအမြင့်ကသာ တက်ကြည့်ရရင် အတော်ဝေးဝေးထိမြင်ရမယ်လို့ထင်မိလို့ပါ။ ရန်ကုန်သာ တစ်နှစ်တစ်ခေါက်ရောက်ပေမယ့် မဝင်ဖြစ်ခဲ့ပါဘူး။       2013 နှစ်ဆန်းမှာရန်ကုန်ကို တစ်ခေါက်ထပ်ရောက်ပါတယ်။ တိုက်ဆိုင်စွာ 2012 ရော 2013 ပါ ဇန်နဝါရီလဆန်းရဲ့ပထမအပါတ်မှာ ရန်ကုန်ကိုရောက်နေတာဘဲဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ တစ်ရက် မယ်လမုဘက်ကို လမ်းလျောက်ရင်းထွက်လာခဲ့ပါတယ်။ မယ်လမုဘုရားမှာ ဓါတ်ပုံရိုက်ပြီးပြန်အထွက်အဲဒီဘုရားကိုလှမ်းမြင်နေရပါတယ်။ အဲဒီကိုသွားမယ်ဆိုပြီး လမ်းအနောက်ဘက်ကူး။ သံလမ်းကိုကျော်ပြီး ဘယ်လိုသွားရမလဲ လို့ အဲဒီနားမှာနေသူကိုမေးကြည့်တော့ အတော်လေးဝေးတယ်ပြောပါတယ်။ နောက်ရပ်ကွက်တွေထဲဖြတ်သွားရင်မျက်စေ့လည်မယ်ပြောပါတယ်။ ဒါနဲ့ဘဲ မချင့်မရဲနဲ့ပြန်လာခဲ့ပါတယ်။     6-1-2013နေ့မနက် […]